အပိုင်း ၁၃
Viewers 13k

Chapter - 13


" ခင်ဗျားအကျီလဲထားတာလား "


" အင်းမနက်က ရုံးခန်းနားမှာ အရူးတစ်ယောက်ရဲ့ဖျော်ရည်တွေ ကိုယ့်အပေါ်ဖိတ်ကုန်လို့ "


" မတော်တဆလဲဖြစ်နိုင်တာဘဲ လေ "


" လျှောက်လမ်းကအကျယ်ကြီး နှစ်ပေလောက်ဘဲကျယ်တဲ့လမ်းကြိုလမ်းကြားမှမဟုတ်တာ "


ပါကာက ကိစ္စရဲ့အရင်းအမြစ်ကို အနည်းငယ်မျှမှန်းဆလာနိုင်ပြီး ဆက်ပြောရန်မသင့်ဟုထင်ကာ ထပ်မစတော့ပေ ။


" ချယ်လ်စီ လေးက ကျွန်တော်တို့နဲ့အတူအိပ်ချင်နေတယ် "


ဒရိတ်ခ် ကပါကာကို စောင်းကြည့်ကာမေးလိုက်သည် ။


" မင်းအဆင်ပြေလား "


" ကျွန်တော်ကရပါတယ် "


ပါကာနှင့်အငြင်းအခုံမဖြစ်ရတာက အချိန်အနည်းငယ်ရှိပြီဖြစ်ပြီး ချယ်လ်စီ လေးအတွက် အရင်ကအချိန်တွေကိုပြန်ဖြည့်ဆည်းပေးနိုင်ဖို့ သူအကောင်းဆုံးလုပ်ပေးချင်သည် ။ 


လမ်းတစ်လျှောက်တွင်တော့ တိတ်ဆိတ်ကာ မည်သူ့ဘက်ကမှစကားမစခဲ့ကြချေ ။ အိမ်ပြန်ရောက်သည့်အခါမှာတော့ ချယ်လ်စီ လေးကိုနိူးကာရေချိုးပြီး ညစာကျွေးရန်ပြင်ဆင်ကြသည် ။ ညနေစာအနေနဲ့ကတော့ ဝီလီယမ်က အသင့်ပြင်ထားပြီးဖြစ်ကာ ပါကာချက်စရာမလိုတော့ပေ ။


ညစာစားပြီးနောက် ချယ်လ်စီ လေးကိုညအိပ်ဝတ်စုံဝတ်ပေးကာ အိပ်ရာအလယ်၌ထားခဲ့ကြသည် ။


" ချယ်လ်စီ လေးကပုံမှန်ဆိုရင် အမြဲတမ်းလိုလိုအိပ်ငိုက်နေတတ်လား "


ပါကာက သွားတိုက်နေရင်းမေးလိုက်သည် ။


" အင်း ကုသမူရဲ့အကျိုးဆက်ကြောင့် သူမကမကြာခဏအိပ်ငိုက်နေတတ်တယ် ။ သူကိုပုံမှန်ကလေးတွေထက်ပိုပြီး ဂရုတစိုက်ကြည့်နေပေးရတယ် "


ဒရိတ်ခ်က ဆံပင်အခြောက်ခံရင်းနဲ့ပြန်ဖြေလိုက်သည် ။ ပါကာက သွားတိုက်ပြီးနောက် ဒရိတ်ခ် အားဆံပင်အခြောက်ခံရန်ကူညီပေးဖို့ လက်ကိုကမ်းလာခဲ့သည် ။


ဒရိတ်ခ် ကပါကာထက်အရပ်ရှည်သောကြောင့် ပါကာ လေမူတ်ရလွယ်ကူစေရန် ကိုယ်ကိုငုံ့ကိုင်းပေးလိုက်သည် ။ ဒရိတ်က ပါကာရဲ့လျော့ရဲနေသည့် ညဝတ်အိတ်စုံလည်ပင်းကနေ ပါကာ့ရဲ့ခန္ဓာကိုယ်ကိုမဖုံးကွယ်ဘဲ မြင်နေရသည် ။


သူက အရင်အချိန် ချယ်လ်စီ လေးကိုမွေးခဲ့တုန်းက ပါကာ့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမူအကြောင်းငြင်းခုံခဲ့ကြသည်အား ပြန်အမှတ်ရမိသွားသည် ။ ဒရိတ်ခ် ကပါကာ့ရဲ့ ညဝတ်အကျီကိုလှန်တင်လိုက်ပြီးကြည့်လိုက်သည် ။ 


" ဘာ.....ဘာ....ခင်ဗျားဘာလုပ်တာလဲ "


" စိတ်မပူပါနဲ့ ကိုယ်ကကြည့်ရုံတင်ပါ "


" အွန်....အွန်း "


ပါကာကရှက်သောကြောင့် ဒရိတ်ခ်ကိုမကြည့်ရဲသော်လည်း သူ၏လက်များက ပါ့ကာ့ရဲ့ဝမ်းဗိုက်အောက်ပိုင်းက အမာရွတ်တန်းလေးအား ညင်ညင်သာသာလက်ဖျားလေးဖြင့်ပွတ်သပ်နေသည်အား ခံစားမိနေသည် ။


" လူတွေပြောကြတာကတော့ ယောက်ျားတွေက သူတို့မိန်းမတွေရဲ့ ဒီလိုအမာရွတ်မျိုးတွေကို ရုပ်ဆိုးလို့မကြည့်ချင်ကြဘူးတဲ့ "


ဒရိတ်ခ် ရဲ့လေသံက တိုင်းတာလို့မရလောက်သည့်ညင်သာမူများ ရောစွက်နေကာ အမာရွတ်ကို ခပ်ဖွဖွပွတ်သပ်ရင်းဆက်ပြောသည် ။


" ဒါပေမဲ့ ကိုယ်ကတော့ရုပ်ဆိုးတယ် လို့မထင်မိဘူး ဒါက ကိုယ့်သွေးသားကိုမွေးဖွားပေးခဲ့လို့ဖြစ် လာခဲ့ရတာမို့ ကိုယ်ကဘယ်လိုလုပ်ရုပ်ဆိုးတယ်ထင်ရက်ပါ့မလဲ "


ဒီလိုစကားမျိုးတွေကို သူတို့ရဲ့ယောက်ျားများကသာပြောလာခဲ့မည်ဆိုလျှင် ဘယ်အမျိုးသမီးမဆိုနှလုံးသားတွေအရည်ပျော်သွားမှာသေချာသည် ။


အမျိုးသမီးတွေက လင်ယောက်ျားနဲ့ ကလေးတွေကို ဂရုစိုက်ရပြီး သူတို့ကိုသူတို့ မပြင်ဆင်နိုင်တော့သည့်အခါ ယောက်ျားတွေက တဖြည်းဖြည်းနဲ့ငြီးငွေ့လာကြလိမ့်မယ် ။


အမှန်ကတော့ အမျိုးသမီးတွေက သူတို့လင်ယောက်ျားတွေရဲ့ မှန်တစ်ချပ်လိုဘဲဖြစ်သည် ။ အိမ်ထောင်သည်ဘဝမှာမိမိကိုယ်ကို မပြင်မဆင်မနေနိုင်တော့တဲ့အမျိုးသမီးတွေရဲ့ ယောက်ျားတွေက သေချာပေါက်ကို သူမတို့ရဲ့ဂရုစိုက်မူနဲ့ မထိုက်တန်ပေ ။


သူတို့ရဲ့ အမျိုးသားတွေဆီက ချစ်ခင်ခင်ကြင်နာမူနှင့် လေးစားမူကိုရတဲ့အမျိုးသမီးတွေက ထိုအမျိုးသားရဲ့ဆက်ဆံပုံနှင့်အညီ အမြဲတမ်းသူတို့ ဘေးမှာရှိနေပေးကြလိမ့်မယ် ။


ပါကာ က ဆံပင်အခြောက်ခံပေးပြီးနောက် ဒရိတ်ခ် ကိုတည့်တည့်ကြည့်ကာမေးလိုက်သည် ။ 


" ခင်.... ခင်ဗျားက ကလေးထပ်လိုချင်လို့လား "


တကယ်ဆိုရင် ဒရိတ်ခ် လည်းဘဲ ကလေးထပ်လိုချင်သည် ။ ချယ်လ်စီ လေးက မောင်နှမတွေရှိလာဖို့ကိုအရမ်းမျှော်လင့်နေပြီး သူ့ဘက်ကလည်း ပါကာနှင့်သူ အလုပ်များနေသည့်အချိန်တို့တွင် ချယ်လ်စီ လေးကို အထီးမကျန်နေစေချင်ပေ ။


" လိုချင်တယ် "


" ကျွန်တော်ကတော့ ချယ်လ်စီ လေးကိုဘဲ သေသေချာချာ ဂရုစိုက်ချင်သေးတယ် ခင်ဗျားစောင့်နိုင်မလား "


ဒရိတ်ခ် ကလဲပါကာ့ကို အလျှင်မလိုပေ ။ ပါကာကအခုမှ ကောင်းကောင်းမွန်မွန်ပြောင်းလဲလာခါစဖြစ်ပြီး ဒရိတ်ခ်က လောလိုက်ကာ တည်ငြိမ်နေသည့် မိသားစုလေးကို အရင်လိုပြန်ပြီးဆူညံမနေစေချင်ပေ ။


" ဆေးတွေကစိတ်ချရပေမဲ့ အချိန်တန်ရင်ဘာလုပ်ရမလဲဆိုတာ မင်းသိမှာပါ " 


 ပါကာ ကဆေးတွေကိုစစ်ကြည့်လိုက်တဲ့အခါမှာ သူသိတဲ့ဆေးတွေနဲ့မတူဘဲကွဲပြားနေသောကြောင့် Gers တွေအတွက် ထုတ်သည့်သီးသန့်အမျိုးအစားဆိုတာသိလိုက်သည် ။


ပါကာ ဒရိတ်ခ် ရဲ့အစောကစကားတွေကြောင့်နှလုံးသားလေးကအရည်ပျော်နေပြီဖြစ်ကာ ဒရိတ်ခ် က ကလေးယူသည့်ကိစ္စနှင့်ပက်သက်၍လည်းအတင်းဖိအားမပေးပေ ။


အတိတ်က အကြောင်းတချို့​ကြောင့် ဒရိတ်ခ် ကပါကာ့အပေါ်ခက်ထန်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့် သူ့အားလက်ခံစပြုလာသည် ။ ပါကာက မတတ်နိုင်စွာဘဲ ဒရိတ်ခ် နှင့်တူသည့် ပိစိကလေးအကြောင်း တွေးမိရင်းကြည်နူးမိနေသည် ။


ဒရိတ်ခ် ဘက်ကလဲ ပါကာကအကောင်းဘက်ကိုပြောင်းလဲလာရန် အမြဲမျှော်လင့်နေတာဖြစ်သောကြောင့် ပါကာ့ရဲ့ ပြောင်းလဲမူအားအရမ်းပင်ကျေနပ်နေခဲ့သည် ။ 


ဒရိတ်ခ် ကပြုံးရင်းနှင့်ပင် ပါ့ကာ့ဘေးအားတဖြည်းဖြည်းတိုးသွားကာ နမ်းလိုက်သည် ။ ပါကာက ရုတ်တရက်အနမ်းကြောင့် ကြောင်အနေသည့်အချိန်တွင် သူ့ပါးစပ်ထဲ၌ ဒရိတ်ခ် ရဲ့လျှာက သူ့တစ်ကိုယ်လုံးကိုဆော့ကစားနေသလိုသာထင်မှတ်မိနေသည် ။


ပါကာက ဂျယ်လီလိုပျော့ခွေနေသည့် သူ့ကိုယ်သူထိန်ထားရန်နိုင်ရန် ကူကယ်ရာမဲ့စွာဖြင့် ဒရိတ်ခ်၏ရင်ဘက်မှအကျီစကိုသာဆွဲကိုင်ထားရသည် ။


ဒရိတ်က ပါ့ကာ့၏ခါးသွယ်သွယ်လေးအားထိန်းကိုင်ပေးထားကာ ပါကာ၏ခြေထောက်တို့သည်လည်း ဒရိတ်ခ် ၏ခါးအားတဖြည်းဖြည်းရစ်ပတ်လာခဲ့သည် ။


" ပါးပါး "


ချယ်လ်စီ လေးက အိပ်ချင်မူးတူးဖြင့်သူမ၏ မျက်လုံးများကို ပွတ်သပ်ကာ ထွက်လာခဲ့သည် ။


Xxxxxxx