အပိုင်း ၇၉
Viewers 13k

Chapter 79


Daddy's little ( 79)


ဧည့်သည်များအားလုံးပြန်သွားသည့်နောက်တွင် ဒရိတ်ခ်က ချယ်လ်စီလေးအားရေချိုးပေးကာစောစောအိပ်ရာဝင်စေသည် ။ ထို့နောက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲအားစတင်ခဲ့လေသည် ။


" ကိုယ်မှန်းပါဦးမယ် မင်းကပါကာအစစ်ဖြစ်ပြီး... မင်းကတော့ကိုယ်ချစ်ရတဲ့ပါကာမဟုတ်လား "


ဒရိတ်ခ်၏ မှန်းဆချက်မှာမှန်ကန်နေသောကြောင့် လန်လင်းကမငြင်းဆန်ပေ ။ 


" ဟုတ်တယ်... "


ဒရိတ်ခ်မှာ သူအရက်သောက်တာအရမ်းများသွားပြီဟုထင်နေလေသည် ။ မတ်မတ်ရပ်ရန်ပင်အားမရှိတော့ကာ နံရံအားမှီထားရလေသည် ။


" ထပ်မှန်းပါစေဦး...ချယ်လ်စီလေးကိုပြန်ပေးဆွဲခဲ့တဲ့အချိန်ကဖြစ်ခဲ့တာမလား "


" အင်း ...ဒရိတ်ခ်နားထောင်ပါဦး ကျွန်တော်က ကွာရှင်းခံရမှာကိုကြောက်...."


" မင်းရူးနေလား...မင်းကချယ်လ်စီလေးကို ပြန်ပေးဆွဲပြီးပြန်ရောက်လာတော့....လုံးဝပြောင်းလဲသွားတာလေ..."


ပါကာက ခေါ်လိုက်သည် ။


" ဒရိတ်ခ်..."


လန်လင်း ( မူလပါကာက) ပါကာအားတားလိုက်သည် ။


" သူပြောပါစေ "


ထို့နောက် လန်လင်းကဒရိတ်ခ်၏မျက်နှာအားတည့်တည့်ကြည့်ကာပြောလိုက်လေသည် ။


" ဟုတ်တယ်... ကျွန်တော်လုပ်ခဲ့တယ်...ဘာလို့လဲဆိုတော့ ကျွန်တော်ကွာရှင်းရမှာကိုကြောက်လို့... ဒါပေမဲ့လည်း ကျွန်တော် ခင်ဗျားနဲ့အတူတူလည်းမနေချင်ပြန်ဘူး... ကျွန်တော့်မိသားစုကလည်း ကွာရှင်းတာကိုခွင့်မပြုဘူးလေ... သူတို့မရှိရင်ကျွန်တော်ကဘာကောင်မှမဟုတ်ဘူး "


ဒရိတ်ခ်ကနှာမူတ်ကာပြောလိုက်သည် ။


" အခုသူတို့မရှိလည်းမင်းအဆင်ပြေနေတာဘဲမဟုတ်လား "


လန်လင်းက အောက်နူတ်ခမ်းကိုတင်းတင်းကိုက်ထားကာပြောလိုက်သည် ။


" ကျွန်တော်အခြေအနေတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာမှမသိခဲ့တာ "


" မင်းမသိခဲ့မှာပေါ့ မင်းကငါနဲ့တောင်စကားပြောဖို့ကြိုစားခဲ့ဖူးလို့လား...ပါ..လင်း...အာ ငါမင်းကိုဘယ်လိုခေါ်ရမလဲတောင်မသိတော့ဘူး "


ပါကာက စိတ်မကောင်းဖြစ်စွာပြန်ဖြေလိုက်သည် ။


" သူ့ကိုလန်လင်းလို့ခေါ်လို့ရပါတယ် "


ဒရိတ်ခ်က လန်လင်းအားကြည့်ကာပြောလေ ၏ ။


" မင်းကငါနဲ့စကားအတူတူပြောဖို့ထားဦး အမြဲတမ်းအော်ဟစ်နေခဲ့တာလေ... အခြေအနေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာတောင် မင်းစဥ်းစားခဲ့လို့လား "


" ကျွန်တော်တောင်းပန်ပါတယ်ဟုတ်ပြီလား! ခင်ဗျားက ကျွန်တော်မရှိလည်းအဆင်ပြေနေတာဘဲလေ ချယ်လ်စီလေးက သူမကိုချစ်ခင်ပေးမဲ့ပါးပါးမျိုးလိုအပ်သလို ခင်ဗျားကလည်းဂရုစိုက်ပေးမဲ့ခင်ပွန်းမျိုးလိုအပ်တယ် အဲ့တာက သေချာပေါက်ပါကာဘဲ! ကျွန်တော်မဟုတ်ဘူး....ခင်ဗျားကိုကျွန်တော်မချစ်ဘူး ဒရိတ်ခ်...ဒါ့ကြောင့်ကျွန်တော်မလုပ်နိုင်ဘူး ကျွန်တော့်မိဘတွေကလက်ထပ်ပွဲကိုအတင်းအကျပ်စီစဥ်ခဲ့တာ...ကျွန်တော်က ကိုယ်ပိုင်ဘဝနဲ့ရှင်သန်ချင်တယ် ! ကျွန်တော်ချစ်တဲ့လူကိုဘဲကျွန်တော်လက်ထပ်ချင်တယ်...ကျွန်တော့်ဘဝအတွက်ကြိုးစားခဲ့တာကလမ်းမှားနေခဲ့တာ...ဝိညာဥ်ပြောင်းလဲပြီးတော့ ကျွန်တော်လဲကျွန်တော်လိုချင်တဲ့ဘဝမျိုးမှာရှင်သန်နေရတယ် ခင်ဗျားလည်းပါကာနဲ့အဆင်ပြေနေတာဘဲလေ "


ဒရိတ်ခ်မှာ ပြောစရာစကားပင်မရှိပါတော့ချေ ။ ဒရိတ်ခ်က သက်ပြင်းချ၍ သူ၏ဆံပင်များကိုထိုးဖွလိုက်သည် ။


" ဒါဆိုရင် မင်းကိုဂုဏ်ပြုပေးရမှာပေါ့ လန်လင်းရဲ့ ...မင်းလဲမင်းဘဝနဲ့ ငါလည်းငါ့ဘဝနဲ့ ဒါပေမဲ့တစ်ခုတော့ပြောချင်တယ် ငါ့ရဲ့ခံစားချက်တွေကိုတော့ထပ်ပြီးမကစားပါနဲ့ ဒါကငါတို့အိမ်ထောင်ရေးအတွက်အဖြေတစ်ခုဆိုရင်တောင်မှ မင်းနဲ့ခုနှစ်နှစ်တောင်အတူနေခဲ့တာဘဲ ပါကာဆိုတာလူသားတစ်ယောက် အလွယ်တကူအစားထိုးလို့ရတဲ့ပစ္စည်းမဟုတ်ဘူး "


ဒရိတ်ခ်က ပါကာအားလှည့်ကြည့်လိုက်သည် ။


" နားလည်လား "


ပါကာက သူ၏ဗိုက်ကလေးအားမထားရင်းဖြေလိုက်သည် ။


" အင်း "


" လန်လင်းမင်း ဧည့်သည်အိပ်ခန်းကိုမှတ်မိတယ်မဟုတ်လား...ငါကတော့ နှစ်ခွက် မဟုတ်ဘူး...အများကြီးသောက်သင့်နေပြီထင်တယ် "


ဒရိတ်ခ်က သေချာပေါက်ပင် ခေါင်းဆေးရန်လိုအပ်နေပြီး အမှောက်သောက်လိုက်မှသက်သာမည်ပင် ။ ဒရိတ်ခ်ထွက်သွားသည်နှင့်ပါကာက သက်ပြင်းချကာမေးလိုက်သည် ။


" သူငါ့ကိုဒေါသထွက်နေလောက်တယ်မလား "


" မဟုတ်ပါဘူး သူစိတ်ငြိမ်ငြိမ်ထားဖို့လိုအပ်ရုံတင်ပါ ...သူမင်းကိုချစ်တယ် ပါကာ "


×××


ကာလိုဒ်က သူမအားစိုက်ကြည့်နေသောမိခင်ဖြစ်သူကြောင့် တံတွေးမြိုချမိလိုက်သည် ။ ရုတ်တရက်ကြီးရောက်လာရန်မထင်မှတ်ထားပါချေ ။


ဂျိမ်းစ်ကို နှင်မထုတ်လိုက်သင့်ဘူး!


အိန်ဂျလာက ဒေါသတကြီးမေးလိုက်သည် ။


" ဂျိမ်းစ်ဘယ်မှာလဲ နင့်ရဲ့ကိုယ်ဝန်ဆောင်ချိန်ကာလမှာတောင် သူဘယ်လိုလုပ်တစ်ယောက်တည်းထားသွားရဲရတာလဲ "


အရင်အချိန်ကတည်းက သူမအော်ထုတ်သည်ဖြစ်စေနှင်ထုတ်သည်ဖြစ်စေ ဂျိမ်းစ်မှာအပြင်၌ညအိပ်ခဲ့ခြင်းမရှိပေ ။ မည်မျှပင်နောက်ကျသည်ဖြစ်စေပြန်လာခဲ့သည်ချည်းသာ ။ ယခုမူရက်အတန်ကြာပျောက်နေ၍ ကဖေးထဲမှသူ၏အကြည့်များအားမတွေးဘဲမနေနိုင်ပါတော့ချေ ။


ကာလိုဒ်က ချက်ချင်းမျက်ရည်ဝဲလာလေသည် ။ အိန်ဂျလာက သူမ၏သမီးအပြုအမူကြောင့် အံ့အားသင့်ကာမေးလိုက်လေသည် ။


" ဂျိမ်းစ်က သမီးအပေါ်ဖောက်ပြန်နေတယ်ထင်တယ် "


ဂျိမ်းစ်က သူမကိုထားသွားလို့မရဘူးလေ...


သူမရဲ့ ဘဝကသူ့ကိုလက်ထပ်လိုက်တာကြောင့်ပျက်ဆီးသွားခဲ့ရတာ...


Xxxxxx