Ch 83
Viewers 12k

 

အခန်း (၈၃) – ကျွန်မ နားလည်ပါတယ်

 

အကြီးဆုံးမရီးရှန်းသည် ကလေးမရနိုင်ခြင်း အသက်သုံးဆယ်မတိုင်မီ စိတ်ကျရောဂါဖြင့် သေဆုံးခဲ့သည်။

 

ဖုန့်ချွင်းယန်နဲ့ ပတ်သက်ပြီးတော့ သူမ၏ ဘဝသည်လည်း အလွန်သနားဖို့ကောင်းပါသည်။ သူမဟာ ခရိုင်ထဲမှ လူပေါ်ကြော့တစ်ယောက်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းမှာတော့ သူမရဲ့ လက်စားချေမှုဟာ မအောင်မြင်ဘဲ သူမသာလျှင် သွက်သွက်ခါအောင် ရူးသွားခဲ့သည်။

 

ကျီကျောက်သည် ဒီညီအစ်မနှစ်ယောက်ရဲ့ အဖြစ်အပျက်အတွက် စိတ်ရင်းနဲ့ကို သနားမိပါသည်။

 

“ညီမချွင်းယန် နင်က အရမ်းကြည့်ကောင်းတယ်။ နင် နင့်မျက်နှာကို ဒီလိုမျိုး လူရှေ့သူရှေ့ ပြနေတာ မဟုတ်လား။ ငါ နင့်မျက်နှာလေးက အချို့သော လူပေါ်ကြော့တွေကို ဆွဲဆောင်မိသလို ဖြစ်သွားမှာကို စိုးရိမ်လို့ပါ…”

 

လူသားချင်းစာနာမှုစိတ်ဓာတ်ဖြင့် ကျီကျောက်သည် တစ်ခု နှစ်ခုလောက် ညွှန်ပြပေးဖို့ ဆုံးဖြတ်လိုက်သည်။

 

ဖုန့်ချွင်းယန်က သူမရဲ့ အကြံကို နားထောင်ချင်လား မနားထောင်ချင်ဘူးလားဆိုတာကိုတော့ ကျီကျောက် မသိပါဘူး။

 

ဆယ့်ငါးမိနစ်အကြာတွင်။

 

ဖုန့်ချွင်းယန်သည် လေးလံသော ‌ခြေလှမ်းများဖြင့် ကျီကျောက်ဆီသို့ လှမ်းလာပြီး ကိုးရိုးကားရား ပြောလာခဲ့သည်၊ “အစ်မအာ့ထောင်၊ ညီမ တောင်းပန်ပါတယ်။ ညီမ အစ်ကို ခုနတုန်းက လေသံမျိုးနဲ့ မပြောလိုက်သင့်ဘူး။”

 

“ကိစ္စမရှိပါဘူး” ကျီကျောက်က သဘောထားပြည့်ဝစွာ သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

 

“ဒါပေမယ့် အစ်မ ညီမကို မေးခွန်းတစ်ခုလောက် ဖြေပေးနိုင်မလား” ဖုန့်ချွင်းယန်က သူမ မျက်နှာပေါ်ရှိ မျက်နှာအမူအရာ ပြောင်းလဲသွားမှာကို စိုးရိမ်သဖြင့် သူမ မျက်နှာကို စိုက်ကြည့်နေသည်။

 

ကျီကျောက်က သိချင်စိတ် အနည်းငယ်ဖြင့် ခေါင်းညိတ်လိုက်သည်။

 

“နင်က အရမ်းတော်လွန်းတယ်။ နင့်အပေါ် ရှန်းမိသားစုရဲ့ အမြင်တွေ ပြောင်းလဲဖို့ကို အချိန် နှစ်လပဲ ယူလိုက်ရတယ်” ဖုန့်ချွင်းယန်က တိုးတိုးလေး မေးသည်၊ “ဒါဆိုရင် နင် ဒီအစာသွပ်မုန့်ဆိုင်ကို လာလုယူဖို့ အစီအစဉ်ရှိလား။”

 

“မရှိပါဘူး” ကျီကျောက်က ပြတ်ပြတ်သားသား ခေါင်းခါသည်၊ “ညီမချွင်းယန် နင့်ရဲ့ စိုးရိမ်ပူပန်မှုတွေက လုံးဝ အခြေအမြစ် မရှိဘူး။ ရှန်းကျီးအစာသွပ်မုန့်ဆိုင်က အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးတို့ရဲ့ သီးသန့် ပိုင်ဆိုင်မှုလေ။ ဒါကို ငါသိပြီးသားပါ။”

 

“ကောင်းပြီ” ဖုန့်ချွင်းယန်သည် သူမ နှုတ်မှ ကတိစကားကိုကြားပြီးနောက် သက်ပြင်းမောတစ်ခုကို ချလိုက်မိသည်။

 

“အာ့ထောင် ဒီကောင်မလေးချွင်းယန်က နည်းနည်း ရိုးဖြောင့်လို့ပါ။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး” အကြီးဆုံးမရီးရှန်းက အလျင်စလို ရှင်းပြလိုက်သည်။

 

“အကြီးဆုံးမရီး စိတ်မပူပါနဲ့။ ကျွန်မ အကုန်နားလည်ပါတယ်။” ကျီကျောက်က ခပ်ပြုံးပြုံးဖြင့် တိုးတိုးလေး ပြောသည်။

 

“အစ်မအာ့ထောင်၊ ငါလည်း နင့်ကို အမှန်အတိုင်း ပြောပြမယ်။ ငါ့အစ်မ ခဲအိုနဲ့ အိမ်ထောင်ကျတာ နှစ်အတော်ကြာပြီ ဆိုပေမယ့် ကလေးတစ်ယောက်မှ မရသေးဘူး။ ဒါကြောင့် ငါတို့ညီအစ်မနှစ်ယောက် ဒါကို ဆွေးနွေးထားပြီးသားပါ။ တကယ်လို့ ငါ နောင်အနာဂတ်မှာ သားယောကျာ်းလေး မွေးမယ်ဆိုရင် ငါ့အစ်မက သူ့ကို မွေးစားပြီး ပြုစုပေးလိမ့်မယ်” ဖုန့်ချွင်းယန်က ပွင့်ပွင့်လင်းလင်း ပြောသည်၊ “ငါ့အစ်မနဲ့ ခဲအိုတို့ ဒီအစာသွပ်မုန့်ဆိုင်ကို လည်ပတ်နိုင်တာက ငါ့ခဲအိုက တခြားသူတွေထက် လုံ့လဝီရိယ ပိုရှိတာ တစ်ခုတည်းကြောင့်တင် မဟုတ်ဘူး။ အဲ့တာထက် ပိုအရေးကြီးတဲ့ အကြောင်း တစ်ခုလည်း ရှိသေးတယ်။ ဆိုလိုတာက ငါတို့ညီအစ်မနှစ်ယောက် ရရှိတဲ့ ဖုန့်မိသားစု အမွေအနှစ်တွေ အားလုံးကို စုဆောင်းပြီး ဒီမုန့်ဆိုင်ထဲ ရင်းနှီးမြှုပ်နှံလိုက်တာလေ။”

 

“မိသားစု အမွေအနှစ်လား။ အဲဒါ ဘာကို ဆိုလိုတာလဲ” ကျီကျောက်၏ စူးစမ်းချင်စိတ်က ချက်ချင်း ပိုးထလာပြီး အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်သည်။

 

“ငါတို့ဖုန့်မိသားစုမှာ အလွန်ထူးချွန်တဲ့ ဘိုးဘေးတစ်ယောက် ရှိတယ်။ သူက နန်းတော်ထဲမှာတောင် အလုပ် လုပ်နိုင်ခဲ့တယ်။ အဲဒီဘိုးဘေးက နန်းတွင်းစားဖိုမှုးဖြစ်ပြီး မုန့်မျိုးစုံ ပြုလုပ်တဲ့ နေရာမှာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် ဖုန့်မိသားစုမှာ လျှို့ဝှက်မုန့်လုပ်နည်းတစ်ခု ရှိတယ်။ အဲ့တာကို နှစ်ရာနဲ့ချီပြီး ငါတို့ အမွေဆက်ခံခဲ့တယ်” အကြီးဆုံးမရီးက ပြုံးပြီး ရှင်းပြသည်၊ “အဲ့တုန်းက နင့်အစ်ကိုကြီးက စီးပွားရေး စလုပ်ချင်တယ်လို့ပြောတဲ့အခါ ငါက ဒီပြုလုပ်နည်းိကု ထုတ်ယူခဲ့တာ…”

 

ခရိုင်ရှိ အခြားမုန့်ဆိုင်များနှင့် နှိုင်းယှဉ်ပါက ရှန်းကျီးအစာသွပ်မုန့်ဆိုင်ရှိ မုန့်များသည် အရသာရှိပြီး ဈေးသက်သာသည်။

 

ဒီလိုနဲ့ တစ်နှစ်မပြည့်ခင်မှာပဲ ရှန်းကျီအစာသွပ်မုန့်ဆိုင်ဟာ ခရိုင်မြို့ထဲမှာ လုံးလုံးလျားလျား နာမည်ရလာခဲ့ပါသည်။

 

“အဲ့တာတင် မကဘူး” ဖုန့်ချွင်းယန်က အလျင်စလို ဝင်ပြောသည်၊ “ငါ့ခဲအို ဒီမုန့်ဆိုင်ကို ဆောက်တော့ ငါ့အစ်မက သူ့ရဲ့ ခန်းဝင်ပစ္စည်း နှစ်ခုကိုတောင် ရောင်းချခဲ့သေးတယ်။”

 

“အဲဒါတွေအားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ။ နင် ဘာဖြစ်လို့ အဲ့အကြောင်းတွေ ပြန်ပြောနေရသေးတာလဲ” အကြီးဆုံးမရီးရှန်းက သူမ၏ လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်၊ “အာ့ထောင် ငါ နင့်ကို ဒီလိုပြောပြတာ တခြား ဘာအဓိပ္ပါယ်မှ မရှိပါဘူး၊ ငါ့ကို အထင်မလွဲပါနဲ့။ ချွင်းယန်မှာလည်း တခြား ရည်ရွယ်ချက် မရှိပါဘူး…”

 

“အကြီးဆုံးမရီး ကျွန်မ နားလည်ပါတယ်” ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်သည်။

 

“ချွင်းယန်ရဲ့ ကလေးကို ငါ ခေါ်ယူပြီး မွေးစားမယ့်အကြောင်း နင် အမေ့ကို အရင် မပြောထားနဲ့ဦး” အကြီးဆုံးမရီးရှန်းက ကျီကျောက်၏ အင်္ကျီလက်စကို ညင်သာစွာ ဆွဲကိုင်ပြီး ပြောသည်၊ သူမ၏ စိုစွတ်နေတဲ့ မျက်ဝန်းထဲမှာတော့ တောင်းဆိုမှုအပြည့်နှင့်ပင်။