အပိုင်း ၇၃
Viewers 13k

Chapter 73


Mori Sue:

Daddy's little ( 73)


ပါကာ ထရပ်လိုက်သည်နှင့် စိန့်က ရှက်ရွံ့စွာပြောလိုက်သည် ။


" ခင်...ခင်ဗျားဘာလုပ်မလို့လဲ "


" ငါ ဒရိတ်ခ်ကိုသွားရှာမလို့ " 


ပါကာ ကသူ၏ဗိုက်ပူပူလေးအားမကာ လမ်းလျှောက်နေသည့်အချိန်တွင် စိန့်က ဖလော်ရန်အား ကြည့်ပြီးနောက် ပါကာအားတစ်ဖန်ပြန်ကြည့်လိုက်သည် ။


" ခင်ဗျားပင်ပန်းနေလိမ့်မယ် "


" ဟမ်...ငါက ဒရိတ်ခ်ကို ခြေထောက်နှိပ်ပေးခိုင်းဖို့နဲ့ ဟင်းချက်ခိုင်းဖို့သွားခေါ်မှာလေ "


" ကျွန်တော်လည်းလုပ်ပေးနိုင်တယ် "


" ငါဒရိတ်ခ်ကိုဘဲ ခိုင်းချင်တယ်... သူက ငါ့ကိုဒီလိုအခြေအနေရောက်အောင်လုပ်ခဲ့တာလေ "


ထိုအချိန်တွင် ဝီလီယမ်ကဝင်လာလေသည် ။


" သခင်လေးက သူဌေးကိုခေါ်ချင်လို့လား "


ပါကာက ခေါင်းညိမ့်ပြလိုက်သည် ။


" ဒရိတ်ခ်ကို ဖုန်းခေါ်ပေးပါလား "


ပါကာက ဆိုဖာပေါ်၌သက်တောင့်သက်သာရှိသောပုံစံနှင့်ထိုင်လိုက်သည် ။ သူ၏ဟော်မုန်းပြောင်းလဲသည့်ကာလရောက်နေပြီဖြစ်၍ ဒရိတ်ခ်အား မကြာခဏနှိပ်ခိုင်းခြင်းနှင့် ပင်လယ်စာများချက်ပြုတ်စေခိုင်းတတ်သည် ။ 


တစ်ခါတစ်ရံ ဒေါသတကြီးရိုက်နှက်နေတတ်ပြီး တစ်ခါတစ်ရံ၌ ဒရိတ်ခ်အနားတွင်တောက်တဲ့တစ်ကောင်လိုဖက်တွယ်နေတတ်သည် ။


စိန့်က တစ်ခါတစ်ရံဒရိတ်ခ်အတွက် စိတ်မကောင်းဖြစ်မိလေသည် ။ ပါကာ၏ ဟော်မုန်းအပြောင်းအလဲကာလမှာအလွန်ပြင်းထန်လှသည်ဖြစ်၍ ဒရိတ်ခ်မှာ ရိုလာကိုစတာစီးနေရသကဲ့သို့ပင် ။


ဒရိတ်ခ်က ချက်ခြင်းဖုန်းကိုင်သည်ဖြစ်၍ ပါကာမှာကြာကြာမစောင့်လိုက်ရပေ ။


" ဟဲလို...မင်းအဆင်ပြေရဲ့လား... ကိုယ့်ကို မင်းစားဖို့တစ်ခုခုဝယ်လာစေချင်လား... မင်းရဲ့ကျောနာနေလို့လား..."


ဒရိတ်ခ်က မေးခွန်းများတရစပ်မေးနေပြီး ပါကာက ရုတ်တရက် ပင်ထငိုလာတော့သည် ။


" ဒရိတ်ခ်... ကျွန်တော့်ကို ခင်ဗျားမချစ်တော့ဘူး "


ဝီလီယမ်နှင့် စိန့်က ပြိုင်တူပင်တွေးလိုက်မိသည် ။


' သူကတကယ်ကိုအပြောင်းအလဲမြန်တာဘဲရော် '


ထိုအချိန်၌ ဒရိတ်ခ်မှာ ရုံးဆင်းရန်ပြင်ဆင်နေလေပြီဖြစ်သည် ။


" ကိုယ်ဘာများလုပ်မိလိုက်လို့လဲကွာ "


" ခင်ဗျားကျွန်တော့်ကို ချစ်တယ်လို့လဲမပြောဘူး ...ကျွန်တော်အသက်ကြီးလာလို့လား ...ဒါမှမဟုတ် ကျွန်တော့်ဗိုက်ကအရမ်းကြီးနေလို့ ခင်ဗျားမကြိုက်တော့တာလား...ခင်ဗျားက ငယ်ရွယ်တဲ့ကောင်လေးတွေကိုဘဲကြိုက်တာလား...."


ပါကာက အော်ဟစ်ငိိုယိုကာဆက်ပြောလေသည် ။


" ဒီမှာ လူအိုကြီး...ခင်ဗျားဖောက်ပြန်ရဲရင် ကျွန်တော်ကလေးတွေကိုခေါ်ပြီးထွက်ပြေးမှာ "


" ပါကာ..."


" ခင်ဗျားကျွန်တော့်ကို တကယ်မချစ်တော့ဘူး...ခင်ဗျားကျွန်တော့ကို ပါကာလို့တောင်အော်တယ် ဘာလို့...အချစ်လေး...မိန်းမ...အသဲလေးလို့ဘာလို့မခေါ်တာလဲ ကျွန်တော့်ကို မချစ်တော့ဘူးမလား "


ပါကာက နှပ်ချေးများပင်ညှစ်နေလိုက်သေးသည် ။


" အချစ်...အချစ် ဂရုစိုက်ပါဦးကွာ အရမ်းစိတ်မလူပ်ရှားနဲ့ ကလေးကိုထိခိုက်...."


" ဘာလို့ကျွန်တော့်ကို စိတ်ပူပြီးမမေးတာလဲ...ကလေးကိုဘဲခင်ဗျားဂရုစိုက်တာ "


စိန့်က ပါကာ့ကိုကြည့်ကာပြောလိုက်သည် ။


" ပါကာ..."


ပါကာက စိန့်အားလှည့်အော်လိုက်သည် ။


" လူကြီးတွေစကားပြောရင် ဝင်မပြောရဘူးလို့ မင်းမိဘတွေမသင်ထားဘူးလား "


စိန့်က ပါကာ့ထံမှကလေးတစ်ယောက်လိုအဆူခံလိုက်ရသည့်အတွက် ပါးစပ်ပိတ်သွားရသည် ။


ဒရိတ်ခ်က ဓာတ်လှေကားထဲရောက်နေပြီဖြစ်သော်လည်း ပါကာနှင့်ဖုန်းပြောနေသည်အား မချရဲပါချေ ။


သူ၏အမျိုးသားလေး မှာအတွေးများနေကြောင်း သူသိသည်လေ....


" ဒီမှာ ကျွန်တော်ပြောမယ်လူဆိုးကြီး...ခင်ဗျားဖောက်ပြန်ဖို့စဥ်းတောင်မစဥ်းစားနဲ့.... ကလေးမွေးပြီးရင် ကျွန်တော့် ခန္ဓာကိုယ်ကရုပ်ဆိုးသွားတော့မှာ ခင်ဗျားသေချာပေါက်တာဝန်ယူရမယ်...ကျွန်တော်က ခင်ဗျားရဲ့ကလေးကိုလွယ်ထားရတာနော် ကြားလား...ကျွန်တော့်ကိုဂရုစိုက်ရမှာက ခင်ဗျားရဲ့တာဝန်ဘဲ "


ဝီလီယမ်နှင့်စိန့်မှာ ဒေါသထွက်နေသောပါကာအားအတတ်နိုင်ဆုံးဖြောင်းဖျချင်ကြပါသော်လည်း ပါကာက ဒရိတ်ခ် ၏အိမ်ပြန်လမ်းတစ်လျှောက်လုံး ပြောဆိုငိုယိုနေခဲ့သည်  ။


ဒရိတ်ခ် အိမ်ထဲဝင်လာသည့်အခါမှသာ နှပ်ချေးညှစ်ရင်းငိုမဲ့မဲ့နှင့်ပြောလိုက်သည် ။


" ခင်ဗျား ကျွန်တော့်ကို ချစ်တော့ချစ်သေးသားဘဲ "


ဒရိတ်ခ်က ပြုံးရင်း ပါကာ၏နဖူးအားနမ်းပြီးနောက် ဗိုက်ပူပူလေးအားနမ်းလိုက်သည် ။


" အချစ်လေးကိုယ့်ကို ဘာခိုင်းချင်လဲ မင်းကိုနှိပ်ပေးရမလား ဟင်ချက်ကျွေးရမလား "


ပါကာက အစောကငိုယိုသောင်းကျန်းထားသည်မှာ သူမဟုတ်သကဲ့သို့ပင်ပြောလိုက်သည် ။


" ဒရိတ်ခ် ခင်ဗျားကအကောင်းဆုံးဘဲ... ကျွန်တော် ပင်လယ်စာဟင်းကို ပုစွန်တွေအများကြီးနဲ့စားချင်တယ် "


" ဟုတ်ပြီ ကိုယ်ချက်လိုက်မယ် "


သူက အပေါ်ထပ်ကိုချွတ်ကာ မီးဖိုထဲဝင်မည့်အချိန်တွင် ပါကာကတားလိုက်သည် ။


" နေ...နေဦး ဒရိတ်ခ်... ခင်ဗျားဘယ်သွားမလို့လဲ "


" မီးဖိုထဲကိုလေ "


" ဘာလုပ်ဖို့လဲ "


" ဟင်းချက်မလို့ပေါ့... အချစ်ကလေးရဲ့ ".


ပါကာက နူတ်ခမ်းဆူကာပြောလိုက်လေသည် ။


" ဒါပေမဲ့ ကျွန်တော့်ကိုဖက်ထားစေချင်နေတယ် "


ဒရိတ်ခ်က ပါကာသဘောကျ ပွေ့ဖက်ပေးထားလိုက်ကာ ပါကာကသူ၏ပုခုံးထက်တွင်မှီရင်း နက်ခ်တိုင်အားဆော့ကစားနေသည် ။ အချိန်အတော်ကြာ သည့်အခါမျှ ပါကာထဲမှခပ်ချွဲချွဲအသံလေးထွက်ပေါ်လာလေသည် ။


" ဒရိတ်ခ်... ခင်ဗျားတစ်ကယ်ဟင်းသွားချက်တော့မှာလားဟင် "


ဒရိတ်ခ်မှာ သူ့အမျိုးသားလေး၏အပြုအမူကြောင့် ရီရမလားငိုရမလားပင်မသိပါတော့ချေ ။


×××


ဂျိမ်းစ်က အလုပ်မှစောစောစီးစီးပြန်လာခဲ့ရသည် ။ ဤတစ်ခေါက်နှင့်ဆိုလျှင် ကာလိုဒ်ဘက်မှသူ့အား ကိုယ်ဝန်အကြောင်းပြကာအိမ်ပြန်လာခိုင်းသည့် တစ်ပတ်အတွင်းငါးကြိမ်မြောက်ပင် ။


သူမလန်လင်းနှင့် တွေ့ပြီးချိန်မှစ၍သူမ၏အပြုအမူများမှာထူးဆန်းလာ၍ ဂျိမ်းစ်ကအေးစက်စွာမေးလိုက်သည် ။


" မင်းက ငါ့ကိုလန်လင်းနဲ့မတွေ့စေချင်ဘူးလား "


သူမက ဂျိမ်းစ်၏ ရင်ဘတ်ပေါ်လက်တင်ရင်းပြောလိုက်သည် ။


" မဟုတ်ပါဘူး...ကျွန်မကဘာလို့... "


" ငါကအရင်တုန်းကလို အချစ်မှာရူးသွပ်ပြီးမင်းတစ်ယောက်တည်းကိုဘဲကြည့်ခဲ့တဲ့ကောင်မဟုတ်တော့ဘူး ကာလိုဒ် "


" ကျွန်မရှင့်ကို သူနဲ့မတွေ့ဖို့တစ်ခါမှမပြောခဲ့ဖူးဘူး "


" လန်လင်းက ငါရဲ့သူငယ်ချင်းတစ်ယောက်ဘဲ မင်းရဲ့အမြင်နဲ့တိုင်းပြီး လျှောက်တွေးနေတာတွေကိုရပ်သင့်နေပြီ "


" ရှင် ဒီလိုရှင်းပြနေတယ်ဆိုကတည်းက ရှင်တို့နှစ်ယောက်ကြားထဲမှာ တစ်ခုခုတော့သေချာပေါက်ရှိနေမှာဘဲ ".


" ငါတို့ကသူငယ်ချင်းတွေဘဲ "


" သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် အချစ်တွေပြည့်နေတဲ့မျက်ဝန်းနဲ့ကြည့်ကြလို့လား? "


Xxxxxx