အပိုင်း ၇၅
Viewers 13k

Part 75


Mori Sue:

Daddy's little ( 75)


ဒရိတ်ခ်မှာ သူ၏လက်မောင်းအတွင်းအိပ်မောကျနေသည့်ပါကာအားကြည့်ကာသက်ပြင်းချလိုက်မိသည် ။ တိုက်တန်းနစ်ဇာတ်ကားမှ ရိုစ့်နှင့်ဂျက်၏ဇာတ်ဝင်ခန်းကိုကြည့်ကာ ငိုယိုကာပင်ပန်း၍အိပ်ပျော်သွားရခြင်းပါပေ ။ 


ဒရိတ်ခ် ကိုယ်တိုင်လည်းပင်ပန်းနေပြီဖြစ်သောကြောင့်အနားယူချင်နေပြီဖြစ်သည် ။ စားပွဲပေါ်မှာ အရည်ပျော်စပြုနေသောရေခဲ့မုန့်နှင့် တောင်လိုပုံနေသည့်အဆာပြေမုန့်များကိုကြည့်ကာ ကူကယ်ရာမဲ့သွားရလေသည် ။ ထိုမုန့်များမှာတစ်အိမ်လုံးစားရန်ပင်လုံလောက်သည်ထက်ပိုနေလေ၏ ။


ထို့နောက် ဒရိတ်ခ်က ပါကာအားညင်သာစွာချီမလိုက်လေသည် ။


' သူအရမ်းဝိတ်တက်လာတာဘဲ '


သို့သော်လည်း တွေးသာတွေးနိုင်၍ထုတ်မပြောရဲပါချေ ။ ပါကာ၏ဟော်မုန်းပြောင်းလဲမူကြောင့် မူမမှန်သောစိတ်အတက်အကျဖြစ်မူကြောင့် ဒရိတ်ခ်မှာ စကားအမှားတစ်ခွန်းမျှမဟရဲပါချေ ။


သူ၏အဖြစ်မှာရေခဲ့ပြင်ပေါ်၌လမ်းလျှောက်နေရသကဲ့သို့ သူအမျိုးသားလေး၏မျက်နှာထားအားအမြဲစောင့်ကြည့်နေရလေသည် ။ 


သူ၏အမျိုးသားလေး အားကုတင်ပေါ်တွင်ညင်သာစွာချကာစောင်ခြုံပေးပြီးသည့်နောက် အနမ်းပေးကာအိပ်တော့မည့်အချိန်တွင် ငိုရိူက်သံတစ်ခုကြားလိုက်ရလေသည် ။


တံခါးဝသို့ကြည့်လိုက်သည့်အခါတွင် ချယ်လ်စီလေးမှာ သူမ၏နီရဲနေသည့်မျက်လုံးလေးများအား ပွတ်သပ်ကာငိုနေသည်ကိုတွေ့လိုက်ရသည် ။ ဒရိတ်ခ်က သူမလေးအားဖက်ထားကာ ညင်သာစွာမေးလိုက်သည် ။


" ဘာဖြစ်လို့လဲ ချယ်လ်ချယ်လ် "


သူမလေးက အရုပ်ကလေးဘန်ဘန်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း သူမ၏အိပ်မက်အကြောင်းအားပြန်ပြောပြလိုက်သည် ။


" မီးမီးအိပ်မက်ဆိုးမက်တယ်....အရမ်း...အရမ်းဆိုးတဲ့အိပ်မက် "


ဒရိတ်ခ်က သူမလေးအားပွေ့ဖက်လိုက်ကာ ကျော်ပြင်လေးကိုညင်သာစွာပွတ်သပ်နေသည် ။


" သမီးကဖေ့ဖေ့ကိုပြောပြလေ "


" မီးမီးအိပ်မက်မက်တာက ဖေဖေကစိတ်ဆိုးပြီးပါးပါးကိုထားသွားတာတဲ့... ပါးပါးရဲ့ဗိုက်ကပေါက်ထွက်သွားပြီး ပါးပါးလဲပျောက်သွားတာတဲ့.... ဖေ့ဖေ့ကိုရောပါးပါးကိုရော မီးမီးရှာလို့မတွေ့တော့ဘူး"


သူမလေးက ဒရိတ်ခ်အားတင်းကြပ်စွာပြန်လည်ပွေ့ဖက်ထားလေသည် ။ ငါးနှစ်အရွယ်ကလေးတစ်ယောက်အတွက် ဤကဲ့သို့သောအိပ်မက်မျိုးမှာအလွန်ကြောက်လန့်ဖွယ်ပါပင် ။ 


" အဲ့ဒါက အိပ်မက်တစ်ခုသပ်သပ်ပါဘဲ... ဖေဖေကသမီးရဲ့ ပါးပါးကိုထားမသွားပါဘူး.... ဖေ့ဖေ့မှာသမီးလေးရောသမီးရဲ့ပါးပါးရောရှိတာ ဘယ်လိုလုပ်ထွက်သွားနိုင်ပါ့မလဲ "


ဒရိတ်ခ်က သူမ၏နဖူးလေးအားနမ်းလိုက်သောအခါ သူမကမျက်ရည်စများစိုစွတ်နေဆဲဖြစ်သည့်မျက်လုံးရွဲကြီးများဖြင့်မော့ကြည့်လာကာမေးလိုက်သည် ။


" တကယ်လား "


" ဒါပေါ့ "


သူမလေးက အနည်းငယ်စိတ်ပြေသွားပုံရကာ ဒရိတ်ခ်အပေါ်တွင်မှီတွယ်နေရင်း သူမ၏လက်မလေးအားစုပ်နေခဲ့သည် ။ ထိုအပြုအမူအား အပြင်းအထန်နေမကောင်းဖြစ်ပြီးနောက်ပိုင်း သူမလေးလုပ်လေ့မရှိတော့ပေ ။


ဒရိတ်ခ်၏ ဘဝတွင်ချယ်လ်စီလေးမှာ အလွန်အရေးပါသည်ဖြစ်၍ သူမလေးအားအမြဲတမ်းပြုံးပျော်နေစေလိုသည် ။ သူမလေးအပြင်းအထန်ဖျားနာသည့်အချိန်တွင် မျက်တောင်ခတ်လိုက်ရုံနှင့်ပျောက်ကွယ်သွားလိမ့်မလား အလွန်ကြောက်လန့်နေခဲ့ရပြီး သူမအားဆုံးရှုံးလိူက်ရမည်အားလည်းအလွန်ကြောက်လန့်နေရသည် ။


ပါကာ၏ချယ်လ်စီလေးအပေါ် ပြင်းထန်သည့်အပြုအမူများ​ကြောင့် သူ့ဘက်မှပါကာ့အားလျစ်လျူရူထားမိသကဲ့သို့ ပါကာ့အခြေအနေအားနားလည်ပေးရန်လည်းမကြိုးစားပါတော့ချေ ။ ယခုမူကံကောင်းစွာနှင့် ပါကာမှာပြောင်းလဲလာ၍ ချယ်လ်စီလေးမှာလည်းပိုမိုပျော်ရွှင်လာရသည် ။


အကယ်၍ ထိုအချိန်ကသာ သူမလေးအားဆုံးရူံးလိုက်ရပါလျှင်....


ထိုမေးခွန်အားမမေးချင်သကဲ့သို့ အဖြေအားလည်းမသိချင်ပါပေ ။ ဒရိတ်ခ်က သူမလေးအားညင်သာစွာပွေ့ချီ၍ ပါကာ၏ဘေး၌ချပေးလိုက်သည် ။ ထို့နောက်ကြားထဲတွင် ဖက်လုံးတစ်ခုချထားလိုက်လေသည် ။.


သူမလေးမှာ အအိပ်ကြမ်းလှသည်ပြစ်၍ပါကာ့အား မတော်တဆထိခိုက်သွားစေချင်မျိုးအဖြစ်မခံနိုင်ပါချေ ။


××××


ဂျိမ်းစ်မှာ လန်လင်းနှင့်အတူအခန်းအားသန့်ရှင်းရေးလုပ်နေခဲ့သည် ။ လန်လင်းမှာ ပုံမှန်အဆိုင်များကိုဆိုင်တွင်သာကုန်ဆုံးလေ့ရှိပြီး မုန့်ဖုတ်ခြင်းနှင့်ဟင်းချက်ခြင်းကလွဲလျှင် ကျန်တာတစ်ခုမျှမသိပါချေ ။


ပုံမှန်သန့်ရှင်းရေးဝန်ထမ်းက အကုန်လုပ်သွားသည်ဖြစ်၍ မည်သို့သန့်ရှင်းရေးလုပ်ရမည်ကိုပင်သူမသိပါပေ ။


ဂျိမ်းစ်က ထူးခြားဆန်းကြယ်သောတစ်စုံတစ်ရာအားတွေ့လိုက်ရသည့်လေသံနှင့်ပြောလိုက်လေသည် ။


" ဝိုး...မီးဖိုချောင်ကလွဲရင် ကျန်တဲ့နေရာအကုန်လုံးကရူပ်ပွနေတာဘဲနော် "


လန်လင်းက ပြန်လည်ချေပလိုက်သည် ။


" မီးဖိုချောင်က အန္ဒရာယ်အများဆုံးအခန်းဘဲသေချာပေါက် သန့်ရှင်းထားရမှာပေါ့ ".


" မင်းရဲ့မီးဖိုချောင်လေးကို အရမ်းတန်ဖိုးထားနေတာအသိအသာကြီး "


လန်လင်းက မျက်စောင်းထိုးကာပြောလိုက်သည် ။


" ဟုတ်တယ်...ဘာဖြစ်လဲ...ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းနဲ့ တန်ဖိုးထားရတဲ့အမှတ်တရလေးတွေရှိတယ်လေ "


ဂျိမ်းစ်က လန်လင်းအားကြည့်ကာမေးလိုက်သည် ။


" ကိုယ်ဘယ်လိုဟင်းစချက်ရမလဲမသိဘူး ...မင်းကိုယ့်ကိုသင်ပေးပါလား "


လန်လင်းက အားတုံ့အားနာနှင့်ပြောလိုက်သည် ။


" ရ..ရတာပေါ့...ခင်ဗျားရဲ့ဇနီးကိုပါခေါ်လာခဲ့လေ "


ဂျိမ်းစ်က သက်ပြင်းဖွဖွချလိုက်သည် ။


" ဒါဆိုရင် မင်းမနက်ဖြန်အိမ်မှာမရှိဘူးပေါ့"


" ဟုတ်တယ် ဒါပေမဲ့ အရမ်းအစောကြီးမဟုတ်ပါဘူး "


" မင်းကိုယ့်ရှေ့မှာ ယုံကြည်ချက်ရှိရှိပြောဆိုနေသလိုဘဲ ကိုယ့်ကိုယ်ကို အမြဲတမ်းခေါင်းမော့ထားပြီး သတ္တိရှိရမယ်နော်...မင်းလုပ်နိုင်မယ်လို့ကိုယ်ယုံတယ် "


ထို့နောက် ဂျိမ်းစ် အိပ်ခန်းထဲသို့ဝင်သွားသည့်အချိန်တွင် လန်လင်းက တိုးတိုးလေးရေရွတ်လိုက်သည် ။


" ခင်ဗျားကအရမ်းကိုထောက်ပံ့ပေးနိုင်တဲ့ခင်ပွန်းမျိုးဘဲ ခင်ဗျားရဲ့အမျိုးသမီးကတော့အရမ်းကံကောင်းတာဘဲနော် ".


လန်လင်းက ဂျိမ်းစ်နှင့်ဝေးဝေးနေရန်ကြိုးစားနေရသည် ။ အချိန်ကြာလာသည်နှင့်အမျှ သူ၏စိတ်ခံစားချက်များမှာ ပိုမိုရူပ်ထွေးလာရသည် ။ ဂျိမ်းစ်မှာ သူ့မိသားစုထဲမှအမျိုးသမီးတစ်ယောက်၏ခင်ပွန်းဖြစ်သည့်အပြင် သူမထံ၌သူ၏ရင်သွေးပင်ရှိနေသေး၏ ။


ဂျိမ်းစ်က ကလေးအရမ်းလိုချင်နေသောသူဖြစ်ကာ သူကလည်း မည်သည့်နည်းနှင့်မျှကိုယ်ဝန်ဆောင်ရန်စိတ်ကူးမရှိပေ ။ တစ်နေ့နေ့၌ကလေးတစ်ယောက်ကိုမွေးစားလိုက်မည်သာဖြစ်ပြီး ပတ်ဝန်းကျင်၏ကဲ့ရဲ့စကားများကိုလည်း သူတစ်ယောက်တည်းသာသည်းခံရပေမည် ။


ဂျိမ်းစ်အား သိက္ခာကျစေမည့်မည်သည့်လုပ်ရပ်မျိုးမှသူမလုပ်နိုင်ပါချေ ။ သို့သော်လည်း အဘယ့်ကြောင့် သူ့အားမောင်းမထုတ်နိုင်သနည်း.....


Xxxxxxx