အပိုင်း ၁၈
Viewers 13k

Chapter -18


" မုန့်အိတ် "


" စစ်ဆေးပြီး "


" ဆင်တူအဝတ်အစား "


" စစ်ဆေးပြီး "


" ကိတ် ၊ ပိုင်မုန့်နဲ့ကွတ်ကီးတွေ "


" စစ်ဆေးပြီး " 


ချယ်လ်စီလေးက ယုန်ပုံကွတ်ကီးလေးတွေ အပြည့်ထည့်ထားသည့် အိတ်ကလေးနှင့် ကားနောက်ခန်းတွင်လိုအပ်သည့် ပစ္စည်းအားလုံးပါမပါ စစ်ဆေးပြီးသည့်နောက်တွင် ပါကာအား လက်မထောင်ပြလိုက်သည် ။


" စစ်ဆေးပြီး "


" ပါးပါးရဲ့နတ်သမီးလေးကရော "


" ဒီမှာ ဒီမှာ "


ချယ်လ်စီလေးက ကားနောက်ခုံတွင်ထိုင်ရန်ပြင်ကာ သူမရဲ့လက်ကလေးများကို မြှောက်ကာအော်ပြောလိုက်သည် ။ ပါကာက သူမရဲ့နဖူးလေးကို နမ်းလိုက်ပြီး လုံခြုံရေးခါးပတ်ပတ်ပေးကာ ကာစမောင်းခဲ့သည် ။


တေလာက မိသားစုညစာစားပွဲသို့ ရေးအပြင် ကလေးများနှင့်အတူရောက်လာခဲ့သည် ။ နှစ်ယောက်စလုံး ကိုယ့်တာဝန်ကိုယ်ကျေအောင် ဟန်ဆောင်နေကြရသော်လည်း ဆက်ဆံရေးကမူအေးစက်နေခဲ့သည် ။ ဂျော်ဒန် ကပျော်ရွှင်စွာဖြင့် ဂိမ်းဆော့နေပြီး အေးစက်နေသည့်လေထုကို သတိမပြုမိပေ ။


တေလာက သူရဲ့ဝမ်းနည်းမူများနှင့် အဆင်မပြေသည့် အိမ်ထောင်ရေးအားဖုံးကွယ်ရန်အတွက် အပြုံးတုတစ်ခုကို ပြုလုပ်ထားသော်လည်း ရေးကတော့ ကလေးနှစ်ယောက်ကိုချီထားကာ နည်းနည်းလေးမှပင် ဟန်ဆောင်၍မပြုံးခဲ့ပေ ။


တခြားသူများက ထိုနှစ်ယောက်ကို ပျော်ရွှင်စွာကြိုဆိုကြပြီး ဂျော်ဒန် ကတခြားဆွေမျိုးကလေးများနှင့်အတူ ဆော့ရန်သွားခဲ့သည် ။ လီနော်ရာ ကတေလာအား သိချင်၍မေးလိုက်သည် ။


" အန်တီက ပါကာမလာဘူးလို့ပြောတာတစ်ကယ်လား "


" ဘာလို့လဲ သူ့ကိုအားလုံးကချစ်ကြတာဘဲမဟုတ်ဘူးလား "


တေလာက မယုံကြည်သည့်ပုံစံနှင့်မေးလိုက်သည် ။ 


" ငါသိပါတယ် ။ ဒါပေမဲ့ နင်လဲဒီမိသားစုရဲ့ ရူးကြောင်ကြောင်နည်းလမ်းတွေကိုသိတာဘဲမဟုတ်ဘူးလား ။ မိသားစုထဲကတစ်ယောက်ယောက်က ကွာရှင်းလိုက်တာ ဒါမှမဟုတ်နောက်တစ်ကြိမ်လက်ထပ်တာမျိုးဆိုရင် အဲ့ဒီလူကိုမိသားစုက ဘယ်တော့မှပြန်လက်ခံမှာမဟုတ်ဘူး ။ တကယ်ကိုရူးကြောင်ကြောင်ကြီးဘဲ "


လီနော်ရာက အခုမှအသက်နှစ်ဆယ်သာရှိသေးပြီး သူမ၏မိဘများက လက်ထပ်ရန်သင့်တော်သည့်သူကို ရှာဖွေနေကြပြီဖြစ်သည် ။ တစ်ချိန်က တေလာ ကဲ့သို့ လီနော်ရာ ကကျောင်းပြီးအောင်တက်ချင်ပြီး အလုပ်လုပ်ချင်သေးသော်လည်း သူမ၏မိဘများက သူမဆုံးဖြတ်ချက်ကို တစ်စက်ကလေးမှဂရုမစိုက်ကြချေ ။


လီနော်ရာ အတွက်တော့ တေလာ ကသာသူမရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ပြီး သူမအနေဖြင့် သူမကိုယ်တိုင်တကယ်ချစ်တဲ့လူကိုသာရွေးချယ်ချင်သည် ။ သူမရဲ့အကိုက ဘယ်လိုကောင်းရမလဲမသိတဲ့လူမျိုးဖြစ်တာကြောင့် တေလာအား ကွာရှင်းရန်ပြောချင်ပါသော်လည်း အခြားတစ်ဖက်တွင်တော့လည်း မိသားစုလေးအားမပြိုကွဲစေချင်ပေ ။


" ကာလ်ဆဲ ရှင့်ရဲ့ စတူးဟင်းအနံ့ကသွားရည်ယိုစရာဘဲ "


တေလာ့ရဲ့အမေ ဂျဲနက် ကပြုံးကာပြောလိုက်သည် ။


" မင်းရဲ့ အိန်ဂျယ်လာလေးအတွက် ဂုဏ်ယူသင့်တယ် "


" ဒါပေါ့ သူမက ကျွန်မရဲ့မျက်လုံးထဲက ပန်းသီးလေးဘဲ "


" ရှင်တို့နှစ်ယောက်က အရမ်းပြီးပြည့်စုံကြတာဘဲ ကာလ်ဆဲရဲ့ ဒါပေမဲ့တစ်ခုခု လိုနေသေးတယ်ထင်တယ်နော် "


ကာလ်ဆဲက သူမရဲ့ဘေးက သူမရဲ့အမျိုးသားကိုပြုံးပြီး ချိုသာစွာပြောလိုက်သည် ။


" ကျွန်မတို့ စီစဥ်နေကြပါတယ် "


" ဒါဆိုရင် ရှင်တို့မြန်မြန်စီစဥ်သင့်တယ်နော် ။ ရှင့်သားကြောင့်စိတ်ညစ်နေရတာမှန်ပေမဲ့ အကောင်းဘက်ကဘဲတွေးလေနော် "


ကာလ်ဆဲ က ဂျဲနက်အား တားချင်ပါသော်လည်း နောက်ဆုံး၌ ဂရုမစိုက်ချင်တော့ကာ ဟင်းပွဲများကို စစ်ဆေးရန်အတွက်သာသွားလိုက်တော့သည် ။


" တောင်းပန်ပါတယ် ကျွန်တော်နောက်ကျသွားတယ် "


ပါကာက ကိတ်မုန့်ဘူးကိုကိုင်ကာ အိမ်ထဲသို့ဝင်လာရင်းအော်ပြောလိုက်သည် ။ 


" မီးမီးတို့ ကွတ်ကီးတွေလဲယူလာတယ် "


ချယ်လ်စီလေးက သူမလက်ထဲမှာကိုင်လာသည့် ကွတ်ကီးထုပ်သေးသေးလေးတွေ ထည့်ထားသည့် အိတ်အားမနိုင့်တနိုင် ဖြင့်မြှောက်ပြကာပြောလိုက်သည် ။ အခန်အတွင်း၌ လူစုံတက်စုံရှိနေကြပြီး နွေးထွေးသည့်လေထုအတွင်း၌ အရသာအရမ်းရှိပုံပေါ်မည့် အစားအသောက်ရနံ့များပေါ်ထွက်နေခဲ့ကာ လူတိုင်းက ပါကာနှင့်ချယ်လ်စီလေး အားလှည့်ကြည့်လာကြသည် ။


အိန်ဂျယ်လာ ကမျက်နှာမကောင်းနေပေ ။ ပါကာက သူမနားကစားပွဲရှည်ကြီးဆီလျှောက်လာပြီး​ပြောလိုက်သည် ။


" နည်းနည်းလောက်ကူညီပါဦး "


ပါကာရဲ့ အကို ရှာရွန်က ပစ္စည်းတွေကိုကူယူပြီး စားပွဲပေါ်မှာ နေရာချပေးလိုက်သည် ။


" ဖူးးး"


ပါကာက ကိတ်မုန့်တွေပျက်ဆီးသွားမှာကို စိုးရိမ်နေခဲ့တာဖြစ်ပြီး ပေါ့ပါးသွားသလိုခံစားရကာ သက်ပြင်းရှည်ကြီးချပြီး ချယ်လ်စီလေးအားပြုံးပြလိုက်ကာ သူမလေးက ပျော်ရွှင်စွာနဲ့ဘဲ ပါကာရဲ့လည်ပင်းအားသိုင်းဖက်လာခဲ့သည် ။


ရှာရွန်က ပါကာနဲ့ချယ်လ်စီလေးတို့ရဲ့ ပုံစံလေးကိုကြည့်ကာပြုံးမိသည် ။ တခြားသူတွေ ဘယ်လိုဘဲပြောကြပါစေ ရှာရွန်က ပါကာပြောင်းလဲလာရန် ဖြစ်နိုင်ချေ နည်းနည်းလေးရှိသည်ဆိုလျှင်တောင် ဆုပ်ကိုင်ထားချင်သည် ။


" နင်ဒီကိုဘာလာလုပ်တာလဲ "


အိန်ဂျယ်လာက အကျယ်ကြီးထအော်လိုက်သည် ။ ပါကာကပြုံးပြီး မတ်တပ်ရပ်လိုက်ကာ ချယ်လ်စီလေး၏ ခေါင်းလေးအားညင်ညင်သာသာပွတ်ပေးရင်းပြောလိုက်သည် ။


" သမီးရဲ့ ဝမ်းကွဲတွေနဲ့ ကွတ်ကီးတွေကို သွားမျှစားရင်း ဆော့နေလေနော် "


" အိုကေ ဘိုင့်ဘိုင့် ပါးပါးဗိုလ်ကြီး "


ချယ်လ်စီလေးက  အလေးပြုသွားရန်လဲမမေ့ပေ ။ သူမလေးက အဖြူရောင်ဂါဝန်လေးကိုဝတ်ထားပြီး ဆံပင်အတိုလေးကို ပန်းပွင့်ပုံစံလေးလှလှပပလုပ်ထားကာ မင်းသမီးလေးတစ်ပါးနှင့်ပင်တူနေသည် ။


ပါကာက တော့ မိုးပြာရောင်ရှပ်နှင့် အဖြူရောင်vsetကို ချယ်လ်စီလေးနဲ့ဆင်တူဝတ်ထားကာ သားအဖအတွဲမှာ မင်းသမီးလေးနှင့်ကာကွယ်သူတို့ ပုံစံမျိုးဖြစ်သည် ။ ပါကာက တဖြည်းဖြည်းချင်းလျှောက်လာကာ ပျော်ရွှင်စွာပြုံးပြီးပြောလိုက်သည် ။


" ငါ့ကိုတစ်ယောက်ယောက်က ဖိတ်လို့လာတာလေ "


xxxxxx