အပိုင်း ၁၅
Viewers 13k

Chapter - 15


ပါကာ အိမ်ပြန်ရောက်သည့်အချိန်အထိ အနည်းငယ်ရူပ်ထွေးနေဆဲဖြစ်သည် ။


ဘာလို့သူကိုဘယ်သူမှ ညစာစားပွဲရှိတယ်လို့ မဆက်သွယ်ကြတာလဲ!


သူ့မိသားစုမဟုတ်သော်လည်း မိသားစုတွေ့ဆုံပွဲကို သားအရင်းတစ်ယောက်လုံးကမသိရသည်ကိုတော့ အနည်းငယ် ဒေါသထွက်မိသည် ။ ပါကာက ဆိုးဝါးသောသူတစ်ယောက်ဖြစ်ပေမဲ့ သူ့မိသားစုအပေါ်တွင်တော့သိတတ်ဆဲဖြစ်သည် ။


ပါကာ သူလက်မထပ်ချင်ပါသော်လည်း မိသားစုအတွက် အိမ်ထောင်သည်ဘဝသို့ရောက်ရှိခဲ့ရကာ လက်ထပ်ပွဲတွင် မည်သည့်ဒရမ်မာကိုမှ မခင်းခဲ့ချေ ။ 


အမှန်အတိုင်းပြောရရင် မူလပါကာ လက်ထပ်သည့်အချိန်တွင် အသက်နှစ်ဆယ်မျှသာရှိသေးကာ လွတ်လွတ်လပ်လပ် စူးစမ်းချင်သည့်လူငယ်လေးက အိမ်ထောင်ဟူသည့် စကားလုံးဖြင့်ချုပ်နှောင် ခံလိုက်ရခြင်းက သူ့အားဆိုးသွမ်းသွားစေသည့်အဓိကအချက်ဖြစ်သည် ။


မူလပါကာဘက်ကကြည့်ရင် အကျိုးကြောင်းဆီလျှော်နေပြီး ဒရိတ်ခ် နှင့်ချယ်လ်စီလေး အပေါ်သူမကောင်းသည် ဟူသည့်အချက်တစ်ခုတည်းဖြင့် သူ့အားမိသားစုမှထုတ်ပယ်သည်က လုံလောက်သည့်အကြောင်းပြချက်မဟုတ်ပေ ။


ရုတ်တရက်ဘဲ သူရဲ့ဦးခေါင်းက စပြီးကူးပြောင်းလာခဲ့တုန်းကလိုနာကျင်လာပြီး မူလပါကာရဲ့ မှတ်ဉာဏ်တွေကို တဖြည်းဖြည်းမှတ်မိလာခဲ့သည် ။


မူလပါကာက ကားထဲတွင် အရက်မူးနေကာ ငိုယိုပြီးတောင်းပန်နေခဲ့သော်လည်း သူဘာကိုတောင်းပန်နေတာလဲစဉ်းစားမရချေ ။ လန်လင်းတွင် မူလပါကာရဲ့မှတ်ဉာဏ်တွေက ပြန့်ကြဲနေပြီး ဘာကိုမှဆက်စပ်စဉ်းစား၍မရပေ ။


" ပါးပါး ဘာဖြစ်တာလဲ ဟင် "


" ဘာမှမဖြစ်ပါဘူး ပါးပါးအဆင်ပြေပါတယ် "


ချယ်လ်စီ လေးစိတ်ပူနေတာကိုကြည့်ပြီး ပါကာ့ရင်ထဲနွေးထွေးသွားကာ သူမခေါင်းလေးကိုပွတ်ပေးလိုက်သည် ။ မှတ်ဉာဏ်တွေ အတွက်ကတော့ များများစားစားကြီး သူစဉ်းစားမနေတော့ပါချေ ။


အချိန်တန်ရင်မှတ်မိလာမှာဖြစ်ပြီး အလျင်မလိုပေ ။ ပါကာက ဝီလီယမ်က နှင့်အတူ ဒရိတ်ခ် နှင့်ချယ်လ်စီလေး တို့အတွက် အစားအသောက်ချက်ပြုတ်ရာတွင်သာ သွားကူညီတော့သည် ။


ဒရိတ်ခ် အိမ်ဝသို့ရောက်သည့်နှင့် သူ့ဇနီးလေး၏ အရသာရှိသော ဟင်းရနံ့များကိုရလိုက်သည် ။ သူကအိမ်ဟူသည့် ခံစားချက်အားစတင်ခံစားလာရပြီဖြစ်ကာ ပါကာက အမဲသားပန်းကန်ကိုသယ်လာရင်း ဒရိတ်ခ် ရဲ့ပါးကိုနမ်းပြီးပြောလိုက်သည် ။


" အိမ်ပြန်ရောက်လာတာကို ကြိုဆိုပါတယ် "


ချယ်လ်စီ လေးလဲ ဒရိတ်ခ် ဆီ အမြှောက်ဆံလေးလိုပြေးဝင်လာကာ သူ့ပါးကိုနမ်းလိုက်ပြီး တစ်နေကုန်ဖြစ်ပျက်သမျှကို ဝမ်းသာအားရပြန်ပြောတော့သည် ။


" ဖေဖေ မီးမီး ဒီနေ့ ပါးပါးနဲ့ ဈေးဝယ်ထွက်ခဲ့တယ် ။ ပြီးတော့ အန်ကယ် တေလာနဲ့လဲတွေ့ခဲ့သေးတယ် "


ဒရိတ်ခ်က သူမလေးကိုချီထားပြီးမေးလိုက်သည် ။


" ဟုတ်လား အန်ကယ် ကဘာပြောလဲ "


" သူက မီးမီးတို့ကို အတူတူလာစေချင်နေတယ် "


ဒရိတ်ခ် ကပါကာကိုကြည့်လိုက်သည့်အခါ စိတ်အခြေအနေ အရမ်းကောင်းမနေသည်ကိုတွေ့လိုက်ရသည် ။ တကယ်တော့ ပါကာနှင့် ကွာရှင်းရန်သူပြင်ဆင်ခဲ့သည့်အချိန်က ပါကာ့မိဘတွေကိုခေါ်တွေ့ပြီးပြောပြခဲ့သော်လည်း သဘောမတူကြဘဲ မိသားစုထဲတွင်ကွာရှင်းသည့်သမိုင်းမရှိဟူ၍လည်းပြောခဲ့ကြသေးသည် ။


 ပါကာ့မိဘတွေက ဒရိတ်ခ် နှင့်ပူးပေါင်းထားသည့် စီးပွားရေးလုပ်ငန်းတွေကြောင့်မှန်းသိသော်လည်း ဘာမှမပြောခဲ့ချေ ။


သူတို့က သူတို့ရဲ့ သားကိုဘယ်လို သဘောထားနေကြတာလဲ!


ဒရိတ်ခ် အနေနဲ့ကတော့ ကွာရှင်းပြီးနောက်ပိုင်း ချယ်လ်စီလေးရှေ့ ပေါ်မလာသရွေ့ ပါကာအားတစ်သက်လုံးပင်ထောက်ပံ့ပေးနိုင်သေးသည် ။


ကံကောင်းစွာဖြင့်ပါကာကတခြားသူတစ်ယောက်လိုပြောင်းလဲသွားကာ သူနှင့်ချယ်လ်စီလေးအပေါ်ကိုလည်း ဂရုတစိုက်ရှိလာပြီးနွေးထွေးလာခဲ့သည် ။


ဒရိတ်ခ်  ကွာရှင်းမည်ဟုပြောပြမည့်ကိစ္စပြီးကတည်းက ပါကာ့မိဘတွေနှင့်ထပ်မတွေ့ရသေးကာ သူ့မိဘတွေကလဲ ပါကာနှင့်သူအဆင်ပြေသည့်အကြောင်းသိပုံမရသေးပေ ။


သူ့မိဘတွေက သူ့ကိုအလေးမထားတော့သည်အား ပါကာသိရင် ဝမ်းနည်းသွားမှာကိုစိုးရိမ်မိသည် ။ 


" စိတ်မပူပါနဲ့ ကျွန်တော်အဆင်ပြေပါတယ် "


ပါကာက ဒရိတ်ခ် ကိုသူအဆင်ပြေကြောင်းပြုံးပြကာပြောလိုက်ပြီး မည်သူ့ဘက်ကမျှထိုအကြောင်းအရာကိုထပ်မစကြတော့ပေ ။ ဒရိတ်ခ် နဲ့ပါကာ ညစာစားပြီးနောက် ချယ်လ်စီ လေးကိုသိပ်နေတုန်းဖုန်းဝင်လာခဲ့သည် ။


" ဟယ်လို အမေ "


" ညစာစားပွဲကိုမလာခဲ့နဲ့ "


ပါကာ့အမေ၏ စကားပြောသည့်အသံကအေးစက်ကာပြတ်သားနေသည် ။


" ဘာလို့လဲ "


" မင်းကကွာရှင်းပြီးသားဖြစ်တဲ့အတွက် မင်းလို တစ်ခုလပ်နဲ့ငါတို့အဆက်အသွယ်ဆက်မလုပ်နိုင်ဘူး "


ပါကာက စိတ်ဆိုးစွာနှင့်ပြန်ပြောလိုက်သည် ။


" ဒီလိုလုပ်လို့မရဘူးလေ ကျွန်တော်က အမေတို့ရဲ့သားဘဲ "


" အခုမင်းက ငါ့သားမဟုတ်တော့ဘူး ငါတို့ကိုဘယ်တော့မှမဆက်သွယ်နဲ့ "


သူမက ပါကာပြန်ပြောတာကိုပင်မစောင့်ဘဲဖုန်းချသွားခဲ့သည် ။ ယခုတွင်တော့ပါကာက သွားကိုသွားရမည်ဟုစိတ်ဆုံးဖြတ်လိုက်ပြီး ရင်ဆိုင်စရာရှိတာကိုရင်ဆိုင်မည်ဖြစ်သည် ။


ဒရိတ်ခ် ကပါကာရဲ့ စိတ်ဆိုးနေသည့်ပုံစံကိုမြင်လိုက်သောကြောင့်မေးလိုက်သည် ။


" တစ်ခုခုဖြစ်လို့လား "


" ခုနက အမေကျွန်တော့ကို ဖုန်းဆက်တယ် ပြီးတော့ သူမက ကျွန်တော့ကိုမလာစေချင်ဘူး "


" မင်းသွားမှာလား "


" သူတို့က ကျွန်တော့်ကိုတစ်ခုလပ်လို့ပြောနေကြတော့ သူတို့ထင်တာတွေက လွဲနေကြောင်းပြရမယ်လေ "


ပါကာကရီမောကာပြောလိုက်သည် ။ ဒရိတ်က ပါကာ့ရဲ့အပြုအမူလေးကိုပြုံးပြီးကြည့်ကာ နမ်းလိုက်သည် ။


" အဲ့တာကအရမ်းကြာနေပြီလို့မထင်ဘူးလား "


" အင်း " 


နှစ်ယောက်စလုံးက ပူလောင်ပြင်းပြတဲ့အနမ်းတွေကြားကူးလူးဆက်သွယ်နေကြပြီး အချင်းချင်းရဲ့လက်တွေက အဝတ်တွေကိုချွတ်ပစ်ဖို့သာစိတ်အားထက်သန်နေကြတော့သည် ။


မနေ့ညက ချယ်လ်စီ လေးရှိနေလို့ ဘာမှမလုပ်ခဲ့ရ​

သော်လည်းယခုကတော့မတူတော့ပေ ။


" အား...အ... ဒရိတ်ခ် "


ပါကာ ဒရိတ်ခ် ရဲ့ကြမ်းတမ်းပြီးနက်ရိူင်းသည့်ထိုးသွင်းမူတွေကြားထဲတွင် လွင့်မြောနေကာ ဒရိတ်ခ် ကသူကြုံဖူးသမျှထဲတွင် အကောင်းဆုံးအရည်အသွေးရှိတဲ့သူဆိုတာသူသေချာပေါက်ပြောနိုင်သည် ။


Xxxxxxx