အပိုင်း ၇၇
Viewers 13k

Chapter 77


Mori Sue:

Daddy's little. (77)


ဒရိတ်ခ်က သူ၏မျက်လုံးများကိုပွတ်သပ်ကာ လန်လင်းအားကြည့်နေချိန်တွင် လန်လင်းမှာ မနည်းစိတ်တည်ငြိမ်အောင်ကြိုးစားနေရသည် ။


" ဟယ်လို... ခင်ဗျားက ပါကာ့ရဲ့အမျိုးသားဘဲဖြစ်ရမယ်...ကျွန်တော်ကခင်ဗျားအမျိုးသားရဲ့သူငယ်ချင်းလန်လင်းပါ "


" လန်လင်း... မင်းရောက်လာသားဘဲ "


ပါကာက ပြုံရင်း လန်လင်းအားပွေ့ဖက်လိုက်သည် ။ လူးဝစ်က ရှာရွန်အားဆွဲဆိတ်ကာမေးလိုက်သည် ။


" ဟေ့...သူကသူရုပ်ဆောင်တစ်ယောက်လား.. ဒါမှမဟုတ်ပါကာရဲ့အမြွှာလား အရမ်းတူတယ်နော် "


" လူးဝစ် "


" ဟမ် "


" ဒီနေ့တော့မသောင်းကျန်းပါနဲ့ကွာ ကိုယ်တောင်းပန်ပါတယ် "


ဒရိတ်ခ်က ပါကာ၏ပုခုံးပေါ်သို့လက်တင်ကာ တိုးတိုးလေးကပ်ပြောလိုက်သည် ။


" ပွဲပြီးရင်တော့ကိုယ်တို့တွေစကားကောင်းကောင်းပြောဖို့လိုပြီထင်တယ် "


ပါကာ တုန်လူပ်လာရသည် ။


" ဘာ..ဘာကိုဆိုလိုတာလဲ "


ဒရိတ်ခ်က ပါကာ၏မျက်လုံးတည့်တည့်အားကြည့်ကာပြောလိုက်သည် ။


" ကိုယ်ဘာပြောချင်လဲမင်းသိပါတယ် "


လန်လင်းက တံတွေးမြိုချလိုက်မိသည် ။ ဒရိတ်ခ်၏အမူအယာအရ စေ့စေ့စပ်စပ်မေးမြန်းတော့မည်မှာအသေအချာပင် ။


ပါကာက အမှန်တရားအားသိသွားသည့်အခါ ဒရိတ်ခ်သူ့ကိုထားခဲ့မည်အားစိုးရိမ်နေသည် ။


ဒရိတ်ခ်က ပါကာတုန်လူပ်နေသည်အား ခံစားမိ၍ညင်သာစွာ​ပြောလိုက်သည် ။


" စိတ်မပူပါနဲ့ ကိုယ်တို့အတည်ပြုစရာလေးတစ်ခုအတည်ပြုရုံတင်ပါ "


ဒရိတ်ခ်က ပါကာ့၏နဖူးလေးအားနမ်းကာ လန်လင်းကိုပြန်လည်နူတ်ဆက်လိုက်သည် ။


" ဟယ်လို လန်လင်း "


ဂျော်ဒန်က သူ၏တစ်ဒေါ်လာအားကိုင်ကာကြွားဝါနေဆဲပင် ။


ရွိုင်းလ်ကပြောလိုက်သည် ။


" အဲ့တော့ဘာဖြစ်လဲ ငါက ခရစ်စမတ်တိုင်းမှာစန်တာဖိုးဖိုးကြီးကလက်ဆောင်ရပြီး အီစတာပွဲတော်မှာလည်းယုန်တွေဆီက ကြက်ဥတွေရတယ် "


ဂျော်ဒန်ကအော်လိုက်သည် ။


" မင်းကအဲ့လိုအရူးပွဲတွေလိုလည်းယုံတာဘဲလား "


သီအိုဒေါကပြောလိုက်သည် ။


" အဲ့လိူမပြောနဲ့ ပါးပါးပြောတာ သူတို့တွေက လူကောင်းတွေတဲ့ "


အိုလီဗာက ကြားထဲမှခေါင်းခါလိုက်သည် ။ သူသည်စန်တာဖိုးဖိုးကြီးအားတွေ့၍ ခရစ်စမတ်ပွဲတော်ကိုမဆင်နွဲနိုင်သော်ငြား ဆုတောင်းမူပြုလုပ်နေဆဲပင် ။ သူ၏ပါးပါးအားအလုပ်ပင်ပင်ပန်းပန်းမလုပ်စေချင်ပေ ။ 


သို့သော်လည်း သူ၏အဖေဆိုသူပေါ်ထွက်လာချိန်မှစ၍ သူ၏ပါးပါးမှာအများကြီးသက်သာသွားခဲ့ရသည် ။ ထိုလူမှာ ပိတ်ရက်များတွင် သူ့ထံလာလည်၍ အရုပ်များဝယ်ပေးကာသူနှင့်အတူဆော့ကစားတတ်ပါသော်လည်း မည်သို့ဆက်ဆံရမည်သူမသိပေ ။


အမြဲတမ်းသူနှင့်သူ၏ပါးပါးသာရှိနေခဲ့ရ၍ထူးဆန်းနေသည် ။ သူ့တွင်သွေးတစ်ဝက်နှောသောဝမ်းကွဲရှိသည်ဟုသူ့ပါးပါးပြောပြသော်လည်း ထိုဝမ်းကွဲမှာသူ့အားသဘောမကျပေ ။


ချယ်လ်စီ ၊ သီအိုဒေါ လိုရီတို ဂျိမ်းစ်နှင်ရိုင်လီလေးတို့ကသာ သူ့အတွက် မိသားစုတစ်ခုဟူသည့်ခံစားချက်မျိုးခံစားရစေသည် ။ 


" လူကြီးတွေက အရမ်းရူပ်ထွေးတာဘဲ...ငါ့ပါးပါးကလူစိမ်းတွေကိုမယုံဖို့ပြောတယ် ဒါပေမဲ့နှစ်တိုင်းလူဝကြီးတစ်ယောက်က ငါတို့အိမ်ထဲဝင်လာတာကိုကျဘာမှမပြောကြဘူး.... ငါတို့အိမ်က ကွတ်ကီးတွေကိုစားတယ်နွားနို့တွေကိုလည်းသောက်တယ် ကြောက်စရာကြီး "


တခြားသောကလေးများက သူ့အားအူကြောင်ကြောင်နှင့်ကြည့်နေကြသည် ။


" ထူးထူးဆန်းဆန်း လူကြီးက အိမ်ထဲကိုဝင်လာဖို့ကြိုးစားရင် ငါက အချက်ပေးခေါင်းလောင်းကိုနှိပ်ပြီး ရိုင်လီလေးနဲ့ပါးပါးကိုကာကွယ်ပေးမှာ "


" ဒါပေမဲ့မင်းက သွားကိုကျတော့ သွားနတ်သမီးကိုဘာလို့ပေးတာလဲ "


ဂျော်ဒန်ကပြောလိုက်သည် ။


" ဘာလို့လဲဆိုတော့ပိုက်ဆံရလို့လေ...ပါးပါးနဲ့ရိုင်လီလေးအတွက် ငါပိုက်ဆံအများကြီးရှာပြီး သူတို့ကိုထောက်ပံ့ပေးရမယ် "


.....


တေလာနှင့်လူးဝစ်မှာလည်း လန်လင်းနှင့်မိတ်ဆက်လိုက်ကြသည် ။


" ဟယ်လို...ငါကလူးဝစ်ပါ သူကတော့တေလာ "


" တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က လန်လင်းပါ "


' အသံကအစတူနေတာဟ '


ထိုအချိန်၌ ဒရိတ်ခ်ရောက်လာကာ ကြေငြာလိုက်သည် ။


" အားလုံးသိကြတဲ့အတိုင်းဘဲ ကျွန်တော်နဲ့ကျွန်တော့အမျိုးသားက ဒုတိယမြောက်ကလေးကိုစောင့်မျှော်နေကြတာပါ...လာရောက်ပေးကြလို့ အားလုံးကိုလဲကျေးဇူးတင်ပါတယ် " 


သူက ပါကာ့ကိုနမ်းကာပြောလိုက်သည် ။


" ကျွန်တော်တို့ရဲ့ ဒုတိယမြောက်ကလေးကတော့ ယောက်ျားလေးပါ "


အပြာရောင်နှင်းဆီပွင့်ဖက်များကမျက်နှာကျက်ပေါ်မှပွင့်အံကျလာပြီး လူတိုင်းပျော်ရွှင်စွာလက်ခုပ်တီးလိုက်ကြသည် ။


×××


ဂျိမ်းက သူ၏မိဘများနှင့်အတူမျက်နှာချင်းဆိုင်ကာထိုင်နေချိန်တွင် ဂျိမ်းစ်၏ဖခင်ကအေးစက်စွာပြောလိုက်သည် ။


" ခြောက်နှစ်တာကိုမင်းဘယ်လိုတောင်ဖြတ်သန်းခဲ့ရတာလဲ "


ဂျိမ်းစ်၏ ဖခင်မှာသူ၏သားအတွက်အရမ်းစိတ်မကောင်းဖြစ်နေရလေသည် ။


သူတို့ကမိန်းမကောင်းလေးလို့ထင်ခဲ့တာလေ ...အခုတော့ကောင်းရော ဖောက်ပြန်တဲ့အပြင် ကလေးကပါသူများသွေးသားဖြစ်နေတယ်...သူ့သားကိုလည်း စိတ်ဒဏ်ရာတွေအများကြီးပေခဲ့သေး တယ် 


မိဘနှစ်ယောက်မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရုံနှင့်တင်အတွေးများအားနားလည်နိုင်လေသည် ။ မိခင်ဖြစ်သူက ဂျိမ်းစ်၏ လက်ကိုဆွဲကာပြောလိုက်သည် ။


" ဂျိမ်းစ်...သားအတွက်ခက်ခဲမယ်ဆိုတာသိပါတယ် ဒါပေမဲ့ ကလေးမွေးပြီးတဲ့အချိန်အထိဘဲစောင့်လို့မရဘူးလား "


ဂျိမ်းစ်က သူမအားစိတ်ပျက်စွာကြည့်လိုက်သည် ။


" ဂျိမ်းစ် သားတွေးသလို ကွာရှင်းရုံလောက်ဘဲလုပ်လို့မရဘူး...သက်သေတွေစုဆောင်းပြီး တရားစွဲရမယ်...သူတို့အားလုံးကိုတရားစွဲရမယ်...ကလေးမမွေးခင်အချိန်အထိသားသည်းခံနေလိုက်...တကယ်လို့ကလေးကသာ သားရဲ့သွေးသားမဟုတ်ဘူးဆိုရင် တရားစွဲပြီးသူတို့ဆီကရနိုင်သလောက်ရအောင်ယူရမယ် "


သူမက ဂျိမ်းစ်၏မွေးမိခင်ရင်းမဟုတ်သည့်အပြင် သူ့အပေါ်ထားသည့်ချစ်ခင်တွယ်တာမူမှာလည်း မိသားစုလုပ်ငန်းများလောက်အရေးမကြီးမှန်းသိလေသည် ။


Xxxxxx