အခန်း (၈၂) – ကျွန်မ စကား နည်းနည်း
ပြောလို့ ရမလား
ထိုစကားကိုကြားလိုက်သော
ဖုန့်ချွင်းယန်သည် ဒေါသတကြီး မီးဖိုချောင်ထဲသို့ ပြေးဝင်လာခဲ့ကာ သူမ၏ တင်ပါးကို
လက်စုံထောက်ကာ ကျီကျောက်အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။
“နင် ကျီအာ့ထောင် ငါ့အစ်မရှေ့မှာ
နင်ငါ့ကို တမင်တကာ အပြစ်ရှာနေတာမလား။ နင့်ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ့ကို
ပြောစမ်းပါဦး” ဖုန့်ချွင်းယန်က ဒီအကြောင်းကို တွေးရင်း ဒေါသတွေ ထွက်လာကာ သူမရဲ့
မျက်လုံးတွေက စူးရဲနေခဲ့သည်။ သူမ ကျီအာ့ထောင်အကြောင်းကို သိနေခဲ့တာ ကြာပါပြီ။ အဲဒီကျီအာ့ထောင်က
လူကောင်းတစ်ယောက် မဟုတ်ပေမယ့် ရှန်းမိသားစုက လူတိုင်းရဲ့ စိတ်နှလုံးကို
ပိုင်နိုင်ပုံရပြီး လူတိုင်းက သူမက ကောင်းမွန်ကြောင်း ပြောကြတယ်။
ရှန်းမိသားစုကို ပြုစားဖို့
ကျီအာ့ထောင်က ဘယ်လိုနည်းလမ်းတွေကို အသုံးပြုခဲ့တာယ်ဆိုတာ မသိပါဘူး။
ကျီကျောက်က ကူကယ်ရာမဲ့စွာ
ပြုံးလိုက်သည်၊ “ညီမချွင်းယန် နင် ငါ့ကို အထင်လွဲနေပြီ။ ငါက နင့်အကြောင်း
အကြီးဆုံးမရီးရှေ့မှာ မကောင်းပြောနေတာ မဟုတ်ပါဘူး။”
“နင်က ဒီလိုစကားမျိုး
ပြောဝံ့သေးသလား။ ငါ အခုပဲ အကုန်ကြားလိုက်တယ်။ ငါက အသက်ဘယ်လောက်ရှိပြီလဲ။ ငါ့အတွက်
အိမ်ထောင်ရေး စီစဉ်ထားတာ ရှိလား။ ဒါတွေက နင်နဲ့ ဘာဆိုင်လို့လဲ။ ဒါက နင့်ရဲ့
အကဲဖြတ်မှုကို လိုလို့လား။ ငါ့အစ်မက မိုက်မဲပေမယ့် ငါကတော့ မမိုက်မဲဘူး။ နင်
ငါ့အစ်ကို တမင်တကာ လှည့်စားပြီး ဒီအစာသွပ်မုန့်ဆိုင်ကို နင့်လက်ထဲ
ထည့်ချင်နေတာမလား။ လက်ထပ်ပြီး နောက်တစ်နေ့မှာပဲ လူရိုင်းတစ်ယောက်နဲ့ ထွက်ပြေးဖို့
ကြံစည်တဲ့ နင်က အရှက်မရှိတဲ့နေရာမှာ စံပြပဲ။ ငါ နင့်ကို ပြောပါရစေ၊ ဒီဆိုင်က
ငါ့အစ်မနဲ့ ခဲအိုတို့ရဲ့ အပိုင်ပဲ၊ နင် လက်လျှော့လိုက်တော့။”
ဒေါသထွက်နေသော ဖုန့်ချွင်းယန်သည်
သူမ နှလုံးသားထဲတွင် သိုဝှက်ထားသော စကားလုံး အားလုံးကို ထုတ်ပြောလာခဲ့သည်။
“ချွင်းယန် ပါးစပ်ပိတ်စမ်း”
အကြီးဆုံးမရီးရှန်းသည်လည်း ဒေါသအရမ်းထွက်သွားကာ တစ်ကိုယ်လုံး တုန်ယင်နေသည်၊ “နင်
တတိယခယ်မလေးကို ဒီလိုပြောဖို့ နင့်ကို ဘယ်သူက ပြောလဲ။ အခုချက်ချင်း
တောင်းပန်လိုက်။”
“ကျွန်မ မတောင်းပန်နိုင်ဘူး”
ဖုန့်ချွင်းယန်က သူမ လည်ပင်း မတ်မတ်ထားပြီး အေးစက်စွာ အော်လိုက်သည်။
“နင်… နင် ငါ့ကို
မိသားစုစည်းမျဉ်းစည်းကမ်းတွေကို ထုတ်သုံးစေချင်တာလား။”
“အစ်မ၊ ငါက နင့်ညီမလေးပါ။”
“ဖုန့်ချွင်းယန် ငါ နင့်ကို
တောင်းပန်ဖို့ ပြောနေတယ်။”
ယခုအချိန်တွင် အကြီးဆုံးမရီးရှန်း၏
နှလုံးသားထဲတွင် ဒေါသစိတ်တွေက အထွတ်အထိပ်သို့ပင် ရောက်ရှိနေပေပြီ။
လက်ရှိအခြေအနေက ပေါက်ကွဲလုမတတ်
တင်းမာနေသည်။
အဟွတ်… အဟွတ်…
ကျီကျောက်က နှစ်ခါလောက်
ချောင်းဆိုးချင်ယောင်ဆောင်ပြီးတော့ စကားဆိုလာခဲ့သည်၊ “ကျွန်မ စကား နည်းနည်းလောက်
ပြောလို့ ရမလား။”
“အာ့ထောင်၊ ငါ တောင်းပန်ပါတယ်။ ငါ
ချွင်းယန်ကို ကောင်းကောင်းသင်ကြားလိုက်ပါ့မယ်။ အဲ့ဒီကလေးမက ဘာဖြစ်လို့ ဒီလောက်
စိုးရိမ်ကြောင့်ကြများနေမှန်း မသိပါဘူး… နင် ခုနက သူပြောတဲ့ စကားတွေကို စိတ်ထဲ
မထားပါနဲ့” အကြီးဆုံးမရီးရှန်းက အလျင်စလို တောင်းပန်လာခဲ့သည်။
ကျီကျောက်က အသာလေး
ခေါင်းခါလိုက်သည်၊ “အကြီးဆုံးမရီး ညီမချွင်းယန်က နားလည်မှုလွဲနေလို့ပါ။ တကယ်တော့
ကျွန်မ ခုနက ပြောခဲ့တဲ့ စကားတွေမှာ ပြောချင်တဲ့ တခြား အဓိပ္ပါယ် ရှိပါတယ်။”
“နင် ဘယ်လိုပြောမလဲဆိုတာ ငါ
ကြည့်စမ်းပါဦးမယ်” ဖုန့်ချွင်းယန်က လက်ပိုက်ပြီး ကျီကျောက်၏ အပြုံးမျက်နှာကို
အေးစက်စွာ ကြည့်ပြီး စကားဆိုသည်။
“ညီမချွင်းယန်က ဒီနှစ်ဆို
ဆယ့်လေးနှစ်ရှိပြီ မဟုတ်လား” ကျီကျောက်က ခပ်ဖွဖွပြုံးပြီး ညင်သာစွာ ပြောသည်၊
“ညီမချွင်းယန်က ကြည့်ကောင်းတယ်။ သူမက သေးသေးသွယ်သွယ်နဲ့ သိမ်မွေ့တယ်၊ ပိန်ပါးပြီး
နူးညံ့တယ်။ တကယ်လို့ ဖုန့်မိသားစုရဲ့ လူကြီးမိဘနှစ်ပါးသား ရှိနေသေးရင် ညီမချွင်းယန်ကို
တောင်းရမ်းဖို့ မြို့အရှေ့ကနေ တန်းစီပြီး မြို့အနောက်ဖက်အထိ ရောက်မှာကိုတောင် ညီမ
စိုးရိမ်တယ်။”
ကျီကျောက်၏ အလွန်အကျူး
ချီးကျူးစကားတွေက သူမ၏ အကာအရံကိုတောင် ဖယ်ရှားပစ်လိုက်နိုင်သည်။
ဖုန့်ချွင်းယန်သည် သူမ၏
မျက်နှာပေါ်တွင် ထူးဆန်းသော မျက်နှာအမူအရာကို တပ်ဆင်ထားသည်။
“နင် စကားကို
ကွေ့ဝိုက်ပြောဆိုမနေပါနဲ့။ နင်ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းသာ
ပြောချလိုက်စမ်းပါ” ဖုန့်ချွင်းယန်က စိတ်မရှည်သောမျက်နှာဖြင့် တတွတ်တွတ်
ရေရွတ်လိုက်သည်၊ “နင် ငါ့ကို ချီးကျူးရင်တောင် ငါက နင့်ကို ကျေးဇူးတင်မှာ
မဟုတ်ဘူး။”
“ညီမချွင်းယန် နင်
ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ငါ ဒီစကားတွေကို စိတ်ရင်းနဲ့ ပြောတာပါ”
ကျီကျောက်က ချိုသာစွာ ပြုံးပြလိုက်သည်။
ထိုအချိန်တွင် သူမ မျက်နှာပေါ်ရှိ
အပြုံးကို ကြည့်ရင်း ဖုန့်ချွင်းယန်သည် ဒီအမျိုးသမီးက အမှန်တကယ် စိတ်အနှောင့်အယှက်
မဖြစ်စေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ကျီကျောက်သည် မျှော်လင့်ထားသလို
ဖြစ်လာ၍ ဂုဏ်ယူဝံ့ကြွားစွာ မျက်ခုံးပင့်လိုက်သည်။
အမျိုးသမီးတစ်ဦးကို ချီးမွမ်းခြင်းသည် သူမ၏ ဒေါသကို ဖြေဖျောက်ရန် အကောင်းဆုံး
နည်းလမ်း ဖြစ်သည်။
“ဟုတ်တယ်” အကြီးဆုံးမရီးက
သက်ပြင်းမချဘဲ မနေနိုင်ပေ၊ “တကယ်လို့ အဖေနဲ့ အမေသာ အသက်ရှင်နေသေးရင်
ငါတို့ချွင်းယန်လေး စေ့စပ်ထားပြီးလောက်ပြီ။”
“အစ်မ” ဖုန့်ချွင်းယန်သည်
အကြီးဆုံးမရီးရှန်း၏ စကားထဲမှ ဝမ်းနည်းပူဆွေးမှုကို ခံစားရတော့ သူမ၏ မျက်ဝန်းတွေ
နီရဲသားခဲ့သည်၊ “ဝမ်းနည်းမနေပါနဲ့။ ငါတို့မိဘတွေ မရှိတော့ပေမယ့် ငါတို့
တစ်ယောက်အတွက် တစ်ယောက် ရှိနေတုန်းပါပဲ။”
ကျီကျောက်သည်
မူလဝတ္ထုထဲရှိ ညီအစ်မနှစ်ယောက်၏ ကံကြမ္မာသည် အလွန်သနားစရာကောင်းကြောင်းကို မှတ်မိသည်။