Chapter 76
Mori Sue:
Daddy's little ( 76)
နောက်ဆုံး၌ ကလေး၏လိင်ခန့်မှန်းသည့်ပွဲရက်သို့ရောက်ရှိလာပြီဖြစ်ပြီး ဒရိတ်ခ်က သာတစ်အိမ်လုံးအနှံ့ပြေးလွှားစီမံနေလေသည် ။ ပါကာနှာင့်ချယ်လ်စီလေးမှာ ဆိုဖာပေါ်တွင်ထိုင်နေကြပြီး သူမလေးကပါကာ့၏ဗိုက်အားပွတ်သပ်ကာ ကလေးလေးကိုစကားပြောနေလေသည် ။
" ပိတ်ရက်တွေမှာ မမတို့နဲ့အတူအိုလီဗာကလာကစားလိမ့်မယ်.. မမတို့မှာဝမ်းကွဲတွေအများကြီး နဲ့ဦးဦးနဲ့အန်တီတွေအများကြီးရှိတယ်...ပါးပါးကအရမ်းအရသာရှိတဲ့မုန့်တွေလုပ်နိုင်ပြီး ဖေဖေကအရမ်းသီချင်းဆိုတာတော်တာ... မမကအဆိုတော်တစ်ယောက်ဖြစ်ချင်တာ ဒါမှဖေဖေမမကိုသီချင်းဆိုပြသလိုမျိုး လူတိုင်းကိုဆိုပြနိုင်မှာ... ပြီးတော့ပါးပါးဆီကနေ မုန့်လုပ်နည်းတွေသင်ပြီး ကလေးလေးကိုမုန့်တွေအများကြီးလုပ်ကျွေးမယ် "
သူမလေး၏ ချစ်စဖွယ်အပြောလေးများကြောင့် ပါကာပြုံးမိလေသည် ။ သူမလေးက ပါကာ၏ဗိုက်ပေါ်တွင်နားကပ်လိုက်ကာ ကလေးလေး၏နှလုံးခုန်သံကိုနားထောင်ရန်ကြိုးစားနေပြီး အလွန်ဂရုတစိုက်ရှိလှသည် ။ အသေးလေး၏အလွန်သတိထားနေသောအမူအရာကြောင့် ပါကာမှာ မျက်ရည်ပင်ဝဲလာရသည် ။
တစ်အိမ်လုံးအားမျက်ရည်မြစ်ထဲမမျှောမိစေရန်ပါကာမှာ သူမလေးကိုဖက်လိုက်ရင်း ပျော်ရွှင်စရာအတွေးများကိုပြန်လည်တွေးတောနေရသည် ။
" ကျေးဇူးပြုပြီး မြန်မြန်အရွယ်ရောက်လာစမ်းပါသမီးလေးရယ် သမီးကအရမ်းချစ်ဖို့ကောင်းတာဘဲ "
ချယ်လ်စီလေးက ပြန်ဖြေလိုက်သည် ။
" ဟုတ်ကဲ့ ပါးပါး မီးမီးကပါးပါးကိုအများကြီးပျော်အောင်ထားမှာ "
ပြင်ဆင်မူများပြီးဆုံးသည့်အချိန်တွင် ဧည့်သည်များလည်းရောက်ရှိလာပြီဖြစ်သည် ။ ရှာရွန်က ကချားလ်စ်ကိုချီထားရင်း ကလေးများနှင့်စကားပြောနေသည့်လူးဝစ်ကိုကြည့်နေလေသည် ။
" သားတို့လိမ်လိမ်မာမာနေရမယ်နော်... ဒီနေ့က အန်ကယ်ပါကာရဲ့အရေးကြီးတဲ့နေ့တစ်နေ့ဘဲ မင်းတို့ကြောင့်ပျက်ဆီးသွားရရင်နားရွက်တွေကိုဆွဲလိမ်ပစ်မယ် "
" ဟုတ်ကဲ့ ပါးပါး "
လူးဝစ်က ပြုံးလိုက်ပြီးနောက်ရှာရွန်ထံသို့လမ်းလျှောက်သွားလိုက်သည် ။
" အခုကလေးတွေကိုမင်းပြောရမဲ့အချိန်ရောက်ပြီ "
လူးဝစ်က ရှာရွန်အားနမ်းတော့မည့်အချိန်တွင် ချားလ်စ်က သူ၏ပါးစပ်မှချိုလိမ်အားဆွဲထုတ်ကာ ရှာရွန်၏ပါးစပ်ထဲသို့ထိုးထည့်လိုက်ပြီး သူ၏အဖေအားပေါက်ကာစသွားလေးပေါ်သည်အထိအူကြောင်ကြောင်လေးရီပြလိုက်သည် ။
လူးဝစ်က သူ၏ပါးလေးအားတစ်ချက်ပုတ်ကာပြောလိုက်သည် ။
" ဟေး...သူကငါ့ယောက်ျားနော် "
ချားလ်စ်က တခစ်ခစ်ရီမောကာ သူ၏လက်ချောင်းများကိုဆုတ်ရင်း ရှာရွန်၏ပုခုံးပေါ်သို့မှီချလိုက်လေသည် ။ လူးဝစ်က သူအားနမ်းကာ ရှာရွန်ထံလွှဲပြောင်းပေးလိုက်သည် ။
" လူးဝစ်...အစ်ကို..."
ပါကာက ပြုံးရင်းသူတို့ထံလျှောက်လာလေသည် ။
အမြွှာလေးနှစ်ယောက်က ကျယ်လောင်စွာပြိုင်တူနူတ်ဆက်လိုက်သည် ။
" ဟယ်လို အန်ကယ်ပါကာ "
ပါကာက သွားကျိုးနေပြီပင်ဖြစ်သည့်အမြွှာလေးများအားကြည့်ကာပြောလိုက်သည် ။
" အိုက်ယား...မင်းတို့လေးတွေတောင် ငယ်သွားလဲနေကြပြီဘဲ "
လိုရီတိုကပြောလိုက်သည် ။
" ဟီးဟီး.. အစ်ကိုက သွားမရှိတဲ့ပက်ကျိကြနေတာဘဲ "
" မင်းကမှ သွားနှစ်ချောင်းတည်းကျန်တဲ့ ဒရက်ကူလာကောင်လေ "
ထိုအချိန်တွင် ချယ်လ်စီလေးလည်းပြေးလာကာ သူမ၏အစ်ကိုနှစ်ယောက်အားဖက်လိုက်သည် ။
" ချယ်လ် ချယ်လ် "
အမြွှာလေးနှစ်ယောက်မှာ သူတို့လက်ထဲတွင် လက်ဆောင်ဘူးများရှိနေသည်ကိုသတိရသွားပြီး ပါကာ့ထံတညီတညွတ်တည်းပေးလိုက်သည် ။
" အန်ကယ့်အတွက် "
" ကျေးဇူးပါ...မင်းတို့တွေကအရမ်းချစ်ဖို့ကောင်းတာဘဲ "
' သေစမ်း...ငိုချင်လာပြန်ပြီ...'
မကြာခင်မှာပင် တေလာနှင့်ရေးတို့ရောက်လာကြပြီး ဂျော်ဒန်၏မျက်နှာထားမှာသောင်းကျန်းမည့်ရုပ်ဖြစ်နေသောကြောင့် ရေးကလေသံနှိမ့်ကာပြောလိုက်သည် ။
" ကောင်းကောင်းမွန်မွန်နေနော် ဂျော်ဒန် ..."
ဂျော်ဒန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သွားကျိုးနေသည့်ကောင်လေးနှစ်ယောက်အားစိုက်ကြည့်နေသည် ။ ထို့နောက် သူ၏အိပ်ကပ်ထဲမှဒေါ်လာတစ်ရွက်ကိုထုတ်ကာချယ်လ်စီလေးအားပေးလိုက်သည် ။
" ဒီမှာကြည့်ပါဦး ကိုကို သွားနတ်သမီးလေးဆီကတစ်ဒေါ်လာရခဲ့တယ် "
အမြွှာနှစ်ယောက်ကငြင်းဆိုလိုက်သည် ။
" မဖြစ်နိုင်တာ "
ရေးက တေလာ၏နားတွင်ကပ်ပြောလိုက်သည် ။
" သူတို့တစ်နေကုန်တော့ ရန်မဖြစ်နေလောက်ကြဘူးမလား"
" ထင်တာဘဲ "
ဂျော်ဒန်ကပြောလိုက်သည် ။
" ငါတော့ ဘယ်လိုအရူးနတ်သမီးမျိုးက သွားတွေကိုကြိုက်လဲမသိပေမဲ့ ပိုက်ဆံရသရွေ့ဘာဖြစ်လဲ "
ရေးနှင့်တေလာမှာ ဂျော်ဒန်ပြောလိုက်သည့် အသက်အရွယ်နှင့်မလိုက်ရိုင်းစိုင်းသောစကားလုံးများကြောင့် ဒေါသထွက်လာပုံပေါ်၍ ပါကာကပြောလိုက်သည် ။
" သူဒီတိုင်းပြောမိတာနေမှာပါ "
လူးဝစ်ကလည်းလက်ခုပ်တီးကာပြောလိုက်သည်။
" အရမ်းဒေါသထွက်မနေပါနဲ့ မင်းကအခုဘီလီယံနာလောင်းကိုပျိုးထောင်နေတာမှန်းသိလိုက်ရပြီမလား "
ထိုအချိန်တွင် ဒရိတ်ခ်ရောက်လာကာ ပါကာ၏ခါးလေးကိုဖက်ကာနမ်းလိုက်သည် ။ အချိန်တဖြည်းဖြည်းကြာလာသည်နှင့်အမျှ ပါကာမှာပင်ပန်းလာပုံပေါ်၍ ဒရိတ်ခ်ကပြောလိုက်သည် ။
" ပွဲစတဲ့အချိန်အထိနားနေလိုက်ပါလား "
" ကျွန်တော်ပင်ပန်းနေလို့မဟုတ်ပါဘူး...ဒီတိုင်းနည်းနည်းနေရခက်လို့ပါ "
" မပူပါနဲ့ ကိုယ်ဒီမှာရှိနေတယ်လေ "
ပါကာက တိုးတိုးလေးရေရွတ်လိုက်သည် ။
" အဲ့ဒါကြောင့်ဘဲ ကျွန်တော်စိုးရိမ်နေတာ "
ထိုအချိန်တွင် နောက်ထပ်ရောက်လာသည့်ဧည့်သည်အားကြည့်၍ ဝီလီယမ်မှာ လန့်ဖြပ်သွားရသည် ။
" ပါ..ပါကာ...ဟမ်... မဟုတ်သေးပါဘူး "
" ဟယ်လို...ကျွန်တော်က လန်လင်းပါ "
ဝီလီယမ်က ပါတီပွဲအတွင်းသို့ခေါ်လာသည့်အခါတွင် လူတိုင်းက လန်လင်းအားစူးစူးစမ်းစမ်းဝိုင်းကြည့်နေကြ၍ လက်ဖြားများအေးလာကာ အိမ်ပြန်ချင်သည့်စိတ်တစ်ခုတည်းသာရှိတော့သည် ။
ရေးနှင့် စကားပြောနေသည့် ဒရိတ်ခ်မှာ လူတိုင်းတိတ်ဆိတ်သွားသောကြောင့်နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် အလွန်အံ့အားသင့်သွားရသည် ။
" ပါ...ပါကာ "
×××
ဂျိမ်းစ်မှာ သူ၏မိဘအိမ်သို့ပြန်လည်ရန်ရထားစီးလာခဲ့သည် ။ ဤပြုပြင်မရတော့သောဆက်ဆံရေးကြီးမှာ သူ့အားအသက်တိုစေသည်ပင် ။ ဂျိမ်းစ်၏အမေမှာ ရုတ်တရက်ရောက်ချလာသည့် သားအားကြည့်ရင်း အံ့သြသွားရသည် ။
" ဂျိမ်းစ်...သားလေးဘာဖြစ်လာတာလဲ"
ဂျိမ်းစ်၏ မိဘများမှာ အနေဝေးသည်ဖြစ်၍သူ၏အိမ်ထောင်ရေးကြီးမှာမည်မျှဆိုးရွားစုတ်ပြတ်နေကြောင်းမသိကြပါချေ ။
ဤနှစ်များအတွင်း သူ၏မိဘများ၏မျက်နှာထောက်ထား၍သာသည်းခံနေရခြင်းဖြစ်ပြီး ယခုမူဆက်၍တောင့်ခံမထားနိုင်တော့ပါပေ ။
ဂျိမ်းစ်မှာ ငိုမိကာပြောလိုက်သည် ။
" အဖေ... ကျွန်တော် သည်းမခံနိုင်တော့ဘူး... ကွာရှင်းချင်တယ် "
Xxxxxx