အပိုင်း ၇၄
Viewers 14k

Chapter 74


Daddy's little ( 74)


ဂျိမ်းစ်က သူမပြောသည့်အကြောင်းအရာကိုမသိသဖြင့် အံ့သြစွာကြောင်အကြည့်နေမိသည် ။


" မင်းကတကယ်ကို မင်းရဲ့စရိုက်အတိုင်းတွေးတော့တာဘဲ ကြုံရာလူနဲ့ဖောက်ပြန်ရအောင် ငါ့ကိုမင်းလိုလူမျိုးများမှတ်နေလား "


သူမက သူမ၏အောက်နူတ်ခမ်းအား ခပ်တင်းတင်းကိုက်ထားလေသည် ။


" ကျွန်မက ခဏတာအမှားလုပ်ခဲ့မိရုံပါ...အချစ်ဦးကိုလက်လွှတ်လိုက်ရတာက ဘယ်လိုမျိုးခံစားရလည်းရှင်မသိပါဘူး "


" မင်းမှာရွေးချယ်စရာမရှိတော့ရင်တောင် ဖောက်ပြန်တာကမှန်တယ်လို့ ထင်နေတာလား...အနည်းဆုံးတော့ မင်းမှာချစ်သူရှိကြောင်းသူနဲ့တွဲနေကြောင်းငါ့ကိုအသိပေးသင့်တယ်... ငါကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့ရတဲ့ကလေးက ငါ့သွေးသားရင်းမဟုတ်ဘူးဆိုတာကိုလည်း မင်းပြောပြသင့်တယ် "


" ရှင်နားမလည်ပါဘူး... ကျွန်မသူ့ကိုလည်း လက်မလွှတ်နိုင်ခဲ့ဘူး... ကျွန်မရှင်တို့နှစ်ယောက်စလုံးကိုချစ်တယ်...တစ်ယောက်ယောက်ကိုလက်လွှတ်ဖို့ပြောနေတာက ကျွန်မရဲ့ နှလုံးသားကိုခွဲနေသလိုဘဲ ရှင်နားမလည်ပေးနိုင်ဘူးလား "


" မင်းက ရွေးချယ်မူနှစ်ခုကြားဗျာများနေတုန်းမှာ ငါကမင်းကိုချစ်နေတာနဲ့ဗျာများနေခဲ့တာ...မင်းကဘယ်သူ့ကိုပိုချစ်လဲချိန်ဆနေတုန်းမှာ ငါကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့တဲ့ကလေးကသေသွားရပြီ...မင်းကြားလား ကလေးလေးကသေသွားပြီ...အဲ့ဒီအချိန်ကတည်းက ငါ့စိတ်တွေတစစီပြိုကွဲသွားခဲ့ရတာ...အခုငါကအပိုင်းအစတွေကိုဆက်ရင်း အက်ကြောင်းတွေကိုဖာထေးနေတဲ့အချိန်မှာမင်းကရူပ်ထွေးနေတုန်းဘဲ "


သူ၏ရင်ဘက်ပေါ်တွင်တင်ထားသည့် သူမ၏လက်အားပြင်းထန်စွာခါချလိုက်သည် ။


" ရှင်က အတိတ်ကိုမေ့ပစ်မယ်ပြောပေမဲ့ အခုအတိတ်ကိုရှင်ကိုယ်တိုင်တူးဆွလာပြီ... ကျွန်မကအခုကိုယ်ဝန်ရှိနေတာ ကျေးဇူးပြုပြီးစိတ်ဖိစီးစရာတွေမပေးပါနဲ့လား ဟုတ်တယ်...ကျွန်မမှားခဲ့တယ်...ကျွန်မမှားတာကိုလဲတောင်းပန်ပြီးပြီလေ...ရှင်ကျေနပ်ဖို့အတွက်ဒူးထောက်ပေးရမှာလား...ကိုယ့်ကိုယ်ကို သတ်သေပေးရမှာလား " 


သူမက ဂျိမ်းစ်အား ထုရိုက်နေပြီး အော်ဟစ်နေလေသည် ။ ဂျိမ်းစ်က ကိုယ်ဝန်သည်မိန်းမတစ်ယောက်နှင့်ရန်ဖက်မဖြစ်ချင်၍ အိမ်မှထွက်လာသောအခါ ဖုန်းသာပါလာ၍ပိုက်ဆံအိတ်ပါမလာခဲ့ပေ ။


×××


ပါကာ အိပ်ရာနိုးလာသည့်အချိန်၌ ဒရိတ်ခ်၏ပွေ့ဖက်မူအတွင်းအိပ်စက်နေခြင်းဖြစ်ကြောင်းတွေလိုက်ရသည် ။ ပုစွန်နှင့်ပင်လယ်စာဟင်းအားအစားများ၍ ဗိုက်အင့်ကာအိပ်ပျော်သွားရခြင်းပင် ။


ဟင်းချက်လက်ရာဒီလောက်ကောင်းတာ ခဏခဏချက်ကျွေးခိုင်းရမယ်....


ပါကာက သူ၏ဗိုက်ကလေးအားမကာဖြည်းဖြည်းချင်းလူပ်ရှားပြီးနောက် ဒရိတ်ခ်၏ မျက်နှယအားစေ့စေ့စပ်စပ်ကြည့်ရူနေလေသည် ။ ရုပ်ရည်ကလည်းနတ်ဘုရားထုဆစ်ထားသကဲ့သို့အပြစ်ပြောစရာမရှိ ၊ ဖခင်ကောင်းပီသပြီးကလေးထိန်းတော်....မိန်းမကိုဂရုစိုက်တတ်ပြီး အချက်အပြုတ်ကလည်းကျွမ်းသေး...


ဤကဲ့သို့စွယ်စုံရခင်ပွန်းမျိုးကသူ့အပိုင်ဖြစ်နေသည့်အတွက် ပါကာမှာအူမြူးစွာနှင့်ဒရိတ်ခ်ကိုဖြည်းဖြည်းလေးလူပ်နိူးလိုက်သည် ။


ဒရိတ်ခ်က သူ့အားတစ်စုံတစ်ယောက်က ဖြည်းဖြည်းချင်းလူပ်နိူးနေသည်ကိုခံစားလိုက်ရပြီး မျက်လုံးဖွင့်လိုက်သောအခါ ပါကာဖြစ်နေ၍ နဖူးကိုနမ်းကာညင်သာစွာမေးလိုက်သည် ။


" တစ်ခုခုလိုလို့လား "


" မဟုတ်ပါဘူး...ခင်ဗျားကအိပ်နေရင်အရမ်းချောတာဘဲဆိုတာပြောပြချင်လို့ "


" ဟမ် ...ဒါဆိုအခုနိုးနေတော့ရော "


" နိုးနေလဲ ခင်ဗျားကချောမြဲချောဆဲပါဘဲ "


" မင်းက ချောတာထက်ချစ်ဖို့ကောင်းနေတယ် "


" အခုလိုဝတုတ်နေတာတောင်မှလား "


ဒရိတ်ခ်က တွေဝေခြင်းမရှိဘဲပြန်ဖြေလိုက်သည် ။


" အခုလိုအခြေအနေကပိုချစ်ဖို့ကောင်းတယ် "


" ဒါပေမဲ့ ကလေးမွေးပြီးတာနဲ့ခန္ဓာကိုယ်ကအရင်လိုတော့ဖြစ်နေမှာမဟုတ်ဘူး "


" ကလေးကို ကျန်းကျန်းမာမာမွေးနိုင်ရုံနဲ့တင်တော်ပါပြီကွာ "


ပါကာက ထိရှသွားကာ ဒရိတ်ခ်အား တင်းကြပ်စွာပွေ့ဖက်လိုက်သည် ။


" ဟေး... ဒရိတ်ခ် "


" အင်း "


" ကျွန်တော်ရေခဲမုန့်စားချင်တယ် "


" ကိုယ်သွားဝယ်ပေးမယ် "


" ပြီးတော့ကိတ်မုန့်တွေနဲ့အာလူးကြော်ရောဘဲ... ကျွန်တော်တို့တီဗီအတူတူကြည့်ကြမယ်လေ "


" မင်းသဘောပါဘဲကွာ "


ဒရိတ်ခ်က ပါကာ့၏နဖူးလေးအားနမ်းလိုက်လေသည် ။


××××


ဟိုတယ်ခမရှိသည့်အတွက် ဂျိမ်းစ်မှာ လန်လင်း၏အိမ်၌တစ်ညအိပ်ရန်အကူအညီတောင်းကာရောက်လာခဲ့သည် ။


" အမိူက်တွေအတွက်စိတ်မရှိပါနဲ့နော် "


ဂျိမ်းစ်က ရုတ်ရက်ရောက်လာသောကြောင့် လန်လင်းမှာ အခန်းရှင်းရန်ပင်အချိန်မရလိုက်သကဲ့သို့ သန့်ရှင်းရေးလုပ်သည်၌လည်း သူမကျွမ်းကျင်ပါချေ ။ ထို့ကြောင့်အခန်းမှာအနည်းငယ်ရူပ်ပွနေတော့သည် ။


" အဆင်ပြေပါတယ် "


လန်လင်းက ပါကာ၏ကလေးလိင်ခန့်မှန်းခြင်းနှင့်သူတို့နှစ်ဦး၏မွေးနေ့ပွဲအတွက်ပြင်ဆင်နေခဲ့ခြင်းဖြစ်သည် ။ သူတို့နှစ်ဦး၏ မွေး​နေ့မှာတစ်ရက်တည်းဖြစ်၍ ထိုအချက်ပင်အမြွှာများကဲ့သို့ခံစားသွားရစေသည် ။


လန်လင်းက သူ၏ဂုတ်ကိုပွတ်ကာပြောလိုက်သည် ။


" ကျွန်တော်ခင်ဗျားနေလို့ရအောင်ရှင်းပေးပါ့မယ် "


" ရပါတယ် ကိုယ့်ကိုသူငယ်ချင်းတစ်ယောက်လိုဘဲပေါ့ပေါ့ပါးပါးတွေးပါ "


" သူငယ်ချင်း.. .ဒါပေမဲ့ တစ်ခါတစ်လေမှာ ခင်ဗျားကိုတွေ့ရတာကျွန်တော်ရှက်နေတုန်းဘဲ "


ဂျိမ်းစ်က လင်းလန်၏နှင်းဆီရောင်သမ်းနေသောမျက်နှာလေးအားကြည့်ကာ အတွေးများလမ်းချော်သွားရလေသည် ။


' ဘယ်သူမှသူငယ်ချင်းတစ်ယောက်ကို ချစ်ရည်လွှမ်းတဲ့မျက်ဝန်းတွေနဲ့မကြည့်ဘူး '


Xxxxxx