အပိုင်း ၆၉
Viewers 13k

Chapter 69

Daddy's little ( 69) .


ပါကာက အိပ်ရာနိုးနိုးခြင်းပင် အကြောဆန့်ရင်းမီးဖိုချောင်ထဲသို့ဆင်းလာခဲ့သည် ။ ကိုယ်ဝန်ရှိမှန်းသိပြီးချိန်မှစ၍ သူအိပ်ပျော်နေဆဲဖြစ်ပါက ဒရိတ်ခ်ကနိူးခြင်းမရှိတော့ဘဲ အစာစားရန်သာဖြောင်းဖြပြောဆိုနေပြီး ပါကာ့၌အိပ်ရန်နှင့်စားရန်သာလုပ်စရာရှိလေသည် ။


ထို့အပြင် သူပင်ပန်းနေမည်စိုးသောကြောင့် မုန့်လုပ်သည့်အချိန်အားလည်း ကန့်သတ်ထားသည် ။ ပါကာက ပန်းချီဆွဲခြင်း နှင့်ယောဂကျင့်ခြင်းအားအလွန်နှစ်သက်သည်ဖြစ်၍ ပန်းချီခန်းနှင့်လေ့ကျင့်ခန်းလုပ်ရန်အခန်းအား အသေအချာစီမံပေးထားလေသည် ။


အားလပ်ရက်များ၌ ဒရိတ်ခ်က ချယ်လ်စီလေးနှင့်ပါကာတို့အားလျှောက်လည်ရန်ခေါ်သွားလေ့ရှိသည် ။ မကြာခဏဆိုသလိုသုံးလေးရက်အလုပ်ခရီးသွားရသော်လည်း ကုမ္ပဏီကြီးတစ်ခု၏သူဌေးဖြစ်၍ဤမျှအလုပ်များသည်ကပုံမှန်ဟုယူဆထားကာ ပြဿနာရှာချင်စိတ်မရှိပါပေ ။


ဒရိတ်ခ်က မိသားစုအားအလွန်ခင်တွယ်သူဖြစ်၍အားလပ်သည့်အချိန်တိုင်း၌ ချယ်လ်စီလေး နှင့်ပါကာ့အနားတွင်သာကပ်နေလေ့ရှိသည် ။ သူက ကလေးမလေးအား အရုပ်များနှင့်သာဆော့ကစားနေရပြီးအသက်ကြီးမသွားစေချင်ပေ ။


မည်သည့်အရာကမျှ ကလေးတစ်ဦး၏ မိဘနေရာတွင်အစားမထိုးနိုင်ချေ ။ အရုပ်များမှာ သက်မဲ့ပရာများဖြစ်၍ကလေးများ၏အထီးကျန်ရမူအားမဖြေဖျောက်ပေးနိုင်ပေ ။ က​လေးဘဝ၏စစ်မှန်သောပျော်ရွှင်မူမှာ မိမိနှင့်အတူအချိန်ပေးဆော့ကစားဂရုစိုက်ပေးမည့်မိဘများပင် ။


ပါကာက သူ့အားမလိုချင်သောမိဘနှစ်ဦးထံမှမွေးဖွားလာခဲ့ရခြင်းဖြစ်ပြီး မိဘမဲ့ကျောင်း၌စွန့်ပစ်ခံခဲ့ရသည် ။ ထိုအကြောင်းအရာမှာသူ၏တစ်သက်လုံးတွင်မေ့ပျောက်ချင်ဆုံးပင်​ ။ အသက်အရွယ်ကြီးလာ၍မိဘအရင်းများအားသွားရောက်ရှာဖွေပါသည့်တိုင် သူ့အားဆက်တိုက်ငြင်းဆန်ခဲ့ကာလက်မခံခဲ့ကြပေ ။ 


ထိုကဲ့သို့ဆက်ဆံခံခဲ့ရသည့်အတွက် ကိုယ်ပိုင်မိသားစုဘဝတစ်ခုစတင်ရန်မှာ ပါကာ့အတွက်အလွန်ပင်ခက်ခဲလေသည် ။ အလွန့်အလွန် ခက်ခဲသောစိန်ခေါ်မူတစ်ရပ်ပင် ဖြစ်သည် ။


တက္ကသိုလ်သို့ရောက်သည့်အချိန်အထိ သူ့တွင်လုံခြုံစိတ်အေးချမ်းသာမူပေးစွမ်းနိုင်သည့်ခံစားချက်မျိုးမရရှိခဲ့ပေ ။ အချိန်တိုဆက်ဆံရေးများတွင်သာအချိန်ကုန်နေခဲ့ပြီး စာအရမ်းကြိုးစားသောကြောင့် သူ၏တွဲဖက်များနှင်ဆြက်ဆံရေးမှာဆိုးဆိုးဝါးဝါးပင်အဆုံးသတ်သွားခဲ့ရသည်ချည်းသာပင် ။


ထို့ကြောင့် စာကြိုးစားသည် အလုပ်လုပ်သည်နှင့်သာအချိန်ကုန်နေခဲ့ပြီး သူ၏လူမူရေးဘဝအားမေ့ပျောက်ထားခဲ့လေသည် ။


သို့သော်လည်း မထင်မှတ်ထားသောကူးပြောင်းမူကြောင့် အလွန်ချစ်စရာကောင်းသည့်သမီးလေးနှင့် ကမ္ဘာပေါ်တွင်အကောင်းဆုံးခင်ပွန်းသည်အား ရရှိလာရသည် ။ သူဘယ်လောက်ဘဲစိတ်ညစ်နေပါစေ ရင်ဖွင့်ဖြေဖျောက်နိုင်သည့် ချစ်စရာယောက်ဖတစ်ယောက်လည်းကျန်ရှိနေသေးသည် ။ 


သူ၏ယောက်ဖလေးမှာအပြောဆိုးသော်လည်း စိတ်ရင်းကောင်းကာ တစ်မိနစ်တည်းမှာပင်စိတ်ခံစားချက်အမျိုးမျိုးပြောင်းလဲနိုင်သည့် ဒရမ်မာကင်းတစ်ဦးဖြစ်သည် ။ 


ဒရိတ်ခ်က ထမင်းစားစားပွဲမှာထကာ ပါကာ့ထံသို့လျှောက်သွား၍နမ်းလိုက်သည် ။ ချယ်လ်စီလေး ကပျော်ရွှင်စွာနူတ်ဆက်လေသည် ။


" မောနင်း ပါးပါး "


ပါကာက ပြုံးလိုက်ကာသူမလေးထံသို့လျှောက်သွား၍ နဖူးလေးအားနမ်းလိုက်သည် ။ ထို့နောက် ဖလော်ရန်ကိုကြည့်လိုက်သည့်အခါ မနက်စာကိုသာမြန်မြန်စားနေပြီး စိန့်ကသူ့အားကြည့်နေသည် ။


" မောနင်း "


တိုတိုတုတ်တုတ်သာမိတ်ဆက်ပြီးနောက် သူ၏ဖုန်းကိုသာပြန်ဆက်ကြည့်နေတော့သည် ။


" အိုခေ...မောနင်းပါ "


ထို့နောက် ဖလော်ရန်ကိုကြည့်ကာ 


" မောနင်း ဖလော်ရန် "


ဖလော်ရန်က သူ၏ခေါင်းကိုငုံ့ထားဆဲဖြစ်သော်လည်းပြန်ဖြေလေသည် ။


" မောနင်း အန်ကယ်ပါကာ "


ပါကာကပြုံးလိုက်သည် ။ 


အဲ့ဒီကောင်လေးပြုံးလိုက်ရင်အရမ်းချစ်ဖို့ကောင်းပေမဲ့သူရှက်တတ်လွန်းတယ်....


" ကိုယ်အလုပ်သွားတော့မယ်နော် "


ချယ်လ်စီလေးက ဒရိတ်ခ်အားနမ်းရင်းပြောလိုက်သည် ။


" ဂရုစိုက်သွားပါ ဖေဖေ "


ပါကာနှင့်စိန့်ကပြောလိုက်သည် ။


" ဘိုင့်ဘိုင့် ဒရိတ်ခ် "


" ဘိုင့်...ဘိုင့်...အန်ကယ်ဒရိတ်ခ် "


ဒရိတ်ခ်ထွက်သွားသောအခါ ထမင်းစားပွဲမှလေထုမှာအလွန်ပင်ထူးထူးဆန်းဆန်းဖြစ်သွားချေသည် ။


×××


ဂျိမ်းစ်က မနက်ပိုင်းအလုပ်ဆင်းပြီးနောက်အိမ်ပြန်လာသည့်အချိန်တွင် ကာလိုဒ်က သူမ၏ဖုန်းမှတ်တမ်းထဲမှာတစ်စုံတစ်ခုအားဖျက်လိုက်လေသည် ။ သူမဖျက်ဆီးမိခဲ့သည့်ဆက်ဆံရေးအားပြန်လည်ပြင်ဆင်ရန်ကြိုးစားနေသည့်အချိန်၌ ဤကဲ့သို့မက်ဆေ့မျိုးမှာစိတ်ပျက်စရာပင် ။


" ဂျိမ်းစ်က မင်းနောက်ကွယ်မှာဖောက်ပြန်နေတယ် "


သူမကထိုစကားအားလုံးဝမယုံပါချေ ။ လွန်ခဲ့သည့်သုံးနှစ်အခွင့်အရေးအများကြီးရှိခဲ့သည့်အချိန်ကပင် ဂျိမ်းစ်မှာဖောက်ပြန်ခြင်းမရှိခဲ့ဘူးပေ ။


အခုမှဘာလို့ဖောက်ပြန်ရမှာလဲ?


ဂျိမ်းစ်က အဲ့ဒီလိုလုပ်ရပ်မျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူး ဒီစာကိုပို့တဲ့လူကရူးနေတာဘဲဖြစ်ရမယ်....


သူမ ရီမောနေသသည့်အချိန်တွင် ဂျိမ်းစ်က ချွေးများရွဲနစ်ကာ အိမ်ပြန်လာသည်အားတွေ့ရ၍နူတ်ဆက်လိုက်သည် ။


" ပြန်လာပြီလား "


ဂျိမ်းစ်က သူမအနည်းငယ်ထူးဆန်းနေကြောင်းခံစားရသည် ။


" တစ်ခုခုဖြစ်ထားလို့လား "


သူမက ခေါင်းခါပြလိုက်သည် ။


" မဖြစ်ပါဘူး... ဟော်မုန်းမတည်မငြိမ်ဖြစ်နေလို့ပါ... ကျွန်မရဲ့ဗိုက်ကပိုပြီးထွက်လာပြီလေ "


ဂျိမ်းစ်က ဘာမှမပြောဘဲပြုံးလိုက်သည် ။


Xxxxx