အပိုင်း ၇၈
Viewers 13k

Chapter 78


Daddy's little ( 78 )


လူးဝစ်မှာ ချားလ်အားထမင်းကျွေးနေပြီး တေလာက ရိုင်လီလေးအားဒိုက်ပါလဲပေးနေရင်းစကားစမြည်ပြောနေကြသည် ။


" မင်းကြည့်ရတာ နည်းနည်းဝမ်းနည်းနေသလိုဘဲ ...ရေးနဲ့အဆင်မပြေလို့လား "


" အဆင်ပြေပါတယ်... အရမ်းကြီးတော့မဆိုးပါဘူး...အချိန်ကုန်တာမြန်တယ်လို့ ခံစားနေရရုံပါ "


တေလာက ရိုင်လီလေး၏ခြေထောက်ကိုကိုင်လိုက်သည့်အခါ သူမကတခစ်ခစ်ရီမောလာလေသည် ။


" ကလေးတွေက တစ်ခါတစ်လေရူးချင်လောက်အောင်သောင်းကျန်းကြပေမဲ့ တစ်ခါတစ်လေကျရင်လဲအရမ်းချစ်ဖို့ကောင်းနေပြန်ရော... သူတို့ကိုကလေးအဖြစ်ဘဲနေစေချင်ပေမဲ့ တစ်ခါတစ်လေ မြန်မြန်အရွယ်ရောက်လာစေချင်တယ်... အား "


လူးဝစ်က သူ၏လက်အားကိုက်လိုက်သည့် ကလေးငယ်လေးအားကြည့်ကာပြောလိုက်သည် ။ 


" အိုခေ... သားဗိုက်ပြည့်နေပြီဘဲ "


သူက ကလေးငယ်လေးအားချီကာပုခုံးတွင်မှီစေ၍ လေချဥ်တက်စေရန်ခပ်ဖွဖွပွတ်သပ်ပေးနေလေသည် ။ တေလာက ထိုသားအဖကိုကြည့်ကာပြုံးလိုက်ပြီးနောက် ရိုင်လီလေးကိုချီလိုက်ကာဝမ်းနည်းနေသည့်လေသံနှင့်ပြောလိုက်သည် ။


" ရေးကမကြာခင်အလုပ်ခရီးတစ်ခုသွားရမယ်တဲ့...ငါသူ့ကိုရက်အတော်ကြာတွေ့နိုင်မှာမဟုတ်ဘူး...ပြီးတော့ သူမကြာခင်အိမ်ပြောင်းဖို့စီစဥ်မယ်ထင်တယ် "


လူးဝစ်က မေးလိုက်သည် ။


" မင်းကနေခဲ့ချင်တာလား "


" အင်း...ဒါပေမဲ့ ရေးကအလုပ်ကိုအရမ်းစွဲလမ်းနေတော့ ပြောင်းတာကပိုပြီးအဆင်ပြေလိမ့်မယ်လို့ငါထင်တယ် "


တေလာသည်လည်း ရေးမှာအဘယ့်ကြောင့်အလုပ်သရဲဖြစ်နေရသနည်းနားမလည်နိုင်ပါချေ ။ သူမည်မျှနားချသည်ဖြစ်စေ အနားယူရန်ငြင်းဆန်နေလေသည် ။


" အဲ့တာကရူပ်ထွေးလွန်းတယ် မင်းမလိုက်သွားဘူးဆိုရင်လည်း မင်းသူနဲ့အချိန်အတော်ကြာတွေ့ရမှာမဟုတ်ဘူး...တကယ်လို့မင်းလိုက်သွားမယ်ဆိုရင်လဲ မင်းပျော်ရမှာမဟုတ်ဘူး...တတိယနည်းလမ်းကတော့ကွာရှင်းဖို့ဘဲရှိတော့လိမ့်မယ် "


တေလာကမေးလိုက်သည် ။


" ငါဘာလုပ်သင့်လဲ "


လူးဝစ်က တုံ့ဆိုင်းခြင်းမရှိဘဲပြန်ဖြေလိုက်သည် ။


" ငါဆိုရင် သေချာပေါက်လိုက်သွားမှာပေါ့... ဒါပေမဲ့ နေရာအသစ်ရဲ့အခြေအနေကိုလည်းသေချာပေါက်ကြည့်ရမှာပေါ့ "


တေလာက လူးဝစ်၏အပူအပင်မရှိသည့်ပုံစံလေးကိုပင်အားကျသွားရသည် ။ လူးဝစ်၏ရွှေရောင်ဆံနွယ်များမှာပျော့ပြောင်းကာ နို့နှစ်ရောင်အသားအရေနှင့် မျက်နှာသေးသေးလေးအပြင် ပင်လယ်ပြာရောင်မျက်ဝန်းတစ်စုံအားပိုင်ဆိုင်ထားလေသည် ။


နှင်းဆီရောင်နူတ်ခမ်းပါးလေးနှင့် နှစ်လိုဖွယ်ကောင်းသည့်အပြုံးပိုင်ရှင်ဖြစ်သော်ငြား အပြောဆိုးသည်မှာတော့ အမှန်ပင် ။ ရှာရွန်မှာ အပြောဆိုးသည့်အစားသရဲလေးလူးဝစ်အား ပုံအောချစ်ပြနေသည်မှာလည်းအံ့သြစရာမရှိပေ ။ 


တေလာက စနောက်လိုက်သည် ။


" မင်းကတစ်ခုခုတော့တစ်ခုခုဘဲ "


လူးဝစ်က တေလာ၏စကားကြောင့်ရူပ်ထွေးသွားရလေသည် ။


" အဲ့တော့မင်းကငါ့ကိုဝေဖန်နေတာလား "


ပါတီပွဲမှာစည်ကားသက်ဝင်နေဆဲဖြစ်ကာ ရှာရွန်နှင့်အခြားသူများမှာ ဝိုင်းဖွဲ့စားသောက်နေကြပြီး လန်လင်းကပါကာနှင့်စကားပြောနေလေသည် ။


 အိုလီဗာနှင့်အခြားကလေးများမှာ ဘောလုံးကန်နေကြစဥ် ဂျော်ဒန်ကချယ်လ်စီလေးအားပြောလိုက်သည် ။


" ဟေး...ချယ်လ်ချယ်လ်လေး နင်ကမကြာခင်အကြီးဖြစ်တော့မှာဆို... စီနီယာကြီးကပြောပြရမလား ".


ချယ်လ်စီလေးက နားမလည်ဟန်ဖြင့်သူမ၏ခေါင်းလေးအားစောင်းကြည့်လိုက်သည် ။


" ဟမ်... "


" အငယ်တွေရလာပြီဆိုတာနဲ့...နင့်ကိုဘယ်သူကမှစောင့်မကြည့်နိုင်တော့ဘူး... လုပ်ချင်တာလုပ်လို့ရပြီ...ပြီးတော့ အရသာရှိတဲ့အစားအသောက်တွေကိုလည်းမျှဝေပေးရဦးမယ် "


" ကို...ကို "


ထိုအချိန်တွင် ရိုင်လီလေးက ဂျော်ဒန်၏ခြေထောက်ကိုလာဖက်သောကြောင့် ဂျော်ဒန်ကစိတ်ဆိုးစွာပြောလိုက်သည် ။


" ပြီးတော့ သူတိူ့ကနေရာတကာ...လျှောက်.... "


ဂျော်ဒန်က သူအဖေ၏အကြည့်စူးစူးများကိုခံစားမိ၍သူမလေး၏ခေါင်းကိုပုတ်ကာ အမြန်ပြောင်းပြောလိုက်ရသည် ။


" သူ...သူတို့ကအရမ်းချင်ဖို့ကောင်းတယ်...ဟဲ ဟဲ...ချစ်ဖို့ကောင်းတယ် "


ချယ်လ်စီလေးက ရီမောကာ ရိုင်လီလေး၏ခေါင်းကိုပွတ်ရင်းပြောလိုက်သည် ။


" ဟုတ်တယ်...ရိုင်လီလေးကမင်းသမီးလေးအဝတ်အစားနဲ့အရမ်းချစ်ဖို့ကောင်းတာ "


ရိုင်လီလေးက ချယ်လ်စီလေးက ကြည့်ကာရှက်၍ဂျော်ဒန်၏နောက်၌ဝင်ပုန်းကာ မပီကလာပီကလာပြောလိုက်လေသည် ။


" မ.မလဲ... လှတယ် "


ဂျော်ဒန်ကတိုးတိုးလေးပြောလိုက်သည် ။


" နင်တို့မိန်းမတွေကတော့ "


×××


ဂျိမ်းစ်က ဒေါသထွက်နေသည့်သူ၏မိဘများအားထိုင်ကြည့်နေလေသည် ။


" ငါတို့ကမိန်းမကောင်းလေးလို့ထင်ခဲ့တာ အခုတော့ကြည့်စမ်းပါဦး "


" ငါ့သားလေးအပေါ်ဒီလိုလုပ်ရက်တယ်ပေါ့ "


" စိတ်လျော့ပါဦးမိန်းမရယ် ကိုယ်တို့စိတ်အေးအေးထားရမယ်လေ "


ဟူစတန်က သူ၏အမျိုးသမီးအားနှစ်သိမ့်နေပုံရပါသော်လည်း သူ့ကိုယ်သူပါပြန်နှစ်သိမ့်နေမိသည် ။


" မားကတ်စ် ဘယ်မှာလဲအဖေ "


" သူကတော့ထပ်ပြီးအိမ်ထောင်ဖက်တွေ့ဖို့စီစဥ်နေမှာပေါ့ "


" သူကွာရှင်းပြီးတဲ့အချိန်ကတည်းက တခြားဘယ်သူနဲ့မှထပ်မတွဲဖြစ်ဘူးမလား... သူကို့အရမ်းကြီးဖိအားမပေးပါနဲ့ "


အခန်းမှာခဏမျှတိတ်ဆိတ်သွားပြီးနောက် ဂျန်က သက်ပြင်းချကာမေးလိုက်သည် ။


" သားပြောပြတာတွေကအကုန်ဘဲလား တခြားဘာတွေထပ်ဖြစ်ခဲ့တာရှိသေးလဲ "


ဂျိမ်းစ်က ပြန်ဖြေလိုက်သည် ။ 


" ကျွန်တော်ဘယ်ကစပြောရမလဲမသိတော့ဘူး..."


" စိတ်မပူပါနဲ့ သားဘက်မှာအမေတို့ရှိပါတယ် "


Xxxxxx