အခန်း
(၁၁၅) - ကျွန်မ ကြည့်ကောင်းလား
ကျီကျောက်သည်
စိတ်လှုပ်ရှားစွာ သူမ၏ ညာဘက်လက်ကို ဖယ်ထုတ်ချင်သော်လည်း ရှန်းယောင်က သူမ လက်ကို ပိုတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားသည်။
“ဘာ…
ဘာလုပ်ချင်တာလဲ” ကျီကျောက်က သူ့မျက်လုံးတွေကို ကြည့်ဖို့ သတ္တိကို ဆင့်ခေါ်လိုက်ပြီး
တိုးတိုးလေး မေးလိုက်သည်။
“မလှုပ်နဲ့”
ရှန်းယောင်က ဒီစကားလုံးနှစ်လုံးကို တိုးတိုးလေးပြောပြီး သူမ၏ ညာဘက်လက်ကို ဂရုတစိုက်
မြှောက်ကာ သူမ၏ လက်ကောက်ဝတ်ကို လှန်ပြီး သိုးသွေးအချို့ကို သုတ်ပေးလိုက်သည်။
“… ကျေးဇူးပါ”
ကျီကျောက်က သူမ၏ လက်ကို အမြန်ပြန်ရုတ်လိုက်သည်၊ “ကျွန်မ ကြက်သွန်မြိတ်အချို့ လိုအပ်နေသေးတာကို
ရုတ်တရတ် သတိရလိုက်မိလို့၊ ကျွန်မ အမေ့ကို သွားရှာလိုက်ဦးမယ်…”
“ခဏနေဦး”
ရှန်းယောင်က ရုတ်တရက် သူမကို လှမ်းတားလိုက်သည်။
“ဘာကိစ္စ
ရှိသေးလို့လဲ။”
“အာ့ထောင်
မင်း ကိုယ့်ကို ကြောက်နေတာလား” ရှန်းယောင်က သူမ အနား လျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။
“မဟုတ်…
မဟုတ်ပါဘူး” ကျီကျောက်က အမြန်လက်ခါလိုက်သည်၊ “ကျွန်မ ရှင့်ကို မကြောက်ပါဘူး။ ကျွန်မ၊
ကျွန်မ၊ ကျွန်မ… ကျွန်မက ရှင့်ကို ဘာဖြစ်လို့ ကြောက်ရမှာလဲ။ ကျွန်မ ရှင့်ကို မကြောက်ပါဘူး။”
“အာ့ထောင်
မင်း ဒီသစ်သားဆံညှပ်ကို ကြိုက်ရဲ့လား” ရှန်းယောင်သည် သူမ၏ ဆံနွယ်ထက်မှာ သစ်သားဆံညှပ်၏
သဲလွန်စကို မတွေ့ရတာကြောင့် သူ့အသံက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အသွင်ဆောင်သည်။
“ကျွန်မ
အဲ့တာကို ကြိုက်ပါတယ်… မက်မွန်ပွင့်က အရမ်းအသက်ဝင်ပြီး လှတယ်။”
“ကိုယ်
အဲဒီအပေါ်မှာ ကျောက်လို့ ထွင်းထားတာကို မင်းမြင်လား။”
“ကျွန်မ
မြင်တယ်” ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်၊ “အဲဒီသစ်သားဆံညှပ်က အရမ်းလှတယ်၊
ကျွန်မ အဲ့တာကို အရမ်းကြိုက်တယ်။ ကျေးဇူးပါ။”
“ကိုယ့်ကိုရော…”
ရှန်းယောင်က ရုတ်တရက် ချဉ်းကပ်လာပြီး သူမ၏ ပုခုံးတွေကို ဆုပ်ကိုင်ကာ သူမအား သူနှင့်
အကြည့်ချင်းဆုံဖို့ ဖိအားပေးလိုက်သည်၊ “မင်း ကိုယ့်မေးခွန်းကို ပြန်ဖြေပေးနိုင်မလား။”
ကျီကျောက်သည်
စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး တစ်ခဏတာမျှ ကြက်သေ သေသွားခဲ့သည်။ သူ့မေးခွန်းကို
သူမ ဘယ်လိုတုံ့ပြန်ရမှန်း သူမ မသိသေးတဲ့အချိန်မှာပဲ ကျောက်လန်ဟွာရဲ့ အသံကို ကြားလိုက်ရသည်။
“အာ့ထောင်ရေ
အမေ့ကို ဒီဝတ်စုံက နင်နဲ့ ခါးတော် မတော် သိရအောင် အမြန်လေး အပြင်ထွက်လာပြီး ဝတ်ကြည့်ပေးဦး။
တကယ်လို့ မတော်ဘူးဆိုရင် အမေ နင့်အတွက် ပြန်ပြင်ပေးမယ်။”
“ဟုတ်ကဲ့
လာပါပြီ” ကျီကျောက်သည် ရှန်းယောင်အား အလျင်စလို ဖြတ်ကျော်ပြီး မီးဖိုချောင်ထဲမှ အမြန်ထွက်သွားခဲ့သည်။
ကျီကျောက်သည်
သူမနှင့် ရှန်းယောင် တစ်ခန်းတည်းမှာ အတူရှိတဲ့အချိန်တိုင်း သူမ၏ နှလုံးခုန်နှုန်းဟာ
ပုံမှန်မဟုတ်တာဘူးဟု ခံစားလိုက်ရသည်။
ပိုအရေးကြီးတာက
သူ့မျက်လုံးတွေကို စိုက်ကြည့်မိတဲ့အခါ သူမ သတိလက်လွတ်ဖြစ်သွားတတ်ပြီး သူမရဲ့ ဦးနှောက်က
စာဖြင့် မရေးသားနိုင်တဲ့ စကားလုံးတချို့ကို ဆက်တိုက် အော်မြည်နေတော့တာပါပဲ။
“အမေ
ဒီစကတ်ကို သမီးအတွက် ချုပ်ပေးနေတာလား” ကျီကျောက်သည် ခြံထဲသို့ ရောက်လာပြီး ကွပ်ပျစ်ရှေ့တွင်
နာခံမှုရှိစွာ ရပ်လိုက်သည်။
ကျောက်လန်ဟွာသည်
သူမ အသစ်ချုပ်ထားသော ကောင်းကင်ပြာရောင်ပေါ်တွင် အဝါရောင် ဒေစီပန်းပွင့်လေးများ ထိုးထားတဲ့
စကတ်ရှည်ကို ကိုင်ပြီး ကျီကျောက်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ကြည့်လိုက်သည်၊ “ဒါပေါ့။ ငါ
ကြွားတာ မဟုတ်ဘူး၊ ဒါပေမယ့် နင့်အမေနဲ့ ဒုတိယမရီးတို့ရဲ့ ပန်းထိုးလက်ရာက သိပ်မဆိုးဘူး။
ဒီစကတ်ပေါ်က ပန်းထိုးပုံစံကို တစ်ချက်ကြည့်လိုက်ချေ၊ နင် သဘောကျလား။”
“ဒါက
အရမ်းလှတာပဲ။ ဒါက လန်းဆန်းပြီး ကြော့ရှင်းတယ်။ သမီး အရမ်းကြိုက်တယ်” ကျီကျောက်သည် စကတ်ရှည်ကို
လေးလေးနက်နက်ကြည့်ပြီး စိတ်ပါလက်ပါ ပြောလိုက်မိသည်၊ “ဒါက တကယ်လှလွန်းတယ်။”
“နင်ကြိုက်တယ်ဆို
ပြီးတာပါပဲ” ကျောက်လန်ဟွာက ပြုံးလိုက်သည်၊ “နင့်ဒုတိယမရီးနဲ့ ငါ ဒီရက်ပိုင်းအတွင်း
အလုပ်ကြိုးစားခဲ့တာ အချည်းနှီး မဖြစ်တော့ဘူး။”
“ကျေးဇူးပါ
အမေ၊ ကျေးဇူးပါ ဒုတိယမရီး” ကျီကျောက်က အဝတ်အစားတွေကို ဝမ်းသာအားရ ကောက်ကိုင်လိုက်ပြီး
အပြုံးလေးနှင့် စမ်းဝတ်ကြည့်ဖို့ အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။
မူလပိုင်ရှင်သည်
အလွန်ချောမောလှပသော ကိုယ်လုံးကိုယ်ထည်ကို ပိုင်ဆိုင်ထားပြီး ချောမွေ့သော ကောက်ကြောင်းများ
ရှိသည်။
သူမသည်
ရင်သားကြီးပြီး တင်ပါးပြည့်တင်းပေမယ့် ခါးလေးကတော့ ကျဉ်ကျဉ်လေး ဖြစ်သည်။
ရှန်းယောင်သည်
သူမ ဝတ်စုံအသစ်ကို လဲဝတ်ပြီး အိမ်အပြင်သို့ လျှောက်ထွက်သွားသည်ကို မတော်တဆ တစ်ချက်လှမ်းမြင်လိုက်သောအခါတွင်
သူ့မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။
ကျီကျောက်သည်
ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်မိသည်။
မူလပိုင်ရှင်သည်
ဦးနှောက်မရှိသော အရူးတစ်ယောက် ဖြစ်သော်လည်း သူမ၏ ရုပ်ရည်နှင့် အသွင်အပြင်က အံ့မခန်းပါပင်။
ဒီလိုမှမဟုတ်ရင်
ကျောက်လန်ဟွာဟာ မိုးခေါင်ရေရှားမှု အလွန်ပြင်းထန်နေချိန်မှာ မူလပိုင်ရှင်ကို တင်တောင်းဖို့
ငွေ နှစ်ချောင်း သုံးစွဲဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။
“အမေ
ဒုတိယမရီး ကျွန်မ ကြည့်ကောင်းလား” ကျီကျောက်သည် ခြံထဲသို့ ဆင်းလာကာ သူတို့ရှေ့ လှည့်ပတ်ပြရင်း
ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကြည့်ကောင်းတယ်”
ကျောက်လန်ဟွာနှင့် ဒုတိယမရီးရှန်းက တစ်ပြိုင်နက် ခေါင်းညိတ်သည်။
ရှန်းယောင်က
ရုတ်တရက် ချဉ်းကပ်လာပြီး သူမရှေ့လျှောက်လာကာ အနည်းငယ် ပြုံးလိုက်သည်။
နိုင်ငံတောင်ပိုင်းတွင်
မက်မွန်ပန်းပွင့်ကဲ့သို့ လှပသော သူမလို မိန်းမလှလေး တစ်ဦး ရှိသည်။