Ch 114
Viewers 12k

အခန်း (၁၁၄) – ကျွန်မ ရှင့်ကို ဝိုင်ဝယ်ဖို့ ပိုက်ဆံပေးတာလေ

 

ကျီကျောက်သည် နေရကျပ်လျက် အဝေးသို့ အကြည့်လွဲလိုက်သည်၊ “ကျွန်မ ရှင့်ကို မမေးရင်လည်း ရှင်ကြိုက်တာကို ကျွန်မ သိတယ်။ မဟုတ်ရင် ရှင် သုံးပန်းကန်လုံး ဆက်တိုက် မစားဘူး၊ မဟုတ်လား။”

 

ဖူး…

 

ဒုတိယမရီးရှန်းတစ်ယောက် ထရယ်လိုက်မိသည်။

 

“အဟမ်း” ရှန်းယောင်သည် နှစ်ကြိမ်မျှ ချောင်းဆိုးချင်ဟန်ဆောင်ပြီး ကျီချန်ကို မျက်နှာမူကာ ပြောလိုက်သည်၊ “ကျီချန် အချိန်လည်း မစောတော့ဘူး။ ငါတို့ လက်ရေးလှ သွားလေ့ကျင့်သင့်ပြီ။”

 

“ဟုတ်ကဲ့” ကျီချန်က နာခံမှုရှိစွာ ခေါင်းညိတ်ပြီး ပင်မအခန်းထဲမှ ထွက်ကာ ရှန်းယောင်နောက်ကနေ လိုက်သွားခဲ့သည်။

 

မနက်စာစားပြီးနောက် ရှန်းတာ့ရှန်သည် လက်သမားဆရာများအကြောင်းမေးရန် ရွာလူကြီးကို ရှာဖို့ ထွက်သွားခဲ့သည်။ ကျောက်လန်ဟွာနှင့် ဒုတိယမရီးတို့သည် အပ်ချုပ်ခြင်းတောင်းကို ခြံဝင်းထဲ ရွှေ့ပြီး အဝတ်ချုပ်နေကြသည်။ ကျီချန်၏ ကလေးဆန်သော စာဖတ်သံသည် အနောက်ခန်းမှ ထွက်လာသည်။

 

ကျီကျောက်သည် ခြံဝင်းထဲတွင် ရပ်နေပြီး တိတ်တဆိတ် ပြုံးလိုက်မိသည်။

 

ဒီလို နွေးထွေးတဲ့ လေထုကို သူမ ကြိုက်နှစ်သက်သည်။

 

မီးဖိုချောင်ထဲရောက်ပြီးနောက် ကျီကျောက်သည် အင်္ကျီလက်ခေါက်တင်ပြီး သိုးလေးကို သန့်ရှင်းရေး စလုပ်သည်။

 

တကယ်တော့ သိုးတစ်ကောင်လုံးကို ကင်ဖို့က မခက်ခဲပါဘူး။ သိုးကို မီးသွေးမီးပေါ်မှာ မကင်ခင် ပြင်ဆင်မှု အားလုံး ပြုလုပ်ထားရမည်။ သိုးသားကို အရသာ မျှတစွာ ရရှိရန် သိုးဝမ်းဗိုက်သားနှင့် ခြေထောက်တို့ကို ဓားဖြင့် မွှန်းထားရမည်။

 

သိုးသားကိုယ်တိုင်က အရမ်းညှီတဲ့ သဘောသဘာဝရှိတာကြောင့် ပါဝင်ပစ္စည်းတွေက အရမ်းအရေးကြီးပါသည်။

 

ကြက်သွန်နီ နုပ်နုပ်စဉ်း၊ ဂျင်းအချပ်၊ ငရုတ်ကောင်းစေ့၊ ငရုတ်သီးမှုန့်နှင့် စမုန်စပါးတို့ကို သိုးဝမ်းဗိုက်ထဲသို့ ပွတ်တိုက်ပေးရရုံသာမက ထောင်းထားသော ဆားအားလုံးကို သိုး၏ ဝမ်းဗိုက်ထဲသို့ ပွတ်တိုက်ပေးရပါမည်။ မဟုတ်ပါက သိုးကောင်လုံးကင်သည် အရသာရှိမည် မဟုတ်ပေ။

 

ကျီကျောက်တစ်ယောက် ဒါတွေအားလုံးကို ဖြေရှင်းပြီးဖို့ တစ်နာရီကြာသွားသည်။

 

ကံကောင်းထောက်မစွာဖြင့် လက်ထောက်ဆိုင်ရှင်သည် လိုအပ်သည့် ပစ္စည်းကိရိယာ အစုံအလင်ကို ပို့ပေးလိုက်သည်။ သို့ရာတွင် ကျီကျောက်သည် သူမ၏ ခွန်အားကို အလွန်အကြူး တွက်ဆထားမိပုံရသည်။ သူမသည် သိုးကို တံကျင်ထိုးရန် သူမ၏ ခွန်အားရှိသမျှကို အသုံးပြုပြီး အကြိမ်ကြိမ် အခါခါ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

 

ကျီကျောက်သည် အသက်ပြင်းပြင်းရှုပြီး ထပ်မံကြိုးစားလိုက်သောအခါ သူမ၏ မျက်နှာ နီရဲသွားသော်လည်း မအောင်မြင်သေးပါဘူး။

 

“သိုးလေး၊ အိုး သိုးလေး၊ ငါတို့ နင့်ကို ကင်စားတာ မလိုချင်လို့လားဟယ်” စိတ်ဓာတ်အနည်းငယ်ကျနေသည့် ကျီကျောက်သည် ဖျော့တော့စွာ သက်ပြင်းချလိုက်မိသည်။

 

မီးဖိုချောင်တံခါးအပြင်ဘက် လမ်းလျှောက်လာသည့် ရှန်းယောင်သည် ဒါကို မြင်တော့ ရယ်ချင်စိတ်ကို မထိန်းနိုင်ပေ။

 

“အာ… ရှင် ဘာဖြစ်လို့ ရယ်နေတာလဲ။”

 

“ဒီသိုးလေးက သေသွားတာ ကြာပြီ။ မင်းက သူ့ကို မေးခွန်းထုတ်နေတော့ မင်းကို ဘယ်လိုပြန်ဖြေနိုင်မှာလဲ” ရှန်းယောင်က မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။

 

“ကျွန်မ… သူ ကျွန်မကို ပြန်တုံ့ပြန်ဖို့ မမျှော်လင့်ထားပါဘူး… ငါ မရူးပါဘူး…” ကျီကျောက်က ဒေါသတကြီး ပြောလိုက်သည်။

 

ရှန်းယောင်က ပြုံးပြီး သူမ နံဘေး လျှောက်လာခဲ့သည်၊ “မင်း ကိုယ့်အကူအညီ လိုသေးလား။”

 

“ဒါဆို ရှင် တစ်ချက်လောက် ကြိုးစားကြည့်ပေးပါလား” ကျီကျောက်က သူမ လက်ထဲမှာ ကိုင်ထားတဲ့ သံတံကျင်ကို ရှန်းယောင်လက်ထဲ ချက်ချင်း အပ်လိုက်သည်၊ “ဂရုစိုက်နော်။”

 

“အင်း”

 

“ရှင် သေချာကိုင်တွယ်ရမယ်နော်။ သိုးလေးကို အစိတ်စိတ် အမွှာမွှာ မဖြစ်အောင် ရှင့်ခွန်အားကို သေချာ ထိန်းချုပ်ထားသင့်တယ်… ရှင်…”

 

ကျီကျောက်က နားပူနားဆာလုပ်နေသော်လည်း စက္ကန့်အနည်းငယ်အတွင်း ရှန်းယောင်သည် သိုးလေးကို တံကျင်ထိုးပြီးသွားပြီဖြစ်သည်။

 

“ရှင်…” ကျီကျောက်သည် တိတ်တဆိတ် လက်မလေးသာ ထောင်ပြလိုက်မိသည်၊ “ရှင်က အရမ်းတော်တာပဲ”

 

ရှန်းယောင်က ပြုံးပြီး ဘာမှ မပြောတော့ပေ။ တကယ်တော့ သူ့မှာ ပိုအစွမ်းထက်တဲ့ စွမ်းရည်တစ်ခု ရှိတယ်…

 

“ရှင် သိုးကောင်လုံးကင်ကို စားသောက်တဲ့အခါ ဝိုင်နဲ့ တွဲဖက်စားသောက်တာက အကောင်းဆုံးပဲ” ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်၊ “လက်ထောက်ဆိုင်ရှင်ယို့က ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တယ်။ သူ ကျွန်မတို့အိမ်ကို ဒီနေ့ နေ့လည်စာ လာစားမယ်ဆိုတော့ ကျွန်မတို့ သူ့ကို ပိုပြီး နွေးနွေးထွေးထွေး ဆက်ဆံသင့်တယ်။”

 

ကျီကျောက်သည် ထိုသို့ ပြောပြီးသည်နှင့် သူမ၏ အင်္ကျီလက်ထဲ ငွေနှစ်လျန်းထုတ်ယူပြီး ရှန်းယောင်ကို ပေးလိုက်သည်။

 

“မင်း ဘာလုပ်တာလဲ” ရှန်းယောင်က မကျေမနပ် မျက်ခုံးပင့်လိုက်သည်။

 

“ကျွန်မ ရှင့်ကို ဝိုင်ဝယ်ဖို့ ပိုက်ဆံနည်းနည်းပေးတာလေ” ကျီကျောက်က ပြုံးပြီး ပြောသည်။

 

“မလိုပါဘူး” ရှန်းယောင်က သူမလက်ကိုဆွဲကာ သူမ လက်ဖဝါးထဲ ငွေနှစ်လျန်းကို ပြန်ထည့်ပေးလိုက်သည်။ ထို့နောက် သူမကို စိုက်ကြည့်နေသည့် သူ့အကြည့်ထဲတွင် နူးညံ့မှုအပြည့်ရှိသည်။