Ch 6
Viewers 12k

အခန်း (၆) - ငါ့လက်ထဲ ကန်စွန်းဥက ရုတ်တရက် မမွှေးတော့သလိုပဲ

 

“ကျွန်မ ဝက်စာမြက်တွေ အများကြီး စုဆောင်းခဲ့တယ်” ကျီကျောက်က သူ့ကို အမြန်ဖမ်းပြီး ဝမ်းသာအားရ စကားပြောခဲ့သည်၊ “ဒါနဲ့ စကားမစပ် ကျွန်မ တောင်ပေါ်မှာ တောကြက်တစ်ကောင်လည်း ကောက်ရခဲ့တယ်။ အလေးချိန် သုံးကတ်တီ လေးကတ်တီလောက်ရှိမယ်လို့ ခန့်မှန်းရတယ်။”

 

ဂွီ ဂွီ

 

ရှန်းယောင် ပြန်မဖြေမီ ကျီကျောက်၏ ဝမ်းဗိုက်သည် ရုတ်တရက် အသံထမြည်လာခဲ့သည်။

 

သူမသည် ဗိုက်ကို ဖုံးထားသော်လည်း တိတ်ဆိတ်သောညတွင် မည်သည့်အသံမဆို အတိုင်းအဆမရှိ ကျယ်လောင်သော သဘောသဘာဝ ရှိလေ၏။

 

“ငါ့နောက်လိုက်ခဲ့” ရှန်းယောင်က သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ခြေချလိုက်သည်။

 

မီးဖိုချောင်ရှိ ပန်းကန်များနှင့် ထမင်းစားတူများကို ဆေးကြောသန့်စင်ထားပြီး မီးဖိုပေါ်တွင် ထမင်းတစ်စေ့မျှပင် မကျန်ရှိပေ။

 

ကျီကျောက်သည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေသော သူမဗိုက်ကို တိတ်တဆိတ် ဖုံးကွယ်ထားခဲ့သည်။ သူမ ဗိုက်ဆာလွန်းလို့ အသံမထွက်အောင် မဖုံးအုပ်နိုင်ခဲ့ဘူး။

 

“ကျွန်မ အခုလေးတင် တောင်ပေါ်မှာ ချဉ်တဲ့ ပန်းသီးတစ်ဝက်လောက် စားလာခဲ့ပြီးပြီ။ ကျွန်မ ရေနည်းနည်းလောက် သောက်ဖို့ပဲ လိုတယ်…” ကျီကျောက်သည် ရှန်းယောင်၏ အမူအရာကို တစ်ချက်ခိုးကြည့်ပြီး တိုးတိုးလေးပြောသည်။

 

ရှန်းယောင်က သူမကို ပြန်မဖြေဘဲ မီးဖိုချောင်ထဲသို့ လျှောက်သွားကာ မီးဖိုထောင့်မှာ မှီထားသော မီးညှပ်ကို ကောက်ယူပြီး အနောက်ရောင် ကန်စွန်းဥ နှစ်လုံးကို မီးဖိုထဲမှ ဆွဲထုတ်လိုက်သည်။

 

ကန်စွန်းဥများကို မြင်လိုက်သည်နှင့် ကျီကျောက်သည် တံတွေးတစ်ချက်မျိုချမိလိုက်သည်။

 

“ကျွန်မတို့တစ်ယောက် တစ်လုံးစီလား” ကျီကျောက်က သတိထားပြီး မေးလိုက်သည်။

 

“ငါ ဗိုက်မဆာဘူး” ရှန်းယောင်က တိုးတိုးလေးပြန်ဖြေသည်။

 

“ရှင်က ဒါတွေအားလုံး ကျွန်မကိုပေးတာလား” ကျီကျောက်သည် အလွန်အံဩသွားသော်လည်း အရမ်းလည်း ပျော်သွားမိသည်။

 

“ဟုတ်တယ်” ရှန်းယောင်က အသာခေါင်းညိတ်ပြသည်။

 

“ဒါဆို ကျွန်မစားတော့မယ်နော်” ကျီကျောက်သည် မြေပြင်ပေါ် အသေအချာ ထိုင်ချပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

 

သူမသည် ကန်စွန်းဥတစ်လုံးကို ကောက်ယူပြီး အကင်ခံထားရတဲ့ ကန်စွန်းဥခွံကို ညင်သာစွာ အခွံခွာလိုက်သည်။

 

“အရမ်းချိုတာပဲ။”

 

ကျီကျောက်သည် ကန်စွန်းဥကို တစ်ကိုက်ကိုက်ပြီး မြိန်ရေရှက်ရေ စားလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။

 

“မနက်ဖြန် မိုးလင်းရင် မင်း ရှီလျို့ရွာကို ပြန်လို့ရပြီ” ရှန်းယောင်သည် ရုတ်တရတ် အဝေးကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောလာခဲ့သည်၊ “အခုချိန်ကစပြီး မင်းနဲ့ငါ ဘာမှမဆိုင်တော့ဘူး။”

 

သူမလက်ထဲက ကန်စွန်းဥက ချက်ချင်းဆိုသလို အနံ့ပျောက်သွားခဲ့သည်။

 

ကျီကျောက်သည် ခေါင်းငုံ့ကာ အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင် “ရှင် ကျွန်မကို နောက်ထပ် အခွင့်အရေး မပေးနိုင်ဘူးလား။ ကျွန်မ ကျွန်မရဲ့ လုပ်ရပ်တွေနဲ့ သက်သေပြနိုင်ပါတယ်။” ဟု တိုးတိုးလေး မေးလာခဲ့သည်။

 

ရှန်းယောင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

 

“ကျွန်မ နားလည်ပါပြီ” ကျီကျောက်သည် သူမ၏ မျက်ဝန်းထဲမှ စိတ်ပျက်မှုကို ဖုံးကွယ်ရန် ခေါင်းငုံ့ကာ မှုန်ဝါးဝါး တုံ့ပြန်ပြောဆိုခဲ့သည်။

 

ကန်စွန်းဥတစ်လုံးစားပြီးနောက် သူမ ဗိုက်မဆာတော့ပေ။

 

“ဒါဆို ဒီည ဒီမှာနေလို့ရမလား။ မနက်ဖြန်မိုးလင်းတဲ့အခါကျရင် ကျွန်မ ထွက်သွားမှာပါ၊ အဆင်ပြေလား” ကျီကျောက်သည် တိုးတိုးလေး မေးမြန်းခဲ့သည်။

 

“အင်း”

 

ရှန်းယောင်သည် ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။

 

အစမှအဆုံးထိ သူ သူမကို တစ်ခါလေးတောင် လှည့်မကြည့်ဘူး။

 

ကျီကျောက်သည် မီးဖိုကို မှီ၍ တစ်ရေးတစ်မော အိပ်လိုက်သည်။ ခဏအကြာတွင် မီးဖိုနံရံကို မှီနေရင်း အိပ်ပျော်သွားခဲ့သည်။

 

ရောင်နီသန်းလာသောအခါတွင် ရှန်းမိသားစု၏ ခြံဝင်းထဲတွင် ကြက်စွပ်ပြုတ်၏ မွှေးရနံ့ သင်းပျံ့နေခဲ့သည်။

 

အိပ်ယာနိုးလာသော ကျောက်လန်ဟွာသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

 

မီးဖိုချောင်တွင် မီးဖိုပေါ်တင်ထားသော လက်ကိုင်နှစ်ခုပါ ဒယ်အိုးက ပွက်ပွက်ဆူနေပြီး ကြက်စွပ်ပြုတ်၏ မွှေးရနံ့က ထိုနေရာကနေ ထွက်ပေါ်လာပုံပင်။

 

မီးဖိုဘေးနားက ထင်းပုံပေါ်တွင် ထင်းတန်းနှစ်တန်းလည်း ရှိနေ၏။

 

ကျောက်လန်ဟွာသည် မီးဖိုချောင် တံခါးအပြင်ကို ထွက်ကြည့်တော့ ရေစည် သုံးစည်တွင်လည်း ရေပြည့်နေကြောင်း တွေ့ရှိခဲ့ရသည်။

 

“အမေ” ကျီကျောက်သည် ကျောက်လန်ဟွာဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်လာခဲ့သည်။ “မင်္ဂလာနံနက်ခင်းပါ”

 

“မင်း… မင်းလက်ထဲက ဘာတွေလဲ။”

 

“တောဘဲဥ” ကျီကျောက်သည် အပြုံးတစ်ပွင့်ဖြင့် ရှင်းပြခဲ့သည်၊ “ကျွန်မ မြစ်ကို ရေသွားခပ်ရင်း ကျူပင်တစ်အုပ် တွေ့ခဲ့တယ်၊ အဲဒီကျူပင်အုပ်ကို ရှာကြည့်လိုက်တော့ အဲဒီထဲကနေ ဘဲဥခြောက်လုံး တွေ့ခဲ့တယ်။”

 

ကျီကျောက်သည် မြစ်ထဲသို့ ပထမဆုံးအကြိမ် ရေသွားခပ်သည့်အခါတွင် မြစ်ကမ်းစပ်ရှိ ကျူတောထဲတွင် ဥချထားသော တောဘဲဥအများအပြားကို တွေ့ရှိခဲ့သည်။ ထိုအချိန်တွင် ဘဲဥတွေကို များများရှာတွေ့ရင် ပိုကောင်းမှာပဲလို့ ရေရွတ်မိသည်။

 

ရလဒ်အနေနဲ့ မြစ်ကမ်းစပ်ကို ဒုတိယအကြိမ် ရေသွားခပ်တဲ့အခါမှာ တောဘဲဥတွေကို တွေ့ရှိခဲ့ရပြန်သည်။

 

ကျီကျောက်သည် သူမ၏ ကံကြမ္မာ စတင်ပြောင်းလဲနေပြီဟု ခံစားလိုက်ရသည်။