Chapter - 17
တစ်နေကုန် မုန့်လုပ်ကာ သားဖနှစ်ယောက်အော်ဟစ်ခုန်ပေါက်နေပြီးနောက် ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်လှဲချလိုက်ကြပြီး တစ်ယောက်မှ လှုပ်ချင်စိတ်မရှိတော့ပေ ။
တစ်ဖက်တွင်တော့ တေလာက သူ့ရဲ့သားအကြီးဆုံး ဂျော်ဒန် ကိုကျောင်းကနေအိမ်ပြန်ခေါ်လာပြီးနောက် သေမလောက်ပင်ပန်းနေပါသော်လည်း နားချိနိမရှိသေးကာ ဟင်းချက်ရန်လည်းလိုသေးပြီး သန့်ရှင်းရေးလည်းမလုပ်ရသေးပေ ။ ဒါ့အပြင်ကို အိမ်ထဲရောက်သည်နှင့် ဂျော်ဒန် ကသူ့အရုပ်တွေကိုယူထုတ်ကာ ကြမ်းပြင်ပေါ်တွင်ဖွကာ ဆော့တော့သည် ။
တေလာက သူ့ကလေးကိုဆူဖို့ပင် ပင်ပန်းလွန်းသောကြောင့် မပြောချင်တော့ပေ ။ တေလာက သူ့သားငယ်လေး ရိုင်လီကို ပုခက်အတွင်းချော့သိပ်ကာ မီးဖိုထဲသို့ ဝင်ကာ သူ့ယောကျ်ား အပြစ်ပြောမရစေရန် ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ရန်ဝင်သွားခဲ့သည် ။
ဟင်းချက်နေသည့်အချိန်တွင် ရိုင်လီနိုးလာပြီး ငိုယိုကာဂျီကျနေသောကြောင့် အမြန်သွားရောက်ချော့မြူရပြီး ဂျော်ဒန် ဖွထားသည့်အရုပ်များကလည်း ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေခဲ့ကာ တေလာခေါင်းပင်ကိုက်လာခဲ့သည် ။
ရိုင်လီလေးကို ချော့နေစဥ်မှာဘဲ မီးဖိုးထဲနေ တူးနံ့တစ်ခုကထွက်လာခဲ့သောကြောင့် ရိုင်လီကို ပုခက်ထဲအမြန်ထဲကာ မီးဖိုထဲသို့ပြေးသွားပြီး မီးဖိုအားမီးပိတ်လိုက်ရသည် ။ ထိုအချိန်တွင်ပင် ရိုင်လီလေးက ထပ်ငိုလာသောကြောင့် သူမအားချော့မြူကာ အိပ်ပျော်ခါနီးဖြစ်နေဆဲဆဲ၌ ဂျော်ဒန်ရဲ့ စူးစူးဝါးဝါးနာကျင်အော်ဟစ်နေသံက ထွက်ပေါ်လာခဲ့သည် ။
နည်းနည်းလေးမှပင်အနားမယူခဲ့ သေးရသေးဘဲ အမြန်ပြေးသွားကာ ကြည့်လိုက်သည့်အချိန်တွင် ဂျော်ဒန်ကစကိတ်စီးရာမှ လဲကျ၍ထိခိုက်မိခြင်းဖြစ်သည် ။ တေလာက အ်ိမ်ထဲတွင် စကိတ်မစီးရန် အကြိမ်ပေါင်းများစွာပြောခဲ့ပါသော်လည်း နားမထောင်ပေ ။
နောက်ဆုံးတွင်တော့ ကလေးနှစ်ယောက်၏ ကိစ္စတွေကိုဖြေရှင်းပြီးဖြစ်ကာ သူ့ယောကျ်ား အိမ်ပြန်မလာခင် ညစာအမြန်ချက်ရမည်ဖြစ်သည် ။
" တေလာ "
သြရှသည့်အသံတစ်ခုက သူ့နမည်ကိုခေါ်လာခဲ့သည် ။ တေလာက ဂျော်ဒန်ကို ထွက်သွားရန် တိုးတိုးလေးပြောလိုက်ပြီးနောက် သူ့ယောက်ျားဆီသို့ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည် ။
" ရေး... တကယ်တော့...ငါ...ငါ "
" ဘာဆင်ခြေတွေပေးနေတာလဲ တစ်အိမ်လုံးကိုကြည့်လိုက်စမ်း ရူပ်ပွနေတာဘဲ ။ မင်းတစ်နေကုန်ဘာတွေလုပ်နေတာလဲ "
" ငါ.....ငါ "
" ဘာအနံ့လဲ မင်းထပ်ပြီး ဟင်းတူးအုံးမယ်လို့ မပြောနဲ့နော် "
" ငါ... ရိုင်လီ့ကို ချော့နေရလို့ပါ "
" ငါ့သမီးကို အကြောင်းပြချက်အဖြစ်မသုံးနဲ့စမ်း "
ရေးက တေလာရဲ့စကားကိုပြီးအောင်ပြောခွင့်မပေးပေ ။ တေလာ့အနေနဲ့ ပင်ပန်းလွန်သောကြောင့်ခေါင်းတွေကိုက်ခဲနေကာ ဘယ်လိုကိုင်တွယ်ရမလဲမသိတော့ပေ ။
" ဒါပေမဲ့.. ငါတစ်ကယ်အကူအညီလိုတယ် "
" အကူဟုတ်လား! တစ်နေကုန်အိမ်မှာ ထိုင်နေတာကလွဲရင်မင်းဘာမှမလုပ်ဘူးလား? အိုး...ဆောရီး...ထိုင်တာကတော့မင်းလုပ်တတ်တာဘဲ အိမ်မှာဘဲနေပြီး မင်းဘာမှလုပ်မထားဘူးလေ ။ ကြည့်စမ်းပါဦး အရုပ်တွေကရူပ်ပွနေပြီး ကော်ဇောတွေကလဲညစ်ပတ်နေတာဘဲ ငါဆက်နေရမလား ထွက်သွားရမလားတောင်မသဲကွဲတော့ဘူး "
ရေးက ဒေါသထွက်နေကာ တေလာသည်လည်း အရမ်းကြီးအခြေအနေကောင်းမနေဘဲ မျက်ရည်များဒလဟောစီးကျလာခဲ့သည် ။
" ငါတောင်းပန်ပါတယ်.... "
" ငိုပြန်ပြီလား! "
ရေးက ဆက်ပြောလိုက်သည် ။
" ငါမင်းကိုထိတောင်မထိရသေးဘဲ ဘာလို့မျက်ရည်ကျလာတာလဲ ကောင်းတယ် နေ့တိုင်းနေ့တိုင်း ငိုနေဖို့ဘဲသိတာလား "
ရေးက စိတ်ဆိုးစွာပြောဆိုနေပြီး တေလာ သည်ကျောက်ရုပ်တစ်ရုပ်လိုရပ်နေကာ ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သက်စွာရပ်နေခဲ့သည် ။ ညနေခင်းတစ်ခုလုံး မူးဝေစွာနှင့် အလုပ်ဆက်လုပ်ခဲ့ရပြီး အိပ်ရာဝင်သည့် အချိန်လေးတွင်သာ တေလာ့အတွက် အသက်ချောင်ချောင် ရူချိန်ရခဲ့သည် ။
တေလာ ညအိပ်မီးပိတ်ကာ အိပ်မည့်အချိန်တွင်ပင် ရေးကသူ့ခါးကိုလက်တစ်ဖက်ဖြင့်သိုင်းဖက်လာပြီး ကျန်လက်တစ်ဖက်က ကျောရိုးတစ်လျှောက်တွင် ဆော့ကစားပွတ်သပ်နေခဲ့သည် ။
ရေးအနေနှင့် တေလာ့ကို ညင်ညင်သာသာ ဆက်ဆက်သည့်အချိန်မှာ လိင်မူကိစ္စပြုရန်အတွက်ဆော်သြ လိုသည့်အချိန်တစ်ခုတည်းသာ ဖြစ်ကြောင်း တေလာသိသည် ။ သူသည်လည်း အမှန်တကယ်ကိုပင်ပန်းနေသောကြောင့် ခါးတွင်ဖက်ထားသည့် ရေး လက်ကိုဖြုတ်ချကာ ပြောလိုက်သည် ။
" ငါ ဒီညစိတ်မပါဘူး "
ရေးက ဒေါသတကြီး နောက်လှည့်လိုက်ကာ စကားလုံးအချို့ကို အံကြိတ်ပြီးပြောလိုက်သည် ။
" မင်းကအမြဲတမ်း စိတ်မပါနေတာဘဲမဟုတ်ဘူးလား ။ ငါအရင်ကချစ်ခဲ့တဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာတောင်ငါ မသိတော့ဘူး "
တေလာ့ ဘာမှပြန်မပြောခဲ့ချေ ။ ရိုင်လီ လေး ထငိုရန်ပင်ဆုတောင်းမိသည် ။ ထိုအခါမှဒီအခန်းထဲက ထွက်ရန်အကြောင်းပြချက်ကောင်းကောင်းရနိုင်မည်ဖြစ်သည် ။
xxxxx