အပိုင်း ၁၆
Viewers 13k

Chapter - 16


နိူးစက်နာရီမြည်သံသည် ဒရိတ်ခ် အားနိုးသွားစေသော်လည်း မနေ့ညကပြင်းထန်သည့်လေ့ကျင့်ခန်း​ကြောင့် ပင်ပန်းနေသည့် ပါကာ ကတော့ဆက်လက်အိပ်မောကျနေဆဲဖြစ်ကာ ဒရိတ်ခ် က ပါကာရဲ့မျက်နှာလေးကို အသာအယာပွတ်သပ်လိုက်သည် ။


ပါကာ၏ ခါးတွင်ဖက်တွယ်ထားသည့်လက်ကိုဖြေလျော့လိုက်ပြီး မျက်မှန်တပ်ကာ လက်ပ်တော့ဖြင့် မနက်ခင်းအလုပ်လုပ်ခြင်းကိုစတင်ခဲ့သည် ။ ဝီလီယမ်ကတော့ ပါကာမီးဖို ထဲသို့ဆင်းမလာသည့်အတွက် သူကိုယ်တိုင်ဘဲမနက်စာပြင်ရန် အရမ်းကိုစိတ်အားထက်သန်နေခဲ့သည် ။


ပါကာ စပြီးပြောင်းလဲသွားသည့်အချိန်ကတည်းက တစ်အိမ်လုံးသူ့လက်ရာကိုသာ စွဲလမ်းသွားကြပြီး ပါကာ့လက်ရာကို သာတောင့်တနေခဲ့ကြသည် ။


" အန်ကယ် ဝီလီယမ် "


ဝီလီယမ် ငုံ့ကြည့်လိုက်သည့်အခါ ချယ်လ်စီ လေးက သူ့အားပြုံးပြနေသည်ကိုတွေ့လိုက်ရသည် ။


" ဟယ်လို သခင်မလေး "


" ဖေဖေနဲ့ပါးပါးတို့ မနိုးသေးဘူးလားဟင် သူတို့မီးမီးကို လာမနိူးကြဘူး "


ချယ်လ်စီ လေးက အနည်းငယ်ထူးဆန်းနေသလိုခံစားရသည် ။ အရင်နေ့များ၌ ဒရိတ်ခ်က သူမအားမနက်တိုင်းလာနိူးလေ့ရှိသော်လည်း ဒီနေ့ သူမ၏ဖေဖေရော ပါးပါးပါ ရောက်မလာခဲ့ပေ ။


ဝီလီယမ်သည်လည်း အနည်းငယ်စဥ်းစားမရဖြစ်နေခဲ့သည် ။ ဝီလီယမ် ကချယ်လ်စီလေး စိတ်မပူစေရန် နှစ်သိမ့်ကာပြောလိုက်သည် ။


" သခင်လေးတို့က ပင်ပန်းနေလို့နေမှာပါ "


" အဲ့တာ မနေ့က ပါးပါး မီးမီးနဲ့စတိုးဆိုင်သွားပြီး ဟင်းတွေများကြီးချက်လိုက်ရလို့ ပင်ပန်းနေတာလားဟင် "


" သခင်လေးက အလုပ်ပင်ပန်းသွားလို့ပါ "


" ဒါဆို စတိုးဆိုင်သွားပြီးရင် မီးမီး ပါးပါးကိုဟင်းမချက်ခိုင်းတော့ဘူးလေနော် "


ဝီလီယမ် သည်လည်းသူမရဲ့ ချစ်စရာကောင်းမူလေးတွေကြောင့်အရည်ပျော်နေခဲ့ရသည် ။ 


နောက်ဆုံးတွင်တော့ အပျင်းထူသည့်ကြောင်လေးအကြောဆန့်လာပြီဖြစ်ကာ ပါကာက အိပ်ရာထဲတွင်လူးလွန့်နေပြီး ဒရိတ်ခ် ကိုပြုံးပြလိုက်ကာ ပင်ပန်းမူတို့ မပျောက်သေးသည့် အသံလေးနှင့်နူတ်ဆက်လိုက်သည် ။


" မောနင်းပါ "


" အင်း မောနင်း "


ဒရိတ်က အပျင်းထူသည့်ကြောင်လေး၏နဖူးပေါ်သို့ ကိုယ်ကိုကိုင်းချကာ အနမ်းပေးလိုက်သည် ။ ပါကာ အိပ်ရာထဲကထွက်ဖို့ထသည့်အခါ သူဘာအဝတ်အစားမှဝတ်မထားရသေးတာကိုသိလိုက်ရကာ ဒရိတ်ခ် ကတော့ အတွင်းခံလေးတစ်ထည်သာဝတ်ထားပြီး ခြေတံရှည်ကြီးများနှင့် ဝမ်းဗိုက်ကြွက်သားများကို သွားရေယိုဖွယ် လှစ်ဟပြသထားလေသည် ။


ပါကာက ဒရိတ်ခ် ၏ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကြီးကို ပိစိလေးမနာလိုဖြစ်လာသောကြောင့် အထွန့်တက်ကာအော်လိုက်သည် ။


" ကျွန်တော့် အတွက်အဝတ်အစားယူပေး "


ဒရိတ်ခ် က ပါကာ ၏ကိုယ်လုံးတီး ပုံလေးကို အားရပါးရကြည့်ရူကာ ချောင်းတစ်ချက်ဟန့်ပြီးတွေးလိုက်သည် ။


အင်း...သူ့ဇနီးလေးရဲ့ဒေါသကတော့ မပြောင်းလဲပုံဘဲ!


" နောက်တစ်ခါ ကိုယ်သတိထားပြီးဝတ်ပေးထားပါ့မယ် "


" နောက်တစ်ခါ ကျွန်တော် ဘာမှထပ်ဝတ်မထားတာတွေ့ရင် ခင်ဗျားကိုလည်ပင်းညှစ်ပစ်မယ် "


ပါကာ ရန်တွေ့ပုံက သူ၏ကိုယ်ပိုင်နေရာလေးကို ထိပါး၍ဒေါခွီးနေသည့် ကြောင်လေးတစ်ကောင်းနှင့်ဆင်တူသည်။ ချယ်လ်စီ လေးရဲ့ ချစ်ဖို့ကောင်းမူဗီဇ သည်သေချာပေါက် ပါ့ကာထံမှဆင်းသက်လာခြင်းဖြစ်လိမ့်မည် ။


" ကိုယ်သိပါပြီ အောက်မဆင်းခင်ရေအရင်ချိုးရအောင် " 


" ဘာလို့လဲ ကျွန်တော်တို့ ချယ်လ်စီ လေးဆီမြန်မြန်သွားသင့်တယ်မဟုတ်ဘူးလား ကျွန်တော်တို့ကိုမတွေ့လို့ သူမလေးစိတ်ပူနေတော့မှာ "


ပါကာ စိတ်ပူနေသော်လည်း ဒရိတ်ခ်. မျက်နှာတွင်တော့ ယုံကြည်မူရှိသည့် အပြုံးတစ်ပွင့် တွဲလွဲခိုနေသည် ။


" မပူပါနဲ့ ဝီလီယမ် ကကောင်းကောင်းဖြေရှင်းပေးလိမ့်မယ် "


" ခင်ဗျားက ဝီလီယမ့်ကို လင်းနို့လူသားရဲ့လက်ထောက်တစ်ယောက်လိုမျိုးကို မှတ်ထားတော့တာဘဲ "


" အဲလ်ဖက် လိုလက်ထောက်လို့တောင်ပြောလို့ရတယ် "


ပါကာ မတတ်နိုင်ဘဲရီမိတော့သည် ။ ဒရိတ်က အလုပ်ကို လက်စသတ်လိုက်ကာ ရေချိုးခန်းဆီသို့သွားနေသည့်အချိန်တွင် ပါကာသည်လည်း သမ်းဝေရင်းဖြင့်ပင် နောက်ကနေဖြည်းဖြည်းချင်းလိုက်လာသည် ။


တစ်နာရီခွဲတိတိအကြာမှာတော့ လင်လင်စုံတွဲဟာ အောက်ထပ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည် ။ 


" ဖေဖေနဲ့ပါးပါး နောက်ကျတယ် မနက်စာတွေတောင်အေးနေပြီ ။ အေးရင်စားလို့မကောင်းတော့ဘူး "


ချယ်လ်စီ လေးက မျက်နှာသေးသေးကိုတည်ထားကာ လူကြီးနှစ်ယောက်အားနောက်ကျသည့်အတွက်ဆူပူနေခဲ့သည် ။ ချယ်လ်စီ လေးက ချစ်ဖို့ကောင်းသော်လည်း စည်းကမ်းတင်းကြပ်သည့်အပြုအမူတို့မှာတော့ သူနှင့်တစ်ထပ်တည်းကျကြောင်း ဒရိတ်ခ်သဘောပေါက်သွားခဲ့ပြန်သည် ။


" ဟုတ်ပါပြီး နောက်တစ်ခါဆို ပါးပါး တို့နောက်မကျတော့ပါဘူးနော် နတ်သမီးလေး "


ပါကာ ကဒေါသထွက်နေသည့် နတ်သမီးသေးသေးလေးကို စိတ်ဆိုးပြေရန်ချော့မြူနေခဲ့ပြီး ဒရိတ်ခ် ထံသို့မျက်စောင်းတစ်ချက်ပစ်ကာပြောလိုက်သည် ။ 


" ဟုတ်တယ်မလား ဒရိတ်ခ် "


ဒရိတ်ခ် ကလည်းအရမ်းကိုရိုးသားသည့် မျက်နှာပေးဖြင့်ပြန်ဖြေရှာလေသည် ။


" အင်း.....နောက်တစ်ခါ ကိုယ်မြန်မြန်ပြီးဖို့ကြိုးစားပါ့မယ် "


ပါကာ မြိုချနေသည့် ဝက်သားပြားကိုပါ ထွေးထုတ်မိတော့မလိုဖြစ်သွားရသည် ။


" ပါးပါး! "


" အဆင်ပြေတယ်... အဆင်​ပြေတယ်... "


ပါကာ အသက်မှန်မှန်ရူရင်းရေရွတ်နေ ခဲ့ရသည် ။ သူ့အနေနှင့် ဒရိတ်ခ်က ကလေးတစ်ယောက်ရှေ့တွင် လူကြီးများ၏လေ့ကျင့်ခန်းဆိုင်ရာ အသုံးအနူန်းများကို အရှက်မရှိပြောထွက်လိမ့်မည်ဟုမထင်ခဲ့ပေ ။ ချယ်လ်စီ လေးကငယ်လွန်း၍နားမလည် နိုင်သော်လည်း သူမမကြားသင့်ပေ ။


မနက်စာ စားပြီးတဲ့နောက်မှာတော့ ပါကာနဲ့ချယ်လ်စီလေးတို့က အေပရွန်ကိုဝတ်ကာ ခေါင်းစီးတစ်ခုဖြင့်ဆံပင်တို့ကိုစည်းနှောင်ပြီး စာဖိုမူးဦးထုပ်ကိုဝတ်ဆင် ထားကြကာ အဖေနှင့်သမီးအတွဲက မီးဖိုချောင်ထဲတွင်တိုက်ပွဲဝက်ရန် အသင့်ဖြစ်နေကြသည့် မျက်နှာထားတွေနှင့်ဖြစ်သည် ။


" အေးဂျင့်အိန်ဂျယ်လ် အသင့်ဖြစ်ပြီလား "


ပါကာကမေးလိုက်ပြီး ချယ်လ်စီလေးကလည်း အသင့်ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည် ။


" ဟုတ် ပါးပါး "


ချက်ချင်ပင်  သီချင်းဖွင့်ကာ ချယ်လ်စီ လေးက လိုအပ်တာတွေကိုအမြန်ယူပေးနေပြီး ပါကာကတော့ ပါဝင်ပစ္စည်းတွေကိုရောစပ်ကာ ချယ်လ်စီ လေးအားအရသာမြည်းစမ်းကြည့်ခိုင်းလိုက်သည် ။


" ဘယ်လိုနေလဲ ?"


" ကောင်းတယ် ပါးပါး "


ပါကာ ကကြက်ဥ အနှစ်ခရင်မ်ကို သပ်သပ်ဖယ်ထားလိုက်ကာ မုန့်နှစ်များကို ပုံစံခွက်ထဲသို့ထည့်ပြီး အိုဗန် ထဲသို့အချိန်မှတ်ကာထည့်ထားလိူက်သည် ။ အချိန်ပြည့်၍ ပုံစံခွက်များပြန်ထုတ်ချိန်၌ ချယ်လ်စီလေးက အံ့အားသင့်စွာအော်ပြီး ခုန်ပေါက်နေတော့သည် ။


" ယုန်ပုံလေးတွေ ရေးးးးးးးးး"


ပါကာက ကိတ် သေးသေးလေးတွေနှင့် ကွတ်ကီးတွေကိုခဏမျှအအေးခံပြီးနောက် ကိတ်များကိုစကာ အလှဆင်တော့သည် ။ ချယ်လ်စီလေးက သူမ၏ပါးပါး အား တက်ကြွစွာပါဝင်ကူညီနေပြီး သူမစိတ်ကြိုက်ကိတ်ကလေးများအား အလှဆင်နေသည် ။


ကွတ်ကီးလေးများကိုပါ အအေးခံကာ အလှဆင်ပြီးနောက် ပါကာက ချယ်လ်စီ လေးကိုပါ ကွတ်ကီးတချို့ကျွေးလိုက်သည် ။ ချယ်လ်စီလေးက သူနှင့်ပါးပါး အတူအလှဆင်ထားသည့် ကိတ်ကလေးနှင်ကွတ်ကီးလေးများကိုကြည့်ကာ အရမ်းပျော်ရွှင်နေပြီး ပါးဖောင်းဖောင်းလေးဖြင့်ကွတ်ကီးချိုချိုလေးများပါး တမြုံ့မြုံ့ဝါးနေခဲ့သည် ။


ယုန်ရုပ်လေးတွေ ၊ ဝက်ကလေးနဲ့ ကြောင်လေး သူမပါးပါးနဲ့အတူတူလုပ်ရတာ အရမ်းပျော်ဖို့ကောင်းလိုက်တာ!


Xxxxxxx