Chapter 72
Mori Sue:
Daddy's little ( 72)
အချစ်ကသာ လူတစ်ယောက်ဆိုရင် ဘယ်လိုလူမျိုးဖြစ်လိမ့်မလဲ?
သူ့ရုပ်ရည်မည်သို့ရှိလိမ့်မည်နည်း?
သူမည်သို့သောစိတ်ထားမျိုးရှိလိမ့်မည်နည်း?
သူမည်သို့ပြုမူနေထိုင်လိမ့်မည်နည်း?
နာကျင်မူကသာ လက်နက်တစ်ခုဆိုမည်သို့သောလက်နက်မျိုးဖြစ်လိမ့်မည်နည်း?
ဘယ်လောက်ပမာဏအထိလူအသက်တွေကိုနုတ်ယူနိုင်လိမ့်မလဲ?
အကယ်၍ အချစ်နှင့်နာကျင်မူမှာ ဒဂ်ါးတစ်ပြားရဲ့မျက်နှာပြင်နှစ်ဖက်ဆိုလျှင် သင်မည်သည့်ဘက်အားရွေးချယ်လိမ့်မည်နည်း?
" ဂျိမ်းစ်..."
ကာလိုဒ်၏ခေါ်သံကြောင့် ဂျိမ်းစ်မှာစာဖတ်နေရာမှသူမအားလှည့်ကြည့်လာသည် ။ သူမက ဂျိမ်းစ်အားညင်သာစွာပြုံးပြကာ သူမ၏ဗိုက်ပေါ်သို့ဂျိမ်းစ်၏ လက်အားဆွဲတင်လိုက်လေသည် ။
သူမက တစ်ခစ်ခစ်ရီမောကာမေးလေ၏ ။
" ရှင်ခံစားမိရဲ့လား "
ဂျိမ်းမှာ သူ၏ဗိုက်အတွင်းမှ ကလေးသေးသေးလေး၏လူပ်ရှားမူတချို့အားခံစားမိ၍ပြုံးလိုက်လေသည် ။
" အင်း... သူကအရမ်းတက်ကြွနေတာဘဲ "
" သူ့ဖေဖေနဲ့တူတဲ့ သားလေးဘဲဖြစ်မှာသေချာတယ် "
ဂျိမ်းစ်က သူ၏လက်အားဖယ်လိုက်ကာ စာအုပ်ကိုသာဆက်ဖတ်နေလိုက်သည် ။ ယခုအချိန်သူ၏ပါးစပ်မှထွက်လာမည် စကားလုံးများမှာသံသယမေးခွန်းများသာဖြစ်ပေလိမ့်မည် ။
" ရှင်သူ့ကိုဘယ်လိုနာမည်မျိုးပေးမယ်စဥ်းစားထားလဲ "
ဂျိမ်းစ်က သူမကိုကြည့်ရင်းပြောလိုက်သည် ။
" အဲ့ဒါကအခုမပြောသေးဘူး "
" ကျွန်မသူမွေးလာဖို့ကိုတကယ်မစောင့်နိုင်တော့ဘူး "
ဂျိမ်းစ် ထရပ်လိုက်သည့်အခါ သူမကရူပ်ထွေးစွာဖြင့်မေးလိုက်သည် ။
" ရှင်ဘယ်သွားမလို့လဲ "
" သူငယ်ချင်းတစ်ယောက်ကိုကြည့်ဖို့ ကဖေးကိုသွားမလို့ "
သူမက သူ့အားသံသယဖြစ်စွာကြည့်လာပါသော်လည်း အပြစ်မတင်ခဲ့ချေ ။
" ကျွန်မပါလိုက်လို့ရမလား "
ဂျိမ်းစ်ကလည်း သူမဘာကြောင့်ထူးထူးဆန်းဆန်းလိုက်ချင်လာသနည်းဟုမေးချင်ပါသော်လည်း မမေးခဲ့ပေ ။
" အင်း...လိုက်ချင်လိုက်ခဲ့လေ "
သူမတို့၏ဆက်ဆံရေးမှာပြန်လည်အဆင်ပြေလာပြီဖြစ်၍ ကာလိုဒ်အလွန်ပျော်ရွှင်နေသည် ။
ဂျိမ်းစ်က ဖောက်ပြန်နေတာတဲ့လား မဖြစ်နိုင်တာတွေ သူကအဲ့ဒီလိုလူမျိုးမဟုတ်ဘူး...
သူက သူမအားချစ်မြတ်နိုးပြီး သူမအပေါ်၌လည်းအမြဲသစ္စာရှိခဲ့သည် ။ သူ့အားတစ်ကြိမ်နာကျင်စေခဲ့ပြီးပြီဖြစ်၍ နောက်တစ်ထပ်ထပ်အဖြစ်မခံပါချေ ။
အဝတ်အစားလဲကာထွက်လာကြပြီ ကဖေးသို့ရောက်သည့်အချိန်တွင် ကာလိုဒ်ကသူ၏ဗိုက်ကိုမကာကားပေါ်မှဆင်းလာလေသည် ။ တံခါးဝသို့ရောက်သည့်အချိန်တွင် လန်လင်းမှာဂျိမ်းစ်အားတွေ့သည်နှင့်ပျော်ရွှင်စွာပြေးလာကာ ဂျိမ်းစ်၏လက်ကိုဆွဲ၍ ဝမ်းသာအားရပြောလိုက်သည် ။
" ဘာလဲမှန်းကြည့်ပါဦး...ကျွန်တော်ဆောင်းပါးနဲ့ဝတ္ထုပြိုင်ပွဲမှာ တတိယဆုရတယ်...ပြီးတော့ ကျွန်တော့ဝတ္ထုကိုသူတို့ပလက်ဖောင်းရဲ့တရားဝင်ပေ့ချ်မှာကြေငြာပေးဦးမှာတဲ့ "
ဂျိမ်းစ်က သူ့အားဆွဲထားသည့်လန်လင်း၏ လက်များကိုကြည့်ကာ မျက်နှာတွင်ရှက်သွေးဖြာလာခဲ့သည် ။ ကာလိုဒ်က ရုတ်တရက်နူးညံ့သွားသောဂျိမ်းစ်၏အမူအရာအားကြည့်ကာအံ့သြနေရသည် ။
ထိုသူမှာသူမရှေ့၌ပင်ဤကဲ့သို့မဖြစ်ခဲ့ဘူးချေ ။ ထို့နောက်လန်လင်းအား ကြည့်မိသည့်အခါ၌ ပို၍ပင်လန့်သွားရသည် ။
" ပါ...ပါကာ"
ရင်းနှီးနေသည့်အသံအားကြားလိုက်ရသည့်အခါ လန်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားရသည် ။
သူရဲ့သွေးရင်းအစ်မဖြစ်သူကိုဘယ်လိုလုပ်မေ့နိုင်မှာလဲ ?.
.
ဂျိမ်းစ်က အိမ်ထောင်ရှိသူဟုအမှတ်ရသွားသောကြောင့် လက်အားလွှတ်ချလိုက်ကာ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ကာ တောင်းပန်လိုက်သည် ။
" ကျွန်တော်တောင်းပန်ပါတယ် "
ဂျိမ်းစ်က ညင်သာစွာပြုံးကာပြောလိုက်သည် ။
" ရပါတယ်..မင်းအရမ်းစိတ်လူပ်ရှားနေတာဘဲ.. ဒါနဲ့ ဒါကငါ့အမျိုးသမီး ကာလိုဒ် "
လန်လင်းက အားတင်းကာပြုံးလိုက်ပြီး လက်ဆွဲနူတ်ဆက်ရန်လက်ဆန့်ထုတ်လိုက်သည် ။
" ဟယ်..."
" ရှင်က ပါကာနဲ့အရမ်းတူလိုက်တာ...အမ်...စိတ်မရှိပါနဲ့ ဒါပေမဲ့အရမ်းထူးဆန်းနေလို့ပါ "
" ကာလိုဒ် မင်းရဲ့စကားပြောပုံကိုသတိထားသင့်တယ် "
လင်းလန်၏ မျက်နှာပေါ်တွင် သက်တောင့်သက်သာမရှိသောအပြုံးတစ်ခုချိတ်ဆွဲထားရင်းပြောလိုက်သည် ။
" ရပါတယ် "
" ကျွန်မတောင်းပန်ပါတယ်...ရှင်က ဂျိမ်းစ်ပြောတဲ့သူငယ်ချင်းဘဲဖြစ်ရမယ် "
" ဟု..ဟုတ်တယ်...ကျွန်တော်တို့ လွန်ခဲ့တဲ့လအနည်းငယ်ကစသိခဲ့ကြတာပါ "
သူမက မျက်ခုံးပင့်ကာမေးလိုက်သည် ။
" တကယ်လား "
" ကာလိုဒ် မင်းကသူ့ကိုစိတ်မသက်မသာဖြစ်အောင်လုပ်နေတာဘဲ "
" အိုခေ... ကျွန်မတောင်းပန်ပါတယ်...ရှင်ဆိုင်မှာ ဘာကိတ်အမျိုးအစားတွေရလဲ "
လန်လင်းက နူးညံ့စွာပြောလိုက်သည် ။
" မင်းပြင်သစ်ဗနီလာကိတ်ကိုစားချင်လား...အမ် ပြီးတော့စမူတီတစ်ခွက်နဲ့ဆိုရင်ပိုအဆင်ပြေလိမ့်မယ် "
သူတို့မောင်နှမနှစ်ဦး၏ဆက်ဆံရေးမှာမကောင်းပါသော်ငြား သူမနှင့်မတွေ့ချင်ဟုမဆိုလိုပေ ။ ရူပ်ထွေးသောမိသားစုဆက်ဆံရေးများကြားထဲ၌ဝင်မပါချင်သော်လည်း သူတို့အားတစ်ခါတစ်ရံ၌လွမ်းမိသည် ။ သူ၏အိမ်ထောင်ရေးကံမှာမကောင်းခဲ့သော်လည်း ငယ်စဥ်ကတည်းကမိသားစုဝင်များနှင့်အတူတူပျော်ပျော်ရွှင်ရွှင်ကြီးပြင်ခဲ့ရ၍ စွန့်ပစ်မခံရခြင်းကပင်ကြီးမားသည့်ကံကောင်းမူကြီးပင် ။
သူ၏အဖေနှင့်အမေတို့မှာ အမှားအမှန်မခွဲခြားနိုင်သော်ငြားသူ့အားပျော်ရွှင်အောင်တော့ထားခဲ့သေးသည် ။
ဂျိမ်းစ်က သူမအားထိုင်ခုံတွင်ထိုင်ရန်ကူညီပေးလိုက်ပြီးနောက် သူမနားကပ်ကာတိုးတိုးလေးပြောလိုက်သည် ။
" သူကငါ့သူငယ်ချင်းလေ မင်းနည်းနည်းလောက်သူ့အပေါ်ယဥ်ယဥ်ကျေးကျေးပြောဆိုပေးလို့မရဘူးလား "
သူမက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း လန်လင်းရောက်လာသည်အားတွေ့၍ ပြန်မြိုချကာပြုံးလိုက်သည် ။
" ဒီမှာရပါပြီ "
" ကိုယ်တို့တွေဘာလို့ စာကြည့်တိုက်ဒါမှမဟုတ်ကောင်းတဲ့နေရာတစ်ခုခုကိုသွားဖို့ဆိုင်စောစောမပိတ်ရမှာလဲ "
" ဒါပေမဲ့...ခင်ဗျားရဲ့အမျိုးသမီးက... "
ဂျိမ်းစ်က ကာလိုဒ်၏ကိုယ်ဝန်ဗိုက်အားကြည့်ကာသက်ပြင်းချလိုက်သည် ။ သူမအနားမှသူကြာကြာခွာ၍မဖြစ်ပေ ။ ကာလိုဒ်ကလည်း ဂျိမ်းစ်အား လန်လင်းနှင့်အတူရှိမနေစေချင်ချေ ။
" ဒါဆိုလဲ နောက်မှကိုယ်တို့နှစ်ယောက်တည်းအတူတူသွားကြတာပေါ့ "
ကာလိုဒ်က ဒေါသထွက်လာလေသည် ။
သူမရှေ့မှာ ဘာလို့ဒီလိုစကားမျိုးပြောရဲရတာလဲ?
သူမက စူထွက်နေသည့်ဗိုက်ဖြင့် ရုတ်တရက်ထရပ်လိုက်သောကြောင့် ဂျိမ်းစ်ရောပါကာပါလန့်သွားရသည် ။
" ကာလိုဒ်....."
ဂျိမ်းစ်က ကားထဲသို့ပြေးဝင်သွားသည့် ကာလိုဒ်နောက်လိုက်လာခဲ့သည် ။
" ကျွန်မအိမ်ပြန်မယ်..."
" ဒါပေမဲ့.. မင်း..."
သူမအားဘယ်လိုမှပြန်ခေါ်လို့မရတော့သည်အားကြည့်ကာ ဂျိမ်းစ်မှာ စိတ်ရူပ်စွာဖြင့် သူ၏ဆံပင်များကိုဆွဲဖွလိုက်မိသည် ။ ထို့နောက်ငွေရှင်းရန်ကဖေးသို့ပြန်သွားခဲ့သည် ။
ဂျိမ်းစ်ထွက်သွားသည့်အခါ ကာလိုဒ်မှာပို၍ပင်ဒေါသထွက်လာလေသည် ။
သူ့ရဲ့ကလေးကိုလွယ်ပေးထားတာကိုတောင် ဘာလို့ဒီလိုဆက်ဆံနိုင်ရတာလဲ?
ဂျိမ်းစ်က အတိတ်မှကိစ္စနှင့်ပက်သက်၍ သူမအားခွင့်လွှတ်သည်ဖြစ်စေ မခွင့်လွှတ်သည်ဖြစ်စေ လုံးဝကွာရှင်းမပေးနိုင်ပါချေ ။
သူမက ကားထဲမှထွက်ကာ ဂျိမ်းစ်အားချောင်းရန် တိတ်တိတ်လေးဆိုင်ရှေ့၌ရပ်နေလေသည် ။ ဂျိမ်းစ်က လန်လင်း၏ရှေ့၌ပေါ့ပါးစွာပြုံးရီနေပြီးထိုကဲ့သို့သူမအား ဘယ်တော့မှပြုံးမပြခဲ့ဖူးပေ ။ ထို့အပြင် သူစိတ်လူပ်ရှားသည့်အခါလုပ်လေ့ရှိသော လက်အားအိပ်ကပ်ထဲသို့ထုတ်လိုက်ထည့်လိုက်လုပ်နေခြင်းအားလည်း ဆက်တိုက်လုပ်နေသည် ။
မဖြစ်ဘူး...မဖြစ်နိုင်ဘူး....
Xxxxxxx