Ch 98
Viewers 12k

အခန်း (၉၈) – ထိပ်တန်းအဆင့် ဆေဗရီခေါက်မုန့်

 

ရှန်းယောင်က တိတ်တဆိတ်ပြုံးပြီး နူးညံ့သိမ်မွေ့သော အကြည့်တွေဖြင့် သူမကို ကြည့်လိုက်သည်။

 

သူ့အကြည့်တွေက နက်ရှိုင်းသော စိမ့်စမ်းတစ်ခုကဲ့သို့ နက်ရှိုင်းပြီး နူးညံ့သိမ်မွေ့ကာ လူအများကို နီးကပ်သွားစေလိုသည့် ပြင်းထန်သော ဆွဲဆောင်မှုတစ်ခုကို‌ ပေးစွမ်းနေသည်။ ကျီကျောက်သည် ဒီအတွေးက သူမရဲ့ စိတ်ထဲမှာ တိတ်တဆိတ် ထွက်ပေါ်လာခဲ့တာကြောင့် ရုတ်တရက် သူမရဲ့ ပါးပြင်တွေ အနည်းငယ် ပူသွားသလို ခံစားလိုက်ရသည်။

 

“ဒါဆို ကျွန်မ အရင်အိပ်နှင့်တော့မယ်။ ကောင်းသောညပါ” ကျီကျောက်သည် စိတ်လှုပ်ရှားစွာ အကြည့်လွှဲပြီး ပြတင်းပေါက်တံခါးကို အလျင်စလို ပိတ်ချလိုက်သည်။

 

ပြတင်းပေါက်အနားမှာ ရပ်နေတဲ့ ရှန်းယောင်က သူ့နှုတ်ခမ်းတွေကို တိတ်တဆိတ် ပြုံးလိုက်မိသည်။

 

နောက်တစ်နေ့မနက်တွင် ကျောက်လန်ဟွာသည် ခြင်းတောင်း တစ်ခုကို ပိုက်ကာ အပြုံးတစ်ပွင့်ဖြင့် မီးဖိုချောင်ထဲသို့ လျှောက်ဝင်လာခဲ့သည်၊ “အာ့ထောင် ငါ နင်လိုချင်တဲ့ ဝက်မိုးခိုသားကို ဝယ်လာခဲ့တယ်။”

 

ကျီကျောက်သည် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ဝါးခြင်းတောင်းထဲတွင် ရှိနေသည့် ဝက်မိုးခိုသား အပိုင်းအကြီးကြီးကို ကောက်ယူကြည့်ရှုလိုက်သည်။ ဝက်မိုးခိုသား၏ အရောင်က နီမြန်းနေပြီး အသားက တင်းတင်းရင်းရင်းနဲ့ ဆန့်နိုင်ကျုံ့နိုင်တဲ့ အသွင် ရှိသည်။

 

“အမေ၊ အမေက အရမ်းတော်တာပဲ။ ဒီဝက်မိုးခိုသားရဲ့ အရည်အသွေးက တကယ်ကောင်းတယ်” ကျီကျောက်က ရိုးရိုးသားသား သဘောကျနေသည်။

 

“ဒါပေါ့” ကျောက်လန်ဟွာက ဂုဏ်ယူဝင့်ကြွားစွာ မေးမော့ထားသည်၊ “ဒါပေမယ့် အာ့ထောင် နင် ဒီမိုးခိုသားကို ဘယ်လို အရသာမျိုး ချက်ပြုတ်ဖို့ တွေးထားတာ ရှိလဲ။”

 

“သမီး ဥ၊ မိုးခိုသား၊ အာလူး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ဆော့စ်ပူပူလေး ပါဝင်တဲ့ ထိပ်တန်းအဆင့် ဆေဗရီခေါက်မုန့်ပြုလုပ်ဖို့ စီစဉ်ထားတယ်။” ကျီကျောက်က လက်မြှောက်ပြီး သူမရဲ့ လက်တွေကို ချိုးကာ ပြုံးလိုက်သည်။

 

မိုးခိုသားကို ကိုင်တွယ်သည့်အခါတွင် အသားနှင့် တွဲနေသော အရွတ်စတွေကို ဦးစွာ ဖယ်ရှားရမည်၊ မဟုတ်ပါက ဖြတ်တောက်ရ ခက်ခဲသလို အရသာကိုလည်း ထိခိုက်စေလိမ့်မည်။

 

ကျီကျောက်သည် မိုးခိုသားကို တစ်ဝက်ခွဲချန်ထားသည်။ သူမသည် ကျန်တစ်ဝက်ကို ညနေစာအတွက် ဝက်မိုးခိုသားချိုချဉ်ကြော် ပြုလုပ်ဖို့ စီစဉ်ထားသည်။

 

ဒီရက်ပိုင်း သူမ ချက်ပြုတ်နေသော ဟင်းအများစုသည် အစပ်ဟင်းလျာတွေဖြစ်ပြီး လူတိုင်းကို အရသာ အပြောင်းအလဲလေး စားစေချင်သည်။

 

“အမေ ကျွန်မတို့ အပြင်မထွက်ခင်မှာ အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးတို့ပါ မြည်းစမ်းကြည့်ဖို့ ဆေဗရီခေါက်မုန့်ကို များများလေး လုပ်လိုက်ဦးမယ်” ကျီကျောက်က ဝက်မိုးခိုသားကို ကိုင်တွယ်ရင်း ပြုံးရယ်ကာ စကားဆိုလိုက်သည်၊ “ခဏနေကျရင် ရိက္ခာပုံးကို ယူလာဖို့ မမေ့နဲ့နော်။”

 

“ကောင်းပါပြီ” ကျောက်လန်ဟွာက ရွှင်မြူးစွာ တုံ့ပြန်ခဲ့သည်၊ “အာ့ထောင် နင့်ကို ပင်ပန်းစေမိပြီ။”

 

“အဆင်ပြေပါတယ်။ သမီး မပင်ပန်းပါဘူး” ကျီကျောက်က ပြုံးပြီး ခေါင်းခါလိုက်သည်၊ “အမေ ကျွန်မ မီးဖိုချောင်ဝင်ရတာက ကြိုက်ပါတယ်။ ဒါ့အပြင် သမီးက ဟင်းချက်ရတာ ကြိုက်တယ်လေ။”

 

“ကလေးမလေး၊ နင် အရမ်းကြိုးစားတယ်” ကျောက်လန်ဟွာက စိတ်ပါလက်ပါ သက်ပြင်းချသည်။

 

ကျီကျောက်က သိမ်မွေ့စွာ ပြုံးလိုက်သည်။ ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးတော့ သူမသည် ဆေဗရီခေါက်မုန့်၏ အဆင့်မြင့်ဗားရှင်းကို စတင်ဖန်တီးခဲ့သည်။

 

ပထမဦးစွာ အသင့်ပြင်ဆင်ထားသော မုန့်ညက်ကို ဒယ်အိုးတစ်လုံးထဲ အပြန့်လိုက် ဖြန့်ခင်းလိုက်ပြီး ကြက်ဥတစ်လုံးကို ဖောက်ထည့်ကာ ကြိုတင်ပြင်ဆင်ထားတဲ့ ဝက်မိုးခိုးသားနဲ့ ခြေထားတဲ့ အာလူးတွေကိုပါ အပေါ်မှ ဖြန့်ခင်းလိုက်သည်။ ထို့နောက် သူမသည် ခေါက်မုန့်ကို လေးထောင့်ပုံစံ ခေါက်လိုက်ကာ အပေါ်ကနေ ဆော့စ်ပူပူလေး သုတ်ပေးလိုက်သည်။ နောက်ဆုံးတော့ သူမသည် ခေါက်မုန့်အပေါ်မှာ အရွက်စိမ်းလေး တစ်ခက်ကို နေရာချပေးခဲ့သည်။

 

“ရပြီ” ကျီကျောက်က တခစ်ခစ် ရယ်မောလိုက်သည်၊ “အမေ အရသာမြည်းကြည့်ပါဦး။”

 

အဆုံး၌ ဤအဆင့်မြင့်ဗားရှင်း ဆေဗရီခေါက်မုန့်သည် ရှန်းမိသားစုရှိ လူတိုင်း၏ ဝမ်းဗိုက်ကို သိမ်းပိုက်နိုင်ခဲ့သည်။

 

ဆယ့်ငါးမိနစ်အကြာမှာ ကျောက်လန်ဟွာသည် ကျီကျောက်ကို ရွာဝင်ပေါက်ဆီ ခေါ်သွားခဲ့သည်။

 

“ညီမလန်ဟွာ နင့်အကြီးဆုံးချွေးမမှာ တကယ်ကိုယ်ဝန်ရှိနေတာလား။”

 

“အဒေါ်ချင်းဟွား ဒါကို အတုလုပ်လို့ ရလို့လား” ကျောက်လန်ဟွာက ဂုဏ်ယူဝံ့ကြွားသော အပြုံးဖြင့် ပြောလိုက်သည်။

 

“ဒေါ်လေးလန်ဟွာ၊ ဒေါ်လေးရဲ့ ဘူးသီးပုံစံ နားကပ်လေးတွေက အရမ်းလှတာပဲ” အမြင်စူးရှတဲ့ အမျိုးသမီးတစ်ယောက်က အံ့အားသင့်စွာ ပြောသည်၊ “ဒါက ပိုက်ဆံ အများကြီး ကုန်ကျနိုင်လောက်တယ်မလား။ ကြည့်ရတာ တာ့လန်ရဲ့ အစာသွပ်မုန့်က စီးပွားရေး ကောင်းနေပုံရတယ်။”

 

“အဆင်ပြေပါတယ်” ကျောက်လန်ဟွာက အပြုံးကို ထိန်းသိမ်းထားသည်၊ “ငါတို့မိသားစုဝင် အာ့ထောင်က ငါ့ကို သိတတ်ပြီး ဒီနားကပ်တွေက ဝယ်ပေးခဲ့တာလေ။”

 

သူမဘေးတွင် ရပ်နေသော ကျီကျောက်က သူမ၏ မျက်နှာပေါ်တွင် အလွန်နာခံမှုရှိသော အပြုံးကို ဆင်မြန်းထားသည်။

 

ထိုလူများ၏ မနာလိုသော အကြည့်တွေအောက်တွင် သမီးယောက္ခမနှစ်ယောက်သား နွားလှည်းပေါ်တက်ကာ ခရိုင်မြို့သို့ ခရီးဆက်ခဲ့ကြသည်။

 

“အာ့ထောင် နင် ရေသောက်ချင်လား” ကျောက်လန်ဟွာက သူမ ပခုံးတွင် လွယ်ထားသော ရေအိတ်ကို ဖြုတ်ယူပြီး တိုးတိုးလေး မေးသည်၊ “ရာသီဥတုက အရမ်းပူတယ်၊ ဒါကြောင့် ငါ မနက်စောစောတုန်းက မတ်ပဲစွပ်ပြုတ် ချက်ခဲ့တယ်။ အခုထိ ပူနေတုန်းပဲ။”