Ch 47
Viewers 12k

အခန်း (၄၇) - အလွန်အကြူးချီးကျူးမြှောက်ပင့်လုံးများ

 

နာရီဝက်အကြာတွင် ကျီကျောက်သည် ရှန်းယောင်ကို လုံးဝ ချီးကျူးဂုဏ်ပြုချင်မိသွားသည်။

 

သူမသည် သူ့ကို ဟင်းပွဲချက်ပြုတ်နည်း အဆင့်ဆင့်ကို တစ်ကြိမ်တည်းသာ ပြောပြရသည်။

 

ဒါပေမယ့် ရှန်းယောင်ကို တကယ့်ကို တော်လွန်းသည်။

 

အထူးသဖြင့် အသီးအရွက်တွေကို လှီးဖြတ်နေချိန်မှာ သူ့ရဲ့ လှုပ်ရှားမှုတွေက ရေစီးကြောင်းလေးအတိုင်း ကျက်သရေရှိလှသည်။

 

မျက်စိပသာဒ ရှိ၏။

 

ဒီနေ့ နေ့လည်စာ ဟင်းပွဲ လေးပွဲလုံးကို ရှန်းယောင် ချက်ပြုတ်ထားတာကို သိလိုက်ရတော့ တခြားသူတွေရဲ့ မေးရိုးတွေ ပြုတ်ကျကုန်သည်။

 

“တတိယမတ်လေး၊ ဟင်းချက်ပြုတ်တာကို မင်း ဘယ်လိုသိတာလဲ” ဒုတိယမရီးရှန်းက မနေနိုင်ဘဲ မေးမြန်းမိသည်။

 

“ကျွန်တော် ဒီနေ့မှ သင်ယူခဲ့တာပါ” ရှန်းယောင်က ပြုံးလိုက်သည်။ “ဒါပေမယ့် အာ့ထောင် ကျွန်တော့်ကို သင်ကြားပေးတာ ကောင်းမွန်လို့ပါ။”

 

ရုတ်တရက် ဆွဲထည့်ခံလိုက်ရသော ကျီကျောက်သည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိသည်။

 

“အဓိကက ရှင်က ဥာဏ်ကောင်းပြီး သေသေချာချာ နားလည်လို့ပါ။” ကျီကျောက်က ပြုံးပြီး သူ့ကို ချီးကျူးလိုက်သည်။

 

ကျောက်လန်ဟွာက သူတို့နှစ်ဦးကြားရှိ အကြည့်ချင်းတွေကို သတိပြုမိပြီး ရွှင်မြူးစွာ ပြုံးလိုက်မိသည်။

 

မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် နေ့လည်စာ စားပြီးနောက် ကျောက်လန်ဟွာက ကျီကျောက်အား ရှန်းတာ့ရှန်တို့ ခရိုင်မြို့သို့ ငါးရောင်းသွားမည့်နောက်ကို လိုက်သွားဖို့ အကြံပြုခဲ့သည်။

 

“အာ့ထောင် ခဏစောင့်ဦး” ကျောက်လန်ဟွာက ပင်မခန်းသို့ အမြန်ပြန်ကာ နံရံတွင် ချိတ်ထားသော ခမောက်ကို ယူကာ ကျီကျောက်၏ ခေါင်းပေါ်ဆောင်းပေးလိုက်သည်။ “ရာသီဥတုက ပိုပူလာတယ်။ မင်းကို နေမလောင်သွားစေနဲ့။”

 

“ဟုတ်ကဲ့ပါ။ ကျေးဇူးပါ အမေ”

 

“သူတို့သားအဖတွေက စကားပြော မကောင်းဘူး။ ငါးရောင်းတဲ့အခါ ဈေးညှိနှိုင်းဖို့ မမေ့နဲ့။ အခုအချိန် ခရိုင်မြို့မှာ အစားအသောက်တွေ ရှားပါးနေပြီ။ ဈေးမြင့်မြင့်ရအောင် လုပ်ခဲ့ဖို့ မမေ့နဲ့။”

 

“ဟုတ်ကဲ့” ကျီကျောက်က နာခံစွာ ခေါင်းညိတ်ပြသည်။ “အမေ စိတ်မပူပါနဲ့။ ကျွန်မ အားလုံး မှတ်မိပါတယ်။”

 

“ကောင်းပြီ။ မြန်မြန်သွားပြီး စောစောပြန်လာခဲ့ချေ။”

 

တစ်နာရီကျော်လောက်တွင် သူတို့သုံးယောက်သား ရှန်းကျီအစာသွပ်မုန့်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။

 

“အဖေ၊ တတိယညီလေး၊ တတိယခယ်မလေး ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာကြတာလဲ” အကြီးဆုံးမရီးရှန်းက သူတို့သုံးယောက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ဧည့်ခန်းထဲ ခေါ်ဆောင်သွားခဲ့သည်။ “ဒီနေ့ နေအရမ်းပူတယ်။ အပူငြိမ်းအောင်လို့ မတ်ပဲစွပ်ပြုတ်အေး မြန်မြန် သောက်လိုက်ပါဦး။”

 

ရေတွင်းထဲတွင် တစ်နာရီကျော်ကြာ ထားရှိခဲ့သော မတ်ပဲစွပ်ပြုတ်သည် အေးစက်ပြီး အလွန်လန်းဆန်းစေသည်။

 

မတ်ပဲစွပ်ပြုတ်အေး တစ်ပန်းကန်လုံး သောက်သုံးပြီးနောက် ကျီကျောက်သည် စိတ်ကျေနပ်စွာ မျက်လုံးလေးကို မှိတ်လိုက်မိသည်။

 

“အာ့ထောင် နင် နောက်တစ်ပန်းကန် ထပ်ယူချင်သေးလား” အကြီးဆုံးမရီးရှန်းက ကျီကျောက်ဆီ လှမ်းလာပြီး နွေးထွေးတဲ့ အပြုံးနဲ့ မေးမြန်းခဲ့သည်။

 

“မယူတော့ပါဘူး။ ကျေးဇူးပါ အကြီးဆုံးမရီး”

 

“ငါတို့က မိသားစုတွေပဲ။ ကျေးဇူးစကားပြောဖို့ မလိုပါဘူးဟယ်” အကြီးဆုံးမရီးရှန်းက ရွှင်မြူးစွာပြောပြီး သူတို့ကို ဧည့်ခံဖို့ အစာသွပ်မုန့်တချို့ကို အလျင်အမြန် ထုတ်ယူလာခဲ့သည်။

 

“အကြီးဆုံးချွေးမ တာ့လန် အိမ်မှာ မရှိဘူးလား” ရှန်းတာ့ရှန်က မတ်ပဲစွပ်ပြုတ်အေးကို နှစ်ပန်းကန် သောက်ပြီးနောက် တိုးတိုးလေး မေးမြန်းလိုက်သည်။

 

“အဖေ တာ့လန်က ချင်အိမ်တော်ကို အစာသွပ်မုန့်တွေ သွားပို့တယ်ရှင့်” အကြီးဆုံးမရီးရှန်းက ဂုဏ်ယူတဲ့အပြုံးနဲ့ ပြောလိုက်သည်။ “သခင်မကြီးချင်က အာ့ထောင်လုပ်တဲ့ မတ်ပဲအေးကိတ်မုန့်နဲ့ လပြည့်ကိတ်မုန့်တို့ကို စားပြီးကတည်းက အရမ်းကြိုက်သွားပြီး မကြာခဏဆိုသလို စားသောက်လေ့ရှတယ်။ ဒီမနက် ဆိုင်မှာလည်း လူပါးနေတာနဲ့ တာ့လန်ကိုယ်တိုင် မုန့်ကို ကိုယ်တိုင်ကိုယ်ကျ သွားပို့ပေးလေရဲ့။”

 

“ကောင်းတယ်” ရှန်းတာ့ရှန်က အသာခေါင်းညိတ်သည်။ “ဒီနှစ်တွေမှာ စီးပွားရေး ကြပ်တည်းတယ်။ နင်နဲ့ တာလန့်တို့ ပိုကြိုးစားရမယ်။”

 

“အဖေ စိတ်မပူပါနဲ့။ ကျွန်မတို့ နားလည်ပါတယ်။”

 

“ဒါနဲ့ စကားမစပ် တတိယလေးနဲ့ ငါ ဒီနေ့ ငါးတွေ အများကြီး ဖမ်းမိတယ်။” ရှန်းတာ့ရှန်က သစ်သားပုံး နှစ်ပုံးကို ညွှန်ပြပြီး တိုးတိုးလေး ပြောလိုက်သည်။ “တာ့လန်စားဖို့ နှစ်ကောင်လောက် ယူထားချေ။ ကျန်တာကိုတော့ ခဏနေကျရင် စားသောက်ဆိုင်မှာ သွားရောင်းတာပေါ့။”

 

“ဟုတ်ကဲ့” အကြီးဆုံးမရီးရှန်းက အလျင်စလို ပြောလိုက်သည်။ “ပြီးခဲ့တဲ့အချိန်တုန်းက ကျွန်မတို့မိသားစုက ပို့လိုက်တဲ့ တောကြက်တွေကို ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ လက်ထောက်ဆိုင်ရှင်က လက်ခံခဲ့တယ်။ ခဏနေကျရင် ကျွန်မနဲ့ အဖေ သွားကြည့်ကြမယ်လေ။”

 

“ဒီဆိုင်ကိုရော ဘယ်လိုထားခဲ့မလဲ။”

 

“အဆင်ပြေပါတယ်။ ကျွန်မ ချွင်းယန်ကို ဆိုင်ကြည့်ခိုင်းထားလိုက်မယ်။”

 

ခဏကြာတော့ သမီးယောက္ခမ လေးယောက်သား တင်းယွမ်ခရိုင်ရှိ အကြီးဆုံး စားသောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်။

 

နေ့လည်နှောင်းအချိန်ပင် ဖြစ်သော်လည်း ဟုန်ရှင်းစားသောက်ဆိုင်သည် စားသုံးသူများဖြင့် စည်ကားနေဆဲ ဖြစ်သည်။

 

အကြီးဆုံးမရီးရှန်းသည် သူတို့ကို စားသောက်ဆိုင် အနောက်တံခါးသို့ ခေါ်ဆောင်သွားခဲ့ကာ စိုးရိမ်ပူပန်နေပုံရသည့် လက်ထောက်ဆိုင်ရှင်ကို တွေ့လိုက်ရသည်။

 

လက်ထောက်ဆိုင်ရှင် ရှင် ဘာဖြစ်နေတာလဲ။”