Ch 32
Viewers 12k

အခန်း (၃၂) နင် ငါ့စန်းလန်ကိုကြိုက်လား

 

“အလုပ်များနေတယ် ဟုတ်လား” ကျောက်လန်ဟွာက စူးစမ်းချင်စိတ်ဖြင့် မျက်ခုံးပင့်ကာ “ဘာလုပ်နေလို့ အလုပ်များနေတယ်လို့ ဆိုရတာလဲ” ဟု မေးလိုက်သည်။

 

“အင်း… ဘာပဲဖြစ်ဖြစ်ပေါ့…” ရှန်းကျန်သည် စိတ်လှုပ်ရှားစွာ ပါးကုတ်နားကုတ်ဖြစ်သွားခဲ့သည်၊ “အမေ ကျွန်တော် ဗိုက်ဆာတယ်။ ဘာစားစရာရှိသေးလဲ။”

 

အခန်းတွင်း၌ ကျီကျောက်သည် အလွန်စိတ်လှုပ်ရှားလွန်းတာကြောင့် အသက်ရှုရန်ပင် မေ့လျော့နေခဲ့သည်။

 

သူမအောက်တွင် ဖိမိနေသော ရှန်းယောင်သည် တိတ်တဆိတ် မျက်ခုံးပင့်မိသည်။ သူ့ရဲ့ မျက်ဝန်းနက်ထဲတွင် အနက်ရောင် အလင်းတစ်စ ဖျတ်ပြေးသွားခဲ့သည်၊ “မင်း ထဖို့ အစီအစဉ်ရော ရှိသေးရဲ့လား။”

 

“အိုး… ကျွန်မ တောင်းပန်ပါတယ်” ကျီကျောက်သည် မသိစိတ်က တောင်းပန်ပြီး သူ့ပေါ်ကနေ အမြန်ထလိုက်သည်။

 

သူ့ရင်ဘတ်ပေါ်ရှိ နူးညံ့သော အထိအတွေ့လေးဟာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

 

ရှန်းယောင်သည် ရုတ်ခြည်းဆိုသလို သူ့ရင်ထဲမှာ တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

 

“မင်း…”

 

“ရှင်…”

 

“မင်း အရင်ပြော”

 

“ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း ရှင် အရင်ပြောပါ” ကျီကျောက်သည် ကုတင်ပေါ်သို့ အမြန်ပြန်လာခဲ့ပြီး ချိုသာသော အပြုံး၊ နူးညံ့သောလေသံဖြင့် ပြောလိုက်လေ၏။

 

ရှန်းယောင်သည် ခဏလောက် စဉ်းစားပြီး သူ့အင်္ကျီလက်ထဲကနေ ငွေနှစ်ချောင်း ထုတ်ပြီး သူမကို ပေးလိုက်သည်။

 

ကျီကျောက်သည် အလွန်အံ့အားသင့်သွားခဲ့သည်။

 

“မင်း မနေ့က ဖမ်းမိတဲ့ မြွေက အရမ်းအဖိုးတန်တယ်၊ ဒါကြောင့် ဆေးဆိုင် ကိုယ့်ကို ငွေနှစ်ချောင်း ပေးလိုက်တယ်။” ရှန်းယောင်က တိုးတိုးလေး ရှင်းပြသည်။

 

“ရှင် ကျွန်မအတွက် မြွေရောင်းပေးခဲ့တာလား” ကျီကျောက်က ဝမ်းသာအားရ မေးလိုက်သည်။ သူမ၏ မျက်ဝန်းလေးတွေက အလွန်တောက်ပနေပြီး အလွန်အမင်း ချစ်စရာကောင်းနေတဲ့ပုံပင်။

 

“အင်း”

 

“ကျေးဇူးအများကြီးတင်ပါတယ်” ကျီကျောက်က အရမ်းကျေးဇူးတင်ပြီး သူ့ကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေမိသည်။

 

“ရပါတယ်” ရှန်းယောင်က မသိမသာပြုံးလိုက်ပေမယ့် သူ့နှုတ်ခမ်းတွေက ရှင်းလင်းပြတ်သားစွာ ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့်ကို ဆောင်ကျဉ်းသွားခဲ့ပေသည်။

 

“ယုတ္တိရှိရှိပြောရမယ်ဆိုရင် ကျွန်မ ရှင့်ကို ငွေတစ်ချောင်းတော့ ပေးသင့်တယ်။ ဒါပေမယ့် ကျွန်မ အခုလောလောဆယ် ပိုက်ဆံကို အရမ်းအရေးတကြီး လိုအပ်နေတယ်၊ ဒါကြောင့် ကျွန်မ ရှင့်ဆီ ကျေးဇူးကြွေးတစ်ခု တင်သွားခဲ့ပြီ။ တကယ်လို့ နောင်မှာ ရှင် အကူအညီလိုတယ်ဆိုရင် ကျွန်မကို အချိန်မရွေးပြောပါ” ကျီကျောက်က သူ့ကိုကြည့်ရင်း ရိုးရိုးသားသား ပြောလိုက်သည်။

 

“မလိုပါဘူး။”

 

“ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဒါကို မှတ်ထားလိုက်ပြီ” ကျီကျောက်က တည်ကြည်စွာ ပြုံးလိုက်သည်၊ “အချိန်လည်း အတော်လင့်နေပြီမို့ ငါ အရင်ပြန်နှင့်တော့မယ်။”

 

“မင်း မြေကမ္ဘာဘုရားကျောင်းကို ပြန်မလို့လား။”

 

အင်း”

 

“မင်း ဒီမှာပဲ ဆက်နေသင့်တယ်” ရှန်းယောင်က ရုတ်တရက် ပြောလိုက်သည်၊ “မင်း ကိုယ့်ကို အထင်မလွဲပါနဲ့။ မင်းဒဏ်ရာတွေက မသက်သာသေးဘူး၊ မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်နေသင့်တယ်။”

 

“ကျွန်မ သက်သာပါတယ်။”

 

“လူနာတွေက သူတို့ရဲ့ အခြေအနေကို ကိုယ်တိုင်သိနေရင် ဒီကမ္ဘာပေါ်မှာ သမားတော်တွေ ရှိနေပါဦးမလား။”

 

အမ်…

 

ကျီကျောက်တစ်ယောက် တိတ်ဆိတ်သွားသည်။

 

ကျီကျောက်သည် ဘာပြန်ပြောရမှန်း မသိတော့ချေ။

 

အဆုံး၌ ကျီကျောက်သည် ကျောက်လန်ဟွာ၏ အလေးအနက် တောင်းဆိုမှုကြောင့် ရှန်းမိသားစုတွင် ယာယီ အနားယူနေထိုင်ခဲ့ရသည်။

 

“အမေ” ဆေးသောက်ပြီးနောက် ကျီကျောက်က ကျောက်လန်ဟွာကို စိုးရိမ်တကြီး ကြည့်လိုက်သည်၊ “ကျွန်မ…”

 

“နင်ပြောစရာရှိတာ ပြော။ ဘာမှ စိုးရိမ်မနေနဲ့။”

 

“ကျွန်မ အမေ့ကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ” ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး သူမဆီက ငွေနှစ်ချောင်းကို ကျောက်လန်ဟွာလက်ထဲ ထည့်ပေးလိုက်သည်၊ “စန်းလန်က ကျွန်မအတွက် မြွေကိုကူညီရောင်းချပေးထားတယ်။ ဒီမြွေရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ ဆန်တို့ ခေါက်ဆွဲတို့ နည်းနည်းလောက် ဝယ်ခြမ်းပြီး ကျွန်မအဖိုးတို့အိမ်ကို သွားပို့ပေးဖို့ အမေ ကျွန်မကို ကူညီပေးနိုင်မလား။”

 

“အာ့ထောင်” ကျောက်လန်ဟွာက သူမ၏ မျက်လုံးကို တည့်တည့်ကြည့်ကာ အလေးအနက် မေးမြန်းလိုက်သည်၊ “နင် နင့်အဖွားကို မုန်းနေတာလား။”

 

ကျီကျောက်က ခေါင်းခါလိုက်သည်။ “ကျွန်မ အစတုန်းကတော့ သူမကို နာကြည်းမိတယ်၊ ဒါပေမယ့် ကျွန်မ တကယ်တမ်းတော့ သူမကို မမုန်းပါဘူး။”

 

အမျိုးသမီးရှဲ့က သူမကို ဘယ်လိုပဲဆက်ဆံပါစေ၊ သူမသည် ကျီကျောက် ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်နေတုန်းပါပဲ။

 

အကယ်၍ လူအိုကြီးကျီသာ ကျီကျောက်ကို အိမ်ပြန်မခေါ်ခဲ့ပါက သူမသည် ဟိုးအရင်ကတည်းကပင် ဆွေးမြေ့ပြီး မြေကြီးတောင် ဖြစ်သွားလောက်ပါပြီ။

 

“အဲဒီနေ့က နင် ကျောက်ရှန်းနဲ့ ခိုးရာလိုက်ပြေးဖို့ စီစဉ်နေတယ်လို့ တစ်ယောက်ယောက် ပြောတာကို ငါကြားတော့ အမှန်တိုင်းပြောရရင် ငါ အရမ်းစိတ်မကောင်းဖြစ်မိတယ်” ကျောက်ဟန်ဟွာက သူမကို မျက်နှာချင်းဆိုင်ကြည့်ပြီး ရိုးရိုးသားသား ပြောခဲ့သည်၊ “ငါ့စန်းလန်ရဲ့ ခြေထောက်မှာ ပြဿနာရှိနေတာ ငါသိတယ်။ သာမာန်မိန်းကလေးတွေက သူ့ကို သေချာပေါက် လက်ထပ်ချင်စိတ်ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါက သူ့အမေပဲ။ ငါက သူ့ကို ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်စေချင်မှာလဲ။ အဲဒါကြောင့် နင့်အဖွားက နင့်ကို လက်ထပ်ပေးဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ကြားတာနဲ့ ငါ ချက်ချင်း လက်ထပ်ဖို့ ကမ်းလှမ်းလာခဲ့တာပဲ။”

 

“အာ့ထောင်၊ အမေ နင့်ကို တစ်ခုလောက် မေးချင်တယ်” ကျောက်လန်ဟွာက သူမကို မျက်နှာချင်းဆိုင်ပြီး လေးလေးနက်နက် မေးလိုက်သည်၊ “နင် ငါ့စန်းလန်ကိုကြိုက်လား။”