Ch 45
Viewers 12k

အခန်း (၄၅) မင်းက အရမ်းရဲရင့်တာပဲ

 

ရှန်းယောင်၏ အသံကိုကြားတော့ ကျီကျောက်သည် ခြေထောက်ဖယ်လိုက်သည်။

 

“ဒုက္ခိတရှန်း အမျိုးသမီးတွေပေါ် မှီခိုတာကို အရမ်းကောင်းတယ်လို့ ထင်နေတာလဲ။ မင်းမှာ သတ္တိရှိရင် ငါတို့ ငါးဖမ်းပြိုင်မလား။”

 

ပါးစပ်ကြမ်းသည့် မျောက်မျက်နှာနှင့်လူက ကျီကျောက်၏ တိုက်ခိုက်ရေးစွမ်းရည်ကို သဘောပေါက်ပြီးနောက် ကြမ်းကြမ်းတမ်းတမ်း မပြောရဲတော့ဘူး။

 

သို့သော် ရှန်းယောင်ကိုကြည့်တဲ့ အကြည့်တွေမှာမူ လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေဆဲဖြစ်သည်။

 

သို့သော် ရှန်းယောင်က လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။

 

“မင်း ကြောက်နေတာလား” ရှန်းယောင်က သူ့ကို အဖတ်မလုပ်သောအခါ အဲဒီလူက ပိုလို့တောင် မြောက်ကြွမြောက်ကြွ ဖြစ်လာခဲ့သည်။ “မင်း မပြိုင်ရဲဘူးလား။”

 

“ဘယ်သူက ကြောက်ရမှာလဲ” ကျီကျောက်က နှာခေါင်းရှုံ့လိုက်သည်။ “တကယ်လို့ ငါတို့နိုင်ရင် နင် ငါ့ခင်ပွန်းရှေ့မှာ ဒူးထောက်ပြီး ခွေးတစ်ကောင်လို သုံးကြိမ်တိုင်တိုင် ဟောင်ပြရမယ်။”

 

“ဒါဆို ငါအနိုင်ရရင် ရှန်းယောင်က ငါ့ရှေ့ ဒူးထောင်ပြီး သုံးကြိမ်တိုင်တိုင် ကန်တော့ရမယ်။”

 

“ကန်တော့ရမယ် ဟုတ်လား။”

 

ရှန်းဟယ်ရွာသူကြီး ရှန်းမုန့်ဟူက အဆိုပါလူ၏ ခေါင်းကို ဒေါသတကြီး ပုတ်လိုက်ပြီး ခပ်တည်တည် ပြောလိုက်သည်။ “မင်း ကန်ထဲကို ငါးဖမ်းဖို့ ဘာဖြစ်လို့ မြန်မြန် မဆင်းရသေးတာလဲ။”

 

“အွတ်… ဦးလေးဟူ ခင်ဗျား ပိုညင်သာပေးနိုင်မလား” အဆိုပါလူက ခေါင်းနာသွားသဖြင့် မကျေမနပ် ပြောလိုက်သည်။

 

“ရှန်းယောင် အဲဒီကောင်ကို လျစ်လျူရှုပြီး ငါးဖမ်းဖို့ ကန်ထဲ မြန်မြန်ဆင်းချေ။”

 

“ဟုတ်ကဲ့”

 

“နင်က ရှန်းယောင်ရဲ့ ဇနီးလား” ရွာလူကြီးက ကျီအာ့ထောင်ကို ရုတ်တရက် အကြည့်ရောက်လာပြီး တိတ်တဆိတ် ခေါင်းညိတ်သည်။ “ရှင်က အတော်ရဲရင့်တာပဲ။”

 

“ချီးကျူးစကားအတွက် ကျေးဇူးပါ ဦးလေးရွာလူကြီး” ကျီကျောက်သည် မိုက်မဲချင်ဟန်ဆောင်ပြီး ပြုံးပြလိုက်သည်။

 

“အာ့ထောင် နင်က အရမ်းတော်တာပဲ” ဖရုံစေ့လှော်ကို အားရပါးရ ထိုင်စားနေသည့် ဒုတိယမရီးရှန်းသည် ကျီကျောက်ကို စိတ်ရောကိုယ်ပါ လက်မထောင်ပြကာ သူမအတွက် ဖရုံစေ့လှော် လက်တစ်ဆုပ်ကို ရက်ရက်ရောရော ပေးလာခဲ့သည်။

 

“ဒုတိယမရီး အခုနတုန်းက ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့သူက ဘယ်သူလဲ။”

 

ကျီကျောက်က ဖရုံစေ့ကိုယူပြီး အပြုံးဖြင့် မေးမြန်းလိုက်သည်။

 

“အဲ့တာ ရှန်းလန်လေ။ သူက ငါတို့ရှန်းဟယ်ရွာမှာ နာမည်ကျော်တဲ့ လူပျင်းတစ်ယောက်လေ။ သူ့ရဲ့ အားသာချက်က လိမ်လည်လှည့်စားတာပဲ” ဒုတိယမရီးရှန်းက ဖရုံစေ့ကိုက်ရင်း ပြောပြခဲ့သည်။ “သူနဲ့ ငါတို့တတိယမတ်လေးက ဆက်ဆံရေး မကောင်းဘူး။”

 

“ဘာဖြစ်လို့လဲ။ ရှန်းယောင်က သူ့ကို အမှားလုပ်ခဲ့လို့လား။”

 

“ဟေး… သူတို့နှစ်ယောက် ငယ်ငယ်တုန်းကတော့ ဆက်ဆံရေးကောင်းတယ်လို့ အမေ့ဆီက ကြားဖူးတယ်။ ဒါပေမယ့် ခုနစ်နှစ်သားအရွယ်မှာ ရှန်းလန် အိပ်ယာထဲမှာ သေးပေါက်ချတယ်ဆိုတဲ့ သတင်း ရုတ်တရက် ပြန့်နှံ့သွားခဲ့တယ်။ ရှန်းလန်က အဲ့ဒီသတင်းကို တတိယမတ်လေးက ဖြန့်ခဲ့တယ်လို့ထင်ခဲ့တယ်။ တတိယမတ်လေးက ဘူးသီးတစ်လုံးလို ရိုးရိုးရှင်းရှင်း လူမျိုးလေ။ သူက ဝန်ခံတာရော ငြင်းဆန်တာရော မရှိဘူး။ အဆုံးမှာတော့ သူတို့နှစ်ယောက်ရဲ့ ယိုယွင်းလာခဲ့တာပဲ…”

 

အင်း…

 

ကျီကျောက် ကြက်သေ သေသွားခဲ့သည်။

 

ဒါဆို ဆယ်ကျော်သက် နှစ်ယောက် ဆက်ဆံရေး ယိုယွင်းသွားခဲ့ရတဲ့ အကြောင်းရင်းက အိပ်ယာထဲ သေးစိုလို့လား။

 

“အာ့ထောင် ကြည့်ပါဦး” ဒုတိယမရီးရှန်းက ကျီကျောက်၏ အင်္ကျီလက်တွေကို စိတ်လှုပ်ရှားစွာ ဆွဲပြီး အော်လိုက်သည်။ “ကြည့်စမ်း တတိယမတ်လေး ငါးတစ်ကောင် ဖမ်းမိပြီ။”

 

ရေကန်ထဲသို့ ဆင်းသွားသော ရှန်းယောင်သည် ဘယ်ဖက်လက်တွင် ငါးဖမ်းဇကာတစ်ခုကို ကိုင်ဆောင်ထားပြီး ညာဖက်လက်တွင် ဆူဖြိုးသော ငါးတစ်ကောင်ကို ဖမ်းမိထားသည်ကို တွေ့လိုက်ရသည်။

 

အမြင်နဲ့တင် ထိုဆူဖြိုးသောငါးသည် အနည်းဆုံး ခုနစ်ကတ်တီ ရှစ်ကတ်တီခန့် ရှိနိုင်သည်။

 

သို့သော် ရှန်းယောင်နှင့် နှစ်မီတာ သုံးမီတာခန့်သာ ကွာဝေးသော ရှန်းလန်ထက်သာဖို့တော့ မဖြစ်နိုင်ပေ။ သူက ငါး လေးကောင် ငါးကောင်ကို ဆက်တိုက် ဖမ်းမိခဲ့သည်။

 

“ဒုတိယမရီး ကျွန်မတို့ ရှေ့ကို သွားရအောင်” ကျီကျောက် ဒုတိယမရီးရှန်းကို ဂရုတစိုက် တွဲထူပြီး တိုးတိုးလေး ပြောလိုက်သည်။

 

အဆုံးတွင် ကျီကျောက်သည် ရှန်းယောင်နှင့် မျက်နှာချင်းဆိုင်သို့ ရောက်ရှိလာခဲ့သည်။

 

ရှန်းယောင်၏ ခန္ဓာကိုယ်ပေါ်သို့ နေရောင်ထိုးနေပြီး သူ့ကိုယ်ပေါ်မှ နူးညံ့သော အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ပင်။

 

ရှန်းယောင်သည် သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်ရန် လက်ကို မြှောက်လိုက်သောအခါ ကျီကျောက်၏ အပြုံးမျက်နှာလေးကို အမှတ်တမဲ့ မြင်လိုက်ရသည်။

 

သူက မသိစိတ်ကနေ ပြုံးပြုံးလေး တုံ့ပြန်လိုက်မိသည်။

 

“ဘယ်ဖက်” ကျီကျောက် ရုတ်တရက် စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။ “ရှန်းယောင် ဘယ်ဖက်ကိုကြည့်”

 

ထိုအချိန်တွင် မရေမတွက်နိုင်သောငါးများသည် ရှန်းယောင်၏ ဘယ်ဖက်ရေပြင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

 

ငါးတွေအများကြီး ပြည့်ကျပ်နေသည်။

 

ရှန်းယောင်သည် ချက်ချင်းဆိုသလိုပင် ငါးဖမ်းဇကာဖြင့် ငါးတွေအကုန်လုံးကို တစ်ကြိမ်တည်း ဖမ်းယူလိုက်သည်။

 

နှစ်နာရီလောက်ကြာတော့ ငါးဖမ်းလုပ်ငန်းသည် တရားဝင် ပြီးဆုံးသွားခဲ့သည်။

 

လူတိုင်းကို အံ့ဩသွားစေတာက ရှန်းယောင် တစ်ယောက်တည်း အလေးချိန် ၂၅ ကီလိုဂရမ်ရှိတဲ့ ငါးတစ်ကောင်ကို ဖမ်းမိခဲ့ခြင်းပင်ဖြစ်သည်။

 

နောက်တစ်ခုကတော့ အလေးချိန် ၁၅ ကီလိုဂရမ်ရှိတဲ့ ငါးတစ်ကောင်ကို ဖမ်းမိခဲ့တဲ့ ရှန်းလန်ကြောင့်ပင် ဖြစ်သည်။

 

“ရှင်က တကယ့်ကို အံ့ဩစရာပဲ” ကျီကျောက်သည် ရှန်းယောင်ထံ အမြန်လျှောက်သွားပြီး ပြုံးရယ်ကာ ချီးကျူးလိုက်သည်။