Chapter 11
နောက်တစ်နေ့မနက်တွင် ဒရိတ်ခ် နှင့် ချယ်လ်စီ လေးအိမ်ပေါ်ကဆင်းလာချိန်၌ ပါကာကနှစ်ယောက်လုံးအတွက်နေ့လည်စာပြင်ပြီးရုံသာရှိသေးသည် ။
ချယ်လ်စီ လေးကသူမရဲ့ လက်သေးသေးလေးတွေကိုဆန့်ကာ ဒရိတ်ကိုလှည့်ကြည့်ပြီးပြောလိုက်သည် ။
" သမီးမှာလက်ချောင်းဆယ်ချောင်းရှိတယ် ဖေဖေ "
သူမကဆိုဖာပေါ်တွင်ထိုင်သည့်အချိန်အထိ လက်ကလေးများကိုဆန့်ထားဆဲဖြစ်သည် ။ ဒရိတ်ခ် ကသူမဘေးတွင်ဝင်ထိုင်ကာပြောလိုက်သည် ။
" မဟုတ်ဘူး သမီးမှာ လက်ချောင်း ရှစ်ချောင်းဘဲရှိတာ "
ချယ်လ်စီ လေးကနားမလည်၍သူမခေါင်းလေးကိုစောင်းကာအသံပြုလိုက်သည် ။
" ဟမ်...."
ဒရိတ်ခ် ကဆန့်ထားဆဲဖြစ်သည့်သူမလက်ကလေးများကိုဖိချကာ ရီပြီးပြောလိုက်သည် ။
" သမီးမှာ လက်ချောင်းရှစ်ချောင်းနဲ့ လက်မနှစ်ချောင်းရှိတယ်လေ "
ချယ်လ်စီ လေးက အရမ်းအံ့သြသွားသည့်မျက်နှာပေးလေးဖြစ်သွားပြီး သူမအပြုအမူကအရမ်းချစ်ဖို့ကောင်းသောကြောင့် ပါကာ ကသူမကိုပွေ့ဖက်ကာ နမ်းရူံ့ချင်စိတ်ပေါက်သွားသည် ။
" ဒါဆိုရင်သမီးမှာက ခြေချောင်းလေးတွေကလဲ ရှစ်ချောင်းဘဲရှိတာပေါ့နော် "
ပါကာက ဘာမှဝင်မပြောဘဲ သားဖနှစ်ယောက်အားပြုံးပြီးကြည့်နေခဲ့သည် ။
" ဟုတ်တယ် ပြီးတော့သမီးမှာ ခြေမနှစ်ချောင်းရှိတယ် "
" ခြေမဆိုတာက သမီးခြေထောက်မှာရှိတဲ့ လက်မကြီးနှစ်ချောင်းကိုပြောတာလားဟင် "
" အင်း "
" ဒါဆိုရင် ဖေဖေ့ဆီမှာလဲရှိတာပေါ့နော် "
" ရှိတာပေါ့ "
ဒရိတ်ခ် က သူ့ရဲ့လက်မနှစ်ချောင်းကိုပြလိုက်ကာ ချယ်လ်စီလေးနဲ့ လက်မတိုက်ပွဲကစားနည်းဖြင့်ဆော့နေခဲ့သည် ။ ပါကာက သားဖနှစ်ယောက်ကြားက ဆက်ဆံရေးကိုကြည့်ကာ ကြည်နူးနေခဲ့သည် ။
" ပါးပါး ဒီမှာ မီးမီးရဲ့လက်မတွေ "
ချယ်လ်စီ လေးကသူမလက်မလေးတွေကို တစ်ဖန်ပြန်ထောင်ပြကာ ပြောလိုက်သည် ။ ပါကာကလဲ ပြုံးပြီး သူ့လက်မတွေကိုပြန်ထောင်ပြကာ ရယ်ပြီးပြောလိုက်သည် ။
" အင်း....ပါးပါးမှာလဲလက်မတွေရှိတယ် "
ချယ်လ်စီ လေးကအချိန်ခဏကြာသည်အထိ သူမရဲ့လက်မလေးတွေကိုကြည့်လိုက် ပါကာ့ရဲ့ လက်မတွေကိုကြည့်လိုက်နဲ့လုပ်နေပြီးနောက် ရူပ်ထွေးနေပုံနှင့်ပြောလိုက်သည် ။
" ဟမ်.... တစ်ခုခုမှားနေသလိုဘဲ ပါးပါးရဲ့လက်မတွေကကြီးနေပြီး သမီးလက်မတွေကျ သေးနေတယ် "
ချယ်လ်စီ ကမျက်လုံးလေးပြူးကာ ပါကာ့ကိုစကားပြောနေသည် ။
" အဲ့တာဘာလို့ဆို သမီးက အသက်ငယ်သေးတယ်လေ "
" ဒါဆို မီးမီးအသက်ကြီးလာရင် လက်မတွေလည်းကြီးလာမှာလားဟင် "
" ဒါပေါ့ "
" ရေးးးးးး"
ဒရိတ်ခ် ကပါကာနဲ့ ချယ်လ်စီ လေးရဲ့ပြောပုံဆိုပုံတွေကိုသဘောတကျ ကြည့်နေခဲ့သည်။ သူက ပါကာပြောင်းလဲလာသည်အား အလွန်ပင်ကျေနပ်နေကာ အမြဲတမ်းမပြောင်းလဲဘဲ ယခုလိုဆက်ရှိသွားဖို့ကိုအမှန်ပင်လိုလားသည် ။
ပါကာ ကတစ်ချိန်လုံးချယ်လ်စီ လေးကိုအဖော်ပြုကာကစားပေးနေသောကြောင့် သူမကာအရမ်းကိုပျော်ရွှင်နေသည်မှာ ဆေးရုံသို့ရောက်သည့်အချိန်တိုင်ဖြစ်သည် ။
ဒရိတ်ခ် ကသူတို့နှစ်ယောက်ကိုဆေးရုံသို့မောင်းပို့ပေးခဲ့သည် ။
" ဖေဖေ နူတ်ဆက်အနမ်းလေး "
ဒရိတ်ခ် ကချယ်လ်စီလေးရဲ့ ပါးမို့မို့လေးနဲ့နဗဖူးလေးကိုနမ်းလိုက်ကာပြောလိုက်သည် ။
" လိမ္မာရမယ်နော် နတ်သမီးလေး "
" ဟုတ်ကဲ့ "
ချယ်လ်စီ လေးကတခစ်ခစ်ရီကာပြန်ဖြေလိုက်သည် ။ ဒရိတ်ခ် ကပါကာကိုကြည့်ကာပြောလိုက်သည် ။
" ဒီနေ့ကသူမရဲ့ နောက်ဆုံးရက်ချိန်းဘဲ မကြာခင် ကျောင်းပြန်တက်လို့ရတော့မှာပါ သူမကို ဂရုစိုက်ပေးပါဦး "
" ကျွန်တော် ဂရုစိုက်မှာပါ "
" ပါးပါး မြန်မြန်သွားကြရအောင် ! ဘန်ဘန် နဲ့သမီးနှစ်ယောက်စလုံးကသတ္တိရှိတယ် "
ချယ်လ်စီ လေးကအရမ်းကိုလေးနက်သည့်အမူအရာနှင့် သတ္တိရှိချင်ယောင်ဆောင်နေပုံလေးကိုကြည့်ကာ ပါကာရော ဒရိတ်ခ် ပါပြိုင်တူပြုံးမိလိုက်ကြသည် ။
ဒရိတ်ခ် ကခက်ခဲခဲ့သည့်အချိန်တွေကိုကျော်ဖြတ်ခဲ့ပြီး ပိုကောင်းမွန်သည့်အနာဂတ်ကိုသာလိုလားသည် ။ ပါကာရဲ့အလေးအနက် ဂရုတစိုက်ဖြစ်နေကာ တောင့်တင်းနေသည့် ပါကာကိုသူ့ဘေးသို့ဆွဲကာပြောလိုက်သည် ။
" မင်းအတတ်နိုင်ဆုံးပြောင်းလဲနေတာကိုကိုယ်တကယ် ဝမ်းသာတယ် ။ အရင်လိုပုံစံမျိုးတော့ပြန်ပြောင်းမသွားပါနဲ့ ဟုတ်ပြီလား "
ပါကာ ကအခုမှ သူတို့နှစ်ယောက် ကြားကအကွာအဝေးကိုသတိပြုမိကာ မျက်လုံးခြင်းမစုံမိစေရန် ရှောင်ရှားနေသည့်အချိန်တွင် ချယ်လ်စီ လေးကသူတို့နှစ်ယောက်ကြားကပေါ်လာကာ နူတ်ခမ်းလေးဆူပြီးမေးလိုက်သည် ။
" ပါးပါးနဲ့ဖေဖေက နမ်းကြတော့မလို့လား ဟင် "
ပါကာက အလျင်အမြန်ပင်လက်ကိုခါယမ်းကာ အသဲအသန်ငြင်းဆိုတော့သည် ။
" မ...မ....မဟုတ်ပါဘူး "
" ဒါပေမဲ့ ဖေဖေက မီးမီးကိုကျနမ်းပြီး ပါးပါးကိုကျဘာလို့မနမ်းရတာလဲ "
ချယ်လ်စီ လေးကစပ်စုနေဆဲဖြစ်သည် ။
" ပါးပါးကို နမ်းဖို့မလိုဘူး ပါးပါးက..... အွတ် "
ပါကာကအသဲအသန်ရှင်းပြနေသည့်အချိန်တွင် ဒရိတ်ခ် ကပါကာရဲ့ပါးကိုနမ်းပြီးဖြစ်ကာ အလျင်အမြန်ပင်နောက်ပြန်ဆုတ်သွားခဲ့သည် ။
" အခု ပါးပါးလဲအနမ်းခံလိုက်ရပြီ! ရေးးး.....ပါးပါးလဲနူတ်ဆက်အနမ်းရပြီးပြီဆိုတော့သမီးတို့ အခု သွားကြမယ်လေနော် "
ချယ်လ်စီ လေးကပျော်ရွှင်စွာခုန်ပေါက်နေကာ ပါကာကတော့ အနမ်းခံလိုက်ရသည်ဟူသည့်အတွေးထဲ၌နစ်မြုပ်နေဆဲပင်ဖြစ်သည် ။ ဒရိတ်ခ် ကကြောင်တောင်တောင်ဖြစ်နေသည့် ပါကာအားသူ့ဘေးသို့ပိုနီးကပ်အောင်ဆွဲယူလိုက်ကာ နားနားကပ်ကာတီးတိုးပြောလို
က်သည် ။
" ဘာလို့ ဒီလောက်ထိ ထူးဆန်းနေရတာလဲ ကိုယ်တို့ ဒီ့ထက်မကလုပ်ဖူးတယ်လေ "
ပါကာက သူဒီခန္ဓာကိုယ်ထဲကူးပြောင်းလာကတည်းကတစ်ခါမှမလုပ်ဘူးသေးဘူးဆိုကိုပြော ချင်သော်လည်း ဒရိတ်ခ် ကအဖြစ်မှန်ကိုမသိသေးသောကြောင့် ပြောမထွက်တော့ပေ ။
' ဒါနဲ့ သူ့အသံကဘာလို့ မြူဆွယ်နေတဲ့ပုံပေါက်နေရတာလဲ '
ပါကာက သူ့ရဲ့အတွေးလွန်နေသည့် စိတ်ကလေးကိုအမြန်ရှင်းလင်းလိုက်ကာ ပြောလိုက်သည် ။
" ချယ်လ်စီ လေးရှေ့မှာ နမ်းလာဖို့ကို ကျွန်တော်မထင်ထား....... "
" တကယ်ဆိုရင် ဒါက ပါးပေါ်ကိုပေးတဲ့အနမ်းလေးတစ်ပွင့်တင်ဘဲလေ နက်နက်နဲနဲနမ်းတဲ့ ပြင်သစ်အနမ်းမှမဟုတ်တာ ။ မင်းအရမ်းရှက်စရာမလိုပါဘူး"
ပါကာက လဲ ဒရိတ်ခ် ပြောတာမှန်သည်ဟုထင်သည် ။ နမ်းရုံတင်ကို ဒီလောက်ထိရှက်နေစရာတကယ်မလိုပေ ။ သူက ဘန်ဘန်နှင့်ဆော့နေသည့် ချယ်လ်စီ လေးကိုတစ်လှည့် ဒရိတ်ခ် ကိုတစ်လှည့်ကြည့်ကာပြောလိုက်သည် ။
" ကျွန်တော်သိပါပြီ သွားတော့မယ်နော် "
ဒရိတ်ခ် ကပါကာနဲ့ ချယ်လ်စီ လေးတို့နှစ်ယောက် ဆေးရုံထဲဝင်သွားသည်အထိ ရပ်ကြည့်နေခဲ့သည် ။ ပါကာက ဆရာဝန် ဆွေးနွေးခန့်ရှေ့ကအတွင်းရေးမူးအား ရက်ချန်းယူပြီးသားဖြစ်ကြောင်း ပြောပြကာ ဝင်လာခဲ့သည် ။
" မစ္စတာပါကာ....အဲလေ မစ္စတာ ဖော့လ်ခ်မွန်ရဲ "
ဆရာဝန်ရဲ့မျက်လုံးထဲ မှာတော့ ချယ်လ်စီ လေးနဲ့အတူ ပါကာပါလာခြင်းကအမှန်ပင်ထူးခြားဖြစ်စဥ်ဖြစ်ကာ ဒရိတ်ခ် နှင့်စသိသည့်အချိန်မှစ၍ ကုသမူတိုင်းတွင် ပါကာမပါလာဖူးပေ ။
ဆရာဝန်က ပါကာသည်သူ၏ကလေးကိုအရေးတယူမရှိဟုထင်ခဲ့သော်လည်း သူ့မှန်းဆချက်ကမှားယွင်းသွားပုံရသည် ။
" ဟယ်လို ဒေါက်တာ "
ပါကာ အရင်စပြီးနူတ်ဆက်လိုက်သည်နှင့် ချယ်လ်စီ လေးကပါ ချိုသာစွာနူတ်ဆက်လာသည် ။
" ဟယ်လို ဒေါက်တာဦးဦး မီးမီးက ဒီနေ့လဲသတ္တိရှိပါတယ် "
ဆရာဝန်က ချယ်လ်စီ လေးရဲ့ခေါင်းလေးကိုပုတ်ပြီးရီမောကာပြောလိုက်သည် ။
" သမီးက အမြဲတမ်းသတ္တိရှိတဲ့ ကလေးလေးလေ "
xxxxxx