Ch 69
Viewers 12k

အခန်း (၆၉) – ဝက်ခြေထောက်ကင်

 

“ဟုတ်တယ်။ တကယ် မတူတော့ဘူး” အကြီးဆုံးမရီးရှန်းက အနီးကပ်ကြည့်ပြီး အံ့အားသင့်စွာ ပြောသည် “ဝက်ခြေထောက်တွေရဲ့ အရောင်က အနီရောင်သန်းသွားသလိုပဲ။”

 

“ဟုတ်တယ်။ ဒီအချိန်ဆို ဝက်ခြေထောက်တွေကို ဆယ်ပြီး သူတို့ကို မြေအိုးထဲ ထည့်လိုက်ပါ။ ပြီးရင် ညီမတို့ကို ဝက်ခြေထောက်တွေကို မြှုပ်သွားတဲ့အထိ ရေထည့်ရမယ်။ ဟင်းပွဲဆူပွက်လာတဲ့အခါကျရင် မီးအရှိန်လျှော့ပြီး မီးအေးအေးနဲ့ ဆက်တည်ထားရမယ်။”

 

ကျီကျောက်က ပြုလုပ်နည်း အဆင့်ဆင့်ကို ရှင်းပြပေးခဲ့သည် “မြေအိုးထဲရေဆူလာတဲ့အခါကျရင် မီးလျှော့ပြီး မီးအေးအေးနဲ့ ဆက်တည်ထားတဲ့အခါ ဝက်ခြေထောက်တွေက တဖြည်းဖြည်း နူးညံ့သွားလိမ့်မယ်။”

 

တစ်နာရီလောက်ကြာတော့ သည်းထန်တဲ့ မိုးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

 

“အာ့ထောင် ကိုယ် အစ်ကိုကြီးနဲ့ ဟုန်ရှင်းစားသောက်ဆိုင်ကို သွားလိုက်ဦးမယ်။ မင်း မလိုက်ခဲ့နဲ့တော့” ရှန်းယောင်က မီးဖိုချောင်ထဲ ဝင်လာပြီး ကျီကျောက်ကို ကြည့်ကာ တိုးတိုးလေး ရှင်းပြသည် “မိုးတိတ်သွားပေမယ့် မိုးတွေ အရမ်းကြီးလို့ လမ်းပေါ်မှာ ရေတွေ အများကြီး ရှိနေတုန်းပဲ။ ကိုယ် မင်းဖိနပ်တွေ ရေစိုသွားမှာ စိုးရိမ်တယ်…”

 

“ကျွန်မ သိပါပြီ” ကျီကျောက်က နာခံမှုရှိစွာ ပြန်ဖြေသည် “ရှင် သွားတော့။ ကျွန်မ အကြီးဆုံးမရီးကို အရသာရှိတဲ့ ဟင်းလျာ ချက်ပြုတ်တတ်အောင် သင်ပေးရဦးမယ်”

 

“ကောင်းပြီ၊ ကိုယ် မကြာခင် ပြန်လာခဲ့မယ်” ရှန်းယောင်သည် မထွက်သွားခင် လေးနက်စွာ ကတိပေးခဲ့သည်။

 

“ဒါဆို ရှင် လမ်းမှာ ဂရုထားနော်။ ဆီစိမ်စက္ကူထီး ယူသွားဖို့လည်း မမေ့နဲ့ဦး။”

 

“ကောင်းပြီ”

 

မီးဖိုရှေ့မှာရပ်ပြီး မီးကြည့်ပေးနေတဲ့ အကြီးဆုံးမရီးရှန်းသည် သူတို့နှစ်ယောက်ကြားရှိ ကြင်နာနွေးထွေးစွာ ပြောဆိုနေတဲ့ စကားတွေကို ကြားသောအခါ သူမ သွားတွေ နာကျင်သွားသလို ခံစားရသည်။

 

“အာ့ထောင် နင်က တစ်ခုခုတော့ တစ်ခုခုပဲ” အကြီးဆုံးမရီးရှန်းက သူမကို မဆိုင်းမတွ လက်မထောင်ပြလိုက်သည် “တတိယမတ်လေးရဲ့ မျက်နှာပေါ်မှာ ဒီလောက် နူးညံ့တဲ့ အပြုံးမျိုးကို ငါ့တစ်သက်လုံး မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ တကယ်မလွယ်ဘူး။”

 

“အကြီးဆုံးမရီး ရှန်းယောင်က ပြုံးရတာကို အရမ်းကြိုက်တယ်။ ပြီးတော့ သူ့အပြုံးက အရမ်းလှတယ်။”

 

ပိုအရေးကြီးတာက ကျီကျောက်က ရှန်းယောင်ရဲ့ အပြုံးဟာ သူမအတွက် ဆွဲဆောင်မှုရှိတယ်လို့ အမြဲ ခံစားရသည်။

 

ထိုအပြုံးကိုရင်ဆိုင်လိုက်ရချိန်တွင် သူမရဲ့ နှလုံးသားဟာ လုံးဝ နစ်မြုပ်သွားခဲ့ပြီ။

 

“ကျွတ်စ်… ကျွတ်စ်၊ ငါ့မျက်လုံးထဲမှာတော့ သူက ငယ်ပေမယ့် လူအိုကြီးတစ်ယောက်လိုပဲ။ သူက စာသင်သားအိုကြီးနဲ့တူတယ်” အကြီးဆုံးမရီးရှန်းက သူ့ကို အပြစ်မရှာဘဲ မနေနိုင်တော့ပေ။ “ဒါပေမယ့် ဒါကလည်း တတိယမတ်လေးရဲ့ ဆွဲဆောင်မှုတစ်ခုပဲ မဟုတ်လား။ ပြီးတော့ တတိယမတ်လေးက အပြင်မှာ ရှုပ်ပွေတတ်တဲ့လူမျိုးလည်း မဟုတ်ဘူး။”

 

ကျီကျောက်သည် သူမ မျက်ဝန်းထဲရှိ ပျော်ရွှင်မှုကို ဖုံးကွယ်ရန် တိတ်တဆိတ် မျက်လွှာချလိုက်သည်။

 

မူလဝတ္ထုတွင် ရှန်းယောင်သည် ဘယ်သူ တစ်ဦးတစ်ယောက်နှင့်မျှ ဆက်ဆံရေး မရှိခဲ့ကြောင်း သူမ မှတ်မိသည်။

 

ရှန်းယောင်သည် ဆန့်ကျင်ဘက်လိင်တွေကြားမှာ အရမ်းနာမည်မကြီးဘူးဟုထင်ရသည်။

 

တစ်နာရီခန့်ကြာသောအခါ ကျီကျောက်သည် နူးညံ့ပျော့ပြောင်းသော ဝက်‌ခြေထောက်များကို ချက်ပြုတ်ပြီးစီး၍ ထုတ်ယူလိုက်သည်။

 

“အာ့ထောင် ငါတို့ ဒီအကြေင်းကို ပြောနေတာ ကြာပြီ၊ နင် ငါ့ကို ဒီဝက်ခြေထောက်ချက်ပြုတ်နည်းကို သေသေချာချာ မရှင်းပြရသေးဘူး။”

 

“အကြီးဆုံးမရီး ဒီနေ့ ညီမ မရီးကို သင်ပေးတဲ့ ချက်ပြုတ်နည်းကို ဝက်ခြေထောက်ကင်လို့ခေါ်တယ်” ကျီကျောက်သည် နူးညံ့တဲ့ အပြုံးနဲ့ ရှင်းပြသည်၊ “ကြည့်၊ ဝက်ခြေထောက်တွေ ဒီလို အနီရောင်ကို ပြောင်းသွားတဲ့အခါ ညီမတို့က ဝက်ခြေထောက်တွေကို ချက်ချင်း ထုတ်ယူပြီး ပြင်ဆင်ထားတဲ့ မီးသွေးမီးဖိုပေါ်မှာ ကင်ရမယ်။”

 

ကျီကျောက်သည် ချက်ပြုတ်ထားသော ဝက်ခြေထောက်များကို မီးသွေးမီးပေါ်တွင် တင်ပြီးနောက် နှစ်ဖက်စလုံး အညီအမျှ ကင်ပေးလိုက်သည်။

 

နောက်ဆုံးတွင် သူမသည် ဝက်ခြေထောက်ပေါ်သို့ ဟင်းခတ်အမွှေးအကြိုင်အချို့ကို ဖြူးပေးလိုက်သည်။

 

ဥပမာအားဖြင့် မြေပဲထောင်း၊ နံနံစေ့နှင့် နံနံရွက်တို့ဖြစ်ကြသည်။

 

တစ်နာရီကြာပြီးနောက် ဝက်ခြေထောက်ကင်တွေ အဆင်သင့် ဖြစ်သွားခဲ့ပြီ။

 

“အကြီးဆုံးမရီး မြည်းကြည့်ချင်လား။”

 

အကြီးဆုံးမရီးရှန်းသည် ဝက်ခြေထောက်တွေကို မဆိုင်းမတွ အလုတ်ကြီးကြီး ကိုက်စားပြီးတော့ တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

 

“ဝက်ခြေထောက်တွေက မွှေးပြီး အရသာရှိတယ်၊ ပါးစပ်ထဲမှာ ကြွပ်ရွနေတာပဲ။ မြေပဲရနံ့နဲ့ ပေါင်းစပ်လိုက်ချိန်မှာ စားချင်စိတ်ကို မထိန်းနိုင်တော့ဘူး။”

 

“မီးဖိုချောင်ထဲကို မဝင်ခင်မှာ ငါ အရမ်းမွှေးတဲ့ ရနံ့တစ်ခု ရခဲ့တယ်” ဆိုင်သို့ ပြန်ရောက်လာသော ရှန်းတာ့လန်သည် မီးဖိုချောင်ထဲမှ တုနှိုင်းမရတဲ့ မွှေးရနံ့ကို ရရှိတော့ စိတ်လှုပ်ရှားစွာဖြင့် သူ့ခြေထောက်တွေကို အလိုလိုက်ပြီး ရောက်ရှိလာခဲ့သည် “ဒါက ဝက်ခြေထောက်ကင်တွေလား။”

 

“အစ်ကိုကြီး တစ်ခုလောက် စားကြည့်ချင်လား” ကျီကျောက်သည် သူမလက်ထဲက ကျောက်စိမ်းဖြူ အချပ်လေးကို ပြပြီး ရွှင်မြူးစွာ ပြောလိုက်သည်၊ “အစ်ကိုကြီး ဒါကို စားပြီးရင် တစ်ခုပြီး တစ်ခု ထပ်စားချင်မယ်ဆိုတာ ကျွန်မ အာမခံတယ်။”

 

“ကောင်းပြီ၊ ဒါဆို ငါ စောင့်ကြည့်မယ်။”

 

ရှန်းတာ့လန်သည် မဆိုင်းမတွပင် ဝက်ခြေထောက်ကင်အား တစ်လုပ် ကိုက်စားကြည့်လိုက်သည်။

 

“အရမ်း၊ အရမ်း၊ အရမ်း၊ အရမ်း… အရသာရှိတယ်။”