Ch 151
Viewers 12k

အခန်း (၁၅၁) - မကျေနပ်စရာ အကြောင်းမရှိ။

 

စာချုပ်တွင် ရေးထိုးထားသည့် လက်မှတ်ကိုမြင်တော့ ရှန်းယောင်သည် သူ့စိတ်ထဲ ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။

 

“ညီမ သခင်လေးချင်ကို သိပါတယ်။ သူက ပါးဖန်းခယ့်ရဲ့ သခင်လေးဆိုတာကိုပဲသိခဲ့တာ။ ဟုန်ရှင်းစားသောက်ဆိုင်ကပါ ချင်မိသားစုရဲ့ ပိုင်ဆိုင်မှုလား။”

 

ကျီကျောက်သည် တင်းယွမ်ခရိုင်ရှိ အချမ်းသာဆုံးမိသားစုမှာ ချင်မိသားစုဖြစ်ပုံရသည်ကို မှတ်မိခဲ့သည်။

 

လက်ထောက်ဆိုင်ရှင်ယို့က တောက်ပစွာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်၊ “အာ့ထောင်က ငါတို့သခင်လေးကို သိတယ်လား။ ငါတို့ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ သခင်လေးက တကယ့်ကို ချင်မိသားစုကပဲ။”

 

ကျီကျောက်သည် ရှန်းယောင်ကို မသိစိတ်ဖြင့် လှမ်းကြည့်ကာ စိတ်ထဲ သက်ပြင်းမချမိဘဲ မနေနိုင်ပေ။

 

ဒီကမ္ဘာကြီးက တကယ့်ကိုသေးငယ်လှသည်။

 

“ဒါပေမယ့် ဟုန်ရှင်းစားသောက်ဆိုင်ပိုင်ရှင်ရဲ့ မျိုးရိုးနာမည်က ယွီလို့ ကျွန်တော် ကြားဖူးတယ်” ရှန်းယောင်သည်လည်း အလွန်စိတ်ရှုပ်ထွေးနေပုံရသည်။ မတော်တဆလို့ဆိုရအောင် အရမ်းများလွန်းတယ်လို့မထင်ဘူးလား.

 

“အင်း” လက်ထောက်ဆိုင်ရှင်ယို့၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပြင်းထန်သော ဝမ်းနည်းမှု အငွေ့အသက်က အစားထိုးဝင်ရောက်လာခဲ့သည်။

 

ခဏအကြာတွင် လက်ထောက်ဆိုင်ရှင်ယို့သည် အာ့ထောင်ကို မျက်နှာမူကာ အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်၊ “အာ့ထောင် နင် ဒီငှားရမ်းမှုကို ဘယ်လိုထင်လဲ။”

 

“အစ်ကိုယို့ ညီမ အစ်ကို့ဆီကနေ ဘာကိုမှ မဖုံးကွယ်ထားနိုင်ဘူး။ တကယ်တော့ ညီမတို့ အစ်ကိုကြီးကို ခရိုင်မြို့ထဲမှာ ငှားရမ်းဖို့ သင့်တော်တဲ့ ဆိုင် ရှိ မရှိ မေးမြန်းကြည့်ခဲ့သေးတယ်။ ဒါ့ပေမယ့် တင်းယွမ်ခရိုင်မှာရှိတဲ့ မြေတွေက အရမ်းဈေးကြီးတယ်။ အဝေးဆုံး အရှေ့လမ်းမှာတောင် ဆိုင်ခန်းငှားခတွေ အရမ်းဈေးကြီးတယ်” ကျီကျောက်က ရိုးရိုးသားသား ပြုံးပြီး “ပြောရရင် အစ်ကိုယို့တို့ဖက်က ကမ်းလှမ်းတဲ့ ငှားရမ်းခက တကယ့်ကို ကောင်းလွန်းနေတယ်” ဟု ပြောလိုက်သည်။

 

“ကျွန်မကတော့ မကျေနပ်စရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။”

 

“ဟားဟား… ဟားဟား…” ဒါကိုကြားတော့ လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် အလွန်သက်တောင့်သက်သာဖြစ်သလို ခံစားရသည်။

 

ကျီကျောက်သည် ရှန်းယောင်ကို တဖန် စိုက်ကြည့်လိုက်တော့ သူက ခေါင်းညိတ်ပြတာကိုမြင်ပြီး သူမ၏ အပြုံးတွေက ပိုလို့တောင် တောက်ပလာခဲ့သည်။

 

စာချုပ်ချုပ်ဆိုပြီးနောက် ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး လက်ထောက်ဆိုင်ရှင်ယို့ကို ကြည့်လိုက်သည်။ သူမက သူ့ကို ရိုးရိုးသားသား ဖိတ်ခေါ်ခဲ့သည်။ “အစ်ကိုယို့ ဒီအချိန်အတောအတွင်း ညီမတို့ကို ဂရုတစိုက်ကြည့်ရှုပေးခဲ့လို တကယ်ကျေးဇူးတင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီမ မနေ့တုန်းက မားအိမ်တော်ကနေ ဆုလာဘ်အချို့ ရရှိခဲ့တယ်။ ညီမတို့ အစ်ကို့ကို ထမင်းတစ်နပ်လောက် ဧည့်ခံချင်တယ်။ အစ်ကို ညီမတို့ကို မျက်နှာသာလေးပေးနိုင်မလား။”

 

လက်ထောက်ဆိုင်ရှင်ယို့က သူ့မေးစေ့ကို ညင်သာစွာ ပွတ်သပ်ပြီး လေးနက်တဲ့ အမူအရာနှင့် “နင်ကိုယ်တိုင် ချက်ပြုတ်မှာလား” ဟု မေးလာခဲ့သည်။

 

“ဒါပေါ့။”

 

“ဒါဆို ဘာဖြစ်လို့ ငါမလာရမှာလဲ” လက်ထောက်ဆိုင်ရှင်ယို့က ရယ်မောလိုက်ပြန်သည်။

 

“ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်။ အခု အချိန်အားတယ်မလား။ ညီမတို့ ဒီနေ့ပဲ ဘာဖြစ်လို့ မလုပ်ရမှာလဲ” ကျီကျောက်က အပြုံးဖြင့် ပြောလိုက်သည်။ “ရှန်းယောင် ကျွန်မတို့ ဈေးမှာ ဟင်းသီးဟင်းရွက် သွားဝယ်ကြရအောင်။”

 

“အိုး… ဟုတ်သားပဲ၊ ငါ အခုမှ သတိရတယ်” လက်ထောက်ဆိုင်ရှင်ယို့က လက်ခုပ်ထတီးပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်၊ “ဒီနေ့ ရွာကနေ ကဏန်းကြီးတွေ မီးဖိုချောင်ဆီ ပို့လာတယ်။ အာ့ထောင် နင် ဘာဖြစ်လို့ ကဏန်းဟင်းလျာ နည်းနည်းလောက် မချက်တာလဲ။”

 

“ရတယ်လေ။”

 

“ဒါဆို အဲ့လိုပဲလုပ်လိုက်ချေ” လက်ထောက်ဆိုင်ရှင်ယို့က ပျော်ရွှင်စွာ တေးညည်းပြီး သူတို့အခန်းထဲမှ ထွက်သွားခဲ့သည်။

 

ကျီကျောက်သည် အငှားစာချုပ်ကို ဂရုတစိုက် ကောက်ယူလိုက်သည်။ ထို့နောက် သူမသည် လက်ပေါ် မေးစေ့ထောက်ပြီး ရှန်းယောင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမသည် ဘာမှ မပြောဘဲ အပြုံးမပျက် ကြည့်နေခဲ့သည်။

 

“အင်း…”

 

“ရှန်းယောင် အခုနတုန်းက စာချုပ်ပေါ်က လက်မှတ်ကိုတွေ့တော့ ရှင် ဘာတွေတွေးနေတာလဲဟင်” ကျီကျောက်သည် သူ့ကို ကျီစယ်သည့် အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။

 

“ဘာမှ မတွေးပါဘူး။”

 

“တကယ်လား။”

 

ရှန်းယောင်က သူမ၏ နှာခေါင်းလေးကို အသာဖျစ်ပြီး တိုးတိုးလေး ရှင်းပြသည်၊ “ဒါပေမယ့် ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ ပိုင်ရှင်က ယွီမျိုးရိုးလို့ကြားသိခဲ့ဖူးတဲ့အတွက် နည်းနည်းတော့ အံ့အားသင့်သွားတယ်။ ပိုင်ရှင်က အခုလို ပြောင်းလဲသွားလိမ့်မယ်လို့ ကိုယ်မထင်ထားဘူး။ ကိုယ် နည်းနည်းအံ့အားသင့်သွားတယ်။”

 

“အခု ရှင် ဒီလိုပြောတယ်ဆိုတော့ ကျွန်မလည်း တစ်ခုခုတော့ မှားနေပြီလို့ခံစားရတယ်” ကျီကျောက်က မျက်မှောင်အသာကြုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်၊ “အစ်ကိုယို့ အခုနတုန်းက ပိုင်ရှင်ဟောင်းအကြောင်းကိုပြောတုန်းက သူ့ကြည့်ရတာ အရမ်းဝမ်းနည်းနေပုံပဲ။”

 

“အင်း” ရှန်းယောင်က သူမလက်ကို အသာဆုပ်ကိုင်ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်၊ “ဒါပေမယ့် ကိုယ်တို့ ဒါကို အာရုံစိုက်နေဖို့မလိုဘူး။ မင်း ဒီဆိုင်ကို ငှားပြီးပြီ။ ဆိုင်ခန်းကို ဘယ်လိုအလှဆင်ဖို့ တွေးထားလဲ။”

 

“ရိုးရိုးသားသားပြောရရင် ကျွန်မ အဲ့အကြောင်းကို မစဉ်းစားရသေးဘူး” ကျီကျောက်က ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်၊ “ပြီးတော့ ကျွန်မ အခု အခြားတစ်ခုခုကို စဉ်းစားနေတယ်။”

 

“ဘာကိုလဲ။”

 

“ကဏန်းကို ပေါင်းရင်ကောင်းမလား ချက်ရင်ကောင်းမလားဆိုတာကိုလေ။”

 

ရှန်းယောင်သည် သူမ၏ အပြစ်ကင်းစင်သောအသွင်လေးကြောင့် ကြည်နူးသွားပါသည်။