အပိုင်း ၇၀
Viewers 13k

Chapter 70


Daddy's little ( 70)


ပါကာက ကိတ်မုန့်များအားဘူးထဲသို့ဂရုတစိုက်ထည့်နေသည်အား စိန့်နှင့်ချာယ်လ်စီလေးတို့ကြည့်နေကြသည် ။ ဖလော်ရန်က ကိတ်မုန့်တစ်ခုအားလက်ဖြင့်တို့တော့မည့်အချိန်၌ စိန့်ကတားလိုက်သည် ။


" မထိရဘူးနော် ...အဲ့ဒါသားအတွက်မဟုတ်ဘူး "


စိန့်၏ ဖလော်ရန်အား ဂရုတစိုက်စောင့်ကြည့်နေသောအပြူအမူကြောင့် ပါကာအံ့သြသွားရသည့ ။ သူ၏အာရုံမှာဖုန်းအပေါ်တွင်သာရှိသည်ဟု ထင်ရပါသော်လည်း ကလေးအားစောင့်ကြည့်နေမူကိုလည်းမလစ်ဟင်းစေပါပေ ။


တကယ်ဘဲ လူတွေကိုအမြင်နဲ့တင်ဆုံးဖြတ်လို့မရဘူး....


စိန့်က အားနာစွာနှင့်မေးလိုက်သည့ ။


" အမ်...ကျွန်တော်ကူညီပေးရမလား ...ခင်ဗျားအရမ်းပင်ပင်ပန်းပန်းမလုပ်သင့်...."


ပါကာက ခေါင်းရမ်းလိုက်မိသည် ။


စိန့်က အရမ်စိုးရိမ်လွန်နေတာဘဲ...


သူက ကိုယ်ဝန်ရှိနေသည်ဆိုသော်ငြား ထိမျှအထိသည်းသည်းလူပ်လိုက်ဖြစ်နေရန်အထိတော့မလိုအပ်ပေ ။


" မင်းလုပ်ချင်တယ်ဆိုရင် လုပ်လို့ရပါတယ် ဒါပေမဲ့ဂရုစိုက်မှရမယ် "


စိန့်က ခေါင်းညိမ့်ပြကာထရပ်လိုက်ပြီး ကိတ်မုန့်များအားဂရုတစိုက်ထုပ်ပိုးနေလေသည် ။ ချယ်လ်စီလေး က ပါကာ၏အဝတ်အနားစအားဆွဲကာ အလွန်ချစ်ဖို့ကောင်းသောလေသံလေးနှင့်ပြောလာသည် ။


" ပါးပါး မီးမီးကို ကွတ်ကီးလုပ်ကျွေးပါလားဟင် "


" ရတာပေါ့ ဒါပေမဲ့ ခဏလေးတော့စောင့်နော် "


ထို့နောက်ပါကာက ကွတ်ကီးအနည်းငယ်ပြုလုပ်ပြီးသည့်အနောက် ကလေးနှစ်ယောက်အတွက်အသီးဖျော်ရည်တစ်ခွက်ပါပြုလုပ်ပေးလိုက်သည် ။ ထို့အချိန်မှာပင် စိန့်က ကိတ်မုန့်များအားလုံးကိုထုပ်ပိုးပြီးဖြစ်သည် ။


" ပြီးတောင်ပြီးသွားပြီလား ကျေးဇူးဘဲနော် "


" ဒါဆိုကျွန်တော်တို့သွားပို့ကြတော့မလား "


ပါကာနှင့်စိန့်မှာ ကိတ်မုန့်များအား ကားနောက်ခန်းထဲ၌သတိထားနေရာချပြီးနောက်စတင်ထွက်ခွာလာခဲ့လေသည် ။


" ခင်ဗျားက တကယ်တော်တဲ့မိဘတစ်ယောက်ဘဲ "


" ဟမ် "


ပါကာက စိန့်ဆိုလိုသည်အားနားမလည်သော်လည်းပြုံးကာပြောလိုက်သည် ။


" ငါကသူမလေးအတွက် အကောင်းဆုံးတွေကိုဘဲပေးချင်ရုံတင်ပါ "


" ခင်ဗျားအရမ်းကြိုးစားတာကိုကျွန်တော်တွေ့ပါတယ်... ကျွန်တော့်ကိုတစ်ခုလောက်သင်ပေးလို့ရမလား "


" ဘာများလဲ "


" ကျွန်တော် ဒီမှာလာနေရတဲ့အကြောင်းအရင်းအမှန်ကို ဒရိတ်ခ်ကိုမပြောပြထားဘူး "


စိန့်က သူ၏လက်ချောင်းများကိုတင်းတင်းဆုပ်ကိုင်ထားရင်းပြောလိုက်သည် ။


" ကျွန်တော်တရားစွဲခံရပြီး ဖလောရန်ကိုဆုံးရုူံးရတော့မယ် ထင်တယ် "


ပါကာ ဆွံ့အသွားရလေသည် ။


" ...."


" ကျွန်တော့မိဘတွေကလွဲရင် ကျွန်တော့်မှာတခြားထောက်ပံ့ပေးမဲ့လူမရှိဘူး မကြာသေးခင်က ကျွန်တော့်မှာစေ့စပ်ထားတဲ့လူရှိပေမဲ့ ကျွန်တော့်မှာကလေးရှိနေတာကြောင့် စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်တယ်... ဖလော်ရန်ကိုကျွန်တော်မွေးထားတာဆိုပေမဲ့ ကျွန်တော်က မိဘနေရာမှာမရှိဘူး...သတို့သားလောင်းက သူ့ကိုသဘောမကျသလို.... ကျွန်တော့်မိဘတွေက လည်းစိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုပြီးမလိုချင်ခဲ့ဘူးလေ.. ကျွန်တော်က ဖလော်ရန်နဲ့အတူတူနေချင်ပေမဲ့ သူတို့ကလက်မခံတာကြောင့် ကျွန်တော်ထွက်လာခဲ့တာ.. အခုကျွန်တော့်မှာအလုပ်လဲမရှိဘူးဆိုတော့ ကလေးကိုစောင့်ရှောက်ဖို့မတတ်နိုင်ဘူးလို့ထောက်ပြပြီး သူ့ကိုပြန်ခေါ်ကြလိမ့်မယ် "


စိန့်က သက်ပြင်းအရှည်ကြီးချပြီးနောက်ဆက်ပြောသည် ။


" ကျွန်တော်သူ့ကိုမဆုံးရူံးချင်ဘူး ဒါ့ကြောင့်ကျေးဇူးပြုပြီး မိဘကောင်းတစ်ယောက်ဖြစ်အောင်ဘယ်လိုနေရမလဲ ကျွန်တော့်ကိုပြောပြပေးပါ "


ပါကာ ကဘာပြောရမှန်းမသိတော့၍ တိတ်တဆိတ်သာနေလိုက်သည် ။


×××


ဂျိမ်းစ်က ဆရာဝန်အားကြည့်လိုက် ကာလိုဒ်၏ဗိုက်အားကြည့်လိုက်ဖြင့်ဗျာများနေလေသည် ။


" မစ္စတာဂျွန်ဆန် ခင်ဗျားကလေးအတွက်စိတ်လူပ်ရှားနေတယ်ဆိုတာသိပေမဲ့ စိတ်ရှည်ရှည်ထားဖို့လိုတယ် "


စိတ်လူပ်ရှားနေသည်မှာမှန်သော်လည်း ဆရာဝန်ပြောသည့်စကားမှာ သူ၏ခံစားချက်အမှန်မဟုတ်ပါချေ ။ သူစိုးရိမ်နေသည်မှာ ထိုကလေးကသူ၏သွေးသားရင်း ဟုတ်မဟုတ်ဟူသည့်အချက်တစ်ချက်သာပင် ။


သုံးနှစ်အတွင်း ကာလိုဒ်အားထိရန်ပင်မပြောနှင့်မျက်နှာချင်းဆိုင်သည့်အချိန်ပင်အလွန်ရှားပါးသော်ကြောင့် သူမကိုယ်ဝန်ရသွားသည်မှာ အလွန်ထူးဆန်းလှသည် ။


သူမ၏ဝန်ခံချက်အရ သူ၏သုတ်ရည်အားအသုံးပြုခဲ့သည်ဟုဆိုသော်ကြောင့် ယုံကြည်ပေးရန်ကြိုးစားနေရခြင်းဖြစ်သည် ။ သူမ၏လုပ်ရပ်သည်အမှန်တကယ်အကျိုးရှိ၍ ကလေးမှာသူ၏သွေးသားဖြစ်နေရန်သာဆုတောင်းမိသည် ။


သူ နောက်ထပ် မနာကျင်ချင်တော့ပေ ။


Xxxxxx