အပိုင်း ၇၁
Viewers 13k

Chapter 71


Mori Sue:

Daddy's little ( 71)


ချယ်လ်စီလေးက ပါကာကိုတစ်လှည့် လန်လင်းကိုတစ်လှည့်အူကြောင်ကြောင်လေးကြည့်ကာမေးလိုက်သည် ။


" ပါးပါးက ဘာလို့နှစ်ယောက်ဖြစ်နေတာလဲဟင် ပါးပါးမှာအမြွှာရှိတာလား "


ပါကာမှာ သူနှင့်လန်လင်းတို့ကတစ်ပုံစံတည်းတူညီကြောင်း ကလေးမလေးအားမပြောပြထားမိသည့်အတွက် အနည်းငယ်စိုးရိမ်သွားခဲ့သည် ။ လန်လင်းက ပုံးတစ်ပုံးကိုကိုင်ကာအပေါက်ဝ၌ရပ်နေပြီး သူမွေးခဲ့ပါသော်လည်းတစ်ခါမျှမထိတွေ့ခဲ့ဖူးသည့်ကလေးမလေးအားကြည့်နေလေသည် ။


ပါကာက သူမလေးအားစောင့်ရှောက်ပေးထားကာပျော်ရွှင်စေသည့်အတွက် လန်လင်းစိတ်သက်သာရရသွားရသည် ။ သူနှင့်အတူနေထိုင်ခဲ့စဥ်က သူမလေးမှာအမြဲတစေကြောက်လန့်နေခဲ့ရပြီး စကားပြောဆိုခြင်းမှာလည်းမရှိသလောက်ပါပေ ။


ယခုမူ ပုံမှန်ကလေးတစ်ယောက်ကဲ့သို့ပင် ပျော်ရွှင်စွာနေထိုင်နေရနေပြီပင် ။ မူလပါကာမှ ကလေးအားဖျက်ချချင်ခဲ့ပါသော်လည်း ဒရိတ်ခ်၏တင်းကြပ်သောကာကွယ်မူအောက်တွင် အထူးခန်း၌နေထိုင်ကာကလေးမွေးခဲ့ရသည် ။


မူလပါကာ၏အတွေးများမှာ ဒရိတ်ခ်ကသူ့အားကလေးကိုအသုံးချ၍အကျပ်ကိုင်လိုသောကြောင့်ဟုတွေးခဲ့ကာ ကလေးကိုရောကလေးအဖေကိုပါသံယောဇဥ်မရှိပါချေ ။


ဒရိတ်ခ်ကိုယ်တိုင်သည်လည်း ပါကာ့အားအလိုလိုက်၍သူတို့၏ပထမဆုံးကလေးအား မည်သည်နည်းနှင့်မျှဖျက်ချခွင့်မပြုခဲ့ပေ ။ 


ကိုယ်ဝန်ဆောင်ရသည်မှာ မူလပါကာဖစ်ပါသော်လည်း ကလေးမှာဒရိတ်ခ်၏အပိုင်ပင် ။ ထိုကဲ့သို့နှစ်ဦးနှစ်ဖက်မပြေလည်သည့်အခြေအနေ၌ ရွေးချယ်စရာမှာကွာရှင်းရန်တစ်ခုတည်းသာရှိသော်လည်း ပါကာ့အတွက်ထိုလမ်းမှာသေလမ်းသကဲ့သို့ဖြစ်လေသည် ။


အခြားသောသူများအတွက် ကွာရှင်းသည်မှာမထူးဆန်းသော်လည်း ပါကာ့မိသားစုအတွက်မူကိစ္စကြီးပင် ။ ကွာရှင်းလိုက်သည်နှင့်တစ်ပြိုင်နက် မိသားစုတွင်းမှကန်ထုတ်ခံရပေလိမ့်မည် ။


သူမလေး ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာရသည်အားကြည့်၍ လင်းလန်ကလေးတစ်ယောက်လိုချင်လာပါသော်လည်း ကိုယ်ဝန်တော့မဆောင်ချင်ပါတော့ချေ ။


လန်လင်းက ကိတ်မုန့်များကိုထုတ်ရင်းကာ သူမလေးရှေ့တွင်ထိုင်ချရင်းနူတ်ဆက်လိုက်သည် ။


" ဟယ်လို ချယ်လ်စီလေး "


ချယ်လ်စီလေးက သူမပါးပါးနှင့်တစ်ပုံစံတည်းတူသောလူအား ကြည့်ကာနူတ်ဆက်လိုက်သည် ။


" ဟယ်လို... ဦးဦး...မီးမီးနမည်က ချယ်လ်စီဆာပါ... မီးမီးကမကြာခင်မမတစ်ယောက်ဖြစ်တော့မှာ "


" တကယ်လား...ကောင်းတာပေါ့ "


" ဟုတ်....ကလေးလေးက ပါးပါးဗိုက်ထဲမှာလူပ်နေတာကိုတောင်ခံစားလို့ရနေပြီ "


ချယ်လ်စီလေးက သူမ၏လက်သေးသေးလေးအား ပါကာ့၏ဗိုက်ပေါ်သို့အလွန်သတိထားတင်လိုက်သည်အားကြည့်ကာ ပါကာပြုံးလိုက်သည် 


" ဦးဦးလန်လက်ပေး "


လန်လင်းက ကိတ်မုန့်ကိုင်ထားသည့်လက်အားလှမ်းမိမလိုဖြစ်သွားပါသော်လည်း တခြားလက်တစ်ဖက်ကိုသာပြောင်းပေးလိုက်သည် ။ ချယ်လ်စီလေး ကသူ၏လက်အား ပါကာ့ဗိုက်ပေါ်သို့ညင်သာစွာတင်ပေးလိုက်သည် ။


" ကလေးလေးကိုခံစားမိလားဟင် "


သူမက လန်လင်းအားပြုံးကာမေးနေလေသည် ။


" ဟမ်...တကယ် ကန်လိုက်တာဘဲ  "


ထို့နောက် ဆိုဖာပေါ်၌ထိုင်ရင်း ကိတ်မုန့်ဘူးများအားဖွင့်နေကြလေသည် ။


" ဒါဆိုရင်... ယောက်ျားလေးမွေးမယ်ထင်လား...မိန်းကလေးမွေးမယ်ထင်လား "


" ငါမသိသေးဘူး ဒါပေမဲ့ ခန့်မှန်းတဲ့ပွဲလုပ်ဖို့တော့စီစဥ်ထားတယ် "


" ကောင်းသားဘဲ "


" အရမ်းကြီးကြီးကျယ်ကျယ်ကြီးတော့မဟုတ်ပေမဲ့ ငါမင်းကိုလာစေချင်တယ် "


" အကြံကောင်းဘဲ သူများတွေကငါတို့ကိုကွဲကွာနေတဲ့အမြွှာတွေလို့တောင်ထင်သွားနိုင်တယ် "


" ငါတို့က အခင်ဆုံးသူငယ်ချင်းတွေလေ ငါဘာဘဲလုပ်လုပ်အမှတ်တရတွေထဲမှာမင်းကိုပါစေချင်တယ် "


" မသေချာပေမဲ့... ငါလာနိုင်အောင်ကြိုးစားပါ့မယ် "


ပါကာက မုန့်များစိတ်ကြိုက်စားသောက်ကာ စကားပြောကြပြီးနောက်တွင် လန်လင်းပြန်သွားလေသည် ။


×××


နာရီအနည်းငယ်ကြာပြီးသည့်နောက်တွင် ဂျိမ်းစ်က ပုံမှန်မှာနေကျမီနူးအတိုင်းမှာကာ စတင်စာဖတ်လေသည် ။ ဂျိမ်းစ်မှာ လန်လင်း၏အလုပ်အားလေးစားကာအလုပ်ချိန်အတွင်းနှောင့်ယှက်ခြင်းမရှိပေ ။ 


ရုတ်တရက်ပင် ဂျိမ်းစ်က ထရီလိုက်သောကြောင့် ကော်ဖီခွက်နှင့်တိုက်မိ၍မှောက်ကျသွားသည် ။ လန်လင်းက အလန့်တကြားဖြင့် လာရောက်ရှင်းလင်းပေးကာစပ်စုစွာမေးလိုက်သည် ။


" ဘာတွေရီစရာပါနေလို့လဲ "


" ကိုယ်ပြောလိုက်ရင် ဇာတ်လမ်းကိုကြိုပြောလိုက်သလိုဖြစ်သွားလိမ့်မယ် "


" ကျွန်တော်ဂရုမစိုက်ဘူး ခင်ဗျားဘာတွေရီချင်နေတာလဲသိချင်လိုက်တာ "


ဂျိမ်းစ်က စာအုပ်အားလက်နှင့်ကွယ်ထားကာ အလွန်ကာကွယ်ထားပုံလုပ်လိုက်သည် ။


" မပြောချင်ပါဘူး "


" ကျွန်တော့်ကိုပြောပြစမ်းပါလို့ "


" ကောင်းပါပြီ...ရှင်းရှင်းလေးပါဘဲ မင်းသားနဲ့မင်းသမီးနဲ့က လမ်းမှာလိုက်လုပ်ကြံခံရတယ်ကွာ အဲ့ဒီအချိန်မှာမင်းသားက လုပ်ကြံသူတွေကိုစိတ်ချလက်ချတိုက်နိုင်ဖို့ မင်းသမီးကိုပုန်းနေခိုင်ပေမဲ့ တိုက်ခိုက်နေရင်းတန်းလန်းမှာမင်းသမီးကခုန်ထွက်လာပြီး အသတ်ခံရမလိုဖြစ်သွားတယ်လေ... နောက်ဆုံးတော့လဲ အလှလေးကိုသူရဲကောင်းကယ်တင်လိုက်ရတာပါဘဲ "


လန်လင်းက မျက်ခုံးပင့်လိုက်သည် ။


" ဒါဘဲလား "


" အကောင်းဆုံးအပိုင်းက အခုမှလာတာနော်...မင်းသားက အန္ဒရာယ်များတယ်ဘာလို့ထွက်လာတာလဲ ဘာညာပြောတော့ မင်းသမီးက မင်းသားကိုဘယ်လိုပြန်ပြောတယ်မှတ်လဲ....ကျွန်မကရှင့်ကိုကယ်ခိုင်းလို့လားတဲ့ ...အဲ့တာနဲ့မင်းသားကစိတ်ဆိုးပြီး လုပ်ကြံသူတွေကြားထံကိုပစ်ထည့်လိုက်ရော "


" ဟမ်...မိုက်လိုက်တာ...ကျွန်တော်ဖတ်ကိုဖတ်ရတော့မယ် "


ဂျိမ်းစ်က စာအုပ်အဖုံးကိုပြကာပြောလိုက်သည် ။


" စာအုပ်နမည်က အဲ့အကောင်ဘာလို့ဇာတ်လိုက်ဖြစ်နေတာလဲတဲ့...ဟာသပါတယ် မင်းသားကအရမ်းကိုပိုင်ဆိုင်လိုစိတ်ကြီးတာနဲ့ ပူစပ်ပူစပ်အခန်းတွေမှလည်းအများကြီး "


" ခင်ဗျားဒီလိုစာအုပ်မျိုးကိုဘယ်နားက သွားရှာလာတာလဲ "


" ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ စာအုပ်စင်ကရှာတွေ့လာတာ ကိုယ်ကပူစပ်ပူစပ်လေးတွေပါတာကိုဖတ်ရတာကြိုက်တယ်လေ "


နှစ်ယောက်သားခဏမျှအကြည့်ခြင်းဆုံသွားပြီးနောက်တွင် ဂျိမ်းစ်ကအမြန်အကြည့်လွှဲလိုက်လေသည် ။ သူက လန်လင်း၏နှင်းဆီရောင်နူတ်ခမ်းပါးများကို စိုက်ကြည့်မိသွားကာ နမ်းရိူက်ချင်လာခဲ့သည် ။


သူကထို့ထက်ပိုပြီးအတွေးမမှားစေရန်ပြန်ဖို့ပြင်လိုက်လေသည် ။


" ကိုယ်သွားသင့်ပြီထင်တယ် "


လန်လင်းကလည်းဟန်ဆောင်ပြုံးကာပြန်ဖြေလိုက်လေသည် ။


" ဟုတ်တယ် ခင်ဗျားသွားသင့်ပြီ "


Xxxxxxx