အခန်း
(၁၅၂) - ရတာပေါ့ဗျာ
ကျီကျောက်သည်
ကဏန်းအကောင်ကြီးတွေနဲ့ ပြည့်နေတဲ့ ခြင်းတောင်းကို မြင်တဲ့အခါ သူမ၏ မျက်လုံးတွေက ထူးဆန်းတဲ့
အလင်းရောင်တစ်ခု လင်းလက်တောက်ပနေခဲ့သည်။
ကဏန်းအကောင်ကြီးတွေ
အများကြီးရှိနေတယ်။ သူမ သူတို့ကိုမြင်ရုံနဲ့တင် သွားရည်ကျတော့မလိုဖြစ်နေပြီ…
“ရှန်းယောင်
ရှင် အရင်က ကဏန်းအစပ် စားဖူးလား” ကျီကျောက်က ဂုဏ်ယူစွာ မျက်ခုံးပင့်လိုက်သည်၊ “ဒီနေ့
ကျွန်မရဲ့ အရည်အချင်းကို ရှင့်ကိုပြမယ်။”
မီးဖိုချောင်သုံးခါးစည်းကိုဝတ်ဆင်ပြီးနောက်
ကျီကျောက်သည် သူမ၏ လက်ကို ဆေးကြောခဲ့ပြီး လတ်လတ်ဆတ်ဆတ် ကဏန်းအကောင်ကြီးများကို စတင်ကိုင်တွယ်ခဲ့သည်။
ဒီအသုတ်
ကဏန်းတွေက အရမ်းထွားပြီး တစ်ကောင်ချင်းစီက ကျီကျောက်၏ လက်ဖဝါးလောက် ကြီးမားသည်။
“ဒီကဏန်းလက်မတွေက
အရမ်းအစွမ်းထက်တယ်။ အာ့ထောင် မင်း ဂရုစိုက်ပြီးကိုင်ဦး” ရှန်းယောင်က ကြက်သွန်ကူနွှာပေးရင်း
ညင်သာစွာ သတိပေးသည်။
“စိတ်မပူပါနဲ့”
ကျီကျောက်က ကဏန်းအကောင်ကြီး တစ်ကောင်ကို အမြန်ဖမ်းပြီး သူ့ဝမ်းဗိုက်ကို သန့်စင်ကာ အနီးနားမှာရှိတဲ့
ဝါးခြင်းတောင်းထဲ ထည့်လိုက်သည်။
၁၁ နာရီ
ဝန်းကျင်တွင် ကျီကျောက်သည် ပါဝင်ပစ္စည်းအားလုံးကို နောက်ဆုံးတွင် ပြင်ဆင်ပြီးသွားခဲ့ပြီဖြစ်သည်။
ကျီကျောက်သည်
သူမကို ရှန်းယောင် လက်ဆောင်ပေးထားသော မီးဖိုချောင်သုံးဓားမကို ကောက်ကိုင်ကာ ကဏန်းကြီးများကို
ထက်ခြမ်း ခြမ်းလိုက်သည်။ ထို့နောက် သူမသည် အဆိုပါ ကဏန်းများကို မုန့်နှစ်ရည်တွင် နှစ်ပြီး
ဘေးဖယ်ထားလိုက်သည်။
“ရှန်းယောင်
မီးကို အလယ်အလတ် အနေအထား ထားပေး။ မီးအပူချိန် အရမ်းလည်း မပြင်းနဲ့ အရမ်းလည်း မပျော့စေနဲ့”
ကျီကျောက်က အပြုံးဖြင့် သတိပေးခဲ့သည်။ ထို့နောက် သူမသည် အရသာရှိသော ကဏန်းအစပ် ပြုလုပ်ဖို့
စတင်ပြင်ဆင်ခဲ့သည်။
ကျီကျောက်သည်
အိုးထဲက ဆီ ပွက်ပွက်ဆူလာသည့်အခါ ခုတ်ထားတဲ့ ကဏန်းအားလုံးကို အိုးထဲ လောင်းထည့်လိုက်သည်။
ရှဲ…
ဆီပူပူမှာ
ထည့်ကြော်လိုက်တဲ့ ကဏန်းတွေက ချက်ချင်းဆိုသလို အနီရောင်ပြောင်းသွားခဲ့သည်။
ခဏအကြာတွင်
ကျီကျောက်သည် ကဏန်းအားလုံးကို ပြန်ဆယ်ပြီး ဆီစစ်ထားလိုက်သည်။
ဆီအိုးထဲမှ
ဆီတွေ ပူနေသေးတဲ့အချိန်မှာ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ငရုတ်သီးခြောက်တွေရယ်
လျှို့ဝှက်ငရုတ်သီးဆော့စ် တစ်ဇွန်းရယ်ကို ထည့်ပြီး ကြော်လိုက်သည်နှင့် သိပ်မကြာခင်မှာပဲ
မီးဖိုချောင် တစ်ခုလုံး စားချင်စဖွယ် မွှေးရနံ့တွေ သင်းပျံ့သွားခဲ့သည်…
ထိုမွှေးရနံ့လေးနဲ့တင်
သွားရည်ကျလုမတတ်ဖြစ်သွားစေသည်။
ထိုအချိန်မှာ
ငွေစာရင်းစစ်နေတဲ့ ချင်မင်ဟုန်သည်လည်း ထိုမွှေးရနံ့ကို ရရှိခဲ့လေသည်။
ချင်မင်ဟုန်က
သူ့ဘေးနားမှာထိုင်နေတဲ့ လက်ထောက်ဆိုင်ရှင်ယို့ကို စပ်စပ်စုစု ကြည့်လိုက်သည်၊ “စားသောက်ဆိုင်မှာ
ဟင်းပွဲအသစ်တွေ မိတ်ဆက်ဖို့ရှိတာလား။ ဒီမွှေးရနံ့က တကယ်ထူးခြားတယ်။”
“သခင်လေး
ဒီမွှေးရနံ့က လူတွေကို သွားရည်ယိုစေနိုင်တယ်လို့ထင်လား” လက်ထောက်ဆိုင်ရှင်ယို့က အပြုံးဖြင့်
ရှင်းပြသည်၊ “တကယ်တော့ ကျွန်တော်တို့ဆိုင်ကို ငှားရမ်းတဲ့ မိန်းကလေးကျီရဲ့ လက်ရာလေ၊
သူမ ကဏန်းအစပ်ဟင်းပွဲ ပြုလုပ်နေတာ။”
“မိန်းကလေးကျီလား”
ချင်မင်ဟုန်တစ်ယောက် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့သည်၊ “မိန်းကလေးကျီဆိုတာ
ဟင်းချက်အရမ်းတော်တဲ့ ကျီအာ့ထောင်ကို ပြောတာလား။”
“ဟုတ်ပါတယ်။”
“ဒါပေမယ့်
ကျွန်တော် မှတ်မိတာ မမှားရင် ဆိုင်ကို ငှားရမ်းသူနာမည်က ကျီကျောက်လို့ဆိုတယ်လေဗျာ။”
“မိန်းကလေးအာ့ထောင်ရဲ့
နာမည်က ကျီကျောက်ပါ” လက်ထောက်ဆိုင်ရှင်ယို့က ခပ်မြန်မြန်ပြုံးပြီး ပြောလိုက်သည်၊ “သခင်လေး
အာ့ထောင်က ကျွန်တော် သူ့ကို ဆိုင်ငှားဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ချက်ပြုတ်ကျွေးမွေးဖို့
ပြင်ဆင်နေတာလေ။ ဒါကြောင့် ဒီနေ့လည်ခင်း ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ကို
ခဏငှားထားတာ။ သူမက ကဏန်းအစပ်ဟင်းပွဲ ချက်ပြုတ်ပေးမယ်လို့ပြောတယ်၊ ကဏန်းအစပ်က အရမ်းစားကောင်းတယ်လို့လည်းပြောသေးတယ်။
ဒါပေမယ့် သခင်လေး စိတ်မပူပါနဲ့။ ကျွန်တော် ဒီအကြောင်းကို ဆိုင်ရှင်ဆီ အကြောင်းကြားထားပြီးပါပြီ။
အဲဒီပါဝင်ပစ္စည်းတွေအတွက် ကျသင့်ငွေကို ကျွန်တော့်ရဲ့ လစာထဲကနေ နုတ်ယူလိုက်ပါလိမ့်မယ်။”
“ဒီလိုလုပ်ဖို့
မလိုပါဘူး” ချင်မင်ဟုန်က လေးလေးနက်နက် ပြုံးကာ “ဒီနှစ်တလျှောက် ဦးလေးယွီက ဆိုင်ရှင်ကောင်းတစ်ယောက်လို့
နာမည်ရခဲ့တယ်ဆိုပေမယ့် စားသောက်ဆိုင်ကို တစ်နှစ်ပတ်လုံး အမြတ်အစွန်းရအောင် စွမ်းဆောင်နိုင်တာက
ခင်ဗျားရဲ့ ပံ့ပိုးပေးမှုကြောင့်လည်းဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ တကယ်လို့ ဒီလိုကိစ္စသေးသေးကြောင့်
ခင်ဗျားရဲ့ လစာငွေထဲကနေ နုတ်ယူလိုက်မယ်ဆိုရင် ကျိုးကြောင်းမဆီလျော်ရာကျလိမ့်မယ်ဗျ။”
“သခင်လေး”
လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် အရမ်းခံစားသွားရကာ သူ့မျက်လုံးတွေပင် နီမြန်းသွားခဲ့သည်၊
“ကျွန်တော် အသက်ဆယ့်ခြောက်နှစ်ကတည်းက ဒီစားသောက်ဆိုင်ကို ရောက်ခဲ့တာ။ မျက်စိတစ်မှိတ်လေးအတွင်း
နှစ်ပေါင်း ဆယ့်လေးနှစ်နီးပါး ရှိသွားခဲ့ပြီ။ ကျွန်တော့်စိတ်ထဲမှာ ဒီစားသောက်ဆိုင်က
ကျွန်တော့်ရဲ့ ဒုတိယအိမ်ပါပဲ။”
“ကျွန်တော်
နားလည်ပါတယ်” ချင်မင်ဟုန်က သူသေချာနားလည်ကြောင်း ခေါင်းညိတ်ပြသည်၊ “ဦးလေးယွီကလည်း ကျွန်တော့်ကို
ပြောဖူးပါတယ်။ လက်ထောက်ဆိုင်ရှင်ယို့ ဒီစားသောက်ဆိုင်ရဲ့ စီးပွားရေး အနာဂတ်မှာ ပိုကောင်းလာလိမ့်မယ်လို့
ကျွန်တော်ယုံကြည်ပါတယ်။”
“ကျွန်တော်
သေချာပေါက် ဖြစ်အောင် လုပ်မယ်။” လက်ထောက်ဆိုင်ရှင်ယို့က လေးလေးနက်နက် ခေါင်းညိတ်သည်။
“မိန်းကလေးကျီက
ကဏန်းအစပ်ချက်ပြုတ်ထားတယ်ဆိုတော့ ကျွန်တော်ရော အတူတူစားလို့ရမလား။”
“ရတာပေါ့။”