အပိုင်း ၁၀
Viewers 13k

Chapter - 10


တဖြည်းဖြည်းနှင့် ရုံးဆင်းချိန်ရောက်နေပြီဖြစ်သည်။ ဒရိတ်ခ် အတွက် ပထမဆုံးအကြိမ် ခံစားချက်ကောင်းကောင်းနှင့်ရုံးဆင်းတာဖြစ်ပြီး သူကိုယ်တိုင်လည်း အနည်းငယ် မျှော်လင့်မိနေတာကိုငြင်းမရချေ ။


နေ့လည်စာက အရမ်းကိုအရသာရှိသောကြောင့်တစ်နေကုန် စိတ်ကောင်းကောင်းဝင်နေခဲ့သည် ။ ဒရိတ်ခ် အိမ်ပြန်ရောက်သည့်အချိန်တွင် တံခါးဝမှာတင်ပျော်ပျော်ရွင်ရွင်နဲ့ ရီမောနေသံများကိုကြားလိုက်ရသည် ။


" ဘယ်နားမှာ ဖွက်ထားလဲ ပါးပါးရှာမတွေ့ဘူးရယ် "


ပါကာရဲ့ အသံကညင်သာနေပြီး အနည်းငယ်စနောက်လိုသည့် အငွေ့အသက်လေးလဲ စွက်နေသည် ။


" ပါးပါး ရှာတွေ့မှာမဟုတ်ဘူး "


ဧည့်ခန်းကဆိုဖာပေါ်တွင် တစ်ယောက်နဲ့ တစ်ယောက် စနောက်နေကြသည့် ပါကာနဲ့ ချယ်လ်စီ လေးကိုကြည့်ကာ ဒရိတ်ခ် ပြုံးမိသည် ။


" ကောင်းပြီ ဒါဆိုရင် ပါးပါးမှာ ရွေးချယ်စရာမရှိတော့ဘဲ ချယ်လ်စီ လေးကိုဂလိထိုးရတော့မှာပေါ့ "


ပါကာက ချယ်လ်စီ လေးကိုဖက်ပြီးဂလိထိုးနေသောကြောင့် သူမလေးကတခစ်ခစ်ရယ်မောနေရင်းအရူံးပေးကာပြောလိုက်သည် ။


" ဒီမှာ ဒီမှာ ပါးပါးရဲ့ ရီမုတ်ကဒီမှာ "


ပါကာက ရီမုတ်ကိုယူကာ ချယ်လ်စီ လေးကိုနမ်းလိုက်သည် ။


" ဒါမှ ပါးပါးရဲ့ ကလေးလေး "


ပါကာက ရီပြီးပြောလိုက်သည် ။ သူ့ကို တစ်ယောက်ယောက် ကကြည့်နေသည့်ဟုခံစားမိသောကြောင့်လှည့်ကြည့်လိုက်သည့်အခါ အချိန်အတော်ကြာ ကတည်းက ပြန်ရောက်ပြီး ရပ်ကြည့်နေသော ဒရိတ်ကိုတွေ့လိုက်ရကာ အံ့သြသွားရသည် ။


" ခင်ဗျား ပြန်ရောက်နေတာ ကျွန်တော် မသိလိုက်ဘူး "


ပါကာ တံခါးဝသို့ မြန်မြန်ပြေးသွားကာ ဒရိတ်ခ် ရဲ့လက်ဆွဲအိတ်ကိုယူပြီး ပြုံးပြလိုက်သည် ။


" ကျွန်တော် ညစာပြင်ထားလိုက်မယ် ခင်ဗျားမြန်မြန်ရေသွားချိုးတော့ "


ဒရိတ်ခ် ကစိတ်လူပ်ရှားသွားသော်လည်း မြန်မြန်ဆန်ဆန် ဘဲမျက်နှာပြန်တည်သွားခဲ့သည် ။ ပါကာကသူ့ဂုတ်ကိုပွတ်သပ်နေကာ ရှက်ရွံ့မူကြောင့် နားရွက်ဖျားလေးများကနီရဲနေသည် ။


" ပြန်လာမယ်လို့ ငါကြိုမပြောမိတာပါ နောက်တစ်ခါ ဖုန်းကြိုဆက်လိုက်မယ် "


" ဖေဖေ "


" နတ်သမီးလေး "


ချယ်လ်စီ လေးကသူမကိုချီဖို့လက်ဆန့်ပေးလိုက်ကာ ဒရိတ်ခ် ကသူမလေးကိုချီပြီး ပါးဖောင်းဖောင်းလေးတွေကို အားရပါးရမွှေးကြူပြီးမေးလိုက်သည် ။


" ဒီနေ့ဘာတွေ လုပ်ခဲ့လဲနတ်သမီးလေး "


" ဒီနေ့ ပါးပါးနဲ့ အများကြီးအများကြီး ကစားခဲ့တယ် "


ဒရိတ်ခ် ကချယ်လ်စီ လေးကို ချီပြီးအပေါ်ထပ်သို့တက်သွားကာ ချယ်လ်စီ လေးကတစ်နေကုန်ဖြစ်ခဲ့သမျှအကြောင်းစုံကို တစ်ခွန်းမကျန်ပြောပြနေခဲ့သည် ။


ပါကာက သားဖနှစ်ယောက်ကိုကြည့်ကာ ပြုံးမိပြီး ညစာပြင်ရန် မီးဖိုချောင်သို့သွားကာ ပြင်ဆင်နေတုန်းတွင် ဖုန်းဝင်လာခဲ့သည် ။


" ဟယ်လို "


" ဟေ့ ပါကာ မင်းမလာသေးဘူးလား ပါတီပွဲကစတော့မှာ မင်းနောက်ကျနေပြီ အခုမှထွက်မလာရင်ငါတို့မင်းကိုမစောင့်တော့ဘူးနော် "


တခြားတစ်ဖက်က အသည်းအသန်ပြောလာခဲ့သည် ။


" အိုကေ ငါမပါဘဲစလိုက်တော့ "


ပါကာက စားပွဲပေါ်တွင်ပန်းကန်များကို နေရာချရင်းပြောလိုက်သည် ။ 


" ဘာ......ဘာပြောတယ် "


" အာ....ငါမပါဘဲစလိုက်တော့ လို့ပြောတာ ငါမလာဘူး "


" မင်းဘာပြောတာလဲ တစ်ခုခုဖြစ်လို့လား "


" တကယ် ငါမလာဘူး မင်းတို့ဘာသာ ပျော်ကြ "


" ပါ...ပါကာ "


ပါကာက စိတ်မရှည်စွာ ဖုန်းချလိုက်ပြီး အရေးမပါသည့် နံပါတ် အားလုံးကို ဘလော့လိုက် သည်။ ထိုသူများနှင့်ပက်သက်နေလို့လဲအကျိုးမရှိပေ ။


ပါကာ နောက်လှည့်လိုက်သည့်အခါ သူ့အားတအံ့တသြရပ်ကြည့်နေသည့် သားဖနှစ်ယောက်အားတွေ့လိုက်ရသည် ။


" ညစာကအသင့်ဖြစ်ပြီနော် "


ဒရိတ်ခ် ကညစာကြောင့်အလွန်ကျေနပ်နေတာသိသာလှသည် ။ အကျေနပ်ဆုံးကတော့ ဖုန်းခေါ်ဆိုမူတွင် ပါကာပြုလုပ်လိုက်သည့် ဆုံးဖြတ်ချက်ကြောင့်ပိုဖြစ်နိုင်သည် ။


အိပ်ရာဝင်ခါနီး၌ ဒရိတ်ခ် ကပါကာကို စကားစပြောခဲ့ကာ ပုံမှန်လိုအေးစက်စက်ဖြစ်မနေတော့ပေ ။


" ငါမင်း ဖုန်းပြောနေတာကို တမင်နားထောင်တာမဟုတ်ပေမဲ့ မင်းပြောင်းလဲလာတာကိုတော့တကယ်ဝမ်းသာတယ် "


" သူတို့က ပျော်ပါးနေလို့ရပေမဲ့ ကျွန်တော် ကတော့မိသားစုနဲ့ အိမ်ထောင်သည်တစ်ယောက်မို့လို့ မတူညီတဲ့လူတွေက အဆက်အသွယ်မလုပ်တာဘဲကောင်းပါတယ် "


ပါကာပြောလိုက်သည်နှင့် ဒရိတ်ခ် ကလဲပြုံးကာပြန်ပြောလိုက်သည် ။


" မနက်ကျရင် ကုသမူအတွက် ချယ်လ်စီ လေးဆေးရုံကိုသွားရလိမ့်မယ် ။ သူမက ကြောက်တတ်တော့ မင်းဂရုစိုက်ပေးပါ "


" ကျွန်တော် ဂရုစိုက်မှာပါ "


ပါကာက အပျင်းကြောဆန့်ပြီး စောင်အောက်ကိုတိုးဝင်လိုက်သည့်အချိန်တွင် ဒရိတ်ခ် ကနာရီကိုကြည့်လိုက်ကာ ပါကာထူးဆန်းနေသည်ဟုထင်သည် ။


" မင်းပင်ပန်းနေပြီလား "


" မဟုတ်ပါဘူး "


" အိုကေ "


ဒရိတ်ခ် ကိုကြည့်ရတာတစ်ခုခု ပြောချင်နေပုံပေါ်သော်လည်း ဘာမှဆက်ပြောမလာသောကြောင့် ပါကာအိပ်ရန်လုပ်နေသည့်အချိန်တွင်ဒရိတ်ခ်က နောက်ကနေဖက်လာသောကြောင့် အနည်းငယ် စိတ်လူပ်ရှားသွားသည် ။


' ငါတို့က လက်ထပ်ပြီးသား အဆင်ပြေတယ် ငါတို့က လက်ထပ်ပြီးသား '


ပါကာက ငါတို့ကလက်ထပ်ပြီးသားကိုထပ်တလဲလဲ ရွတ်ဆိုနေတုန်းမှာ ဒရိတ်ခ် ကတော့သူ့လည်တိုင်နား ခေါင်းအပ်ကာအိပ်ပျော်သွားပြီဖြစ်ပြီး အသက်ရူသံနွေးနွေးက စည်းချက်ညီစွာထွက်ပေါ်နေသည် ။


နှစ်ယောက် စလုံးက ဘာမှမလုပ်ဖြစ်ခဲ့ကြ၍ စိတ်သက်သာရာ ရသလို အနည်းငယ် လဲစိတ်ပျက်သွားကြသည် ။


အခုတော့သူ အစောပိုင်းက ဒရိတ်ခ် ဘာကိုပြောချင်နေခဲ့လဲဆိုတာနားလည်သွားပြီဖြစ်သည် ။ ဒရိတ်ခ် နဲ့ မူလပါကာက တစ်ပတ်သုံးကြိမ် ပုံမှန်  ထိုရက်များမှာ အဂါ​နေ့၊ ကြာသပတေးနေ့  နဲ့ စနေနေ့တို့ဖြစ်သည် ။


ပြီးတော့လဲ ဒီနေ့က အဂ်ါနေ့ကြီးလေ!


ပါကာက ဒီအကြောင်းဆက်မတွေးမိရန် မြန်မြန်ဆန်ဆန် အိပ်ဖို့သာဆုံးဖြတ်ချက်ချလိုက်သည် ။


xxxxxxx