Ch 63
Viewers 12k

အခန်း (၆၃) - မလှုပ်နဲ့

 

“ဒီဟင်းပွဲကို သရက်ရွက် အားနည်းပြီး အစာအိမ်ရောဂါရှိသူ၊ မကြာခဏ ဝမ်းပျက်တတ်တဲ့သူတွေ မစားသုံးသင့်ပါဘူး” ကျီကျောက်သည် တည်ကြည်သော အမူအရာဖြင့် ဖြည်းညင်းစွာ ပြောပြခဲ့သည်၊ “ခရုတွေက သဘာဝအတိုင်း အအေးဓာတ် ကြွယ်ဝတာမို့ ရှင် အအေးမိတဲ့အခါမျိုးမှာ မစားသုံးသင့်ပါဘူး။ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ မစားသုံးသင့်ဘူး၊ အထူးသဖြင့် မီးဖွားပြီးချိန်မှာ ပိုလို့ကို မစားသုံးသင့်ဘူး။”

 

“နောက်ထပ် အချက်တစ်ခုကတော့ ခရုတွေကို မချက်ပြုတ်ခင်မှာ သေချာဆေးကြောရမယ်။ ပြီးတော့ ချက်ပြုတ်နေစဉ်အတွင်းမှာလည်း ဂရုတစိုက် သေချာကြည့်ပြီး ချက်ပြုတ်ရမယ်။” ကျီကျောက်က ရိုးရှင်းစွာ ပြောခဲ့သည်။

 

“ကောင်းပြီ၊ ငါ အဲ့ဒီအရာတွေ အကုန်လုံးကို မှတ်ထားပြီးပြီ” လက်ထောက်ဆိုင်ရှင်ယို့က သူ သေသေချာချာ မှတ်မိကြောင်း ပြသရန် အားတက်သရော ခေါင်းညိတ်ပြသည်။

 

“ကျေးဇူးပါ တတိယသခင်မ”

 

“လက်ထောက်ဆိုင်ရှင် အခုကနေ စပြီး ကျွန်မကို အာ့ထောင်လို့ ခေါ်ပါလား။ တတိယသခင်မဆိုတဲ့ အခေါ်ဝေါ်က ကျွန်မအတွက် နည်းနည်း အဆင်မပြေသလို ခံစားရတယ်” ကျီကျောက် ပခုံးတွန့်ပြီး ကူကယ်ရာမဲ့စွာ ပြုံးပြပြီး အကြံပေးသည်။

 

“ကောင်းပါပြီ၊ ငါ မင်းပြောသလို အာ့ထောင်လို့ပဲ ခေါ်တော့မယ်။”

 

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြသည်။

 

ဒီတစ်ခေါက်တွင် ကျီကျောက်သည် ခရုအစပ်ဟင်းပွဲကို ငွေ ရှစ်လျန်းဖြင့် ရောင်းချခဲ့ရုံသာမက သူမသည် လက်ထောက်ဆိုင်ရှင်ယို့နှင့် ကုန်စည်တင်သွင်းမှုစာချုပ် တစ်ခု ချုပ်ဆိုခဲ့သည်။

 

“အာ့ထောင် ငါတို့ တစ်မိသားစုလုံး ခရုရောင်းစားဖို့ အပြင်ထွက် ခရုကောက်ရမယ်လို့ ဆိုလိုချင်တာလား” ကျောက်လန်ဟွာက သူမ၏ နားကို သူမ မယုံကြည်နိုင်ပေ။ “အဲဒီခရုတွေကို တကယ်ပဲ ဈေးကြီးကြီးနဲ့ ရောင်းချနိုင်တယ်လား။”

 

“အမေ ဒီစာချုပ်ကို တစ်ချက် ကြည့်ပါဦး” ကျီကျောက်က သူမ အင်္ကျီလက်ထဲမှ စာချုပ်ကို အပြုံးဖြင့် ထုတ်ယူပြီး ကမ်းပေးလိုက်သည်။ “ဒီမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ အနာဂတ်မှာ ခရုတွေ ရှိနေသရွေ့ ကျွန်မတို့တွေ ဟုန်ရှင်းစားသောက်ဆိုင်ကို ပို့ပေးနိုင်တယ်၊ လက်ထောက်ဆိုင်ရှင်ယို့က တစ်ကတ်တီကို ကြေးပြား ဆယ်ပြားနဲ့ ဈေးဖြတ်ပေးထားတယ်။”

 

“ငါတို့ရှန်းဟယ်ရွာမှာ ခရုတွေပေါတယ်” ကျောက်လန်ဟွာရဲ့ မျက်လုံးများ လင်းလက်သွားသည်၊ “ငါတို့ ခရုတွေ များများ ကောက်နိုင်သရွေ့ ပိုက်ဆံ များများ ပိုရနိုင်တယ်ဆိုတဲ့ သဘောလား။”

 

“ဟုတ်တယ်” ကျီကျောက်က အားတက်သရော ခေါင်းညိတ်သည်။

 

“အမေ ကျွန်တော်တို့ စောစောစီးစီး မပျော်သင့်ဘူး” ရှန်းယောင်က စာချုပ်ပါ အချက်အလက်များကို ဖတ်ရှုပြီးနောက် သူက ဖြည်းဖြည်းလေး မေးလိုက်သည်၊ “မြစ်ထဲမှာ မြစ်ခရုတွေက အများကြီးရှိတယ်ဆိုပေမယ့် ငါတို့မိသားစုချည်းပဲ ရှာလို့ မဖြစ်ဘူး။ တကယ်လို့ ကျွန်မတို့တွေ မြစ်ခရုတွေ အကြီးအကျယ် ကောက်ယူနေကြောင်း သတင်းတွေ ပြန့်သွားမယ်ဆိုရင် ကောလဟလတွေ မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မယ်။”

 

“အဲ့တာ အမှန်ပဲ” ဒါကိုကြားတော့ ကျောက်လန်ဟွာ၏ မျက်နှာပေါ်က အပြုံး မှိန်ဖျော့သွားခဲ့သည်။ “ငါတို့ရှန်းဟယ်ရွာရဲ့ မြစ်ထဲက မြစ်ရေတွေကို မျိုးရိုးအစဉ်အဆက် အတူသောက်သုံးလာခဲ့ကြတာ။ ဒါပေါ့၊ မြစ်ထဲမှာရှိတဲ့ ခရုတွေက လူတိုင်းနဲ့ သက်ဆိုင်တယ်။”

 

“အဖေ ကျွန်တော်တို့ မနက်ဖြန်မနက်ကျရင် ရွာသူကြီးဆီကို အတူသွားကြရအောင်” ရှန်းယောင်က တစ်ခဏတာမျှ တွေးပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဒီကိစ္စအတွက် ရွာသူကြီးရဲ့ အကူအညီကို ကျွန်တော်တို့ လိုအပ်နိုင်တယ်။”

 

ရွာသူကြီးသာ ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီကိစ္စကို ကိုင်တွယ်ရတာ ပိုမိုလွယ်ကူသွားပါလိမ့်မည်။

 

ညစာစားပြီးနောက် ကျီကျောက်သည် ရေချိုးခန်းသို့ သွားခဲ့သည်။

 

ရေချိုးပြီးတော့ သူမ စိတ်လက်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

 

ကျီကျောက်သည် ရေချိုးပြီး အဝတ်အစားတွေ လှဲလှယ်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည့်အခါမှာ မာကြောသော ရင်ဘတ်တစ်ခုနှင့် တိုက်မိသွားခဲ့သည်။

 

အုစ်…

 

တိုက်မိခြင်းကြောင့် ကျီကျောက်သည် သူမ၏ နှာခေါင်း သေလုမတတ် နာကျင်သွားကာ အသက်ရှုပင်အောင့်မိခဲ့သည်။

 

“မင်း အဆင်ပြေရဲ့လား” ရှန်းယောင်က သူမ၏ မျက်နှာကို အလျင်စလို ငုံ့ကြည့်လိုက်သည်။

 

“ကျွန်မ… ကျွန်မ အဆင်ပြေပါတယ်” ကျီကျောက်က အမြန်ခေါင်းမော့ပြီး အပြစ်ကင်းစင်စွာ ပြုံးပြလိုက်သည်။

 

သို့ရာတွင် သူမ၏ နှာခေါင်းမှ အပူလှိုင်းနှစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

 

“မင်းနှာခေါင်း‌ သွေးထွက်နေတယ်” ရှန်းယောင်က စိုးရိမ်တကြီး ပြောလိုက်သည်၊ “မလှုပ်နဲ့”

 

ကျီကျောက်သည် ထိုအသံကြောင့် ထိတ်လန့်သွားပြီး ရုတ်ခြည်းပင် သစ်ပင်လူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

 

အခြားစကားတစ်ခွန်းမှ မပြောဘဲ ရှန်းယောင်သည် သူမကို ခါးမှ ပွေ့ချီကာ အိမ်သို့ ပြန်ခဲ့သည်။

 

သူ့ခြေထောက်တွေက သိပ်အဆင်မပြေတာကြောင့် ရှန်းယောင်သည် သူမကို အခန်းထဲသို့ ပြန်ခေါ်သွားတဲ့အခါမှာ သူ့တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေခဲ့ပြီ။

 

သူ့မျက်နှာပေါ်မှ စိုးရိမ်ပူပန်နေသော အမူအရာကို အမှတ်မထင် မြင်လိုက်မိရာ ကျီကျောက်တစ်ယောက် သူမ၏ နှလုံးသားထဲတွင် ရင်ခုန်မိသွားသလို ခံစားလိုက်ရသည်။

 

ငှက်မွှေးမျှင်လေးကဲ့သို့ သူမ၏ နှလုံးသားပေါ်သို့ တိတ်တဆိတ် အခြေချခဲ့သည်။

 

“မင်း အရင်ဆုံး ခေါင်းကို အနောက်လှန်ထား။ ကိုယ် ရေသွားယူလိုက်ဦးမယ်” ရှန်းယောင်သည် သူမ၏ နောက်ကျောတွင် ခေါင်းအုံးထားပေးကာ ကျောမှီစေပြီး အလျင်စလို ထွက်သွားခဲ့သည်။