အပိုင်း ၆၈
Viewers 13k

Chapter 68


Mori Sue:

Daddy's little ( 68)


ဒရိတ်ခ်အတွက် ထူးခြားသောနေ့လေးတစ်နေ့ဖြစ်ပြီး သူမစိတ်ကြိုက်ဆော့ကစားပြီးပျော်ရွှင်နေသည်အား ကြည့်ရသည်ကပင် ဒရိတ်ခ်အား ပျော်ရွှင်နေစေသည် ။ သူ၏အမျိုးသားလေးနှင့်သမီးလေးတို့၏ ချစ်စဖွယ်အမူအယာလေးများထပ်တူကျနေသည့်အခါတိုင်း အလုပ်ပင်ပန်းသမျှကွယ်ပျောက်သွားရသည် ။


မနေ့က ဒရိတ်ခ်၏ညီငယ် စိန့်မှာ သူ၏သားငယ်နှင့်အတူ မိသားစုနှင့်ရက်အနည်းငယ်နေထိုင်ရန်ရောက်လာခဲ့သည် ။ ပါကာက သဘောမကျသည့်အမူအရာမျိုးမပြသော်ငြား ဒရိတ်ခ် မှာစိတ်ပူနေရသည် ။


ဒရိတ်ခ်မှာ စိန့်အကြောင်းများများစားစားမသိပါချေ ။ သူသိသမျှက အတန်းစာမေးပွဲပုံမှန်ကျသောကြောင့် အထက်တန်းကတည်းကကျောင်းထွက်လိုက်ရသည်သည့်အပြင် လက်မထပ်ဘဲ ကိုယ်ဝန်ရကာကလေးမွေးခဲ့ခြင်းကြောင့် အိမ်မှနှင်ချခံထားရသည်ဟုသာဖြစ်သည် ။


ဒရိတ်ခ်က သူ၏သွေးရင်းမိဘများနှင့်ပင်မရင်းနှီးသောကြောင့် စိန့်ကိစ္စ၏အကြောင်းအရင်းအမှန်အားမသိပါချေ ။ သို့သော် စိန့်မှာ တစ်ယောက်တည်းနေထိုင်ရန်အတွက် ငယ်ရွယ်သေးကာ ပါကာ့ထက်လေးနှစ်မျှငယ်ရွယ်လေသည် ။


ဒရိတ်ခ်မှာ စိန့်အား လက်ခံထားရမည်လော နှင်ထုတ်ရမည်လောမသဲမကွဲဖြစ်နေရသည် ။ သူ့မိဘများ၏ သဘောထားအားလည်းမခန့်မှန်းတတ်ပါချေ ။ 


 ဧည့်ခန်းထဲ၌ ပါကာနှင့် ချယ်လ်စီလေးတို့မှာ တီဗီကြည့်ရင်းရီမောနေလေသည် ။


တံခါးဘဲလ်သံမြည်လာသည်နှင့် ဝီလီယမ်က တံခါးဖွင့်ကာနူတ်ဆက်လိုက်သည် ။


" ကြိုဆိုပါတယ် သခင်လေးစိန့် "


ထို့နောက်သူက ကောင်လေးတစ်ယောက်အားကြည့်ကာထပ်မံနူတ်ဆက်လိုက်သည် ။


" ဒါက သခင်လေး ဖလော်ရန်ဖြစ်ရမယ် "


စိန့်က ခေါင်းခါကာပြောလိုက်သည် ။


" မင်းကအိမ်တော်ထိန်းတစ်ယောက်ဖြစ်ဖို့အတွက်အရမ်းငယ်မနေဘူးလား စကားပြေတာကလဲယဥ်ကျေးမူမရှိလိုက်တာ "


ဝီလီယမ်၏ ထင်မြင်ချက်မှာမကောင်းတော့သော်လည်း စိတ်တည်တည်ငြိမ်ငြိမ်ထားကာပြောလိုက်သည် ။


" သခင်လေးပါကာနဲ့သခင်မလေးက ဧည့်ခန်းထဲမှာရှိပါတယ် "


" အိုခေ... အိတ်တွေသယ်လာပေးဖို့မမေ့နဲ့ဦး အစေခံကောင်လေး "


' မင်းကငါ့ထက်အများကြီးငယ်တာမင်းကိုယ်မင်းမသိဘူးလားသောက်ကလေးရဲ့ '


ဝီလီယမ်က စိတ်ထဲ၌ညည်းတွားနေပါသော်လည်း ထုတ်မပြောခဲ့ချေ ။


" သယ်ခဲ့ပါ့မယ် "


စိန့်က ဝီလီယမ်၏လမ်းညွှန်မူနှင့်အတူ ဧည့်ခန်းသို့လိုက်လာခဲ့သည်။


 ချယ်လ်စီလေးက သူမလေး၏အရုပ်များနှင့်ဆော့ကစားနေကာ ပါကာကဒရိတ်ခ်၏ပေါင်ပေါ်တွင်ခေါင်းအုံးရင်းတီဗီကြည့်နေသည်အားတွေလိုက်ရသည် ။


စိန့်က ပြုံးကာဒရိတ်ခ်အားခေါ်လိုက်သည် ။


" ဒရ်တ်ခ် "


ဒရိတ်ခ်က သူနှင့်တစ်စက်ကလေးမှတူညီမူမရှိသောညီငယ်အားလှည့်ကြည့်လိုက်သည် ။ စိန့်က မိတ်ကပ်အပုံလိုက်လိမ်းထားပြီး သူ၏လည်ပင်း၌ လိပ်ပြာပုံတက်တူးတစ်ခုရှိသည်။ စိန့်၏သားမှာလည်းသူနှင့်အတူရပ်ချင်ပုံမရဘဲ ခပ်ခွာခွာသာနေလေသည် ။


" အင်း... စိန့်...ဘေးက ဖလော်ရန်ဘဲဖြစ်ရမယ် "


ဖလော်ရန်က ခေါင်းငြိမ့်ပြလိုက်ကာ စိန့်အနားတိုးကပ်သွားချင်ပါသော်လည်း မသိစိတ်အရအဝေးမှာသာရပ်မိသွားသည် ။ ယခုမှစတွေ့ဖူးသောပါကာသည်ပင် သူတို့နှစ်ဦး၏ဆက်ဆံရေးမကောင်းကြောင်းအတပ်ပြောနိုင်ပေသည် ။


ပါကာက ထရန်ခေါင်းကြွလိုက်သောကြောင့် ဒရိတ်ခ်ကပြန်ဖိချကာပြောလိုက်သည် ။


" မင်းထစရာမလိုပါဘူး "


" ရပါတယ်...ဟဲလို စိန့်...ငါက ပါကာ..မင်းအစ်ကိုရဲ့အမျိုးသားပါ "


သူက ထေ့ငေါ့ကာပြောလိုက်သည် ။


" ငါသိပါတယ် သူ့ရဲ့ပေါင်ပေါ်မှာခေါင်းအုံးနေကတည်းက မင်းကသူ့ရဲ့အမျိုးသားဖြစ်မှာဘဲလေ "


ပါကာ စိတ်မသက်မသာဖြစ်သွားရသောကြောင့် ဒရိတ်ခ်ကပြောလိုက်သည် ။


" စိန့်.. ငါ့အမျိုးသားကို အဲ့ဒီလိုလေသံနဲ့လာမပြောနဲ့ မင်းဒီအိမ်မှာနေချင်တယ်ဆိုရင် သူ့အပေါ်သေချာပေါက်လေးစားရမယ်နားလည်လား "


" အင်း "


" ဝီလိီယမ် သူတို့ကိုဧည့်သည်အိပ်ခန်းကိုလိုက်ပို့ပေးလိုက်ပါ "


" ဟုတ်ကဲ့ သူဌေး "


စိန့် ဝီလီယမ်နောက်မှလိုက်သွားသည့်အချိန်တွင် ချယ်လ်စီလေး ဒရိတ်ခ် ၏ခြေထောက်ကိုဖက်ကာမေးလိုက်သည် ။


" ဖေဖေ ဦးဦးကလူဆိုးကြီးလားဟင် "


" မဟုတ်ပါဘူး ချယ်လ်ချယ်လ်ရဲ့ သမီးရဲ့ဦးလေးက စိတ်တိုလွယ်ပြီးပေါင်းသင်းဆက်ဆံရခက်ရုံပါ "


သူမလေးက ပြုံးကာခေါင်းညိမ့်လိုက်သည် ။


" သမီးသိပြီ "


×××


ဂျိမ်းစ်နှင့် လန်လင်းမှာ မကြာခဏကော်ဖီအတူသောက်ကာ စာအုပ်များအကြောင်းဆွေးနွေ့လေ့ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးအကြိုက်တူကြောင်းသိလာရသည် ။


" ပြီးတော့ Tatia Lecky ရဲ့ Isaiah Was Here လည်းကောင်းတယ်...ကျွန်တော့်အတွက်တော့ ဖတ်ရတာအကြိုက်တွေ့စေတဲ့ လျို့ဝှက်သည်းဖိုစာအုပ်ဘဲ "


" ဟုတ်တယ်...အဲ့ဒီစာအုပ်ရဲ့ အသုံးအနူန်းရေးသားဟန်တွေက ကိုယ်တိုင်ဝတ္ထုထဲရောက်သွားသလိုခံစားရစေတယ် ...ကိုယ်အကြိုက်ဆုံးစာအုပ်တွေထဲကတစ်အုပ်ဆိုရင်လည်းမမှားဘူး "


ဂျိမ်းစ်က ကောက်ဖီတစ်မော့သောက်ကာပြုံးလိုက်သည် ။


" ဟုတ်တယ်... တကယ်ဆွဲဆောင်မူရှိတဲ့စာအုပ်ဘဲ ကျွန်တော်လည်း တစ်နေ့ကျအဲ့လိုစာအုပ်မျိုးဖန်တီးရေးသားနိုင်ချင်တယ် "


လန်လင်းက ဆက်ပြောလိုက်သည် ။


" ဒါပေမဲ့ကျွန်တော် အလျှင်မလိုပါဘူး "


" ကိုယ်မရည်ရွယ်ပါဘူး ဒါပေမဲ့တစ်ခုမေးချင်တယ် မင်းအရင်ကဘယ်လိုများနေထိုင်ခဲ့ရလို့ အရမ်းအေးအေးဆေးဆေးဖြစ်ချင်နေတာလဲ "


" ဘာမှတော့မဟုတ်ပါဘူး ကျွန်တော်က အိပ်ရာထကတည်းကအချိန်တွေကိုဖြည်းဖြည်းချင်းမှတ်သားခံစားကြည့်ချင်ရုံတင်ပါ "


" ကိုယ်ကတော့ အမြန်လုပ်တတ်တဲ့လူစားမျိုး.... အကျင့် စရိုက်မတူပေမဲ့ မင်းလိုသဘောထားချင်းတိုက်ဆိုင်တဲ့သူငယ်ချင်းမျိုးကိုတော့ လက်မလွှတ်ချင်ဘူး "


" ကျွန်တော်လဲအတူတူပါဘဲ "


ဂျိမ်းစ် နာရီကိုကြည့်လိုက်သောအခါ အိမ်ပြန်ချ်န်ပင်ရောက်နေရပြီဖြစ်သည် ။ သူစိတ်မပါပါသော်ငြား ကိုယ်ဝန်သည်အမျိုးသမီးအားစောင့်ရှောက်ရန်အိမ်ပြန်သွားရပေလိမ့်မည် ။


သူ၏သွေးသားအားလွယ်ထားပေးနေသည်ဟူသည့်အသိက သူထိုမိန်းမအပေါ်၌သည်းခံထားရသည့်တစ်ခုတည်းသောအကြောင်းပြချက်ပင် ။ ထိုသို့သာမဟုတ်ပါက ကဖေးလေးတွင်သာထိုင်၍ လန်လင်းနှင့်အတူစာအုပ်များအကြောင်းဆွေးနွေးကာအချိန်ဖြုန်းချင်ပေသည် ။


ထိုသူကသာ သူ၏စိတ်အားအပြည့်အဝနားလည်ပေးနိုင်သလိုခံစားရပြီး ကဖေးလေးထဲတွင်ထိုင်နေရုံနှင့်ပင် ပင်ပန်းသမျှကွယ်ပျောက်စေသည် ။


Xxxxxx