Ch 112
Viewers 12k

အခန်း (၁၁၂) – အစ်မရဲ့ မျက်နှာက ဘာဖြစ်လို့ ရုတ်တရက်ကြီး နီမြန်းလာတာလဲ

 

“အရှက်မရှိတဲ့ လူအိုကြီး” ကျောက်လန်ဟွာက ဝံ့ကြွားနေတဲ့ ရှန်းတာ့ရှန်ကို တံတောင်နဲ့ မြန်မြန်တွတ်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်၊ “ရှင် ကလေးတွေရှေ့မှာ ဘာပြောနေတာလဲ။”

 

“အဟမ်း” ရှန့်တာ့ရှန်က ခေါင်းကုတ်ပြီး အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်၊ “ငါက ပျော်နေရုံလေးတင်ပါ။”

 

သူက သူ့ဇနီးသည်နှင့် ဆက်ဆံရေး ကောင်းမွန်ပြီး သူ့သားတွေကလည်း တခြားသူတွေထက် ဉာဏ်ပိုကောင်းသည်။

 

“အဲဒါကို ပြန်ပြောရရင် အဲဒီအချိန်တုန်းက မိသားစုကို စောင့်ရှောက်ပေးမယ့် လူကြီးတစ်ယောက်မှ မရှိဘူး။ ငါ့နောက်ကို မင်းတို့အမေက ဒုက္ခတွေအများကြီး ခံစားခဲ့ရတယ်…” ရှန်းတာ့ရှန်က ဝမ်းနည်းမှုတချို့နဲ့ သက်ပြင်းချလိုက်သည်။ သူက ကျောက်လန်ဟွာရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်၊ “အဲဒီတုန်းက မင်းတို့အဖိုး(ကျောက်လန်ဟွာ၏ အဖေ)ရဲ့ ကြင်နာမှုကြောင့်သာ မဟုတ်ရင် မင်းတို့အမေနဲ့ ငါ ဒီလောက် ခြံအကျယ်ကြီး ဆောက်နိုင်ခဲ့မှာ မဟုတ်ဘူး။”

 

“တကယ်လို့ မင်းတို့အဖိုးရဲ့ အကူအညီသာ မရှိရင် ညာဘက်ခြမ်းမှာ ရှိတဲ့ ခြံမြေလွတ် အကြီးကြီးကို ငါတို့ တတ်နိုင်မှာ မဟုတ်ဘူး” ရှန်းတာ့ရှန်က လေးလေးနက်နက် တွေးလိုက်သည်။ နောက်ဆုံးတော့ သူက ကျီကျောက်ကို ကြည့်ပြီး ပြောလိုက်သည်၊ “အာ့ထောင် နင့်အမေနဲ့ ငါတို့ ဒါကို ဆွေးနွေးပြီးပြီ။ ငါတို့မိသားစုရဲ့ ခြံဝင်းကို ချဲ့ထွင်ဖို့ စီစဉ်ထားတယ်။ အဲ့ကျရင် ငါတို့ ကျီချန်လေးအတွက် သီးသန့်အခန်း တစ်ခု ပြင်ဆင်ပေးမယ်။”

 

“ဒီလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ” ကျီကျောက်က ခြေခါလက်ခါဖြင့် အလျင်စလို ငြင်းပယ်လိုက်သည်။

 

“ဘာဖြစ်လို့လဲ” ကျောက်လန်ဟွာက ကြင်နာသော အပြုံးဖြင့် ပြောသည်၊ “အာ့ထောင် နင် ငါတို့ ရှန်းမိသားစုထဲ ဝင်လာပြီးကတည်းက နင်က ငါတို့မိသားစုဝင်ပဲ။ ချန်ချန်လေးက ထက်မြက်ပြီး အကျင့်စာရိတ္တာကောင်းတယ်။ ငါတို့တွေလည်း သူ့ကို အရမ်းသဘောကျတယ်။”

 

“ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်လလောက်က နင် အမေ့ကို ပိုက်ဆံတွေ အများကြီး စုဆောင်းနိုင်အောင် လုပ်ခဲ့ပေးတယ်။ ငါ အလုပ်မလုပ်ဘဲ ပိုက်ဆံရှာနိုင်ခဲ့တယ်လေ မဟုတ်ဘူးလား။ ဒါဆို ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းပြီးပြီ။”

 

ရှန်းတာရှန်နှင့် ကျောက်လန်ဟွာတို့သည် ခြံဝင်းကို တိုးချဲ့ဖို့ ဆုံးဖြတ်ချက် ချခဲ့ကြသည်။

 

ကျီကျောက် ရင်ထဲ အရမ်းထိသွားခဲ့သည်။

 

“ပြီးတော့ အကြီးဆုံးသားနဲ့ ဒုတိယသားတို့ မိသားစုတွေကလည်း ကလေးတွေ မွေးတော့မယ်။ ငါတို့မြေးတွေအတွက် အိမ်တွေကို ဘာဖြစ်လို့ အမြန်ဆုံး မဆောက်ရမှာလဲ” ကျောက်လန်ဟွာက ပြုံးပြီး ပြောသည်၊ “အလျင်းသင့်စွာပဲ မြေနေရာလွတ်က အရမ်းကြီးတယ်။ ငါတို့ခြံက အရမ်းခမ်းနားနေမှာ သေချာပေါက်ပဲ။”

 

“မနက်ဖြန်ကျရင် အစ်ကိုတာ့ကျွမ်းနဲ့ ငါ လက်သမားဆရာ သွားရှာလိုက်မယ်” ရှန်းတာ့ရှန်က ထပ်ခါတလဲလဲ ခေါင်းညိတ်သည်၊ “ငါတို့ ငွေဘယ်လောက်လိုနိုင်မလဲဆိုတာကို အရင်ကြည့်ရအောင်။ တကယ်လို့ ဈေးသင့်တယ်ဆိုရင် ခြံဆောက်ဖို့ နေ့ကောင်းရက်သာရွေးဖို့ ဖုန်းရွှေဆရာတစ်ယောက် ငါတို့ ရှာရမယ်။”

 

ကျီကျောက်သည် ဘေးနားတွင် နာခံမှုရှိစွာ ထိုင်ကာ လူကြီးနှစ်ယောက်၏ အနာဂတ်နှင့် ပတ်သက်သည့် အတွေးအမြင်များကို ငြိမ်သက်စွာ နားထောင်နေသည်။

 

ကျီကျောက်သည် သူမ ပိုက်ဆံများများ ရှာဖွေဖို့ နည်းလမ်း တစ်ခုကို တိတ်တဆိတ် တွေးနေခဲ့သည်။

 

နောက်တစ်နေ့ မနက်မှာ ကျီကျောက်တစ်ယောက် အိပ်ပျော်နေတုန်း ထူးဆန်းတဲ့ အသံတစ်ခုကြောင့် နိုးထလာခဲ့ပါသည်။

 

ပဲဟဲဟဲ…

 

ကျီကျောက်သည် သိချင်စိတ်ပြင်းပြစွာ တံခါးတွန်းဖွင့်လိုက်တော့ ချစ်စရာ သိုးကလေး နှစ်ကောင်ကို တွေ့လိုက်ရသည်။

 

ကျီချန်လေးသည် ပိုးစာရွက်ကြီး တစ်ရွက်ကို ကိုင်ထားပြီး ရှန်းယောင်က သူ့ကို သိုးကလေး နှစ်ကောင်နား ကပ်လာဖို့ အားပေးနေသည်။

 

“ဒီသိုးလေးတွေ ဘယ်က ရောက်လာတာလဲ” ကျီကျောက်က ပြုံးကာ သူတို့နှစ်ယောက်ဆီ လျှောက်သွားသည်။

 

“လက်ထောက်ဆိုင်ရှင်ယို့က လူတစ်ယောက် စေလွှတ်ပြီး သူတို့ကို ပို့ခိုင်းလိုက်တာ” ရှန်းယောင်က သူမကို လှည့်ကြည့်ပြီး နူးညံ့တဲ့ လေသံနဲ့ ရှင်းပြသည်၊ “ဒီသိုးလေး နှစ်ကောင် အပြင် သတ်ပြီးသား သိုးတစ်ကောင်နဲ့ မင်း ပြင်ဆင်ခိုင်းတဲ့ ကိရိယာတွေလည်း ပါသေးတယ်။ သူတို့တွေ အကုန်လုံး မီးဖိုချောင်ထဲမှာ ထည့်ထားတယ်။”

 

ထိုအခါမှသာ ကျီကျောက်သည် သိုးကောင်လုံးကင် ပြုလုပ်နိုင်ရန် ကြိုးစားပေးမည်ဟု လက်ထောက်ဆိုင်ရှင်ယို့အား သူမ ကတိပေးခဲ့သည်ကို သတိရမိသည်။

 

ဒါပေမယ့် လက်ထောက်ဆိုင်ရှင်ယို့က ဒီလောက်မြန်မယ်လို့ သူမ မထင်ထားခဲ့ဘူး။

 

“ဒါနဲ့ စကားမစပ် လက်ထောက်ဆိုင်ရှင်ယို့က ဒီနေ့ နေ့လည်ကျရင် သိုးကောင်လုံးကင် မြည်းစမ်းဖို့ အလည်လာခဲ့မယ်လို့ ပြောထားတယ်” ရှန်းယောင်က ရုတ်တရက် ချဉ်းကပ်လာပြီး ရယ်မောလိုက်သည်။

 

သူ့ရဲ့ ရုတ်တရက် တရင်းတနှီးပြုမူပုံနှင့် ပတ်သက်၍ ကျီကျောက်သည် အထိတ်တလန့်ဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။

 

“ကျွန်မ… ကျွန်မ သိပြီ…”

 

ရှန်းယောင်က တိတ်တဆိတ်ပြုံးကာ သူ့မျက်ဝန်းနက်တွေအထဲတွင် နူးညံ့မှုများ ပြည့်လျှမ်းနေခဲ့သည်။

 

“အစ်မ အစ်မရဲ့ မျက်နှာက ဘာဖြစ်လို့ ရုတ်တရက်ကြီး နီမြန်းလာတာလဲ” ကျီချန်က ရုတ်တရက် မေးလိုက်သည်။