Ch 48
Viewers 12k

အခန်း (၄၈) - ကျင်းကျီယွီခွိုက်ဟင်းပွဲ

 

စိုးရိမ်ပူပင်ရောက်နေပုံရသော လက်ထောက်ဆိုင်ရှင်သည် သူ့ကို မေးမြန်းလိုက်သူကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။

 

“ငါတို့စားသောက်ဆိုင်ရဲ့ စားဖိုမှုးတုန်က ရုတ်တရက် လက်ဒဏ်ရာရသွားတယ်။ စားသုံးသူတစ်ယောက် စားဖိုမှုးတုန်ရဲ့ အထူးဟင်းလျာကို မှာယူထားတယ်။ ဒါ့ကြောင့် ကျွန်တော် စိုးရိမ်ပူပင်နေတယ်” ဟု လက်ထောက်ဆိုင်ရှင်က ဝမ်းနည်းစွာ ပြောသည်။

 

“အထူးဟင်းလျာက ဘာလဲ” အကြီးဆုံးမရီးရှန်းက စပ်စုပြီး မေးလိုက်သည်။

 

ကျင်းကျီယွီခွိုက်ဟင်းလျာ” လက်ထောက်ဆိုင်ရှင်က ဟော့ပေါ့အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်လို စိုးရိမ်ပူပန်နေသည်။ “စားဖိုမှုးတုန်ကလွဲရင် တင်းယွမ်ခရိုင်တစ်ခုလုံးမှာ ဒီဟင်းပွဲကို ဘယ်သူမှ မချက်ပြုတ်တတ်မှာကို ငါစိုးရိမ်တယ်…”

 

“ကျွန်မ ချက်တတ်တယ်” လူအုပ်ထဲမှာ တိတ်တဆိတ်ရှိနေသည့် ကျီကျောက်က ဝင်ပြောလိုက်သည်။

 

“ဘယ်လိုချက်ရမယ်ဆိုတာ မင်းသိလား” ဒီစကားကိုကြားတော့ လက်ထောက်ဆိုင်ရှင်က စိတ်လှုပ်ရှားသွားခဲ့သည်။ ဒါပေမယ့် သူက ကျီကျောက်ရဲ့ ငယ်ရွယ်တဲ့ မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာ မျက်မှောင်ကြုတ်သွားခဲ့ပြန်သည်။ “မင်း တကယ်ပဲ ချက်ပြုတ်နိုင်လို့လား။”

 

“လက်ထောက်ဆိုင်ရှင် ကျွန်မကို မီးဖိုချောင် ငှားပေးနိုင်မလား” ကျီကျောက်က ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်ခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိ၏။

 

ကျီကျောက်က စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ထဲကို ဝင်သွားတဲ့အခါ ကွာဟချက်က ဘာလဲဆိုတာကို သိလိုက်ရသည်။

 

သူမသည် မီးဖိုချောင်ကို အမြင်အာရုံအရ စစ်ဆေးကြည့်ပြီးနောက် မီးဖိုချောင်တစ်ခုလုံးသည် အနည်းဆုံး စတုရန်းမီတာ ငါးဆယ်ရှိကြောင်း ခန့်မှန်းမိခဲ့သည်။

 

“အာ့ထောင် နင် ကျင်းကျီယွီခွိုက်ဟင်းပွဲချက်ပြုတ်နည်းကို တကယ်သိလား” အကြီးဆုံးမရီးရှန်းက ယုံကြည်မှုပြည့်ဝနေတဲ့ ကျီကျောက်ကိုကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

 

“တကယ်တော့ ဒီဟင်းက ချက်ရတာ မခက်ပါဘူး” ကျီကျောက်က ပြုံးပြီး ပြန်ဖြေသည်။ “အကြီးဆုံးမရီး စိတ်မပူပါနဲ့။ ကျွန်မ သေချာပေါက် ချက်ပြုတ်ပေးနိုင်ပါတယ်။”

 

“’ချီမင်အနုပညာစာအုပ်’ ထဲမှာ ဒီဟင်းပွဲကို မှတ်တမ်းတင်ထားတယ်” ရှန်းယောင်က ရုတ်တရက် ပြောသည်။ “ကျင်းကျီယွီခွိုက်ဟင်းပွဲမှာ လိမ္မော်ခွံတွေ အများကြီး ထည့်ထားမယ်ဆိုရင် တင့်တယ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရွှေဝါရောင်နဲ့ လိုက်ဖက်ညီအောင် ပြောင်းဆန်တွေ ထည့်သွင်းပြီး အရောင်အဆင်း ပြီးပြည့်စုံစေကာ အရသာကို ပိုချိုအောင် လုပ်ကြတယ်။”

 

“ဟုတ်တယ်။ တကယ်တော့ ဒီဟင်းပွဲရဲ့ အဓိကရည်ရွယ်ချက်က သူ့ရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ပါဝင်တယ်။ ပါဝင်ပစ္စည်း ခုနစ်မျိုးလုံးက လုံးဝ မရှိမဖြစ် လိုအပ်တယ်” ကျီကျောက်က ရှန်းယောင်၏ ရှင်းပြချက်ကို ခေါင်းညိတ်သဘောတူပြီး သူ့ကို ပိုလို့တောင် သဘောကျသွားခဲ့သည်။ ဗဟုသုတပြည့်စုံတဲ့သူတွေက သေချာပေါက် အရမ်းချစ်ဖို့ကောင်းလွန်းတယ်။

 

“ဒီဟင်းပွဲပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်း ခုနစ်မျိုး လိုအပ်တယ်။ ဒါပေမယ့် အခု မီးဖိုချောင်ထဲမှာ ပါဝင်ပစ္စည်း တစ်မျိုး လစ်ဟာနေတယ်” ကျီကျောက်က စားသောက်ဆိုင်ရဲ့ လက်ထောင်ဆိုင်ရှင်ကို ရုတ်တရက် ပြုံးပြလိုက်သည်။ “ဒီဟင်းပွဲက စားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှုးရဲ့ အထူးဟင်းပွဲ ဖြစ်တာကြောင့် အဲဒီပါဝင်ပစ္စည်းက ခေါင်းဆောင်စားဖိုမှုးရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းပဲ ဖြစ်လိမ့်မယ်။ အဲဒီပါဝင်ပစ္စည်းကို ပေးဖို့ ခေါင်းဆောင်စားဖိုမှုးကို လက်ထောက်ဆိုင်ရှင်က ကျေးဇူးပြုပြီး မေးပေးနိုင်မလား။”

 

ဆိုင်နောက်ဖေးမှာ အနားယူနေတဲ့ စားဖိုမှုးတုန်တစ်ယောက် နှာချေမိသွားခဲ့သည်။

 

နောက်တော့ လက်ထောက်ဆိုင်ရှင်က သူ့ဆီ ရောက်လာခဲ့သည်။

 

အဖြစ်အပျက်ကို နားလည်သွားပြီးနောက် စားဖိုမှုးတုန်သည် မီးဖိုချောင်ဆီသို့ အမြန်ထွက်လာခဲ့သည်။

 

ကျီကျောက်ကိုတွေ့တော့ သူ ရယ်မောမိခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။

 

“လက်ထောက်ဆိုင်ရှင် ဒီကောင်မလေးကို တကယ်ယုံကြည်လား။”

 

“စားဖိုမှုးတုန် ကျင်းကျီယွီခွိုက်ဟင်းပွဲကို ချက်ပြုတ်ဖို့အတွက် ပါဝင်ပစ္စည်း ခုနစ်မျိုး လိုအပ်တယ်။ ရှင် လျှို့ဝှက်ထားတဲ့ ပါဝင်ပစ္စည်းက အဖြူရောင်ဆိုတဲ့ စကားလုံးနဲ့ စတာဖြစ်လိမ့်မယ်…” ကျီကျောက်က ရုတ်တရက် စကားစပြီးနောက် ရုတ်ခြည်း ရပ်တန့်လိုက်သည်။

 

“မင်းက ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေမယ်လို့ ငါတကယ်မထင်ထားမိဘူး၊ ကောင်မလေး”

 

“စားဖိုမှုးတုန်က ကျွန်မကို မြှောက်ပင့်လွန်းရာကျနေပါပြီ” ကျီကျောက်က ပြုံးလိုက်သည်။ “အစ်ကိုကြီးက လက်ထောက်ဆိုင်ရှင်နဲ့ အမြဲလိုလို ဆက်ဆံရေးကောင်းတဲ့အတွက် ကျွန်မက လက်ထောက်ဆိုင်ရှင်ရဲ့ အရေးပေါ်ပြဿနာကို ကူညီဖြေရှင်းပေးချင်တာပါ။”

 

“ကောင်းပါပြီ” သူမ၏ ရှင်းပြချက်ကို ကြားတော့ စားဖိုမှုးတုန်က သဘောကျစွာပြုံးပြီး သူ့အင်္ကျီလက်ထဲက အဖြူရောင် ကြွေပုလင်းလေးကို ထုတ်ပေးလိုက်သည်။ “ဒါကို စမ်းကြည့်၊ ဒါပေမယ့် အထဲက ပါဝင်ပစ္စည်း ပမာဏက ဟင်းပွဲ တစ်ပွဲစာပဲ လုံလောက်တယ်။”

 

ကျီကျောက်က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။ သူမ၏ လက်တွေကို ဆေးကြောပြီးနောက် ဒီနာမည်ကြီးဟင်းပွဲ စတင်ဖန်တီးခဲ့သည်။

 

ကျီကျောက်သည် ရေစည်ထဲမှ အနေတော်အရွယ် ငါးတစ်ကောင်ကို ထုတ်ယူလိုက်ပြီး အကြေးထိုး၊ အရိုးဖယ်၊ အရေခွံခွာပြီး ငါးကို ဆေးကြောသန့်စင်ကာ တုံးတစ်လိုက်သည်။

 

သူမ၏ ပျော့ပျောင်းသော လှုပ်ရှားမှုများကို မြင်လိုက်ရတော့ စားဖိုမှုးတုန်၏ မထီမဲ့မြင်အကြည့်တွေက လေးစားသည့်အကြည့်တွေအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

 

ငါးတစ်လွှာချင်းစီသည် ပုစဉ်းရင်ကွဲကဲ့သို့ ပါးလွှာပြီး ငါးအသားလွှာလေးများသည် အထူးတလည် လှပသည်။

 

ထို့နောက် ကျီကျောက်သည် ဟင်းပွဲတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများကို စတင်ထည့်သွင်းခဲ့သည်။

 

ကျင်းကျီယွီခွိုက်ဟင်းပွဲကို ချက်ပြုတ်ရာတွင် အရေးအကြီးဆုံး အဆင့်မှာ ကျင်းကျီဆော့စ်ကို မည်သို့ပြင်ဆင်ရမည်ကို လေ့လာသင်ယူရန် ဖြစ်သည်။