အပိုင်း ၁၄
Viewers 13k

Chapter - 14


ဒရိတ်ခ် နှင့်ပါကာနှစ်ယောက်စလုံးက အထိတ်တလန့်ရပ်တန့်မိသွားကြသည် ။ ချယ်လ်စီလေးက အိပ်ချင်မူးတူးမျက်နှာလေးနဲ့ သူမရဲ့မျက်လုံးတွေကိုပွတ်သပ်နေကာ သူမလေးရဲ့လက်တစ်ဖက်မှာတော့ ယုန်ရုပ်ကလေးကိုကိုင်ထားပြီး ယခုဖြစ်ပျက်နေတဲ့အခြေအနေသည် ။


' ပါးပါးတို့ မီးနီးဖြတ်နေကြတာကိုမီးမီး မိသွားတယ်ဟူ၍ဖြစ်သည် ။ '


" ပါးပါးတို့ ဘာလုပ်နေကြတာလဲဟင် "


ချယ်လ်စီ လေးက အိပ်ချင်မူးတူးနှင့်မေးလိုက်ပြီး ပါကာက ဘေစင်ပေါ်ကနေ အလျှင်အမြန်ခုန်ဆင်းလိုက်ပြီး ရှက်ရွံ့စွာနဲ့ဘဲ သူ့ရဲ့ တွန့်ကြေနေတဲ့ အဝတ်တွေကိုအလျင်အမြန်ပြန်ဖြန့်နေရသည် ။


ကလေးရှေ့မှာမှ မိရတယ်လို့!


ဒရိတ်ခ် တစ်ယောက်ကသာ ခုနက သားရိုင်းကောင်ကြီးက သူမဟုတ်သည့် အတိုင်းအရမ်းကိုတည်ငြိမ်တဲ့လေသံနဲ့မေးလိုက်သည် ။


" သမီးဘာလိုချင်လို့လဲ "


" မီးမီး ရူးရူးပေါက်ချင်လို့ ဖေဖေ "


ပါကာက သူမအပြောကြောင့်စိတ်သက်သာရာရသွားသော်လည်း မသင့်လျော်တဲ့ အခြေအနေမှာ လူမိခံရသည့်အတွက် ရှက်ရွံမူတို့ကတော့ကျန်ရှိနေဆဲဖြစ်သည် ။


ပါကာ က လူပျိုလေးတစ်ယောက်မဟုတ်သည့် အတွက် လိင်ဆက်ဆံတာကို ရှက်စရာတစ်ခုလို့တော့မမြင်ပေ။ ထပ်ပေါင်းပြောရလျှင် သူ့အနေ

ဖြင့် ဒရိတ်ခ် နဲ့တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံတွေ့ရမဲ့အရာ ဖြစ်တာကြောင့် အရမ်းကြီး ရှေးရိုးဆန်နေစရာမလိုချေ ။


သူကြောက်သည့်တစ်ခုတည်းသောအရာက အသင့်မဖြစ်တဲ့အချိန်မှာ ကိုယ်ဝန်ရသွားမှာကိုသာဖြစ်သည် ။ သို့သော်လည်း ဒရိတ်ခ် ကသူ့ကိုနားလည်ပေးကာ အလောတကြီးရှိပုံမရဘဲ သူ့ဆန္ဒကိုအလေးထားပေးသည် ။ 


အချိန်ကြာကြာအတူနေလာလေ ဒရိတ်ခ် ကအရမ်းကောင်းမှန်းသူသိလာလေသည်ဖြစ်သည် ။


ပါကာအိပ်ရာပေါ်တွင် လှဲနေသည့် အချိန်တွင် ချယ်လ်စီ လေးက ရေချိုးခန်းထဲမှပြေးထွက်လာကာ ပြောလိုက်သည် ။


" ပါးပါး မီးမီးလက်ဆေးပြီးသွားပီ "


ပါကာက ပြုံရင်းနှင့်ပင်သူမလေးကို ပွေ့ဖက်လိုက်ကာ 


" လိမ္မာလိုက်တဲ့ကလေးလေး "


" ဂွတ်နိုက်ပါ ပါးပါး "


" ဂွတ်နိုက် နတ်သမီးလေး "


ပါကာက သူမနှဖူးလေးကိုနမ်းလိုက်ကာပွေ့ဖက်ပြီး အိပ်ရာဝင်လိုက်သည်အား ဒရိတ်ခ် ကျေနပ်စွာပြုံးလိုက်ပြီး သူလည်း ပါကာ့ဘေးတွင်ဝင်လှဲလိုက်သည် ။


တစ်ပတ်အတွင်းတွင်  ပါကာကဒရိတ်ခ်ရဲ့ ဇနီးနေရာတွင် နေသားကျနေပြီဖြစ်ကာ ဒရိတ်ခ် လည်း ပါကာ၏ ပြောင်းလဲမူတွေကိုတဖြည်းဖြည်းလက်ခံလာခဲ့သည် ။ သူတို့က မလုပ်ဖြစ်ကြသေးတာကလွဲရင် ဟိုနေရာ ဒီနေရာ နေရာပေါင်းစုံမှာတော့ ပြင်းထန်တဲ့ အနမ်းတိုက်ပွဲတွေကိုဆင်နွဲ ကြလေ့ရှိသည် ။ 


ဒီနေ့မှာတော့ ပါကာက ချယ်လ်စီ လေးနဲ့အတူ မားကတ်ကိုသွားပြီး ပန်းဆီဆွဲသည့်ပစ္စည်း ကိရိယာများကိုဝယ်ရန်သွားကြသည် ။ နောက်တစ်ပတ်တွင် ချယ်လ်စီ လေးကကျောင်းပြန်တက်ရမည်ဖြစ်သောကြောင့် ပါကာကသူ့ဘာသာသူ အချိန်ဖြုန်းရန် နည်းလမ်းများကိုရှာဖွေရတော့မည်ဖြစ်သည် ။


" ပါးပါး မီးမီး ဒါလိုချင်တယ် "


ချယ်လ်စီ လေးက အုတ်ဂျုံတစ်ထုပ်ကိုလက်ညိုးထိုးကာပြောလိုက်သည် ။ ပါကာကထိုတံဆိပ် အမျိုးအစားကို လေးထုပ်မျှခြင်းထဲသို့ ပစ်ထည့်လိုက်သည် ။


သူရော ချယ်လ်စီ လေးကပါ ထိုတံဆိပ်ကိုကြိုက်သောကြောင့် အချိန်ခဏလေးနှင့်ပင် အကုန်ကုန်သွားနိုင်သည် ။


ပါကာနှင့် ချယ်လ်စီ လေးတို့က ပစ္စည်းအများအပြားဝယ်ယူခဲ့ကြသောကြောင့် ငွေရှင်း ကောင်တာမှဝန်ထမ်းတစ်ဦးက အထုပ်များကို ကားပါကင်အထိကူညီကာပို့ပေးခဲ့သည် ။


" ပါကာ , ပါကာ ဘရောင်းမဟုတ်လား "


" မဟုတ်ပါဘူး ပါကာ ဖောလ့်ခ်မွန်ရဲ ပါ "


ပါကာ ကထိုအမျိုးသားကိုအမှန်ပြင်ပေးကာ နောက်လှည့်ကြည့်လိုက်သည် ။ ထိုအမျိုးသားက ကလေးတစ်ယောက်ကို ချီထားကာ နောက်တစ်ယောက်ကိုတော့လက်တွဲထားကာ ထိုကောင်လေးက ချယ်လ်စီ လေးထက်အသက်နဲနဲကြီးမည်ဟု ထင်ရသည် ။


" ဘယ်တုန်းက ဖော့လ်ခ်မွန်ရဲ ဖြစ်သွားတာလဲ "


ထိုအမျိုးသားက ရီပြီးပြောလိုက်သည် ။


ဒီလိုပြောလိုက်ချင်းက မူလပါကာသာဆိုရင် သေချာပေါက်ကို မိုးမီးလောင်သွားလိမ့်မည် ။ အချုပ်အားဖြင့်အတင်းအကျပ် လက်ထပ်ပေးခံရသည့်ဆက်ဆံရေးကြောင့် မူလပါကာက သူ့ရဲ့မျိုးရိုးအမည်နှင့်ပက်သက်လာရင် အရမ်းထိရှလွယ်သည် ။


" ဟယ်လို တေလာ "


ပါကာက နေရခက်မူကိုကျော်ဖြတ်ပြီး အရင်စနုတ်ဆက်လိုက်သောကြောင့် တေလာအံ့သြ သွားရသည် ။ လီနော်ရာ က ပါကာ အရင်ကနဲ့မတူဘဲပြောင်းလဲလာသည်ဟုပြောသော်ငြား သူမယုံခဲ့ပေ ။ သူက ချယ်လ်စီလေး သကြားလုံးစားနေသည်အား ငုံ့ကြည့်ပြီးပြောလိုက်သည် ။


" ကလေးတွေကို အချိုကျွေးတာက အရမ်းသတိထားသင့်တယ် ။ မဟုတ်ရင်သူမရဲ့သွားတွေ ပိုးစားကုန်လိမ့်မယ် "


" မပူပါနဲ့ သူမကသွားဆရာဝန်နဲ့ ပုံမှန်ပြပါတယ် ။ ပြီးတော့ သူမက အချိုအရမ်းစားတတ်တဲ့ကလေးမဟုတ်ဘူး "


ပါကာက ချယ်လ်စီ လေးရဲ့ခေါင်းကိုပွတ်ပေးလိုက်သည့်အချိန်တွင် သူမက လက်မြှောက်ကာ စကားပြောလာခဲ့သည် ။


" မီးမီးက အရမ်းလိမ္မာတဲ့ကလေးလေးပါ "


ပါကာ သူမလေးကိုပွေ့ချီလိုက်ပြီး နှာထိပ်ကလေးကို လက်ညိုးနှင့်အသာတို့ကာပြောလိုက်သည် ။


" ဒါပေါ့ သမီးက ပါးပါးနဲ့ဖေဖေတို့ရဲ့ လိမ္မာတဲ့ ရတနာတုံးလေးဘဲ "


တေလာ ကအခုအချိန်ထိ အမေကောင်းကာရိုက်တာဝင်နေသည့် ပါကာကိုမယုံကြည်နိုင်သေးပေ ။


" နောက်တစ်ပတ်ကျရင် မိသားစုညစာစားပွဲရှိတယ် ။ မင်းဘာလို့ချယ်လ်စီ လေးကိုခေါ်ပြီးမလာတာလဲ ။ ဦးလေးနဲ့အဒေါ်က မင်းရဲ့ ပြောင်းလဲသွားတာကိုမြင်ရင်အရမ်းဝမ်းသာသွားကြမှာသေချာတယ် "


တေလာက ပါကာ့ကို ပြုံးပြီးကြည့်နေသည် ။ ပါကာ့ရဲ့မိသားစုက ဆိုးသွမ်းတဲ့အပြုအမူတွေကြောင့်သူ့ကို စွန့်လွှတ်ခဲ့ကြပြီး မိသားစုညစာစားပွဲအား မဖိတ်ခေါ်ခဲ့ကြသည်ကို ပါကာသိရင် ဘယ်လိုသောင်းကျန်းမလဲ တေလာကြည့်ချင်နေခဲ့သည် ။


Xxxxxxx