အပိုင်း ၁၉
Viewers 13k

Chapter 19


တစ်ခန်းလုံးတိတ်ဆိတ်သွားကာ အမေနှင့်သားမျက်နှာချင်းဆိုင် အခြေအနေဖြစ်နေသည် ။


" ငါနင့်ကိုမလာခဲ့နဲ့လို့ပြောထားတယ်လေ "


အိန်ဂျလာ အော်ဟစ်နေပါသော်လည်း ဂရုစိုက်ရန်ပျင်းလွန်းလှသောသောကြောင့် ရှာရွှန် ဘက်သို့လျှောက်သွားရင်း စကားစပြောလိုက်သည် ။


" အစ်ကိုပျော်နေပုံဘဲ "


" မင်းလည်းစိတ်ချမ်းသာနေရတာဘဲ မဟုတ်ဘူးလား "


ပါကာ ပြန်ဖြေလိုက်သည် ။


" တကယ်တော့ အရင်ကထက်အများကြီးကိုပိုပျော်နေတာ "


ဘယ်သူကမျှ ပါကာ ၏ပေါ့ပေါ့ပါးပါးပျော်ရွှင်နေသည့်ပုံစံအား ကျင့်သားမရကျသေးသောကြောင့် စူးစမ်းလိုစိတ်များဖြင့်သာ ဝိုင်းစပ်စုနေကြသည် ။ ကာလိုဒ် ကဘာမျှဝင်မပြောဘဲသူမ၏ ခင်ပွန်းဖြစ်သူနားတွင်သာရပ်နေခဲ့သည် ။ ပါကာသည်လည်း သူမကိုပွဲထုတ်ပေးရန် စိတ်ကူးမရှိချေ ။


အကြောင်းအရင်းမတိအကျမရှိသော်လည်း သူမ၏ရန်လိုနေသည့်စိတ်အား အတိအကျပင် ပါကာခံစားမိနေကာ မူလပါကာ၏ အကျင့်စရိုက်ကြောင့်မဟုတ်သည်မှာသေချာသည် ။


ပါကာ ယခင်က ကဲ့သို့ဝုန်ဒိုင်းကြဲ၍ ပြဿနာမရှာသည်အား ကြည့်ကာတေလာ ပြုံးပြီးပြောလိုက်သည် ။


" မစ္စတာ ဖော့်ခ်မွန်ရဲ "


ပါကာက တေလာ၏ ရန်စသည့်အမူအကျင့်ကောင်းလေးကို အပြုံးလေးဖြင့်တုံ့ပြန်ကာ သတင်းမေးလိုက်သည် ။


" မင်းရောအဆင်ပြေရဲ့လား ".


" ငါကမပြေစရာဘာရှိလဲ "


တေလာက လိမ်ညာဖြေလိုက်ပြီး ဂျဲနက်က ပါကာ့အား သဘောမတွေ့သည့်အကြည့်များဖြင့်စူးစိုက်ကြည့်ရူနေခဲ့ကာ တေလာ့အားခေါ်လိုက်သည် ။


" တေလာ "


" ဟုတ်ကဲ့ အမေ "


" ဒီကိုလာဦး "


ဂျဲနက်၏အပြုအမူက တေလာ့အား ပါကာနှင့်မသက်စေချင်ပုံရသည် ။ ပါကာလည်း ထိုသားမိအားဂရုစိုက်မနေပေ ။ တခြားအမျိုးသမီးတွေ Gers တွေနှင့်အတူစကားပြောရန် ကြိုးစားပါသော်လည်း သူ့အားရှောင်ကွင်းနေကြပြီး တချို့သည်သာ ယဥ်ကျေးမူအရတစ်ခွန်းနှစ်ခွန်းပြန်ပြောကြသည် ။


ရှာရွန်၏ အမျိုးသားဖြစ်သည့် လူးဝစ်က ပါကာယူလာသည့်ကိတ်မုန့်အားအနည်းငယ်မျှဖဲ့စားလိုက်သည် ။


( TN/ လူးဝစ်က ger တစ်ယောက်ပါ)


" ဘုရားရေ...အရသာရှိလိုက်တာ "


လူးဝစ်က ပလုပ်ပလောင်းပင် ဆက်လက်စားသောက်နေတော့သည် ။


" လူးဝစ်! "


အိန်ဂျလာက သူမ၏သားမက်အား ဒေါသတကြီးအော်ပြောလိုက်သည် ။


" ဘာလို့လဲ.. ကိတ်မုန့်ကအရမ်းအရသာရှိတာကို "


လူးဝစ်က အစားအသောက်မပျက်ပင်ပြန်ဖြေလိုက်သည် ။ ရှာရွှန်က သူ့ရဲ့ပူထွက်နေသည့်ဗိုက်ကလေးအား လိုက်ဖြင့်ထိန်းကိုင်ပေးထားပြီး သူ့အမျိုးသားလေး၏ အပြုအမူတစ်ခုချင်းစီအား ချစ်မြတ်နိုးစွာကြည့်ရူနေခဲ့သည် ။ လူးဝစ်၏ကိုယ်ဝန်သည် ခြောက်လကျော်နေပြီဖြစ်ကာ ကလေးလေး၏လူပ်ရှားမူအနည်းငယ်အား ခံစား၍ရနေနိုင်ပြီဖြစ်သည် ။


ရှာရွန်က သူ၏အမျိုးသားလေးအား စိတ်ချမ်းသာသလိုပြောဆိုနေထိုင်စေကာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဘယ်သောအခါမျှဖိအားမပေးခဲ့သလို မချုပ်ချယ်ခဲ့ပေ ။ မိသားစုတွင်းရှိ အခြားသော အိမ်ထောင်ဦးစီးများကဲ့သို့ မိမိ၏အိမ်ထောင်ဖက်အား အာဏာပြနေခြင်းမရှိသောကြောင့် မယားကြောက်ဟု ခေါ်ဝေါ်ကြပါသော်လည်း သူ့အမျိုးသားလေးမှလွဲ၍ဂရုမစိုက်ပေ ။


" လူးဝစ်ရယ် တခြားသူတွေအတွက် နည်းနည်းလောက်ချန်ထားပေးလိုက်ပါဦးလား "


လူးဝစ် နောက်တစ်လုတ်မစားသေးခင်မှာပင် ရှာရွှန်က ကိတ်မုန့်အား အဝေးသို့ရွှေ့လိုက်သည် ။


" ဒါပေမဲ့ကိတ်ကအရမ်းစားလို့ကောင်းလွန်းတယ် ။ ပါကာ ငါ့အတွက်နေ့တိုင်းကိတ်မုန့်ဖုတ်ပေးရင်ကောင်းမှာဘဲ မင်းလိုသမျှငါအကုန်ဝယ်ပေးမယ်လေ "


ပါကာ ရီရင်းစနောက်ကာပြောလိုက်သည် ။


" ငါရဲ့တပ်သားချယ်လ်စီ လေးနဲ့အရင်ဆွေးနွေးရမယ်"


လူးဝစ် လည်းအားရပါးရရယ်တော့သည် ။ အိန်ဂျလာက လူးဝစ်ပါကာနှင့်ရင်းနှီးနေသည်အား သဘောမကျသောကြောင့် တခြားသူများကဲ့သို့ ဂရုမစိုက်စေချင်ပေ ။


ရှာရွှန်က သူ့အမျိုးသားအား အသက်တမျှအလိုလိုက်သောကြောင့် အိန်ဂျလာသည်လည်း အတင်းဖိအားပေး၍မရပေ ။


ရှာရွန်နှင့်လူးဝစ် တို့၏အိမ်ထောင်ရေးသည် အလွန်ချိုမြိန်သာယာကာ ကလေးနှစ်ယောက်ရှိပြီး ယောက်ျားလေးတစ်ယောက်နှင့် Ger တစ်ယောက်ဖြစ်သည် ။ အိမ်ထောင်တစ်ခု၏ အဆင်မပြေမူအသေးအမွှားလေးများကြုံတွေ့ရသော်လည်း ရှာရွှန်သည် အမျိုးသားလေးအားနားလည်ပေးခဲ့သည် ။ ပြဿနာတိုင်းအား အလေးအနက်ထားဖြေရှင်းကြ ကာမည်သို့သောအဖုအထစ်မျိုးမျှ အမျိုးသားလေး၏စိတ်ထဲတွင်ကျန်မနေစေခဲ့ပေ ။


နှစ်ဖက်စလုံးက အပြန်အလှန်အလေးအနက်ထားကာ ပျော်ရွှင်သည့်အိမ်ထောင်ရေးတစ်ခုအား အတင်းဖန်တီးလုပ်ယူစရာပင် မလိုခဲ့ချေ ။ 


မိသားစုတစ်ခုလုံး၏ အိမ်ထောင်ရေးသည် အပေါ်ယံအရေခြုံထားကာ လူရှေ့တွင်ဟန်မပျက်ထိန်းသိမ်းထားကြပါသော်လည်း နောက်ကွယ်၌အလဲလဲအပြိုပြိုပင်ဖြစ်သည် ။ ထိုသို့သော မျက်နှာဖုံးများနောက်ကွယ်၌ ပုန်းကွယ်မနေသူမှာ ပါကာတစ်ယောက်သာရှိခဲ့သည် ။


မိသားစု၏ ဇနီးကောင်းစံနူန်းများအတိုင်း ခင်ပွန်းပြောသမျှနာခံခြင်းမရှိကာ သတ်မှတ်ထားသည့်ပုံစံခွက်ထဲမှကွဲထွက်၍ လွပ်စွာနေထိုင်သည်အား လူးဝစ်သဘောကျသည် ။


ဤမိသားစုထဲမှ အမျိုးသမီးများနှင့် Ger များအား ခင်ပွန်းပြောသမျှအကုန်အမှန်ဟူ၍ရိုကျိုးနေရခြင်းမျိုးမဖြစ်စေချင်ကာ အမျိုးသားများဘက်မှလည်း အိမ်ထောင်ဖက်များအား လေးစားမူရှိနေစေချင်သည် ။


" လူးဝစ် ဒီကိုခဏလာပါဦး ငါတို့ကလေးအခန်းအတွက်အကြံရထားတယ် "


ဝမ်းကွဲများထဲမှ တစ်ယောက်ကပြောလိုက်သည် ။


သို့သော်လည်း ပါကာအထီးကျန်နေမည်စိုး၍ ထိုနေရာသို့သွားရန် လူးဝစ်တွန့်ဆုတ်နေခဲ့သည် ။


" အဆင်ပြေပါတယ် မုန့်တွေအတွက် ငါအစ်ကိုနဲ့တိုင်ပင်လိုက်ဦးမယ် "


" မင်းကအကောင်းဆုံးဘဲ ပါကာ "


လူးဝစ် ကပျော်ရွှင်တက်ကြွနေကာ ခြောက်လဗိုက်ကလေးအား တလူပ်လူပ်နှင့်ကနေသည် ။ ပါကာက လူးဝစ်ကိုကြည့်ကာရယ်မောရင်းပြောလိုက်သည် ။


" အစ်ကို့ရဲ့ဇနီးလေးက တကယ်တက်ကြွတာဘဲနော် " 


" ဟား....ဟား.....သူကိုယ်ဝန်ရှိနေတာမင်းကံကောင်းသွားတယ် အရင်ကဆိုမင်းတောင်အရူံးပေးရလိမ့်မယ် "


လူးဝစ်ကသူ့အမျိုးသားအား ပြုံးကြည့်နေသော်လည်း ဘာမျှမပြောခဲ့ပေ ။ ရုတ်တရက်ပင် လူးဝစ်က ပါကာ၏ကွာရှင်းမည့် ကောလဟာလအားအမှတ်ရမိသွားသောကြောင့် စိတ်ပူစွာမေးလိုက်သည် ။


" ဒါနဲ့ လူတိုင်းကမင်းကွာရှင်းတော့မယ်လို့ချည်းပြောနေကြတယ် အဲ့တာကြောင့်မင်းကိုရှောင်နေကြတာ.. ငါကိုပြောပါဦး..အမှန်ဘဲလား "


ပါကာက သူ၏နူတ်ခမ်းအား လက်ဖြင့်သပ်ကာပြောလိုက်သည် ။


" ခဏနေသိရမှာပါ "


( TN / ရူပ်ထွေးတဲ့မိသားစုသမိုင်းကြောင်းမှာ ကွာရှင်းတာကအတိတ်ဆိုးတွေရှိခဲ့တာကြောင့် မိသားစုက ကွာရှင်းတာကိုလက်မခံကြတာပါ ။ ပြီးတော့ မိသားစုထဲမှာက အိမ်ထောင်ဦးစီးအမျိုးသားတွေရဲ့စကားကို အမျိုးသမီး နဲ့Gerတွေကနာခံကြရပါတယ် ။ ဇနီးကောင်းတစ်ယောက်ရဲ့ သိမ်မွေ့ပြီးအိမ်မူကိစ္စနိုင်နင်းရမယ်ဆိုတဲ့ရှေးရိုးစွဲအယူအဆကြီးလည်းရှိပါသေးတယ် ။) 


xxxxxx