Ch 1
Viewers 1k

အပိုင်း (၁) တံခါးကို ပိတ်ထားတယ်

ရွှီရှောင်ကျောင်းနှင့် သူမရှေ့ကလူသည် အကြည့်ချင်းဆုံသည့် ပြိုင်ပွဲတစ်ခုကို လုပ်နေကြလေသည်။ သူမ၏ခေါင်းက အနည်းငယ် မူးနောက်နောက်ဖြစ်နေဆဲ။

နားမလည်တော့ဘူး။ အချိန်ဖြုန်းဖို့ စာအုပ်တစ်အုပ် ဖတ်နေခဲ့တာလေ။ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ စာအုပ်ထဲက ဇာတ်ကောင်တစ်ခု ဖြစ်လာတယ်တဲ့။ ဒါထက်ဆိုးတာက အမြောက်စာတစ်ယောက်တဲ့လေ။

ဇာတ်လမ်းအရဆိုရင် နောက်အခန်းက အသစ်စက်စက်  အသိအမှတ်ပြုထားတဲ့ သမီးအစစ် ဦးဆောင်တဲ့ လူအုပ်ကြီးတစ်ခုကြောင့် ငါနဲ့ စုန့်ဝေဖျင်တို့ အိမ်ထဲမှာ ပိတ်မိနေတဲ့အခန်းပဲ။ ငါ့သတို့သားလောင်းကလည်း စိတ်ပျက်သွားပြီး အားလုံးကလည်း ငါ့ကို အထင်သေးသွားကြမယ်။ ပြီးတော့ ငါကိုယ်တိုင်ကလည်း မြစ်ထဲခုန်ချပြီး ဘဝကို အဆုံးသတ်သွားတယ်။

စုန့်ဝေဖျင်၏အကြည့်ကို အာရုံခံမိလိုက်သဖြင့် ရွှီရှောင်ကျောင်းက သူမ၏အဝတ်အစားကို  ဟိုစမ်းဒီစမ်း လုပ်လိုက်လေသည်။ တော်ပါသေးရဲ့။ ငါတို့နှစ်ယောက် ဒီအတိုင်း အိပ်ပျော်သွားပြီး တခြားဘာမှ မဖြစ်ခဲ့လို့ပေပဲ။

ဒါဆိုရင်တော့ ငါ စိတ်ပူစရာ မလိုတော့ဘူး။ မူလဇာတ်ကြောင်းထဲမှာ စုန့်ဝေဖျင်က လုံးဝ လက်မထပ်ခဲ့သလို ဘာမက်မွန်ပွင့် ကောလာဟလမှလည်း မရှိခဲ့ဘူး။ ရွှီရှောင်ကျောင်းက တစ်ယောက်တည်း စဥ်းစားလိုက်လေသည်။ ဧကန္တ သူက မစွမ်းဆောင်နိုင်တာများလား။

“မင်း, ငါ”

သူက အနာဂတ် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်၊ ပြီးတော့ သူ ငယ်ငယ်တုန်းက သူ့ကို ဝံပုလွေပေါက်လေးလို့ ခေါ်ကြတာ ငါ သိသားပဲ။ သည်အချိန်တွင် စုန့်ဝေဖျင်သည်လည်း ဆွံ့အနေပုံပေါ်လေသည်။ သူ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်ကို မြင်လိုက်သည်တွင် ရွှီရှောင်ကျောင်း၏ စိတ်ထဲတွင် တခြားအတွေးများ ရောက်လာတော့သည်။

ငါက အရင်ကတည်း မိသားစုမှာဆို မင်းသမီးလေးတစ်ပါးပဲ။ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးပေါ့။ ငါ့ အကြီးဆုံးအစ်ကို နဲ့ အကြီးဆုံးအစ်မတို့ဆိုရင် နှစ်ယောက်လုံး စံပြဝန်ထမ်းတွေ။ ငါကတော့ ငါးဆားနယ်လေးတစ်ယောက်ပေါ့။ အကြီးဆုံးအစ်ကိုက ငါ့ကို ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာနေရာ စီစဥ်ပေးထားခဲ့တာ။ ငါက သုံးရက်လောက် ငါးမျှားပြီး နှစ်ရက်လောက် ပိုက်ကွန်ကို ပစ်ထားတတ်တဲ့သူမျိုး။ အနားယူတဲ့ဘဝကြီးကို ကြိုပြီးတော့တောင် ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနေရပြီးပြီလေ။ စားလိုက်၊ သောက်လိုက်နဲ့ ပျော်ပါးရုံပဲ။

ဒါပေမဲ့အခုတော့ ငါက ၇၀ခုနှစ်ဆီကို ရောက်ရသတဲ့။ ရုပ်ဝတ္ထုပစ္စည်းတွေ မရှိတာမပြောနဲ့အုံး အမျိုးသမီးတွေရဲ့ အခြေအနေက ပိုလို့တောင် ခက်ခဲသေးတယ်။ ငါသာ ဒီခေတ်မှာ လက်မထပ်ဘဲ နေမယ်ဆိုရင် အိမ်နီးချင်း အတင်းအဖျင်းပြောတတ်တဲ့ စတားတွေရဲ့ တံတွေးခွက်ထဲမှာ မျောရတော့မှာပဲ။ ငါက ဂရုမစိုက်ပါဘူးဆိုရင်တောင် တခြားလူတွေရဲ့ စပ်စုတတ်တဲ့အကျင့်နဲ့ဆိုရင် စိတ်ရှုပ်ရလွန်းလို့ သေသွားနိုင်တယ်။

ဒါပေမဲ့ ငါ့ရှေ့မှာ အိမ်ကြီးအိမ်ကောင်းတစ်ခု ရှိနေတယ်လေ။

တစ်ယောက်က မစွမ်းဆောင်နိုင်တဲ့သူ။ ပြီးတော့ နောက်တစ်ယောက်က လက်မထပ်ချင်တဲ့သူ။ အတူတူနေလိုက်ရင် သူတို့လိုချင်တာ ရသွားပြီပဲ။ ငါတို့တွေက တခြားလူတွေရှေ့မှာတော့ လူငယ်စုံတွဲတစ်ခုပေါ့။ နောက်ကွယ်မှာတော့ အခန်းဖော်ကောင်းတွေ။ ပြီးတော့ ငါက သူဌေးကြီးတစ်ယောက်ရဲ့ ပေါင်ကြီးကို ဖက်ထားရမှာလေ။ ဒါက ရှေ့မှာ စီစဥ်ထားတဲ့ အနားယူရမဲ့ဘဝပဲ မဟုတ်လား။

ထိုသို့ စဥ်းစားလိုက်ပြီး ရွှီရှောင်ကျောင်းသည် စိတ်အေးသွားတော့သည်။ သူမ၏မျက်ရည်များက တစက်စက် စီးကျသွားလေသည်။ ခုနက သူမသည် ကြောက်လွန်းသဖြင့် မငိုနိုင်ခဲ့ပေ။ အလွန်ကြောက်ရွံ့နေရသည့်နှယ်။

စုန့်ဝေဖျင်က အနည်းငယ် တည်ငြိမ်သွားသယောင်။

“ငါ ဘယ်သူ့ကိုမှ မပြောပါဘူး၊ မင်း တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို သက်သက် လာရှာလိုက်၊ သွားကြမယ်”

စုန့်ဝေဖျင်သည် မျက်ခုံးများတွဲကျနေရင်း ထရပ်လိုက်လေသည်။ သူက မြန်မြန် အိပ်ရာသိမ်းလိုက်ပြီး သူမကို လောဆော်လိုက်သည်။

သူသည် ဆိုးဝါးသည့်အခြေအနေမျိုးတွင် တစ်ဖက်လူကို အခွင့်အရေးယူတတ်သူတစ်ယောက် မဟုတ်ပေ။

ရွှီရှောင်ကျောင်းက တစ်ခုခု ပြောမည်ပြင်လိုက်စဥ် တံခါးအပြင်ဘက်တွင် ဆူညံသံတစ်ခု ထွက်လာတော့သည်။

“မကြီးရှောင်ကျောင်း၊ မမ အထဲမှာလား”

ဒီအသံ။ ရွှီရှောင်ကျောင်းသည် ခန့်မှန်းကြည့်ရန်ပင် မလိုချေ။ ဒါ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ညီမလေးလို့ခေါ်တဲ့ ရွှီယန်ယန်ပဲ ဖြစ်ရမယ်။ အော်နေတဲ့လေသံထဲက ပျော်နေတဲ့ခံစားချက်ကြီးကို ဖုံးကွယ်မထားနိုင်ပါ့ပဲ။

ချက်ချင်းဆိုသလို ရွှီရှောင်ကျောင်း၏ စိတ်ထဲတွင် ဒေါသများ ပေါက်ထွက်သွားတော့သည်။ ရွှီယန်ယန်သာ ဒီလို ဗွေမဖောက်ခဲ့ရင် မူလခန္ဓာကိုယ်ပိုင်ရှင်လည်း သေရမှာမဟုတ်ဘူး။ ငါလည်း ဒီနေရာလွတ်ကို လာဖြည့်ပေးရမှာမဟုတ်ဘူး။

သူမက မျက်ဝန်းများထဲတွင် မျက်ရည်များနှင့် စုန့်ဝေဖျင်ကို ကြည့်လိုက်ကာ

“အခု ငါ နင့်ကို တောင်းဆိုစရာရှိတယ်၊ နင် ငါ့ကို ကူညီပေးရမယ်”

စုန့်ဝေဖျင်က သူ့မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး

“ငါက ဘယ်လို ကူညီပေးရမှာလဲ”

“နင့်ကျန်တဲ့ဘဝမှာ လက်ထပ်ဖို့ အစီအစဥ် မရှိဘူးမလား”

ရွှီရှောင်ကျောင်းက သူမ၏မျက်ရည်များကို သုတ်ပစ်လိုက်သည်။ စုန့်ဝေဖျင်၏ မသိမသာ တအံ့တဩ ဖြစ်သွားသည့် မျက်နှာထားကို တွေ့လိုက်ရသဖြင့် သူမစိတ်ထဲတွင် ခေါင်းညိတ်မိလိုက်လေသည်။ ဒါဆို မှန်နေတာပဲ။

“တကယ်တော့ ငါလည်း ဒီလို အတွေးရှိတယ်၊ ဒါပေမဲ့ နင် သိပါတယ်၊ ဒါက လုံးဝလက်တွေ့မကျဘူးလေ၊ တခြားအကြောင်းအရင်းကို ဘေးချိတ်ထားအုံး၊ လူကြီးတွေက ရှိသေးတယ်။ သူတို့ကို ရှင်းပြဖို့ လုံးဝမဖြစ်နိုင်ဘူး”

စုန့်ဝေဖျင်၏ မိဘများသည် ဆုံးပါးသွားကြပြီဖြစ်သည်။ သူ့ကို ပျိုးထောင်ပေးခဲ့သည့် အဘွားတစ်ယောက်သာ ကျန်တော့သည်။ သူမကလည်း အချိန် သိပ်မကျန်တော့ပေ။ သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ သူမ၏မြေးလေးအတွက် ဇနီးတစ်ယောက် လက်ထပ်ပေးဖို့ရန်သာ။ ရွှီရှောင်ကျောင်းက မြွေခေါင်းအောက်ဘက် ခုနှစ်လက်မကို ပစ်မှတ်ထားလိုက်ခြင်းပင် (အားနည်းချက်ကို ပစ်မှတ်ထားလိုက်တယ်)။ စုန့်ဝေဖျင်က သူ့စိတ်ကို သိသွားသလို တုံ့ပြန်လာသည်ကို တွေ့လိုက်ချိန်တွင် သူမက ထပ်ပြောလိုက်လေသည်။

“ငါတို့နှစ်ယောက် ဟန်ဆောင်စုံတွဲတစ်တွဲလို အတူတူနေကြမယ်ဆိုရင် ဘယ်လိုလဲ”

စုန့်ဝေဖျင်သည် အများကြီး တွေ့ကြုံခဲ့ရဖူးသည်ဟု ခံစားလိုက်ရချိန်တွင်ပင် သူသည် ခဏလောက် ဆွံ့အသွားသည်မှာကတော့ မလွဲပင်။

တံခါးအပြင်တွင် ရွှီယန်ယန်က နောက်ဆုံးအချိန်အထိ ဟန်ဆောင်နေဆဲ။

“ဒီမနက် ညီမလေး နိုးလာပြီး မကြီးကို ပညာတတ်လူငယ်တွေနေရာမှာ လာရှာသေးတယ်၊ မမက တစ်ညလုံး ပြန်မလာဘူးလို့ ကြားတယ်၊ ညီမလေးလည်း ရွာထဲက လူတိုင်းကို မေးခဲ့ပေမဲ့ ဘယ်သူကမှ မမကို မတွေ့ခဲ့ဘူးတဲ့၊ စုန့်ဝေဖျင်ရဲ့အိမ်တစ်အိမ်ပဲ ကျန်တော့တာ”

သည်စကားထွက်လာသည်နှင့်တစ်ပြိုင်နက် လူများ၏ စိတ်ကူးကို ချက်ချင်း လှုံ့ဆော်လိုက်တော့သည်။

“အို စုန့်လူလေးက ဒီလိုမကောင်းတဲ့စိတ်ကူးမျိုးတွေ မရှိနိုင်ပါဘူး”

“မဖြစ်သင့်တာပါ၊ ရွှီရှောင်ကျောင်းက ပညာတတ်လူငယ်လေး ဟန်ကွမ်းဟွေ့နဲ့ တွဲနေတာမလား”

“ရွှီရှောင်ကျောင်းက ပညာတတ်လူငယ်မိန်းမလှလေးတစ်ယောက်ပဲ၊ နာမည်လည်း ကြီးပါ့၊ ကျစ် ကျစ် ... သူသာ သူ(မ)နဲ့ တကယ်လက်တွဲခဲ့ရင် သူက ကံကောင်းတဲ့ကောင်လေးတစ်ယောက်ပဲ”

ရွှီယန်ယန်က ခြေဆောင့်လိုက်ပြီး

“ဒီမယ်၊ ရှင်တို့တွေ ကျွန်မရဲ့အစ်မကို နာမည်မဖျက်ကြနဲ့နော်၊ ကျွန်မ ဝင်သွားပြီး တစ်ချက်လောက် သွားကြည့်လိုက်အုံးမယ်”

သူမသည် စိတ်ထဲတွင်တော့ ဂုဏ်ယူနေလေသည်။ ဒီလောက်ဆေးတွေ အများကြီးသောက်ထားမှတော့ အဲနှစ်ယောက် အခုထိ အိပ်ရာထဲမှာပဲ ရှိနေမှာ သေချာတယ်။ ဟွန့်။ ဒီတစ်ခါတော့ ပန်းကို နွားချေးပုံထဲ စိုက်ထားသလို ဖြစ်တော့မယ်။ အစ်ကိုကွမ်းဟွေကတော့ ဒီတစ်ခါ ဒီကိစ္စကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူး။ သူက သူမရဲ့လူပဲ ဖြစ်လာလိမ့်မယ်။

“ငါ နင့်အဖွားအပေါ်လည်း သိတတ်ပြီး သူ့ကြီးရင့်တဲ့ဘဝကို အေးအေးချမ်းချမ်း နေလို့ရအောင် လုပ်ပေးမယ်လေ”

ရွှီရှောင်ကျောင်းက မက်လောက်စရာအကောင်းဆုံး အခြေအနေတစ်ခုကို ထည့်ပြောလိုက်တော့သည်။

သူမသည် ပါးပေါ်တွင် တွယ်ရစ်နေသည့် မျက်ရည်များကို သုတ်ပစ်လိုက်ပြီး ဆွံ့အနေသည့် စုန့်ဝေဖျင်ကို စဥ်းစားဖို့ အချိန်တစ်ခု ပေးလိုက်ကာ

“ဒီကိစ္စကို အရင်စဥ်းစားထားလိုက်၊ ငါ ရွှီယန်ယန်ကို သွားရှင်းလိုက်အုံးမယ်၊ ငါ့ကြောင့် နင့်ကို ဆွဲထည့်မိတယ်လို့ စဥ်းစားလို့ရတယ်၊ နင် ထွက်လာစရာမလိုဘူး၊ ငါ ကြည့်ရှင်းလိုက်မယ်”

သူမ အခန်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ရင်း အသံမြင့်ကာ ပြန်ဖြေလိုက်လေသည်။

“လာပြီ၊ လာပြီ၊ ဘယ်သူလဲ”

ပိတ်စခန်းဆီးတစ်ခုကို ဖြတ်ကာ တည့်တည့်ထွက်သွားလိုက်ပြီး နံရံပေါ်က ချိတ်ထားသည့် အဝတ်စကို လှမ်းယူလိုက်ကာ ခါးတွင် ပတ်လိုက်၏။ စဥ်းနှီတုန်းဘေးက ပုံးကြီးထဲမှ ပြောင်းဆန်မှုန့်နည်းနည်းကို လှမ်းဆုပ်လိုက်ပြီး အဝတ်စပေါ်တွင် သုတ်လိုက်လေသည်။ ထို့နောက် သူမက တံခါးဆီသို့ လျှောက်သွားလိုက်တော့သည်။

“ဒါ တကယ်ပဲ ရွှီရှောင်ကျောင်းရဲ့အသံလား”

“အိုက်ယိုး အိုက်ယိုး ဒီတစ်ခါတော့ ပြဇာတ်ကောင်းတစ်ခု ကြည့်ရတော့မှာပဲ”

အံ့သွားသည့်အရိပ်တစ်ခုက ရွှီယန်ယန်၏မျက်လုံးထဲတွင် ဖျတ်ခနဲ လင်းသွားတော့သည်။ သူတို့နှစ်ယောက် စောင်ထဲမှာပဲ ရှိနေအုံးမှာ။ သူတို့တွေ လုပ်နေတဲ့ပုံကို ဖမ်းဖို့ လူတွေကို အခန်းထဲ ခေါ်ဝင်သွားချင်နေပြီ။

သူတို့တွေ ဒီလူတွေကြောင့် နိုးသွားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ရပါတယ်လေ။ ဘယ်လိုပဲ အလျင်လိုနေနေ နှစ်ယောက်လုံးက ဖရိုဖရဲဖြစ်နေကြမှာပဲ။ အဲဒါထက် သူမက တစ်ညလုံး ပြန်မလာခဲ့ဘူးလေ။ ဒီပြဇာတ်ကို အလွှတ်ခံလို့ မဖြစ်ဘူး။ သူမက ထိုသို့ စဥ်းစားလိုက်ပြီး သူမ၏အသံက ပိုပြီး ဝမ်းနည်းလာလေသည်။ တံခါးအဖွင့်ကို မစောင့်တော့ဘဲ သူမက စပြီး ငိုယိုတော့သည်။

“မကြီးရှောင်ကျောင်း ဘာလို့ ဒီလိုလုပ်ရက်တာလဲ၊ မမ ၊ အစ်ကိုဟွမ်းဟွေ့ကတော့ ဝမ်းနည်းတော့မှာပဲ၊ ဘယ်လိုလုပ်ကြမလဲလို့”

ရွှီရှောင်ကျောင်းသည် စိတ်ထဲတွင် ဒေါသမီးတောက်တစ်ခု ပေါက်ထွက်လာသလို ခံစားလိုက်ရတော့သည်။ သူမက ဒေါသထွက်ထွက်နှင့် တံခါးကို ဖွင့်လိုက်ပြီး

“လာပြီ၊ လာပြီ၊ ငါ့ကို ပြောစမ်းပါ၊ ဘာကို ဘယ်လိုလုပ်ကြမှာလဲ”

ရွှီယန်ယန်သည် သည်စကားများကြောင့် အလန့်တကြား နောက်တွန့်သွားတော့သည်။ သူမ၏ အားနည်းကာ ကူကယ်ရမဲ့နေသည့် တုံ့ပြန်ပုံကြောင့် ရွှီရှောင်ကျောင်းမှာ စိတ်ထဲတွင် မဲ့ရွဲ့မိတော့သည်။ ပန်းဖြူလေးတစ်ပွင့်လို့ ဟန်ဆောင်နေတယ်ပေါ့။ ရွံဖို့ကောင်းလိုက်တာ။ သူ့ကြောင့်သာ မဟုတ်ရင် ငါ့မှာ ငါးဆားနယ်မင်းသမီးလေးလိုပဲ ဆက်နေရအုံးမှာ။ သူမသည် ရွှီယန်ယန် အပြောကို စောင့်မနေတော့ဘဲ

“ယန်ယန် နင်နဲ့အတူတူ ဒီလူအုပ်ကြီးတစ်ခုကို ခေါ်လာပြီး ဘာလုပ်ချင်နေတာလဲ၊ အဘွားစုန့်က ကျန်းမာရေး မကောင်းဘူး၊ သူ အခုထိ အိပ်နေတုန်း၊ မနက်စောစောစီးစီး အားလုံးက ဒီလိုအော်ဟစ်ငိုယိုနေကြတာ မသိရင် နင့်ကို သေမတတ် ဖျားနေတယ် ထင်ကြတော့မယ်၊ ဘာလဲ၊ ဒီလူတွေက ဆရာဝန်တွေလား၊ သူတို့တွေက နင့်ကို ကုပေးနိုင်လား၊ ဒါမှမဟုတ် စုန့်ဝေဖျင်ရဲ့အိမ်မှာ ထူးဆန်းတဲ့ဆေးတစ်မျိုး ရှိနေလို့လား၊ ဒါကြောင့် နင်က အကူအညီ လာတောင်းတာလား”

ရွှီယန်ယန်သည် သူမ၏လည်ချောင်းထဲတွင် ဆို့နစ်သွားပြီး ကြို့ထိုးလာတော့သည်။ သူမသည် ချက်ချင်းဆိုသလို ပြောမည့်စကားကိုပင် မေ့သွားတော့သည်။

ကြည့်ရှုနေသူများက ရွှီရှောင်ကျောင်း၏ စကားကို နားထောင်ရင်း သူတို့စိတ်ထဲက လူပြိန်းအတွေးများသည်လည်း ပျောက်ကွယ်သွားတော့သည်။ ကိစ္စ ကြီးသွားအောင်လုပ်လည်း ဂရုမစိုက်ကြသည့် ကြည့်ရှုသူများက သူတို့အသံကို မြှင့်ကာ မေးလိုက်၏။

“ရဲဘောရှောင်ကျောင်း၊ ယန်ယန်က နင့်ကို ရှာမတွေ့ဘူးလို့ ပြောလို့ ငါတို့တွေ အတူတူ လာရှာကြတာ၊ အဟဲဟဲ ရှာပေးမလို့ပါ”

ရွှီယန်ယန်၏အတွးရထားက လမ်းကြောင်းပေါ် ပြန်ရောက်လာပြီး

“မကြီးရှောင်ကျောင်း မမ အထင်လွဲနေပြီ၊ ညီမလေးက မမကို စိတ်ပူလို့ပါ၊ မနေ့ညက မမ ပညာတတ်လူငယ်များနေရာကို ပြန်မလာဘူးလေ၊ ညီမလေးလည်း တစ်ရွာလုံးကို ပတ်ရှာခဲ့ပေမဲ့ မမကို ရှာမတွေ့ခဲ့ဘူး၊ မမ တစ်ခုခု ဖြစ်မှာ စိုးရိမ်သွားတာ၊ ဒါကြောင့် လူနည်းနည်း ခေါ်လာခဲ့တာ၊ မမ... မမက စုန့်ဝေဖျင်ဘေးမှာ တစ်ညကုန်ဆုံးခဲ့မယ်လို့ မထင်ခဲ့မိဘူး၊ မမ အစ်ကိုကွမ်းဟွေကို မေ့သွားပြီလား”

ရွှရှောင်ကျောင်းက မဲ့ရွဲ့လိုက်ပြီး

“နင့်ရဲ့ ဘယ်မျက်လုံးက ငါ ဒီမှာ ညအိပ်ခဲ့တာ မြင်တာလဲ၊ ယန်ယန် ငါ နင့်စိတ်ကို သေသေချာချာ မြင်ရတယ်နော်၊ ဒီကမ္ဘာကြီးမှာ ခြေသုံးချောင်းဖားတွေကို ရှာရခက်ပေမဲ့ ခြေနှစ်ချောင်းနဲ့ ယောက်ျားတွေကတော့ အများကြီးပဲ၊ နင် အဲဒီ ပုပ်ဟောင်နေတဲ့ဟာကြီးကို လိုချင်ရင် ယူသွားလို့ရတယ်၊ ဒါပေမဲ့ ငါ့ကိုတော့ လာမရှုပ်နဲ့”

ရွှီယန်ယန်သည် သူမကို သတ္တိများပေးလျှင်တောင် ဆေးခပ်ခဲ့သည့်အကြောင်းကိုတော့ ထုတ်မပြောရဲပေ။ ရွှီရှောင်ကျောင်း လုပ်မည့်ကိစ္စက ရွှီယန်ယန်ကိုယ်တိုင် သူ့ကိုယ်သူ ရေဆိုးများ ပြန်ပက်မိအောင်လုပ်ရန်ပင်။ ရွှီယန်ယန်၏ခေါင်းပေါ်သို့ သွေးရေများ လောင်းချနိုင်လျှင်တော့ အကောင်းဆုံးပင်။

“ကျောက်ရှောင်ကျောင်း၊ နင် ဘာပြောလိုက်တယ်”

ရွှီရှောင်ကျောင်း စကားမဆုံးခင်မှာပင် ဒေါသထွက်နေသည့် ယောက်ျားသံတစ်ခုက ဖြတ်ပြောလိုက်လေသည်။

“အိုး ကွမ်းဟွေ ရောက်လာတာပဲ”

“အလို သူတို့နှစ်ယောက် လက်ထပ်ဖို့ စီစဥ်နေတယ်လို့ ငါ ကြားမိတာပဲ”

“ငါ့အထင်တော့ အဲကိစ္စက အခု အချည်းနှီး ဖြစ်သွားပြီထင်တာပဲ၊ ဒီလိုပဲ ဖြစ်မှာပဲ၊ ရဲဘော်ရှောင်ကျောင်းက ပညာတတ်လူငယ်တစ်ယောက် မဟုတ်တော့ဘူးလေ၊ သူက ငါတို့ရွာက ကလေးတစ်ယောက် ဖြစ်သွားပြီ၊ ဒါက အိမ်ကို ကလေး မှားယူလာမိတာမလား၊ ယန်ယန်အပေါ် သူ့အဖေရဲ့ စိတ်အားထက်သန်နေတဲ့ ပုံကိုလည်း ကြည့်အုံး၊ သူတို့တွေက ယန်ယန်ကို မှတ်သွားလိမ့်မယ်၊ ရဲဘော်ရှောင်ကျောင်းကတော့... ပြောရခက်ပါတယ်”

“ကျစ်.. ဟန်ကွမ်းဟွေခေါင်းပေါ်က အရောင်က”

ရွှီယန်ယန်သည် ထိုစကားများကို ကြားလိုက်ချိန်တွင် ဝမ်းသာသွားသည့် စိတ်လှိုင်းတစ်ခုကို ခံစားလိုက်ရတော့သည်။ ဟန်ကွမ်းဟွေက နီးကပ်လာသည်ကို ကြည့်ရင်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ၃ဒီဂရီလောက် ပျော့ပြောင်းသွားပြီး သူမ၏အသံက အားနည်းကာ အလွယ်တကူ အနိုင်ကျင့်လို့ရဟန် ဖြစ်လာတော့သည်။

“အစ်ကို ကွမ်းဟွေ၊ ညီမ.. မကြီးရှောင်ကျောင်းက လူငယ်နေရာကို တစ်ညလုံးပြန်မလာဘူးထင်လို့ ဒီအတိုင်း စိတ်ပူသွားတာပါ၊ ဒါကြောင့် ညီမ ပတ်ပြီး မေးခဲ့တာ၊ သူက စုန့်ဝေဖျင်ရဲ့အိမ်က ထွက်လာတယ်တဲ့၊ မကြီးရှောင်ကျောင်းကို မမုန်းလိုက်ပါနဲ့နော်၊ မမနဲ့ စုန့်ဝေဖျင်ကြားမှာ သေချာပေါက် ဘာမှဖြစ်မှာမဟုတ်ပါဘူး”

ဟန်ကွမ်းဟွေသည် ထိုစကားကို ကြားလိုက်ချိန်တွင် သူ့အသက်ရှူသံက ပိုပြီးလေးပင်လာကာ

“ကျောက်ရှောင်ကျောင်း၊ မင်းမှာ အရှက်ရော ရှိသေးရဲ့လား”

သူက ရွှီယန်ယန်၏လက်မောင်းကို အသာအယာပုတ်ပေးလိုက်ပြီး

“ယန်ယန် မငိုနဲ့နော်၊ မငိုနဲ့၊ အစ်ကိုကွမ်းဟွေ ရှိတယ်၊ သူ ညီမက ထက်ပြီး ရန်လုပ်ရဲမှာမဟုတ်ဘူး”

ရွှီရှောင်ကျောင်းသည် တစ်ယောက်က ရှက်နေပြီး တစ်ယောက်က သိမ်မွေ့ပြနေသည့် သူမရှေ့က လူနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူမက လက်ကိုမြောက်ကာ လက်ခုပ်တီးလိုက်ပြီး

“အိုး ကြည့်စမ်း၊ မသိတဲ့သူဆိုရင် သူတို့တွေကို စုံတွဲတွေလို့ ထင်သွားကြတော့မှာပဲ၊ နင်တို့နှစ်ယောက်ပဲ ချစ်စကား ကြိုက်စကားတွေ ပြောလိုက်ကြပါတော့လား၊ အဲဒီအစား ငါ့ရှေ့ပြေးလာပြီး ငါ့ရှေ့မှာ ဟန်ဆောင်နေကြသေးတယ်၊ ရွံဖို့ကောင်းလိုက်တာ”

ဟန်ကွမ်းဟွေသည် နင်သွားပြီး

“ရှောင်ကျောင်း၊ နင် ဘာပေါက်ကရတွေ ပြောနေတာလဲ၊ ငါတို့က စေ့ထားတာလေ၊ အရှက်မရှိ ငါနဲ့ ယန်ယန်ကို ပြန်ပြီး နာမည်ဖျက်နေတာ နင်ပဲ”

ရွှီယန်ယန်သည် ဖြူဆုတ်သွားတော့သည်။ သူမက ဟန်ကွမ်းဟွေကို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာက ပန်းရောင်သန်းသွားတော့သည်။ သူမက ခေါင်းငုံ့ထားလိုက်ပြီး မျက်လွှာချထားလိုက်ကာ

“မကြီးရှောင်ကျောင်း ညီမလေး တခြားဘာမှ မစဥ်းစားထားပါဘူး၊ ညီမလေးက အစ်ကိုကွမ်းဟွေကို ညီမလေးရဲ့ခဲအိုတစ်ယောက်လို့ သတ်မှတ်ထားတာပါ”

သူမ၏ စကားလုံးများနှင့် အမူအရာက ရှိနေသည့်လူများကို တစ်ခုခု မှားနေသည်ဟု ထင်သွားစေတော့သည်။ အစကတော့ သူတို့တွေက ကျောက်ရှောင်ကျောင်း အရှက်ကွဲမှာကို စောင့်ကြည့်နေကြတာလေ။  အခုတော့ သတင်းကြီးတစ်ခုကို မတော်တဆ ရှာတွေ့သွားခဲ့တာပဲ။ သူတို့ဘေးက လူများသည် ပိုပြီး စိတ်လှုပ်ရှားလာကြတော့သည်။

“ဒါ... ခဲအိုနဲ့ ခယ်မတွေလား”

“အို မဖြစ်နိုင်ပါဘူး”

“ဒါက လူ့ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား”

“ကျောက်ရှောင်ကျောင်း”

ဟန်ကွမ်းဟွေက နီရဲသွားပြီး သူကလည်ပင်းက ပြည့်ကျပ်လာပြီး

“တခြားလူတွေအပေါ် သွေးတွေ အန်ထုတ်မနေနဲ့”

ရွှီရှောင်ကျောင်းက အေးစက်စက်က နှာခေါင်းရှုံ့လိုက်ပြီး

“လုပ်တော့လုပ်ရဲပြီး ဝန်မခံရဲဘူးလား၊ ဟန်ကွမ်းဟွေရယ်၊ နင် လုပ်နိုင်တာ ဒါအကုန်ပဲပေါ့လေ၊ ငါ မသိဘူးလို့ ထင်မနေနဲ့၊ ရွာနောက်ကျောက မြေဖို့ဆည်ကြီးရဲ့ ကျောက်တုံးကြီးအောက်မှာ နင် သစ္စာနဲ့ရေးထားတဲ့ စာက မဆွေးသေးဘူးနော်၊ ပူပူနွေးနွေးပဲ ရှိသေးတယ်”

ပြီးတော့ ရွာအရှေ့ဘက်အစွန်နားက ဟွိုင်ပင်ကြီးရဲ့  အခေါင်းပေါက်ထဲမှာလည်း ရှိသေးတယ်၊ ဆံပင်နဲ့ ချည်ထားတဲ့ နင့်နာမည်ရေးထားတဲ့ စာငယ်လေးတစ်စောင်လည်း ရှိသေးတယ်”

“ပန်းကန်ထဲက ဟာလည်း စားတယ်၊ ပြီးတော့ အိုးထဲက ဟာကိုလည်း ကြည့်ချင်နေသေးတယ်၊ ဟန်ကွမ်းဟွေ နင့်ကိုယ်နင် မှန်ထဲ ပြန်မကြည့်မိဘူးလား၊ နင်က တန်လို့လား”

မျက်နှာများ ဖြူဆုတ်နေသော်လည်း ဟန်ကွမ်းဟွေနှင့် ရွှီယန်ယန်တို့သည် ဇွဲကောင်းနေကြဆဲ။

“ကျောက်ရှောင်ကျောင်း၊ နင် .. နင် ..”

“ငါက ဘာဖြစ်လဲ၊ ငါ မှားလို့လား၊ ဒါမှမဟုတ် ငါ့ကို ဘာသက်သေမှ မရှိဘဲ လူတွေကို အလကားသက်သက် စွပ်စွဲတတ်တဲ့ ရွှီယန်ယန်လိုများ ထင်နေတာလား၊ ငါ အားလုံးကို သက်သေပြဖို့ ခေါ်သွားမယ်လေ ဘယ်လိုလဲ”

ရွှီယန်ယန်က အော်ဟစ်လိုက်တောသည်။

“မလုပ်နဲ့”

ကောင်းပါလေ့။ ဒီစကားက ရွှီရှောင်ကျောင်း ပြောသည့်စကားကို အတည်ပြုပေးလိုက်တော့သည်။ အားလုံးက ထိုကိစ္စကို ယုံကြည်ရမလို၊ မယုံကြည်ရမလို ယိမ်းယိုင်နေကြလေရာ သည်တုံ့ပြန်ပုံကို တွေ့လိုက်ရပြီးနောက် သူတို့သည် ထိုကိစ္စကို ယုံကြည်သွားကြတော့သည်။

“ကျစ် ကျစ်... ဒါက လူ့ရဲ့မျက်နှာကို သိနိုင်ပေမဲ့ သူတို့ရဲ့ အတွင်းစိတ်ကို မသိနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဟုတ်ပါ့၊ ရဲဘော်ဖြစ်တော့ရော ဘာအရေးလဲ၊ စာရိတ္တပျက်ပြားနေတာကို”

“ယန်ယန်က သူ့မိဘအရင်းတွေကို မှတ်မိသွားပြီး ပညာတတ်လူငယ်များနေရာကို မကြာမကြာသွားပြီး နေ့တိုင်း ဟန်ကွမ်းဟွေနဲ့ သွားလာနေတယ်လို့ ပြောတုန်းရှိသေး၊ သူမှာ ဒီလိုစိတ်ကူးရှိနေတာကိုး”

“နင့်အစ်မရဲ့လက်တွဲဖော်ကို ခိုးနေတာပဲ၊ နင် ဒီလို လုပ်ရက်မယ်လို့ ယုံတောင် မယုံနိုင်ဘူး ယန်ယန်ရယ်”

ရွှီရှောင်ကျောင်းက လက်ယမ်းပြလိုက်ပြီး

“မဟုတ်ဘူး ဦးလေး၊ အဲလို မပြောပါနဲ့၊ ရဲဘော်ဟန်ကွမ်းဟွေက ကျွန်မရဲ့လက်တွဲဖော် မဟုတ်ပါဘူး၊ ဦးလေးလည်း သိသားပဲ၊ နောက်ဆုံးတစ်ခေါက် ကျွန်မ မိဘတွေနဲ့ သူ့မိဘတွေ လာကြတုန်းက ပြဿနာတစ်ခု ဖြစ်သွားသေးတယ်၊ အဲဒီအချိန်ကစပြီး ကျွန်မက ရွာက ကလေးပဲ၊ ဟန်ကွမ်းဟွေရဲ့အမေက ကျွန်မကို အစောကြီးကတည်း သီးသန့်လာရှာခဲ့ပြီးပြီ”

သူမသည် ဟန်ကွမ်းဟွေကို ကြည့်လိုက်ပြီး

“နင်က နင့်ဟန်မိသားစုဟောင်းကြီးရဲ့ အသက်သွေးကြောပဲ၊ နင့်မိဘတွေက မိသားစုမျိုးဆက်ကို ဆက်ထိန်းဖို့ နင့်ကို အားကိုးထားတာ၊ ငါ့လို့ ကျေးရွာက အိမ်ထောင်စုစာရင်းဝင်တစ်ယောက်က နင့်လို မြို့ကြီးသားတစ်ယောက်နဲ့ ထိုက်တန်နိုင်ပါ့မလား၊ နင့်အမေက ငါ့ကို ကိုယ့်ဟာကိုယ် ပြန်စဥ်းစားဖို့ ပြောခဲ့ပြီးပြီ”

“ငါလည်း အစောကြီးကတည်း အဖြေရသွားပါပြီ၊ ဟန်ကွမ်းဟွေ ငါက နင့်စရိုက်နဲ့ မထိုက်တန်ဘူး၊ ငါတို့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ဖို့ ငါ့မိဘတွေကို စာရေးပြီး ပြောပြီးသွားပြီ၊ အခုချိန်ကစပြီး နင်နဲ့ နင့်ရဲ့ ရွှီယန်ယန်တို့ အတူတူနေပြီး ပျံသန်းလို့ရပါပြီ”

သူမသည် အိမ်ပြန်ရောက်ပြီးနောက် သည်စာကို ချက်ချင်း ရေးရလိမ့်မည်။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ဒီလို ပုပ်သိုးနေတဲ့ ယောကျ်ားတစ်ယောက်ကြောင့် ကိုယ့်ဟာကို မြစ်ထဲ ခုန်ချသွားတယ်တဲ့။ တကယ့်ကို မတန်လိုက်တာ။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး

“ဟန်ကွမ်းဟွေ နောက်ပိုင်းကျရင် ကျေးဇူးပြုပြိး ငါနဲ့ ဘာမှ လာမပတ်သက်ပါနဲ့၊ ငါ စုန့်ဝေဖျင်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီးပြီ၊ ငါ သူ့အတွက် မနက်စာ လာလုပ်ပေးတာ၊ နင် တာဝန်မဲ့တဲ့ စကားတွေ လာပြောရမဲ့ နေရာမဟုတ်ဘူး”

သူမက ရွှီယန်ယန်ကို ထပ်ကြည့်လိုက်ပြီး

“တချို့လူတွေကတော့ ဒီအတိုင်းကို အရှက်မရှိတာပါ၊ ငါ မမြင်နိုင်တဲ့ အဲဒီကိစ္စတွေကို ဘယ်သူမှ မသိဘဲ လုပ်ခဲ့တာလို့ ထင်မနေနဲ့၊ နောက်ပိုင်း နင် ငါ့ကို ကလိမ်ကကျစ် အတွေးတွေ သုံးဖို့ စိတ်ကူးရဲရင် စိတ်ကူးကြည့် ငါ သူ့ကို အရင်ဆုံး အရှက်ကွဲအောင် လုပ်ပေးလိုက်မယ်”

ရွှီရှောင်ကျောင်းက တစ်ခုခု ပြောချင်သေးသော်လည်း ကျွီခနဲမြည်သံတစ်ခု ထွက်လာခဲ့သည်။ တံခါးကို ပိုပြီးကျယ်ကျယ် ဆွဲဖွင့်လိုက်လေသည်။ စုန့်ဝေဖျင်က မျက်နှာသေနှင့် လျှောက်ကာ ထွက်လာခဲ့သည်။ ညှို့မှိုင်းသည့်  အကြည့်တစ်ခုဖြင့် သူက ဟန်ကွမ်းဟွေနှင့် ရွှီယန်ယန်တို့ကို ကြည့်လိုက်၏။ သူတို့၏ မျက်နှာများကို တဖန် ဖြူဆုတ်သွားစေတော့သည်။

“ထွက်သွား”

 ...