Chapter - 12
ချယ်လ်စီ လေးဆေးသွင်းနေသည့်အချိန်တွင်
ပါကာ သူမနဲ့စကားပြောရင်း အဖော်ပြုနေပေးခဲ့သည် ။
" ပါးပါး "
" အင်း "
"မီးမီးကို နေ့တိုင်းအရသာရှိတာတွေချက်ကျွေးမှာလားဟင် "
" နေ့တိုင်းမဟုတ်ရင်တောင် ပါးပါးအားတဲ့အချိန်တိုင်းချက်ကျွေးမယ်လေနော် "
" ပါးပါးရေ "
" အင်း "
" မီးမီး ပါးပါးနဲ့ဖေဖေနဲ့အတူလာအိပ်လို့ရလားဟင် ။ မီးမီးကို မှင်စာတွေဖမ်းသွားမှာကြောက်လို့ "
" ဘယ်ကမှင်စာတွေလဲ "
" မှင်စာတွေက မီးမီးကို ပါးပါးနဲ့ဖေဖေတို့ကဆီကနေအဝေးကြီးကိုခေါ်သွားကြလိမ့်မယ် "
" ဒါဆိုရင် ပါးပါးနဲ့ဖေဖေက ချယ်လ်စီ လေးကိုဖက်ထားပြီးမှင်စာတွေ ခေါ်သွားလို့မရအောက် ကာကွယ်ပေးမယ်လေနော် "
" ပါးပါး "
ချယ်လ်စီ လေးကသမ်းဝေရင်းပြောလိုက်သည် ။
" မီးမီး အိပ်ချင်နေပြီ ။ ဒီကိုလာတဲ့အခါတိုင်းအမြဲတမ်းအရမ်းအိပ်ချင်တာ ဒါပေမဲ့ အိပ်ပျော်သွားရင် ဖေဖေကအမြဲတမ်း စောင့်နေပေးတယ် ။ ပါးပါးရော စောင့်နေပေးမှာလားဟင် "
" ပါးပါးက ချယ်လ်စီ လေးနဲ့အတူအိပ်ပေးမယ်ဆိုရင်ရော "
" အွန်း "
ချယ်လ်စီ လေးကအရမ်းအိပ်ငိုက်လာသောကြောင့် မျက်လုံးပင်မဖွင့်နိုင်တော့ဘဲ အသံသေးသေးလေးသာထွက်လာခဲ့သည် ။ ပါကာကသူမရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်ပြီးနောက် သူမဘေးတွင်ဝင်လှဲလိုက်သည်။
နေ့လည်နားချိန်တွင် ဒရိတ်ခ် ကပါကာ ပြင်ပေးလိုက်သည့် အရသာရှိရှိနေ့လည်စာကိုစားရန် ရုံးခန်းသို့အပြန်တွင် တစ်ယောက်ယောက်၏ ဖျော်ရည်ခွက်ကသူ့အပေါ်မှောက်ကျလာခဲ့သည် ။
" ကျွန်တော်တောင်းပန်ပါတယ် ။ အကျ်ီမှာစွန်းကုန်တော့မှာဘဲ ကျွန်တော်ပြန်သုတ်ပေးပါရစေ "
လိုဟန်က ပြာပြာသလဲနဲ့ပြန်သုတ်ပေးနေခဲ့သည် ။ ဒရိတ်ခ် ကသုတ်ပေးနေမှပိုညစ်ပတ်လာသောကြောင့် အကြည့်များပင် အရမ်းကိုအေးစက်နေခဲ့သည် ။
" ရတယ် မင်းဆက်သုတ်ဖို့မလိုဘူး "
ဒရိတ်ခ် ကလိုဟန်ရဲ့ လက်ကိုဖယ်ချကာ နောက်လှည့်မကြည့်ဘဲ လျှောက်သွားသည် ။
" ကျွန်တော် တောင်းပန်ပါတယ် သူဌေး "
လိုဟန်က အပြစ်ရှိသည့်ပုံစံနှင့်တောင်းပန်နေသော်လည်း ဒရိတ်ခ် ကလှည့်ပင်မကြည့်ချေ ။ လျှောက်လမ်းအကျယ်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက်တိုက်မိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ကာ ဒရိတ်ခ်သည်လည်း လှည့်ကွက်တွေကိုမမြင်နိုင်သည် အထိ တုံးအနေသူမဟုတ်ပေ ။
သို့သော်လည်း ထိုသူက သူ့သူငယ်ချင်းရဲ့ ညီလေးဖြစ်သောကြောင့် စိတ်တိုင်းကျအလုပ်ထုတ်ပစ်၍မရပေ ။
ဒရိတ်ခ် က ရုံးခန်းထဲရောက်သည့်အခါ အတွင်းရေးမူးကိုခေါ်ပြီးပြောလိုက်သည် ။
" စတေစီ ငါ့ကို အကျ်ီအသစ်တစ်ထည်ယူလာခဲ့ပေး "
ဒရိတ်ခ် ကသူ့ရုံးစားပွဲပေါ်က ချယ်လ်စီ လေးပြုံးနေသည့်ပုံကိုကြည့်ကာ ပါကာ၏ ပုံလည်းတစ်ပုံလောက်ထားရမလားတွေးမိသည် ။
......
ချယ်လ်စီ လေးရဲ့ ဆေးကုသမူကပြီးဆုံးသွားသော်လည်းသူမလေးက အိပ်ငိုက်နေဆဲဖြစ်သည် ။
" ချယ်လ်စီ လေးက သတ္တိရှိတဲ့ကလေးမလေးဘဲ ။ ဒီမှာသမီးအတွက် သကြားလုံးဆုလေး "
" ကျေး..... ကျေးဇူးပါ "
သူမလေးကအိပ်ငိုက်နေဆဲဖြစ်ကာ စကားလုံးများပင်မသဲကွဲသေးပေ ။ ပါကာကိုသူမလေး သကြားလုံးကိုယူပြီး အိပ်ချင်မူးတူးနှင့်မျက်လုံးကိုပွတ်သပ်နေသည်အားကြည့်ကာ ပြုံးမိသည် ။
" ကျေးဇူးတင်ပါတယ် ဒေါက်တာ "
" ချယ်လ်စီ လေးရဲ့ ကုသမူကပြီးဆုံးသွားပြီဆိုပေမဲ့ သူမကိုတော့ ကျန်းမာရေးစစ်ဆေးမူတွေပုံမှန်လုပ်ပေးရမယ် "
" ကျွန်တော် သိပါပြီ "
ချယ်လ်စီ လေးနဲ့ပါကာက ဆရာဝန်ကိုနူတ်ဆက်ကာထွက်လာပြီး ဆေးရုံဝသို့ရောက်သည့်အချိန်တွင် သူ၏ဝမ်းကွဲအားတွေ့လိုက်ရသည် ။
" ပါကာ "
" လီ... လီနော်ရာ လား "
လူကြီးနှစ်ယောက်ကအထိတ်တလန့်အော်ဟစ်မိကြသောကြောင့် ချယ်လ်စီ လေးလန့်သွားခဲ့သည် ။ ပါကာက ချယ်လ်စီ လေးအဆင်ပြေမပြေတစ်ချက်စစ်ပြီးမှသာ လီနော်ရာနှင့် စကားစမြည်ပြောဆိုနေလိုက်သည် ။
လီနော်ရာက အံ့သြနေဆဲဖြစ်ကာ ချယ်လ်စီ လေးကိုဂရုတစိုက်ဆက်ဆံနေသည့်ပါကာကို မယုံကြည်နိုင်သေးပေ ။ သူမက သူမရဲ့ဝမ်းကွဲအကြောင်းကိုအများကြီးကြားခဲ့ရပြီး ပါကာက သူမရှေ့တွင်ရပ်နေသည်သူနှင့် တစ်စက်ကလေးမျှမတူညီဟုခံစားရသည် ။
" လီနော်ရာ အိမ်သားတွေရောအဆင်ပြေကြရဲ့လား "
ပါကာက နေသားမကျစွာမေးလိုက်သည် ။ လီနော်ရာကာ ပို၍ပင်အံ့အားသင့်သွားရသည် ။
နင်ကတကယ်ဘဲ ဘယ်သူကြီးတုန်း !!!
" အ..အကုန်လုံးအဆင်ပြေကြပါတယ်.. နင်ရော "
ပါကာက ယဥ်ကျေးစွာပြန်ဖြေလိုက်သည် ။
" ငါအဆင်ပြေပါတယ်... လူတိုင်းကိုလဲငါနူတ်ဆက်တယ်လို့ပြောပေးပါဦး "
လီနော်ရာ ကပြောစရာစကားပင်ရှာမတွေ့တော့ချေ ။ ပါကာက အရမ်းကိုယဥ်ကျေးနေကာ ဝတ်ပုံစားပုံကလဲအရင်ကနှင့်မတူညီပေ သူမမျက်စိရှေ့ကလူက အရင်တုန်းကသူမရဲ့ဝမ်းကွဲမဟုတ်ဘဲ တခြားတစ်ယောက်ဟုတောင်ထင်မိနေသည်
။
" ချယ်လ်စီ လေးက အရမ်းအိပ်ချင်နေလို့ ငါသွားတော့မယ် ဂွတ်ဘိုင်နော် "
" ဂွတ်...ဂွတ်ဘိုင် "
လီနော်ရာ ကလက်ပြကာနူတ်ဆက်လိုက်သည် ။ ပါကာသည်လည်း သူမနှင့်စကားဆက်ပြောရမှာ ကို့ယို့ကားယားဖြစ်နေသောကြောင့် ထွက်လာလိုက်သည် ။
ပါကာ ဒရိတ်ခ် လာကြိုမည်ဟုပြောခဲ့သည့်နေရာတွင် စောင့်နေသည်အားတွေ့လိုက်ရသည် ။ ဒရိတ်က ချယ်လ်စီ လေးရဲ့နဖူးကိုအသာနမ်းလိုက်ပြီး သူမလေးနိုးသွားမှာစိုးသောကြောင့် ကားနောက်ခုံတွင်အသာအယာချပေးလိုက်သည် ။ ပါကာက ကားနောက်တံခါးကိုအသာလေးပိတ်ပေးကာ ဒရိတ်ခ် ကိုပြုံးပြလိုက်သည် ။
ပါကာက ခံစားချက်ကောင်းမွန်နေသောကြောင့်မေးလိုက်သည် ။
" ဒီနေ့အလုပ်မှာ အဆင်ပြေရဲ့လား "
ပါကာက ရုတ်တရက်ဘဲ ဒရိတ်ခ် ရဲ့အကျီက သူမနက်ကဝတ်သွားသည့်ဟာမဟုတ်ကြောင်းသတိပြုမိလိုက်သည်
။
xxxxxxxxx