Ch 24
Viewers 1k

အပိုင်း (၂၄) ကျောင်းကျောင်း

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ကိုယ်နှင့်ကပ်သွားပြီး အပြင်က လှုပ်ရှားမှုကို နားထောင်လေသည်။

“သူတို့တွေ ဖြတ်သွားတာနဲ့ ငါတို့ ထွက်သွားကြမယ်နော်”

လူနှစ်ယောက်၏အသံက ပိုပြီးနီးကပ်လာလေသည်။ သူမသည် စုန့်ဝဖျင်ကို လေသံဖြင့်ပြောလိုက်၏။

သို့သောငြား ထိုနှစ်ယောက်က သူတို့ဘေးက ကောက်ရိုးပုံကြီးကို ရွေးလိုက်ကြတော့သည်။

“လာ လာ  မိန်းမ၊ ဒီကောက်ရိုးပုံက ကြီးတယ်၊ အထဲက အပေါက်ကလည်း အကြီးကြီးပဲ၊ ဝင်လာခဲ့”

“မလာချင်ပါဘူး”

“ဒီမှာ ကိုယ်တို့နှစ်ယောက်ပဲ ရှိတာလေ၊ ဘာလို့ အဲလောက်ရှက်နေတာလဲ၊ ကိုယ့်အချစ်လေးရယ် မြန်မြန်ဝင်လာပါ”

အမလေး။ ငါတို့ကို ကယ်ကြပါအုံး။

ရွှီရှောင်ကျောင်း၏ဦးရေပြားမှာ ထုံကျဥ်သွားတော့သည်။

အရမ်းနီးနေတယ်။ ငါတို့နှစ်ယောက်သာ ထွက်သွားလိုက်ရင် ကောက်ရိုးပေါ် နင်းလိုက်တာနဲ့ သူတို့တွေ သေချာပေါက် ကြားသွားတော့မှာပဲ။

ဒီအတွေးနဲ့တင် ရှက်ဖို့ကောင်းနေပြီ။

ဒါမှမဟုတ် ငါတို့တွေ ထွက်ပြေးကြမလား။

ဟာကွာ။ ဘာလုပ်ရမှာလဲ။

အဓိကအချက်မှာ ဘေးက ညစ်ညမ်းစကားများက စတင်ပြောဆိုချိန်မှာပင် သူတို့သည် ဘာလုပ်ရမည်မသိ ဖြစ်နေကြခြင်းပင်။

“မိန်းမ အရမ်းမွှေးတာပဲ၊ မင်းယောကျ်ားကတော့ ဒါကို သေမလောက် တကယ်ချစ်မိနေပြီကွာ”

“အိုး မထိပါနဲ့၊ အိမ်မှာ မလုံလောက်သေးဘူးလား။၊ ရှင် ကျွန်မကို အပြင်မှာတာင် အနိုင်ကျင့်ချင်နေတာပဲ”

“ကိုယ့်မိန်းမပဲဟာ ကိုယ်လုပ်ချင်တာ လုပ်မှာပေါ့၊ ပြီးတော့ မိန်းမလည်း အရမ်းပျော်နေတဲ့ဟာကို၊ လာပါ၊ ကိုယ့်ကို ပေးနမ်းပါအုံး”

ရွှီရှောင်ကျောင်းသည် အော်ဟစ်ပစ်လိုက်ချင်တော့သည်။ ဒါကို ဘာလို့ခေါ်တာလဲ။ ပိုးစုန်းကြူးလေး ထွက်ဖမ်းပါတယ် လေထန်တဲ့တိုက်ပွဲနဲ့ တိုးပြန်ခဲ့ရတယ်ဆိုသလိုပဲ။

ပိုဆိုးတာက ငါ့မှာ တဝက်အထိုင်လိုက်ကြီး။ ပင်ပန်းလိုက်တာဟယ်။

“စုန့်ဝေဖျင် ငါ့ခြေထောက်တွေ ကျဥ်နေပြီ”

သူမက စုန့်ဝေဖျင်ကို တိုးတိုးလေး ပြောလိုက်လေသည်။

စုန့်ဝေဖျင်ကလည်း သည်လိုအခြေအနေမျိုးကို အရင်က မကြုံခဲ့ဖူးချေ။ သူသည် အခိုက်တန့် အနည်းငယ် ငုတ်တုတ်မေ့သွားတော့သည်။ ရွှီရှောင်ကျောင်း၏ခြေထောက်က ကျဥ်နေသည်ဟု ကြားလိုက်ရချိန်တွင် သူက မသိမသာလှုပ်လိုက်ပြီး သူ့ခြေထောက်များကို ဆန့်ပေးလိုက်ကာ ရွှီရှောင်ကျောင်းကို ခြေထောက်ပေါ် ထိုင်ဖို့ အချက်ပြလိုက်လေသည်။

ရွှီရှောင်ကျောင်းက သူ့ပေါင်ပေါ် ဂရုတစိုက် ခွထိုင်လိုက်လေသည်။ စိုးရိမ်စိတ်လှုပ်ရှားကာ သူမက သက်ပြင်းကို မှုတ်ထုတ်လိုက်တော့သည်။ တော်ပါသေးရဲ့။ အပေါက်က မြက်နုတွေနဲ့ ကွယ်နေပြီး သူတို့ရဲ့လှုပ်ရှားမှုက ဆူညံသံအရမ်းမထွက်လို့ပဲ။

သို့သော် အပြင်ဘက်က အသံက လုံးဝ အထိန်းအသိမ်းမရှိပေ။ သူမက မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ့ရှေ့သို့ မှီထားလိုက်ကာ

“ဟဲ့ ဘာလုပ်ကြမလဲ၊ စောင့်မှာလား၊ စောင့်ရမှာလား”

စုန့်ဝေဖျင်က သူ့နောက်ကျောက ကောက်ရိုးပုံပေါ်သို့ လက်နှစ်ဖက်လုံးကို ထောက်ထားလိုက်သည်။ သူက သူမ ပြောလိုက်သံကို ကြားလိုက်သောအခါ အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။  “ဟုတ်ပြီ”

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ အင်္ကျီကြယ်သီးများကို ဆုပ်ထားပြီး သူမ၏မျက်လုံးများကို မှိတ်ထားကာ တိတ်တိတ်လေး ရေရွတ်နေတော့သည်။ မြန်မြန်။ မြန်မြန်။ မြန်မြန်လုပ်ပါဟ။

သို့သော် တခြားဘက်က လူများက သူမ၏ဆုတောင်းသံကို လုံးဝမကြားနိုင်ပေ။

အမျိုးသမီး၏အသက်ရှူသံက ပိုပိုပြီး ဖရိုဖရဲဖြစ်လာလေသည်။ သူမ၏အသံက ချိုသည်ထက်ကို ပိုလွန်းနေကာ

“ရှင် ဘာတွေလုပ်နေတာလဲ၊ ကျွန်မရဲ့နှုတ်ခမ်းတွေ ပျက်ကုန်ပြီရှင့်”

ယောကျ်ား၏အသံက ပိုပြီးတိမ်ဝင်လာကာ

“နှုတ်ခမ်းနီဆိုးထားတာ ကိုယ်စားဖို့အတွက်ပေါ့၊ အိမ်မှာ မိတ်ကပ်တွေ ပေါင်ဒါတွေ အချိန်အကြာကြီးလိမ်း၊ အဝတ်အစားတွေလဲပြီး ဆံပင်တွေဖြီးလိမ်းထားတာ ကိုယ်ကြည့်ဖို့အတွက်ပဲ မဟုတ်ဘူးလား၊ မင်း ပြင်ဆင်နေတာကို ကြည့်ရင်းနဲ့တောင် ကိုယ့်မှာ ရူးလောက်အောင် အသဲတယားယား ဖြစ်နေတာ၊ စောစောက ရုပ်ရှင်ပြနေတုန်းက ကိုယ့်စိတ်နဲ့ မျက်လုံးထဲမှာ  မင်းလေးပဲရှိတာ”

အမျိုးသမီး၏အသံက ရေလို ပျော့ပျောင်းသွားပြီး

“ရှင်ဟာလေ အရမ်းဆိုးတာပဲ၊ ကျွန်မ ပြင်ဆင်တာ ရှင့်အတွက်ပေါ့လို့၊ ရှင် ကြည့်ဖို့ ပြင်ဆင် ဝတ်စားထားတာ၊ ကျွန်မ လိုချင်၊ ကျွန်မ  အဲဒါကို လုပ်ချင်တယ်လေ”

ထိုနောက်တွင်တော့ ရေစီးသံတစ်ခု ထွက်လာတော့သည်။

ရွှီရှောင်ကျောင်း၏ဦးရေပြားမှာ တဖန်ကျဥ်တက်သွားတော့သည်။ သူမ၏အာရုံကို ပြောင်းဖို့ရန် တစ်ခုခုကို စဥ်းစားချင်လိုက်သည့် အခိုက်လေးတွင် သူမက အမော့အကြည့် စုန့်ဝေဖျင်၏ တောက်လောင်နေသည့်မျက်လုံးများကို တွေ့လိုက်ရတော့သည်။

ပိုးစုန်းကြူးများက ပုလင်းထဲတွင် ကခုန်နေသည်။ ပိုးစုန်းကြူး၏ အလင်းက မတောက်သော်လည်း စုန့်ဝေဖျင်၏မျက်လုံးများက အနည်းငယ် ပူလောင်နေသယောင်။

ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် သူမ၏နှလုံးသားလည်း စည်းချက်လွဲသွားတော့သည်။ သူမ၏ရင်ဘတ်က အကြောင်းတချို့ကြောင့် ပြင်းပြင်းထန်ထန် စတင် ခုန်ပေါက်လာတော့သည်။ သူမ၏ လည်ချောင်းကလည်း အနည်းငယ်ခြောက်နေသလို ခံစားလိုက်ရလေသည်။ စုန့်ဝေဖျင်၏ စူးရှသည့်အကြည့်အောက်တွင် သူမက သူ့နားသို့ ကပ်သွားလိုက်ပြီး

“စုန့်... စုန့်ဝေဖျင် ငါ မဟုတ်ဘူးနော်, ငါ နင့်အတွက်... နင်ကြည့်ဖို့အတွက် ဝတ်စားထားတာ မဟုတ်ဘူးနော်”

သူမ၏ စိုးရိမ်လှုပ်ရှားနေမှုကြောင့် သူမ၏အသံက အနည်းငယ်တုန်ယင်နေလေသည်။ သူမ၏ ရှူထုတ်လိုက်သည့်လေက သူ့လည်ပင်းကို ဖြတ်တိုက်သွားတော့သည်။

စုန့်ဝေဖျင်က သူ့လက်ထဲက မြက်ခြောက်ကို ဆုပ်ထားပြီး တင်းနေအောင် ကိုင်ထားလိုက်ကာ

“အင်း”

အစပိုင်းတွင် အစောပိုင်းက စိတ်လှုပ်ရှားမှုကြောင့် သူမသည် နှစ်ဘက်လုံးက မတွေ့ဆုံမိအောင်သာ အာရုံစိုက်ထားခဲ့လေသည်။ ရွှီရှောင်ကျောင်းသည် သူမဘက်က အခြေအနေကို အာရုံမစိုက်ခဲ့မိချေ။ သူမသည် အခုမှသာလျှင် သတိထားမိတော့သည်။

သူတို့နှစ်ယောက်၏ ကိုယ်အနေအထားက အလွန်မှ ဒွိဟဖြစ်စရာပင်။

အမလေး။ ဟိုဘက်က ရထားငယ်လေးကတော့ တဝီဝီမြည်နေပြီ။ သူမသည် မိတ်ဆွေအနေဖြင့် ပိုပြီးသေချင်စိတ် ပေါက်သွားတော့သည်။

သူမသည် စုန့်ဝေဖျင်ရှေ့မှ ပျောက်ကွယ်သွားချင်စိတ် ဖြစ်သွားချိန်တွင် လက်တစ်စုံက သူမ၏နားကို အုပ်ထားပေးလိုက်သည်။

“နားမထောင်နဲ့” စုန့်ဝေဖျင်က ညင်ညင်သာသာ ပြောလိုက်၏။

ရွှီရှောင်ကျောင်းမှာ ရုတ်တရက် စိတ်အေးသွားကာ အသက်ရှူနိုင်သွားတော့သည်။ နားကို အုပ်ထားတော့ အများကြီး မကြားရတော့ဘူး။ စုန့်ဝေဖျင်က အရမ်းဖြတ်ထိုးဉာဏ်ကောင်းတာပဲ။

သူမလည်း လက်ကို အလျင်အမြန်ပင့်လိုက်ကာ စုန့်ဝေဖျင်၏နားကို အုပ်ထားပေးလိုက်ပြီး

“နားမထောင်နဲ့ ငါတို့တွေ ခဏနေပြန်ရတော့မှာ”

ရွှီရှောင်ကျောင်းက မျက်လုံးများကို မှိတ်ထားလိုက်ပြီး တရားထိုင်နေလိုက်ကာ သူမတွင် ဘာလိုအင်ဆန္ဒမှ မရှိဘဲ သူမကို လုံးဝသက်ရောက်လိမ့်မှာမဟုတ်ကြောင်း ဖော်ပြထားလိုက်သည်။

သို့သော် ထိုအရာကလည်း ခဏအကြာတွင်တော့ အလုပ်မဖြစ်တော့ချေ။ အကြောင်းမှာ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေသောကြောင့်ပင်။ ငါလေးကို ဘယ်လိုလုပ်ပြီး မသက်ရောက်ပဲ နေမှာလဲ။

နားတွေကို အုပ်ထားရင်တောင် ကြားနေရတဲ့ ခပ်ရေးရေးအသံတွေက ငါ့ကို ပိုပြီးတော့တောင် ဆိုးလာစေသေးတယ်။

စုန့်ဝေဖျင်က တတ်နိုင်လား မတတ်နိုင်လားတော့ ငါ မသိဘူး။ ငါတော့ အကောင်းအတိုင်းလေ။ အသက် ၂၀အရွယ် ကျန်းမာရေးကလည်း ကောင်းတယ်။ ဒီလောက်ပွင့်ထွက်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်သံကို ကြားနေမှတော့ ငါ့ခန္ဓာကိုယ်တစ်ခုလုံးက ထူးဆန်းသလို ခံစားရပြီပေါ့။

သူမသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ အပြင်ဘက်က ပြတ်တောင်း ပြတ်တောင်းအသံက သူမ၏ပါးစပ်ကို ခြောက်သွေ့လာစေတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် သူမ၏မျက်လုံးများမမှိတ်လိုက်ခင် ဖျတ်ခနဲမြင်လိုက်ရသည့် စုန့်ဝေဖျင်၏ မျက်နှာက အရသာရှိလာလေသည်။ သူ့မျက်နှာက သူမ၏စိတ်ထဲတွင် ပိုပိုပြီး ထင်ရှားလာခဲ့သည်။

သူသည် ရုပ်ရည်ချောမောပြီး မျက်လုံးနက်နက်၊ နှာတံမြင့်မြင့် နှင့် နမ်းရှိုက်ဖို့ရာသင့်တော်သည့် နှုတ်ခမ်းပါလေးတစ်စုံကို ပိုင်ဆိုင်ထားလေသည်။

သည်နေရာ၏ ပတ်ဝန်းကျင်တွင် အလွန်မှ ပူလောင်လာတော့သည်။ ရွှီရှောင်ကျောင်းမှာ အသက်ရှူရန် ခက်ခဲသလို ခံစားလိုက်ရတော့သည်။

ရုတ်တရက် စုန့်ဝေဖျင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းလာခဲ့သည်။ သူက သူမ၏ခါးကို သိုင်းဖက်ထားလိုက်ပြီး သူမကို ရင်ခွင်ထဲတွင် ဖက်ထားလိုက်လေသည်။ သူက သူမကို တိမ်ဝင်နေသည့် ရှရှတတလေသံဖြင့် ခေါ်လိုက်တော့သည်။

“ကျောင်းကျောင်း”

“အင်း”

ရွှီရှောင်ကျောင်းက ကိုယ်တိုင်ပင် မသိလိုက်သည့် ချွဲနွဲ့လှသည့်လေသံတစ်ခုဖြင့် အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။

သူမ၏ပျော့ပျောင်းနေသည့် စိတ်အခြေအနေမှ ပြန်သတိဝင်လာပြီး လေသံတိုးတိုးဖြင့် တအံ့တဩ ရေရွတ်မိတော့သည်။

ငါ့လက်က စုန့်ဝေဖျင်ရဲ့နားကို အုပ်ထားရာကနေ ဘာလို့ သူ့လည်ပင်းကို သိုင်းဖက်ထားရတာတုံး။ မသိစိုက်ကနေပြီးတော့ ပွတ်သပ်ပြီးတောင် နေလိုက်သေးတယ်။

အမလေးဟဲ့။ ငါ့လက်က သူ့ကိုယ်ပိုင်အသိတွေရှိနေတာပဲ။

သူမက သူ့ကို မြန်မြန် တွန်းလိုက်ပြီး မတ်မတ်ထိုင်လိုက်လေသည်။

“စုန့်...စုန့်ဝေဖျင်”

စုန့်ဝေဖျင်က သူမခါးကို ဖက်ထားသည့်သူ့လက်ကို လျှော့ပေးလိုက်သည်။ ကျန်လက်တစ်ဖက်ကတော့ ဖိအားကြောင့် သွေးကြောများ ထောင်တက်လာတော့သည်။ သူ့အသံက ထိန်းမရအောင် တိုးညင်းနေပြီး ရှရှတတဖြစ်နေလေသည်။

“သူတို့ ပြန်သွားပြီ”

ဟင်း။ အချိန်တွေအများကြီး ကုန်သွားတယ်။ အရိုင်းဆန်တဲ့တိုက်ပွဲဝင်သူတွေလည်း ပြန်သွားကြပြီ။

ရွှီရှောင်ကျောင်းသည် သည်အကြောင်းကို ကြားလိုက်ချိန်တွင် သူမသည် သူ့ပေါင်ပေါ်က မြန်မြန်ထလိုက်ပြီး

“ဒါဆို ငါ...ငါ အရင်ထွက်နှင့်မယ်နော်”

သူမသည် ကောက်ရိုးပုံ အပေါက်ဝထဲက ထွက်လာသည်နှင့် လေပြေလေးက ဖြတ်တိုက်သွားလေသည်။ ရွှီရှောင်ကျောင်းသည် နောက်ဆုံးတော့ တည်ငြိမ်သွားတော့သည်။ သူမက ညည်းညူသံတစ်ချက်နှင့် မျက်နှာကို အုပ်ထားလိုက်လေသည်။ ငါ ဘာလုပ်ခဲ့တာတုန်းဟဲ့။ စုန့်ဝေဖျင်ကို ကိုယ်ထိလက်ရောက်.... ကိုယ်ထိလက်ရောက် စော်ကားခဲ့တာလား။

ဒါကြောင့် စုန့်ဝေဖျင်က ငါ့ကို ဖက်ထားတာလား။

ဟင့်။ ငါတို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ အခန်းဖော်ဆက်ဆံရေးကတော့ ပျက်စီးပါပြီဟယ်။ ရွှီရှောင်ကျောင်းသည် သူမ၏လက်များကို ကြည့်လိုက်လေသည်။ နင်တို့တွေ ဘာလို့  အဲလောက်တောင် စကားနားမထောင်ကြတာလဲဟဲ့။ သူမ၏မျက်နှာပေါ်က ပူလောင်သည့်ခံစားချက် ပျောက်ကွယ်သွားချိန်တွင်တော့ သူမက ဣန္ဒြေပြန်ဆည်လိုက်ပြီး

“စုန့်ဝေဖျင် နင် ဘာလို့ ထွက်မလာသေးတာလဲ”

တချွတ်ချွတ်မြည်သံတစ်ခု ထွက်လာခဲ့သည်။ စုန့်ဝေဖျင်၏အသံ ထွက်လာ၏။ သူက ထွက်လာပြီး ကိုယ်ကို မတ်လိုက်ကာ

“ခုနက ငါ့ခြေထောက်တွေ ကျဥ်နေလို့”

ရွှီရှောင်ကျောင်းက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်လေသည်။ ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တာပေါ့။ ငါ သူ့ပေါင်ပေါ်မှာ အဲလောက်အကြာကြီး ထိုင်နေခဲ့တာဆိုတော့ ခြေထောက် ကျဥ်နေမှာပဲ။.

“ဒါဆို မြန်မြန် အိမ်ပြန်ရအောင်”

စိတ်လှုပ်ရှားစရာကို လိုက်ရှာနေတဲ့သူ တစ်ယောက်ယောက်နဲ့များ ထပ်မတွေ့ရအောင်လို့လေ။ ဒီလိုအတွေ့အကြုံမျိုးကိုတော့ ဒီဘဝမှာ ဘယ်တော့မှ ထပ်ပြီးမတွေ့ချင်တော့ဘူး။

စုန့်ဝေဖျင်က သူမကို သူ့လက်ထဲက ပိုးစုန်းကြူးပုလင်းကို လှမ်းပေးလိုက်ပြီး

“အင်း၊ အိမ်ပြန်ကြမယ်”

လမ်းတစ်လျှောက်တွင် ရွှီရှောင်ကျောင်းသည် ဘာတစ်ခွန်းမှ မပြောလျှင် အလွန် ရှက်စရာကောင်းသည်ဟု ခံစားရဖြင့် အပြန်ပြန် အလှန်လှန် ရုန်းကန်နေရတော့သည်။

“စုန့်ဝေဖျင် ခုနက နင် ငါ့ကို ဘာလို့ဖက်ထားတာလဲ” သူမက အရင်ဆုံး တိုက်ခိုက်ဖို့ ပြင်လိုက်တော့သည်။

စုန့်ဝေဖျင်က သူ့နှုတ်ခမ်းများကို တင်းထားလိုက်ပြီး

“ခြေထောက်ကျဥ်လို့ အနေအထားပြောင်းတာ”

စုန့်ဝေဖျင် ငါ့ကို ဖက်ထားတုန်းက သူ့ခြေထောက်ကို ကွေးလိုက်တာ ခံစားမိလိုက်တယ်။ သူ ငါ့ကို လိမ်နေတာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ငါက ဘာလို့ သူ့ကို သွားထိတာတဲ့တုန်း။

“စုန့်ဝေဖျင် ငါ ခုနက နင့်ကို ထိမိတာလေ၊ တမင်လုပ်တာ မဟုတ်ဘူးနော်။ ငါ့စိတ်တွေ ခဏလောက် လွတ်သွားလို့”

ဝူး။ ငါမှ အရက်မသောက်ထားဘဲနဲ့ ဘယ်လိုလုပ်ပြီး စိတ်လွတ်သွားတာ ဖြစ်ပါ့မလဲ။ ပြီးတော့ ငါ့လက်တွေက တိုက်တိုက်ဆိုင်ဆိုင်ကို စကားနားမထောင်တာလေ။ သူတို့တွေက တဖက်လူရဲ့လည်ပင်းကိုတောင် ချိတ်ထားပြီး ပွတ်သပ်လိုက်သေးတယ်တဲ့။ စုန့်ဝေဖျင်ရယ် နင် ဒီလိုရှင်းပြတာကို လက်ခံလိုက်တာ ပိုကောင်းမယ်။ ငါ တခြားအကြောင်းပြချက် မစဥ်းစားတတ်တော့ဘူးဟဲ့။

“အင်း”

ထိုစကားလုံးကို ကြားလိုက်ချိန်တွင် ရွှီရှောင်ကျောင်းသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။ အဆင်ပြေသွားပြီ။ ဒီအခန်းဖော်ကောင်းလေးရဲ့ စေတနာကို ငါ မှတ်ထားရလိမ့်မယ်။

“ဒါဆို... ဒါဆို ဒီနေ့ညဖြစ်ခဲ့တာကို မေ့လိုက်ပြီပေါ့နော်”

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်၏။ သူက သူမကို နွေးထွေးသည့် အသံတစ်ခုဖြင့် ကတိပေးလိုက်လေသည်။

“ဟုတ်ပြီ”

ဒီလိုဆိုရင်တော့ သူတို့တွေက ဒီအကြောင်း ဆွေးနွေးလို့ပြီးပြီလို့ မှတ်လို့ရသွားပြီ။ ရွှီရှောင်ကျောင်း၏ ခြေလှမ်းများက အနည်းငယ် ပိုပြီးပေါ့ပါးလာတော့သည်။

“စုန့်ဝေဖျင် ခုနကလေ အရမ်းရှက်ဖို့ကောင်းတာပဲ၊ အဲလောက်နောက်ကျနေပြီကို ငါတို့တွေက ဘာလို့ လူတွေနဲ့ တွေ့ခဲ့ရသေးတာလဲ”

သူတို့တွေက အဲလောက်အထိ နီးကပ်နေမယ်မှန်း သိခဲ့ရင် သူတို့လာတာနဲ့ ချက်ချင်းထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့ရေးကို ကြိုမြင်ဖို့ကလည်း ရွှေသားတစ်ထောင်နဲ့တောင် ဝယ်ဖို့ မလွယ်ဘူး။ ပြီးတော့ ငါက ဒီလောက်ကြီးမားတဲ့ ရှက်စရာအဖြစ်ကို တွေ့ခဲ့ရတယ်လို့။

စုန့်ဝေဖျင်က စကားပြန်အပြောပင် မစောင့်ဘဲ သူမက တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။

“နောက်ဆိုရင် အဲဘက်ကိုသွားပြီး ပိုးစုန်းကြူး မဖမ်းတော့ဘူး၊ ကောက်ရိုးပုံတွေ မရှိတဲ့နေရာကိုပဲ ရှာတော့မယ်”

လမ်းတစ်လျှောက်တွင် ရွှီရှောင်ကျောင်းက ပြောပြီး စုန့်ဝေဖျင်က နားထောင်လာခဲ့သည်။ သူတို့သည် အိမ်ကို အေးအေးချမ်းချမ်းနှင့် ပြန်လာခဲ့ကြသယောင်။

သို့သော် အိပ်ရာထဲတွင် လဲလျောင်းလိုက်သည်နှင့် ရွှီရှောင်ကျောင်းသည် ထိုအဖြစ်ကို ပြန်သတိရသွားပြီး မနေနိုင်တော့ဘဲ ပုဇွန်ကွေးလေးတစ်ကောင်လို ဖြစ်ချင်စိတ် ပေါက်သွားတော့သည်။ စုန့်ဝေဖျင်ရဲ့အမူအရာကတော့ အစကနေ အဆုံးထိ ဘာမှကို မပြောင်းလဲဘူး။ ငါကပဲ မိန်းမလူယုတ်မာတစ်ယောက်လို ခံစားနေရတာလဲ။

သူမသည် စုန့်ဝေဖျင်နှင့် ထပ်ပြီးမျက်နှာချင်းမဆိုင်တော့ချေ။ သူမက သူ့ကို ကျောပေးထားလိုက်ပြီး အသားမကျမှုကို သည်းခံရင်း အိပ်ပျော်အောင် အိပ်လိုက်တော့သည်။

စုန့်ဝေဖျင်က မအိပ်ချေ။ သူမ အိပ်ပျော်သွားသည်အထိ စောင့်လိုက်ပြီး အမှတ်တမဲ့ သူ့ပုံမှန်အကျင့်အတိုင်း သူမနှင့်မျက်နှာချင်းဖို့ ကိုယ်ကို ပြန်လှည့်လာလိုက်တော့သည်။

သူသည် လက်ကိုဆန့်ကာ သူမကန်ထုတ်ထားသည့် ဂွမ်းစောင်အနားကို ထိုးထည့်ပေးလိုက်ပြီး သူ့လက်ဖြင့် သူမ၏မသိစိတ်က တွန့်ချိုးထားသည့် မျက်ခုံးကို အသာအယာ ဖြည်လျော့ပေးလိုက်လေသည်။ သူသည် လေသံတိုးတိုးဖြင့် တခစ်ခစ် ရယ်လိုက်တော့သည်။

“အရူးမလေး”

နောက်တစ်နေ့ နိုးလာချိန်တွင်တော့ ရွှီရှောင်ကျောင်းသည် မနေ့က ဖြစ်ခဲ့သည့်ကိစ္စကို သတိရသွားပြီး မသိစိတ်က သတိအနေအထား ဖြစ်သွားတော့သည်။ တော်ပါသေးရဲ့။ ဒီနေ့ ငါ အလုပ်သမား၊ လယ်သမားနဲ့ စစ်သားကောလိပ်မှာ သင်တန်းပေးဖို့ စီရင်စုကို သွားရတော့မှာမလို့ပဲ။

အရင်က ဒီလိုမျှော်လင့်တကြီးနဲ့ တခါမှ ခရီးမထွက်ခဲ့ဖူးပါဘူး။ ဝူး ဝူး။ ငါ ပြန်လာတဲ့အချိန်ကျရင်တော့ ဒီကိစ္စ ပြီးသွားလောက်ပါပြီ။

မနက် အစောကြီးကတည်း စုန့်ဝေဖျင်သည် ထုပ်ပိုးထားသည့်ပစ္စည်းများကို အကြိမ်ကြိမ် စစ်ဆေးလိုက်ပြီး ဘာပြဿနာမှ မရှိကြောင်း သေချာအောင်လုပ်ပြီးမှ အထုပ်အပိုးများကို သူမဆီ လှမ်းပေးလိုက်လေသည်။

“မင်းကို လိုက်ပို့ပေးစရာ မလိုဘူးမလား” စုန့်ဝေဖျင်က သူမကို မေးလိုက်၏။

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး

“မလိုဘူး၊ မလိုပါဘူး၊ ကားက  အိမ်အထိ လာကြိုပြီး ငါတို့ကို စီရင်စုအထိ တိုက်ရိုက်ခေါ်သွားပေးမှာ၊ အရမ်းစိတ်ချရတယ်၊ ဒီတော့ စိတ်မပူနဲ့နော်”

စုန့်ဝေဖျင်က မပြန်လာခင်ကတည်း သူမကို စီရင်စုကို လိုက်ပို့ပေးဖို့ အစက တိုင်ပင်ခဲ့သော်လည်း သူမက တွေဝေနေခဲ့မိသည်။ မနေ့ညက ဖြစ်သွားသည့်ကိစ္စနောက်တွင်တော့ သူမသည် စုန့်ဝေဖျင်နှင့် တတ်နိုင်သလောက် လူချင်း ခွဲနေချင်မိသည်။

စုန့်ဝေဖျင်ကလည်း မနက်ကတည်းက အကြည့်ချင်း ရှောင်နေသည့်သူမကို သတိထားမိသည်။ သူက အတင်းမတိုက်တွန်းလိုက်ပေ။ သည်တစ်ကြိမ်တွင် နောက်တွဲယာဥ်ကို လီစန်းထျယ်က မောင်းပေးရသည်။ လီစန်းထျယ်က ခေါင်းဆောင်များ အစည်းအဝေးတက်ရန် စီရင်စုသို့ မကြာခဏ ပို့ပေးရပြီး လမ်းကျွမ်းသည်ဟု ဆိုသည်။ ထို့ကြောင့် သူက စိတ်အေးရလေသည်။

“အင်းပါ၊ ဒါဆို သွားလေ၊ တစ်ခုခုလိုရင် ပိုက်ဆံပေးပြီး ဝယ်လိုက်နော်၊ တစ်ခုခု အဆင်မပြေတာရှိရင် တတိယအစ်ကိုလီကို ပြောပြီး ငါ့ကို ပြန်လာပြောခိုင်းလိုက်၊ ငါ မင်းအတွက် ဖြေရှင်းပေးမယ်နော်”

“စားချင်တာရှိရင် ဘာဖြစ်ဖြစ် ဝယ်စားနော်၊ ဆိုင်က အစားအသောက်ကို အကြိုက်မတွေ့ရင် အစိုးရပိုင် စားသောက်ဆိုင်မှာ သွားစားနော်၊ ဆိုင်က ကောလိပ်နဲ့ နီးနီးလေးကို ကြားတယ်၊ ဒါပေမဲ့ ဂရုတော့စိုက်နော်”

ရွှီရှောင်ကျောင်းသည် ကောလိပ် သွားတက်တော့မည့်သမီးက အဖေအိုကြီးနှင့် မျက်နှာချင်းဆိုင်နေရသလို ခံစားလိုက်ရတော့သည်။ သူမသည် ခေါင်းညိတ်တာက လွဲလျှင် ဘာမှမတတ်နိုင်တော့ပေ။

ရွှီရှောင်ကျောင်းက ယာဥ်ပေါ် တက်လိုက်ချိန်တွင်တော့ စုန့်ဝေဖျင်သည် အလွန်စကားများကြောင့် အရင်က ဘာလို့ သတိမထားမိခဲ့ပါသည်နည်းဟု ကိုယ့်ဟာကိုယ် စဥ်းစားနေမိတော့သည်။

ဝူချွန်းဟွားက အနည်းငယ် စိတ်ပူနေ၏။ ယာဥ်ထွက်သွားသည်ကို ကြည့်ရင်း သူမက မသဲမကွဲ ရေရွတ်လိုက်လေသည်။

“ပြောစမ်းပါ၊ ဒီကလေးက ဘာလို့ အရမ်းခေါင်းမာတာလဲ၊ မင်း သူ့ကို လိုက်ပို့ပေးရင် ငါတို့တွေ စိတ်အေးရမဲ့ဟာကို၊ မင်း သူ့ကို စိတ်ဆိုးအောင် လုပ်ထားလို့လား”

စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး

“သူ့ဟာသူ ပေးသွားလိုက်ပါ၊ ကျွန်တော် နှစ်ရက်လောက်နေရင် သူ့ကို သွားကြည့်လိုက်ပါ့မယ်”

ဒီလိုပဲ လုပ်ရတော့မှာပဲ။

ရွှီရှောင်ကျောင်းနှင့်အတူ စီရင်စုသို့ လိုက်သွားသည့် အမျိုးသမီးညွှန်ကြားရေးမှူးက ကျောက်ယုံယင်း ဖြစ်သည်။ သူမသည် ဌာနခွဲစာရေး ပြောသလို အမှန်ပင်  နွေးထွေးသည့်အစ်မကြီးတစ်ယောက် ဖြစ်လေသည်။

“အို ဒီညီမလေးက ချောမောပြီး လုပ်ရည်ကိုင်ရည်လည်း ရှိတယ်နော်၊ ညီမတို့ရွာက စပါးထွက်နှုန်း ၃၀%တိုးတယ်လို့ အစ်မကြားတယ်၊ အံ့ဩစရာကောင်းလိုက်တာ၊ ခေါင်းဆောင်က ညီမကို အလုပ်သမား၊ လယ်သမားနဲ့ စစ်သားကောလိပ်မှာ သင်တန်းပို့ချပေးဖို့ စီစဥ်ထားတာလည်း မဆန်းဘူး”

သူမသည် ကြင်ကြင်နာနာနှင့် ပြောဆိုပြီး သူမ၏မျက်နှာပေါ်တွင်လည်း သိမ်မွေ့သည့်အပြုံးတစ်ခု ရှိနေလေသည်။ ထိုအမူအရာကို လူများကို မြင်မြင်ချင်း ကောင်းမွန်သည့်ထင်မြင်ချက်တစ်ခု ပေးနေလေသည်။

ရွှီရှောင်ကျောင်းက ယူလာသည့်ချိုချဥ်များကို သူမကို ပေးလိုက်ပြီး

“မဟုတ်ပါဘူး၊ အဲလိုလည်း မဟုတ်ပါဘူး၊ ညီမတို့ဌာခွဲစာရေးက ညီမကို လေ့လာခိုင်းတာ၊ ဒါနဲ့ ညီမလည်း လေ့လာပြီး အားလုံးကို သင်ပေးခဲ့တာပါ၊ ဒါက ဘယ်သူလုပ်လုပ် အတူတူပါပဲ”

ကျောက်ယုံယင်းက လက်ခါပြလိုက်ပြီး

“ကွာတာပေါ့၊ စိုက်ပျိုးရေးနည်းပညာလက်စွဲကို စီရင်စုထဲက တပ်ဖွဲ့တိုင်းကို ထုတ်ပေးခဲ့တာလေ၊ ထွက်နှုန်းအများဆုံး တိုးလာတာ ညီမတို့တပ်ဖွဲ့ ရှိတာ”

နှစ်ယောက်သားက စကားပြောရင်း ရယ်မောလာကြလေသည်။ အချိန်က မြန်မြန်ဆန်ဆန်ကုန်သွားပြီး သူတို့သည် တစ်နာရီကျော်ကြာလာပြီးနောက် စီရင်စုသို့ ရောက်လာကြလေသည်။

ခေါင်းဆောင်က သေသေချာချာ စီစဥ်ထားပေးသည်။ ကျောက်ယုံယင်းက သူမကို အဆောင်ထဲသို့ ခေါ်လာခဲ့ပြီး

“ဒီအဆောင်မှာက ခုတင်နှစ်လုံးပဲ ရှိတာ၊ ကျွန်မက ဒီနေရာမှာ အချိန်ခဏလောက်ပဲ နေတတ်တာ၊ ပစ္စည်းတွေ အများကြီး မရှိဘူး၊ အရမ်းသန့်တယ်၊ ဒါက ခေါင်းဆောင်စီစဥ်ထားပေးတဲ့ အိပ်ရာအသုံးအဆောင် အသစ်တွေပါ၊ စိတ်မပူနဲ့နော်၊ အားလုံးက သန့်တယ်။ သန့်ရှင်းနေတာပဲ၊ ညီမ အစ်မနဲ့အတူတူ ရက်ပိုင်းလောက် နေလို့ရပါတယ်”

ဒါသည် မထင်မရှား အဆောင်များထဲက တစ်ဆောင်ဖြစ်လေသည်. ဆရာများက ဘယ်ဖက်နှင့် ညာဖက်တွင် နေပုံရသည်။ ရွှီရှောင်ကျောင်းက တစ်ချက်ကြည့်လိုက်ရုံနှင့် နားလည်သွားလေသည်။ ကျောက်ယုံယင်းမှာ အဆက်အသွယ်တချို့ ရှိရမယ်။ ဒါကြောင့် သူမက ကျောင်းသားအဆောင်မှာ မနေရတာ။ အခန်းထဲသို့ ဝင်လာပြီးနောက် သူမက လှည့်ပတ်ကြည့်လိုက်လေသည်။ အခန်းနှစ်ခန်းရှိပြီး နောက်ပိုင်းမျိုးဆက်များ၏ ကျောင်းကအဆောင်ထက် မသိမသာ ပိုကြီးလေသည်။  သစ်သားခုတင် နှစ်လုံးရှိသည်။ အားလုံးက သန့်ရှင်းသပ်ရပ်နေသည်။

“ဟုတ်ကဲ့၊ ဒါဆိုရင်တော့ ကျွန်မ အစ်မကို အနှောင့်အယှက်ပေးရအုံးပါမယ်” ရွှီရှောင်ကျောင်းက ပြုံးလိုက်၏။

ကျောက်ယုံယင်းကလည်း ညပိုင်း စကားပြောဖော်ရလာသည့်အတွက် ဝမ်းသာနေလေသည်။

“ဘာနှောင့်ယှက်ရမှာလဲ၊ အစ်မက စကားများတဲ့သူနော်၊ ညဆိုရင် တစ်ယောက်ထဲ နေလာရတာ အရမ်းပျင်းဖို့ကောင်းတယ် အခုတော့ ဒီမှာ ညီမနဲ့ စကားပြောဖို့ လူရပြီလေ၊ ညီမက အထက်တန်းကျောင်းဆင်းတစ်ယောက်၊ အရမ်းဗဟုသုတ များတာလို့ ကြားတယ်၊ အစ်မမှာ နားမလည်တဲ့ မေးခွန်းတချို့ရှိနေတာနဲ့ အတော်ပဲ၊ ညီမကို မေးလို့ရပြီ”

ရွှီရှောင်ကျောင်းက မငြင်းလိုက်ချေ။

“အစ်မယုံယင်း မေးသာမေးပါ၊ ညီမ သိတာဆိုရင်တော့ သေချာပေါက် လျှိုထားမှာ မဟုတ်ပါဘူး”

အဆောင်သည် အလွန်မှ သန့်ရှင်းသော်လည်း လူမနေသည်မှာ တစ်လလောက် ရှိပြီဖြစ်သည်။ သူတို့နှစ်ယောက်က စကားပြောရင်း သန့်ရှင်းရေးလုပ်လိုက်ကြသည်။ ကျောက်ယုံယင်းက ရွှီရှောင်ကျောင်း ယူလာသည့်ပစ္စည်းများကို နေရာချကူသည်။ အချိန်က မသိလိုက်ခင်မှာပင် ကုန်ဆုံးသွားခဲ့သည်။

နှစ်ယောက်သားက စကားပြောနေကြစဥ် တံခါးအပြင်ဘက်မှ လူတစ်ယောက် အော်သံကို ကြားလိုက်ရသည်။

“ရဲဘော်ကျောက်ယုံယင်း၊ သင်တန်းဆရာမ ရောက်ပြီလား”

ထိုစကားကို ကြားလိုက်ပြီးနောက် ကျောက်ယုံယင်းက ရွှီရှောင်ကျောင်းကို မြန်မြန် မိတ်ဆက်ပေးလိုက်လေသည်။

“ရှောင်ကျောင်း၊ ဒါက ဒီတစ်ခေါက် ညီမကို ကြိုဆိုပေးမဲ့ ရဲဘော်လေ၊ စိုက်ပျိုးရေးပညာသင်တန်းက ဆရာကျန်းတဲ့၊ သွားစို့၊ သူ့ကို ညီမနဲ့ တွေ့ပေးမယ်”

ကျန်းသယ်ရှန်းသည် ခေါင်းဆောင် စီစဥ်ထားသည့် ကြိုဆိုရေးတာဝန်ကို အတိုင်းအတာတစ်ခုအထိ ဆန့်ကျင်နေလေသည်။ သူ အရင်က လယ်ထဲမှာ နှစ်တွေအကြာပြီး အလုပ်လုပ်လာခဲ့ပြီး လယ်ယာစိုက်ပျိုးရေးမှာ ကျွမ်းကျင်သူတစ်ယောက်ပဲ၊ ဆရာတစ်ယောက်အနေနဲ့ ပြီးခဲ့တဲ့နှစ်နှစ်တုန်းက သူ့သင်ကြားရေး စွမ်းဆောင်ရည်က ကောင်းခဲ့တာပဲ။ ဘယ်လိုစိုက်ပျိုးရေးလက်စွဲစာအုပ်ဖြစ်ဖြစ် သူ့ဟာသူ လေ့လာနိုင်ပြီး ကျောင်းသားတွေကို လေ့ကျင့်ပေးခဲ့တာပဲ။

သူမှာ လယ်ထဲမှာ လက်တွေ့စိုက်ပျိုးတဲ့ အတွေ့အကြုံရှိပြီးသား။ သူက ဒါကို မလေ့လာနိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။၊ ဒါပေမဲ့ ခေါင်းဆောင်က သူ့စကားကို နားမထောင်ဘူးလေ။ သူတို့တွေက သင်တန်းလုပ်ဖို့ ဒုက္ခခံပြီး လူတစ်ယောက်ကိုတောင် စီစဥ်ထားလိုက်သေးတယ်။ သူကြားတာတော့ ရက်ပိုင်းလောက်တောင် လယ်ထဲမှာ စိုက်ပျိုးရေး မလုပ်ခဲ့ဖူးတဲ့သူတဲ့လေ။ ဒီတော့ တစ်ဖက်လူက ဘယ်လိုတွေလုပ်နိုင်စွမ်းရှိမလဲဆိုတာ သူကတော့ မယုံဘူး။

ကျန်းသယ်ရှန်းက သူ့တရုတ်အတွင်းခံအင်္ကျီကို ပြင်လိုက်ပြီး ရုပ်တည်ဖြင့် ထွက်လာမည့်သူကို စောင့်နေလိုက်ကာ တစ်ဖက်လူကို တစ်ချက်လောက် ပစ်ကျွေးဖို့ လုံးဝအသင့်ပြင်ထားလေသည်။

သို့သော် ထွက်လာသည့်သူက သူ့ကို လုံးဝမှင်တက်အံ့ဩသွားစေတော့သည်။

သူက ကျောက်ယုံယင်းကို သိပါတယ်။ သူမက အမျိုးသမီးညွှန်ကြားရေးမှူး မလို့လေ။ သူက သူမကို ကြင်ဖက်မိတ်ဆက်ပေးဖို့ ပြောခဲ့ဖူးတယ်။ သူမိတ်ဆက်ပေးတဲ့သူတွေက အရမ်းရုပ်ဆိုးပြီး သူက သူတို့ကို သဘောမကျပါဘူး။ အခုအချိန်မှာ ကျောက်ယိုယင်းက သူ့ကို ဘယ်သူနဲ့မှ မိတ်မဆက်ပေးတော့ပေမဲ့ သူတို့နှစ်ယောက်က အချင်းချင်းတွေ့ကြတိုင်း စကားနည်းနည်းပါးပါးတော့ ပြောဖြစ်ကြသေးတယ်။ တြားလူကိုလည်း မထိပါးပါဘူး။

ဒါပေမဲ့ သူမဘေးကလူက ဘယ်သူလဲ။

အဲဒီမိန်းကလေးက ရုပ်ရှင်ကြည့်တုန်းက ဇာတ်ကားထဲက ခေတ်မီတဲ့မိန်းကလေးတစ်ယောက်နဲ့ တူလိုက်တာ။ သူမက အနီရောင်ဂါဝန်၊ သိုးမွှေးအနွေးထည်ကို ဝတ်ထားပြီး ခြေထောက်မှာ လယ်သာရှူးဖိနပ်တစ်ရံကို စီးထားတယ်။ သူမက နှုတ်ခမ်းနီနီ၊ ဖြူဖွေးတဲ့သွား၊ တောက်ပတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ထားပြီး ဆံပင်ကို ပိုနီတေလ်းအမြင့် စည်းထားတယ်။ ဘဲဥပုံမျက်နှာလေးက နေရောင်ထဲမှာ ထွန်းလင်းတောက်ပနေတဲ့အတိုင်းပဲ။

ကျန်းသယ်ရှန်းသည် မှင်တက်အံ့ဩသွားတော့သည်။ ကျောက်ယုံယင်းက ရွှီရှောင်ကျောင်းကို အနားသို့ ခေါ်လာလိုက်၏။

“ဆရာကျန်း ဒါက ရဲဘော်ရွှီရှောင်ကျောင်းတဲ့၊ သင်တန်းပေးဖို့ ခေါင်းဆောင် စီစဥ်ထားပေးတဲ့သူလေ ဒီရက်ပိုင်းမှာတော့ ဆရာ့ကိုပဲ ဒုက္ခပေးရပါအုံးမယ်ဂ

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး

“ဆရာကျန်း မင်္ဂလာပါ”

ကျန်းသယ်ရှန်းသည် ထိန်းမရအောင် ရင်ခုန်သွားမိသည်ဟု ခံစားလိုက်ရလေသည်။ ဒါက သူ့အတွက် သပ်သပ်မွေးဖွားလာတဲ့ ဇနီးလေးပဲ။ ကျန်းသယ်ရှန်းသည် ပြီးခဲ့သည့်နှစ်များကို ကြင်ဖက်တစ်ယောက် ရွေးချယ်ဖို့ပင် ကျရှုံးခဲ့လေသည်။ ဒါက သူ့ကို မိုးနတ်မင်းက သူ့ရှေ့က မိန်းကလေးကို စောင့်ခိုင်းစေချင်လို့မလား။

...