အပိုင်း ၉
Viewers 13k

Chapter - 9


အလုပ်သွားရန်ပြင်ဆင်ပြီးသည့်အချိန်တွင် ပါကာက နေ့လည်စာဘူးကိုကိုင်ကာ တံခါးဝ၌စောင့်နေသည် ။ ဒရိတ်ခ် ကမနက်စာကြောင့် အံ့သြမဆုံးသေးခင်မှာဘဲ အဆာပြေမုန့်တချို့နှင့် နေ့လည်စာပါအသင့်ဖြစ်ပြီး ဖြစ်သည် ။


ဒရိတ်ခ်က ပါကာ ကိုကြည့်ကာ မေးလိုက်သည် ။


" ဘာကိစ္စရှိသေးလို့လဲ "


" နေ့....နေ့လည်စာဘူးလေးယူသွားပါဦးလား "


ပါကာက နေ့လည်စာထမင်းဘူးနဲ့ အဆာပြေမုန့်တချို့ကိုပါထုပ်ပိုးထားသည့်အိတ်ကိုကိုင်ကာ အသံသေးသေးလေးနဲ့မေးလိုက်သည် ။


" တကယ်လို့ စားပြီးရင် ခင်ဗျားမကြိုက်တာနဲ့ မတည့်တာတွေကို ကျွန်တော့်ကို ပြောပြပါလား ။ ဒါမှ ဓာတ်မတည့်တာတွေရှိရင် ချယ်လ်စီ လေးအတွက် ပါ ကျွန်တော် ဂရုစိုက် လို့ရမှာ "


လောလောဆယ်တွင် ချယ်လ်စီ လေးက ကုသမူခံယူဆဲဖြစ်သောကြောင့်ကျောင်းမသွားရသေးဘဲ အိမ်တွင်သာ သေသေချာချာ အနားယူရန်လိုအပ်သည် ။


" သူမကို အရမ်းပင်ပန်း အောင် မကစားခိုင်းနဲ့ မနက်ဖြန်သူမအတွက် ကုသမူရက်ချိန်းရှိတယ် "


" သိပြီ "


" ဖေဖေ နမ်းမယ် နမ်းမယ်လေ "


ချယ်လ်စီ လေးကခြေဖျားထောက်ထားပြီး သူမပါးလေးကို ငါးပူတင်းလေးတစ်ကောင်လိုဖောင်းကာ နူတ်ခမ်းလေးကစူထွက်နေသည် ။ 


ဒရိတ်ခ် ကသူမအရမ်း ချစ်ဖို့ကောင်း နေသောကြောင့် ရယ်မိကာ သူမလေးနမ်းနိုင်ဖို့ ခါးကုန်းပေးလိုက်သည် ။


ချယ်လ်စီ လေးက ဒရိတ်ခ် ရဲ့ပါးကိုနမ်းကာ လက်သေးသေးလေး တွေနှင့် ပါးနှစ်ဖက်ကိုကိုင်ကာပြောလိုက်သည် ။


" ဖေဖေ အလုပ်ပြီးတာနဲ့ မြန်မြန်အိမ်ပြန်ခဲ့နော် "


" ဟုတ်ပါပြီ နတ်သမီးလေး ရဲ့ "


" ကောင်းကောင်းသွားပါဖေဖေ "


အိမ်ပြင်သို့ရောက်တော့မည့် ဒရိတ်ခ် အား ပါကာကလဲ လက်ဝှေ့ယမ်းကာနူတ်ဆက်လိုက်သည် ။ ပြီးနဲ့နောက်မှာ ချယ်လ်စီ လေးဘက်သို့လှည့်ကာ သူမပါးလေးကို ညှစ်ပြီးမေးလိုက်သည် ။


" ကဲ အခုပါးပါးတို့ဘာလုပ်ကြမလဲ "


ချယ်လ်စီ လေးက အားရပါးရ အော်ပြောသည် ။


" ကစားကြမယ် ပါးပါး!!! "


" ဟုတ်ပြီ "


ပါကာ ရေမချိုးရသေးတဲ့နတ်သမီးလေးကိုရေချိုးပေးပြီး ချစ်ဖို့ကောင်းသည့် အဝတ်များဝတ်ပေးကာ သူမကိုဓာတ်ပုံရိုက်ပေးနေသည် ။


" 1 2 3 4 5 6 7 8 9 11 14...."


" နတ်သမီးလေး 10 12 နဲ့ 13 ကျန်ခဲ့တယ် "


ချယ်လ်စီ လေးက သူမခေါင်းလေးကိုထိကာ ရူပ်ထွေးနေပြီး မေးလိုက်သည် ။


" ကျန်ခဲ့တယ် ဒါဆိုသူတို့ကပျောက်သွားတာလား "


" မဟုတ်ဘူး သမီးပြောတာကျန်ခဲ့တာ "


" သမီးက ပြောမှရမှာလားဟင်? "


" ဒါဆိုပြန်ပြောကြည့်ပါဦး "


" 10 12 13 11 14 "


ပါကာက သူ့ရဲ့ အူကြောင်ကြား နတ်သမီးလေးရဲ့ နှာခေါင်းထိပ်လေးကိုတို့ကာ ပြောလိုက်သည် ။


" အရူးမလေး 10 11 12 13 ပြီးတော့မှ 14 လာတာလေ "


ချယ်လ်စီ လေးက အမှန်ရအောင်ဆိုမည်ဟုစိတ်ဆုံးဖြတ်လိုက်ပြီး အသက်အောင့်ကာ အော်ဆိုလိုက်သည် ။ 


" 1 2 3 4 5 6 7 8 9 10 11 12 13 14! "


ပါကာ သူမလေးအတွက်လက်ခုပ်တီးကာပြောလိုက်သည် ။


" ချယ်လ်စီ လေးကတော်လိုက်တာ ပါးပါးအရမ်းဂုဏ်ယူတာဘဲ "


ပါကာက သူမကိုဖက်လိုက်ပြီး ပါးအိအိလေးကိုအကြိမ်အနည်းငယ်လောက်နမ်းလိုက်သည် ။ ချယ်လ်စီ လေးကတခစ်ခစ်နဲ့ရီမောကာ ပါကာ့ကိုပြန်နမ်းရင်းပြောလိုက်သည် ။ 


" မီးမီး ဒီ့ထက်ပိုပြီး ရေတွက်တတ်အောင်သင်မယ် ဒါဆို ပါးပါး လဲပိုပြီး ဂုဏ်ယူရပြီ "


" ဒါမှ ပါးပါးရဲ့သမီးလေး အရမ်းတော်တယ် "


ပါကာက သူမကိုထပ်နမ်းလိုက်ပြီး ချပေးလိုက်ကာ ကွတ်ကီးတချို့လုပ်ပေးရန်တွေးမိသွားသည် ။


ချယ်လ်စီ လေးက ကော်စောပေါ်တွင် ဝမ်းလျှားမှောက်ကာ ပုံဆွဲရင်း သီချင်းအော်ဆိုနေပြီး သူမရဲ့ခြေထောက်သေးသေးလေးတွေက ရေသူမလေးတစ်ကောင်လို လူပ်ယမ်းနေသည် ။ 


ပါကာကသူမလေးကိုကြည့်ကာ ဘယ်နည်းနှင့်မှ လူမဖြစ်နိုင်ဘူးဟုတွေးမိသည် ။ သူမကအရမ်းကို အပြစ်ကင်းစင်တဲ့ နတ်သမီးလေးဘဲဖြစ်သည် ။


နာရီကိုကြည့်မိတော့ သူမအတွက် နေ့လည်စာပြင်ပေးရမည့်အချိန်တောင်ရောက်ပြီဖြစ်သည် ။ 


" ပါးပါးက ချယ်လ်စီ လေးအတွက်နေ့လည်စာ လုပ်ပေးမလို့ လိမ်လိမ်မာမာ နဲ့ကစားပြီးစောင့်နေနော် "


" ဟုတ်ကဲ့ "


ပါကာက မီးဖိုချောင်မှာ နတ်သမီးလေးအတွက်နေ့လည်စာ ပြင်ဆင်ပေးနေသည့်အချိန်တွင် ဒရိတ်ခ် ကတော့ နေ့လည်နားချိန်မှာ ထမင်းဘူးကိုစိုက်ကြည့်နေသည် ။


" စတေစီ "


သူ့လက်ထောက်ကိုခေါ်လိုက်သည် ။ သူမကတံခါးခေါက်ကာ ရုံးခန်းထဲဝင်လာပြီး မေးလိုက်သည် ။


" ဘာများခိုင်းမလို့ပါလဲ ဆရာ "


" အင်း ဒီထမင်းဘူးကိုအပူပေးလာခဲ့ "


ဒရိတ်ခ် ရဲ့အသံကအပိုအလိုမရှိ အေးစက်စက်နှင့်ပင် ။ စတေစီ ကအနည်းငယ် ထူးဆန်းသလို ဖြစ်နေသော်လည်း မေးခွန်မထုတ်ခဲ့ချေ ။


နေ့လည်စာကို အမြဲတမ်း ထိပ်တန်းစားသောက်ဆိုင်များမှ အော်ဒါမှာလေ့ရှိသော်လည်း ဒီနေ့တော့ လိုအပ်မည့်ပုံမပေါ်ပေ ။


စတေစီ ကရုံး၏ နေ့လည်စာစားခန်း၌ ထမင်းဘူးကိုအပူပေးနေစဉ် ဝန်ထမ်းတစ်ယောက်က စကားလာပြောခဲ့သည် ။


" အို့ ဒီနေ့ကျမှ ငါတို့ရဲ့ အတွင်းရေးမူးလေးက ထမင်းဘူးတွေဘာတွေထည့်လာလို့ပါလား "


ထိုသူက လိုဟန်ဂရေး ဖြစ်ပြီး ဒရိတ်ခ် ရဲ့အကြောင်းကိုအလွန်အမင်းဂရုစိုက်သူဖြစ်သည် ။  ဒရိတ်ခ် ကလက်ထပ်ပြီးပြီဖြစ်ကြောင်းသိတာတောင်မှ အိမ်ထောင်ရေးအဆင်မပြေကြဘူးဟူသည့် အတင်းအဖျင်းများကိုယုံကာ ကြားဝင်၍ ကြာပန်းဖြူလေးဖြစ်ချင်နေသူပင် ။


တကယ်ဆို သူဌေးရဲ့ အိမ်ထောင်ရေး အဆင်ပြေပြေမပြေပြေသူမတို့အလုပ်မဟုတ်ပေ ။ သူများကိစ္စ ဝင်ပါတာက အသက်တိုတတ်ကြောင်း သတိပေးလိုသော်လည်း အမြင်ကတ်သောကြောင့်မပြောတော့ပေ ။


လက်ထပ်ပြီးသား ယောကျာ်း တစ်ယောက် က အိမ်ထောင်ရေးအဆင်မပြေသော်လည်း သွားထိသင့်သည့်အသားမဟုတ်ချေ ။


" လိုဟန်ဂရေး နေ့လည်နားချိန်မှာ အေးအေး ဆေးဆေး အနားယူသင့်တယ် ။ ကျေးဇူးပြုပြီး ကျွန်မနဲ့ သိသလိုလာမရောပါနဲ့ "


သူမရဲ့သူဌေးက ခန့်ညားအရည်အချင်းရှိသည့် အရည်သွေးမြင့် အသားတုံးကြီးဖြစ်ပါသော်လည်း လက်ထပ်ပြီးသား ဖြစ်၍ အနံ့တောင်သွားမရူသင့်ပေ ။


xxxxxxxx