Ch 49
Viewers 12k

အခန်း (၄၉) - အရမ်းကောင်းတယ်

 

ကျင်းကျီဆော့စ်ကို ပြုလုပ်ရန် မခက်ခဲပါ။ အရေးကြီးဆုံးအချက်မှာ ဟင်းခတ်အမွှေးအကြိုင်တွေ၏ အချိုးအစားနှင့် ပမာဏကို မှန်ကုန်စွာ ရောစပ်နိုင်ရန်ပင် ဖြစ်သည်။

 

ချီမင်အနုပညာစာအုပ်တွင် ချက်ပြုတ်နည်း၏ အသေးစိတ်လုပ်ဆောင်ပုံကို မိတ်ဆက်ပေးထားပါသည်။ လိုအပ်သော ပါဝင်ပစ္စည်း ခုနစ်မျိုးမှာ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဇီးဖြူသီးမှုန့်၊ လိမ္မော်ခွံ၊ သစ်အယ်သီးအသားနှင့် ဆန်တို့ ဖြစ်သည်။

 

၎င်းတို့အနက် ဇီးဖြူသီးမှုန့် ပြုလုပ်တာက အခက်ခဲဆုံး ဖြစ်လေ၏။ ဇီးဖြူသီးမှုန့်ပြုလုပ်ရန် ဇီးဖြူသီးများကို ဆားရေထဲတွင် တစ်ညစိမ်ပြီး နောက်တစ်နေ့တွင် နေလှန်းရသည်။ ဤကဲ့သို့ အကြိမ်ပေါင်း ဒါဇင်များစွာ ထပ်ခါတလဲလဲ ပြုလုပ်ပြီးမှ ဟင်းပွဲတွင် အသင့် အသုံးပြုနိုင်သော ဇီးဖြူသီးကို ရရှိသည်။

 

ကျီကျောက်သည် ပါဝင်ပစ္စည်းအားလုံးကို တစ်ခုပြီး တစ်ခု ပြင်ဆင်ပြီးနောက် ငါးအသားလွှာတစ်ဝက်ကို ရွေးချယ်ကာ ပြုတ်လိုက်သည်။

 

“မင်း ဒီဟင်းပွဲကို ပြင်ဆင်ပြီးပြီပဲ။ ဘာဖြစ်လို့ ငါးကို ပြုတ်လိုက်ရတာလဲ။ အရသာကို မပျက်စီးသွားစေဘူးလား” စားဖိုမှုးတုန်က သူမရဲ့ အပြုအမူကိုမြင်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

 

ကျီကျောက်က အပြုံးဖြင့် ရှင်းပြခဲ့သည်။ “ကျင်းကျီယွီခွိုက်ဟင်းပွဲကို အစိမ်းစားတာ သို့မဟုတ် ချက်ပြုတ်စားတာ နှစ်မျိုးလုံး စားလို့ ရပါတယ်။ ဒါပေမယ့် ဒါက စားသုံးသူပေါ် မူတည်တယ်။ တကယ်လို့ စားသုံးသူက အစာအိမ်အားနည်းသူဆိုရင် ကျင်းကျီယွီခွိုက်ကို ပြုတ်စားတာက အကောင်းဆုံးပါပဲ။”

 

တကယ်တော့ ကျင်းကျီယွီခွိုက်လို့ခေါ်တဲ့ ဟင်းပွဲက ဆာရှီမီဖြစ်၏။

 

ဒီဟင်းပွဲ၏ အဓိကစမ်းသပ်ချက်မှာ ဓားရေးကျွမ်းကျင်မှုနှင့် ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သည်။

 

“ငါ သိပြီ” စားဖိုမှုးတုန်သည် ဉာဏ်အလင်းပေါက်သွားခဲ့သည်။ ထို့နောက် သူက “ကလေးမလေးရဲ့ ဆရာက ဘယ်သူလဲဆိုတာ ကျွန်တော် သိနိုင်မလား” ဟု နှိမ့်ချစွာ မေးလိုက်သည်။

 

“ကျွန်မအဖိုးက ဟင်းချက်ကောင်းတယ်၊ ဒါကြောင့် ကျွန်မ ငယ်ငယ်လေးကတည်းက အဖိုးရဲ့ အရိပ်တွေ လွှမ်းမိုးခဲ့တာပါ” ကျီကျောက်က ပေါ့ပေါ့တန်တန် ဆင်ခြေပေးပြီးနောက် အပြစ်ရှိဟန်ဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။

 

“အခု မင်းအဖိုး ဘယ်ရောက်နေလဲဆိုတာ မေးလို့ရမလား။”

 

“ကျွန်မရဲ့ အဖိုးက ဆုံးပါးသွားခဲ့ပါပြီ” ကျီကျောက်က မျက်လွှာချပြီး တိုးတိုးလေး ပြောလိုက်သည်။

 

“ဒါက… ငါ တကယ်တောင်းပန်ပါတယ်။”

 

စားဖိုမှုးတုန်က အမြန် တောင်းပန်လိုက်သည်။

 

ကျီကျောက်သည် စားသောက်ဆိုင်အတွက် ကြီးမားသော အကျိုးကျေးဇူးကို ပြုခဲ့လေသည်။ လက်ထောက်ဆိုင်ရှင်က သူမကို ကျေးဇူးတင်တဲ့အနေဖြင့် ရှန်းမိသားစုမှ လာရောက်ရောင်းချသော ငါးတွေ အကုန်လုံးကို ချက်ချင်းလက်ခံခဲ့၏။

 

ငွေ ဆယ့်ငါးချောင်း ရရှိ၏။

 

ရှန်းတာ့ရှန်သည် သူ့၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ငွေကို သူ့အိပ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။

 

မုန့်ဆိုင်ကို ပြန်ရောက်ပြီးနောက် အကြီးဆုံးမရီးရှန်းသည် ရှန်းတာ့ရှန်ကို ကုန်ပစ္စည်းများ ဝယ်ယူရန် အနီးနားရှိ ဈေးကို ခေါ်ဆောင်သွားခဲ့သည်။

 

ရှန်းယောင်သည် ကျီကျောက်ကို အိမ်နောက်ဖေးရှိ မီးဖိုချောင်ထဲသို့ ခေါ်သွားခဲ့သည်။

 

“ဘာ… ဘာဖြစ်လို့လဲ” ကျီကျောက်က အကြောင်းပြချက်မရှိဘဲ အပြစ်ရှိသလို ခံစားရပြီး ထိတ်လန့်စွာ မျက်တောင်ခတ်လိုက်သည်။

 

“ကျွန်တော့်ကို မင်းလက်ပြကြည့်”

 

“ဟင်” ဘာကြောင့်လဲဆိုတာ သူမ နားမလည်ပေမယ့် ကျီကျောက်သည် သူမလက်တွေကို နာခံစွာ ဆန့်ထုတ်ပေးလိုက်သည်။

 

ရှန်းယောင်သည် သူမ၏ လက်ချောင်းပေါ်ရှိ ဒဏ်ရာကို သေသေချာချာ စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းခဲ့သည်။ “မင်းလက်ချောင်းမှာ ပြတ်ရှဒဏ်ရာရှိနေတာကို ဆားနဲ့ တိုက်ရိုက်ထိတွေ့လိုက်သေးတယ်။ မင်း မနာဘူးလား။”

 

“အင်း… နည်းနည်းလေးတော့ နာနေပုံရတယ်” ကျီကျောက်က သူမ၏ လက်ချောင်းတွေမှာ ဒဏ်ရာရှိနေသေးတာကို အခုမှ သတိရသွားခဲ့သည်။

 

ရှန်းယောင်က သူမလက်ကို ညင်သာစွာ ဆွဲယူလိုက်ပြီး သူမ၏ ဒဏ်ရာကို ကုသပေးပြန်သည်။

 

“… ကျေးဇူးပါ” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။

 

“အဖိုးကျီက ဘယ်တော့မှ ဟင်းမချက်ဖူးဘူးလို့ ကိုယ်ကြားဖူးတယ်” ရှန်းယောင်က သူမ ပြောခဲ့တဲ့ လိမ်ညာမှုကို ရုတ်တရက် ထုတ်ဖော်လာခဲ့ပြီး တိုးတိုးလေး မေးလိုက်သည်။ “မင်းက ဟင်းကောင်းကောင်း ချက်ပြုတ်တတ်ရုံသာမကဘဲ ကိုယ်ခံပညာရပ်တွေလည်း တတ်ကျွမ်းနေပုံရတယ်။”

 

ဒီမနက် ရေကန်မှာ သူမဟာ သူမထက် အရပ်မြင့်တဲ့ ရှန်းလန်ကို လှုပ်ရှားမှု တစ်ခုတည်းနဲ့ အနိုင်ယူလိုက်နိုင်သည်။

 

ဒါက ရှန်းယောင်ကို အလွန်နက်ရှိုင်းသော ထင်မြင်ချက်ကို ချန်ရစ်ခဲ့သည်။

 

“ကျွန်မ…” ကျီကျောက်က စိတ်လှုပ်ရှားစွာ မျက်တောင်ခတ်ပြီး အပြုံးဖြင့် မေးမြန်းခဲ့သည်။ “ဒါက မဆိုးဘူးမလား။”

 

“တတိယလေး၊ အာ့ထောင် အချိန်မစောတော့ဘူး။ အိမ်ကို မြန်မြန်ပြန်ရအောင်” ရှန်းတာ့ရှန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

 

ကျီကျောက်က ရိုးရိုးရှင်းရှင်း တုံ့ပြန်လိုက်ပြီး ရှန်းယောင်ရှေ့မှ ဖြတ်ကာ အိမ်ရှေ့ခန်းကို ထွက်လာခဲ့သည်။

 

ရှန်းယောင်က သူမ၏ နောက်ကျောကိုကြည့်ပြီး တိတ်တဆိတ် ပြုံးလိုက်သည်။

 

အဲဒါ ကောင်းတာပဲ။

 

ကျောက်လန်ဟွာသည် ငါးရောင်းချတာ ငွေ ဆယ့်ငါးချောင်း ရရှိကြောင်း သိလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။

 

သူမကို ပိုလို့တောင် ပျော်ရွှင်သွားစေတာကတော့ သူမ၏ အဖိုးကြီးက သူမအတွက် ငွေဆံထိုး တစ်ချောင်းကိုတောင် ဝယ်ပေးခဲ့တာကြောင့်ပင် ဖြစ်၏။

 

“ရှင် ဘာဖြစ်လို့ ပိုက်ဆံကို ဒီလိုဖြုန်းတီးရတာလဲ” ကျောက်လန်ဟွာ အပြစ်တင်သလို ပြောလိုက်သော်လည်း သူမ၏ မျက်နှာပေါ်ရှိ အပြုံးတွေကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။

 

“လန်ဟွာ မင်းက အရမ်းလှတာပဲ” ရှန်းတာရှန့်က နုံအသော အပြုံးဖြင့် သူမကို ပြုံးရယ်ပြကာ ရုတ်တရက် စကားဆိုလိုက်သည်။