အခန်း
(၃၀) နင်က
တကယ်ကောင်းတာပဲ
ညဉ့်နက်သန်းခေါင်အချိန်တွင်
လျှပ်စီးလက်ပြီး မိုးကြိုးတွေပစ်နေခဲ့သည်။
အချိန်အတော်ကြာ ခြောက်သွေ့နေခဲ့သော
လယ်ကွင်းများသည် နောက်ဆုံးမှာတော့ မိုးဒေဝါကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။
မိုးက သည်းထန်စွာ ရွာသွန်းနေပြီး
မိုးလင်းတဲ့အထိ မရပ်ဘူး။
ရှန်းမိသားစု။
ရှန်းယောင်သည် စိတ်ရှုပ်ထွေးနေသော
အကြည့်များဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျီကျောက်ကို
စိုက်ကြည့်နေသည်။
“အာ့ထောင် မနိုးသေးဘူးလား”
ဆေးပန်ကန်နှင့် အတူ အခန်းထဲကို လှမ်းဝင်လာသည့် ကျောက်လန်ဟွာက စိုးရိမ်စိတ်နဲ့
မေးမြန်းလိုက်သည်။
“မနိုးသေးဘူး”
“အာ့ထောင်၊ ဒီကောင်မလေးရဲ့ ဘဝက
တကယ့်ကို ခက်ခဲကြမ်းတမ်းတာပဲ” ကျောက်လန်ဟွာက သက်ပြင်းခပ်ဖွဖွချကာ သူမရဲ့ စကားထဲက
စိတ်ဆင်းရဲမှုတွေကို သက်သေပြလိုက်သည်။ “အမေတို့အိမ်ကို ပထမဆုံး ရောက်ရောက်ချင်းမှာ
သူမ လုပ်ခဲ့တာတွေက နည်းနည်း ယုတ္တိမရှိပေမယ့် အခု သူမ တကယ်နောင်တရနေပြီ”
ရှန်းယောင်က ဘာမှ မပြောဘဲ
တိတ်တဆိတ်သာ ရှိနေ၏။
ကျောက်ရှန်းက သူ့ကို တုတ်နဲ့
ရိုက်ဖို့ ကြံရွယ်တဲ့အခါမှာ ကျီအာ့ထောင်က သူ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး
ကာကွယ်ပေးခဲ့သည်။
ထိုအခိုက်အတန့်မှာ
ရှန်းယောင်တစ်ယောက် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။
“စန်းလန်၊ မင်းနဲ့ အာ့ထောင်…”
“အမေ ကျွန်တော်တို့
ကွာရှင်းပြီးပြီ” ရှန်းယောင်က သူမ၏ ပြောစကားကို ရုတ်တရက် ကြားဖြတ်လိုက်သည်၊
“အချိန်လင့်နေပြီ။ ကျွန်တော် အဖေနဲ အတူ လယ်ထဲ လိုက်ရမှာမို့
သူ့ကိုစောင့်ရှောက်ပေးဖို့ အမေ့ကိုပဲ အပ်ခဲ့တော့မယ်။”
ကျောက်လန်ဟွာက အဖြေပြန်မပေးမီ
ရှန်းယောင်က ထွက်ခွာသွားခဲ့သည်။
ကျောက်လန်ဟွာက
သူ့နောက်ကျောကိုကြည့်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ထိုအချိန်တွင် ကျီကျောက်တစ်ယောက်
နိုးလာခဲ့ပြီဖြစ်လေ၏။
သို့သော် သူမ၏ နောက်ကျောသည်
အလွန်နာကျင်နေဆဲဖြစ်၏။
“အမေ”
“အာ့ထောင် နိုးလာပြီလား။
ကောင်းတယ်၊ လာ ဆေးသောက်ချေ” ကျောက်လန်ဟွာက ကမန်းကတန်း ရှေ့တိုးလာပြီး သူမကို
ထိုင်နိုင်အောင် ထူမတ်ပေးသည်။ ထို့နောက် သူမလက်ထဲမှ ဆေးပန်းကန်ကို ကျီကျောက်လက်ထဲ
ထည့်ပေးလိုက်သည်၊ “ပူတုန်းလေး သောက်လိုက်”
“ကျေးဇူးပါ အမေ” ကျီကျောက်က
ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး ဆေးကို တစ်ကျိုက်တည်း သောက်လိုက်သည်။
ကျီကျောက်သည် သူမ၏ လျှာဖျားတွင်
ခါးသက်သော အရသာကို ခံစားလိုက်ရသည်။ ကျီကျောက်သည် ရုတ်ခြည်းဆိုသလို
ဝမ်းနည်းနာကျင်သလို ခံစားသွားရကာ မျက်ရည်များ စီးကျလာခဲ့သည်။
“ကလေးလိမ္မာလေး မငိုပါနဲ့”
ကျောက်လန်ဟွာက သူမကို အမြန်နှစ်သိမ့်ပေးခဲ့သည်။ “အဲဒီခွေးကောင် ကျောက်ရှန်းကို
မနေ့ညကပဲ ရုံးတော်က အရာရှိတွေ ဖမ်းသွားပြီ။ တုတ်ချက်က သမီးရဲ့ အရိုးတွေကို
မထိခိုက်သွားဘူးလို့ သမားတော်က ပြောတယ်။ သမီး ကောင်းကောင်း အနားယူဖို့ လိုအပ်တယ်။”
“အမေ၊ ကျွန်မ…”
“ဘာမှ မပြောနဲ့။ လိမ်လိမ်မာမာနဲ့
လှဲအိပ်နေချေ” ကျောက်လန်ဟွာက နူးညံ့စွာ အကြံပေးသည်။ “မီးဖိုချောင်မှာ
အရိုးစွပ်ပြုတ် တည်ထားတယ်။ ခဏနေကျရင် နင့်အတွက် အမေ အရိုးစွပ်ပြုတ်ခေါက်ဆွဲ
လုပ်ပေးမယ်။”
“အမေ ဒီလိုတွေလုပ်ပေးဖို့
မလိုပါဘူး” ကျီကျောက်က သူ့လက်ကို အလျင်စလို ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်။
“ကျွန်မ…”
“ကျွန်မ ဘာဖြစ်လဲ။ ငါပြောတာကို
နားထောင်။ အခန်းထဲပြန်ပြီး နားချေ။”
ကျီကျောက်ငြင်းတာကို မစောင့်ဘဲ
ကျောက်လန်ဟွာက သူမကို စောင်ပါးလေး ခြုံပေးပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။
ကျီကျောက်တစ်ယောက် ကူကယ်ရာမဲ့စွာ
သက်ပြင်းချလိုက်သည်။
အဆုံး၌ သူမ အံတင်းတင်းကြိတ်ပြီး
အိပ်ရာထလိုက်သည်။
သူမ အခန်းပြင်ကို
လှမ်းထွက်လိုက်သည့် အခိုက်အတန့်တွင် အံ့ဩတကြီး မျက်ခုံးပင့်သွားမိသည်။
လေထုသည် ကာလအတန်ကြာ
ပျောက်ကွယ်သွားသော လတ်ဆတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး တံစက်မြိတ်တွင်
ရေစက်လေးများပင် တွဲလောင်းကျနေပါသေးသည်။
“မနေ့ညက မိုး
အချိန်ကိုက်ရွာချလာခဲ့တယ်” ခါးကိုင်ပြီး အပြင်ထွက်လာသည့် ဒုတိယမရီးရှန်းသည်
ကျီကျောက်ရဲ့ မှိန်းမောနေတဲ့ အမူအရာကိုမြင်တော့ စိတ်မရွှင်မပျဖြစ်သွားခဲ့သည်၊
“ငါပြောရဦးမယ်၊ ကျီအာ့ထောင်၊ နင်က အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ နင်
အရင်တုန်းက နင့်ချစ်သူနဲ့ နင် ခိုးရာလိုက်ပြေးဖို့ မကြံစည်ခဲ့ဘူးလား။ အခုမှ
ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။ နင်က သူ့ကို ထောင်ထဲတောင်
ပို့လိုက်သေးတယ်။ နင်က တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ။”
ဒုတိယမရီးရှန်းသည် သူမကို
ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် လက်မပင် ထောင်ပြလိုက်သေးသည်။
“ကျွန်မ…”
“ဒီမနက်စားတဲ့
ဘန်းမုန့်ပေါင်းတွေကတောင် နင့်ပါးစပ်ကို မပိတ်နိုင်ဘူးလား” မီးဖိုချောင်မှာ
အလုပ်ရှုပ်နေတဲ့ ကျောက်လန်ဟွာက တံခါးကန့်လန့်ကာကိုဖွင့်ပြီး ဒုတိယမရီးရှန်းကို
အေးစက်စက် ကြည့်ပြီး ပြောလာခဲ့သည်။
“အမေ…” ဒုတိယမရီးရှန်းက
ခေါင်းငုံ့ကာ တိတ်တိတ်လေး ရေရွတ်လိုက်သည်၊ “ကျွန်မက သိချင်ရုံလေးတင်ပါ။”
“ဒုတိယမရီး၊ ကျွန်မ ကျောက်ရှန်းနဲ့
မလျော်ကန်တဲ့ ဆက်ဆံရေးမျိုး မရှိပါဘူး” ကျီကျောက်က သဘောထားကြီးသော အပြုံးဖြင့်
ပြောလာခဲ့သည်။ “အရင်တုန်းက ဘာဖြစ်လို့ ဒီလောက်အထိ အခြေအမြစ်မရှိ
ဒေါသထွက်စရာကောင်းတဲ့ ကောလဟလတွေ အများကြီးရှိနေမှန်း ကျွန်မ မသိခဲ့ဘူး၊ ဒါပေမယ့်
ကျောက်ရှန်းနဲ့ ကျွန်မကြားမှာ ဘာမှ မရှိဘူး။”
“ဒါဆို နင့်ခင်ပွန်းမိသားစုရဲ့
ပိုက်ဆံကို နင် လက်ထပ်ပြီး ဒုတိယနေ့မှာတင် ခိုးယူပြီးတော့ ကျောက်ရှန်းနဲ့ နင်
ဘာဖြစ်လို့ တွေ့ဖို့ ချိန်းရတာလဲ” ဒုတိယမရီးရှန်းက သူမကို သံသယအကြည့်နဲ့
ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့
ကျွန်မ အလိမ်ခံရတာပါ။”