အပိုင်း ၆၇
Viewers 13k

Chapter 67


Mori Sue:

Daddy's little ( 67)


နှစ်လတာကြာမြင့်ပြီးသည့်နောက်တွင် ဂျိမ်းစ်က ကာလိုဒ်အား ပေါ့ပေါ့ပါးပါးပြံးပြလာနိုင်ပြီဖြစ်သည် ။ကာလိုဒ်က သူဝယ်လာပေးသော ကာရာမယ်လ်ကိတ်အားစားနေပြီး ဂျိမ်းစ်က သူမ၏စူထွက်စပြုနေပြီဖြစ်သော ဗိုက်အားကြည့်နေသည် ။


ထိုကလေးမှာ သူ၏ကလေးမဟုတ်နိုင်ဟုသံသယဖြစ်နေပါသော်လည်း အတိတ်အားအစမဖော်ရန်သဘောတူညီထားသောကြောင့် သံသယမဝင်ရန်သာ ကိုယ့်ကိုယ်ကိုနှစ်သိမ့်နေသည် ။


သူမက စနောက်ကာပြောလိုက်သည် ။


" ကျွန်မ ပါစတာကိုစားချင်မယ်လို့ထင်ခဲ့ပေမဲ့ တကယ်တမ်းစားချင်နေတာက ကာရာမယ်လ်ကိတ်ဖြစ်နေရတယ်လို့ "


" ကိုယ်က စာဖတ်ရင်းပါစတာစားရတာကိုကြိုက်မှန်းမင်းသိတာဘဲ ဘာလို့ကိုယ်တို့ဘာသာမလုပ်စားကြည့်ရမှာလဲ "


ဂျိမ်းစ်ကပြောရင်း ကိတ်မုန့်အားဆွဲယူလိုက်သည် ။ သူတို့နှစ်ဦး၏ဆက်ဆံရေစမှာတဖြည်းဖြည်းအဆင်ပြေလာသည်ဆိုသော်ငြား အရင်ကဲ့သို့အခြေအနေမျိုးတော့ပြန်မဖြစ်နိုင်တော့ပေ ။ သို့သော်လည်း သူလဲကြိုးစားသလို သူမဘက်မှလည်းအတတ်နိုင်းဆုံးအဆင်ပြေစေရန်ညှိနိူင်းနေထိုင်ကြသည် ။


ဂျိမ်းစ်က သူမအားအပြည့်အဝပြန်လည်ယုံကြည်နိုင်ခြင်းမရှိသေးသော်လည်း သူမကိုယ်ဝန်ရှိနေသည်ဖြစ်၍ အတိတ်ကဲ့သို့ ပစ်ပယ်ထားခြင်းမပြုပေ ။


ကာလိုဒ်က ဂျိမ်းစ်အားနမ်းရန်​ကြိုးစားပါသော်လည်း ရှောင်တိမ်းလိုက်၍ ကို့ယို့ကားယားဖြစ်သွားရသည် ။ဂျိမ်းစ် သူမအားအရူးအမူးချစ်မြတ်နိုးနေစဥ်က အမြဲလိုလိုရွံရှာရှောင်တိမ်းနေခဲ့သူမှာသူမသာဖြစ်သော်လည်း ယခုမူ အတုံ့အလှည့်ပြန်ခံနေရသကဲ့သို့ပင် ။


ဂျိမ်းစ်က ပြောလိုက်သည် ။


" ကိုယ်တောင်းပန်ပါတယ် ဒီလောက်ထိတော့ကိုယ်မလုပ်နိုင်သေးဘူး "


" ကျွန်မနားလည်ပါတယ် ရှင်လဲကြိုးစားနေတာဘဲ "


ထို့နောက်ကိုယ်စီအလုပ်လုပ်ကြပြီး နောက်တစ်နေ့ညနေ၌ ဂျိမ်းစ်က လန်လင်း၏ ကဖေးဆီထပ်သွားခဲ့သည် ။


သူက ငှားရမ်းထားသောစာအုပ်အား ငှားခနှင့်အတူပြန်အပ်ရင်းပြောလိုက်သည် ။


" မင်း ညွှန်းထားတဲ့စာအုပ်ကတကယ်ဖတ်လို့ကောင်းတာဘဲ "


" အင်း "


လန်လင်းက သူ၏မျက်မှန်ကိုင်းကိုတစ်ချက်ပင့်တင်ကာ ငွေ့လက်ခံယူလိုက်သည် ။


" ကျွန်တော်က ခင်ဗျားဒီလိုစာအုပ်အမျိုးအစားနဲ့အဆင်​ပြေမယ်ထင်လို့ပါ "


" မင်းထပ်ပြီးညွှန်းချင်တဲ့စာအုပ်လေးတွေများရှိသေးလား?  ဒါနဲ့မင်း ဆောင်းပါးပြိုင်ပွဲတစ်ခုမှာစာရင်းသွင်းထားတာကိုယ်တွေ့လိုက်တယ် ...အမ်...ကိုယ်ပိုပြီးအောင်မြင်တဲ့စာတိုက်တစ်ခုနဲ့မင်းကိုမိတ်ဆက်ပေးရမလား "


လန်လင်း ကညင်သာစွာပြုံးကာပြောလိုက်သည် ။


" မလိုပါဘူး... ကျွန်တော်က ဖြည်းဖြည်းလေးဘဲသွားချင်တဲ့လူမျိုး "


လန်လင်းအနေနှင့် မည်သည့်အရာကိုမျှအလောတကြီးမလုပ်ဆောင်လိုပါချေ ။ လန်လင်း၏ပြတ်သားသောအမူအရာလေးကြောင့် သုံးနှစ်တာလုံးတစ်ခါမျှမထွက်ပေါ်လာဖူးသည့် သူ၏စစ်မှန်သောအပြုံးလေးမှာပြန်လည်ပွင့်လန်းလာရလေသည် ။


" ဒါဆိုလည်း စာရေးဆရာကြီးလန်ရေ... မင်းရဲ့ကိုယ်ပိုင်စာအုပ်နာမည်လေးကိုများ ကိုယ်သိခွင့်ရှိမလား "


လန်လင်းတွင် ကိုယ်တိုင်ချုပ်ထားသည့်စာအုပ်အချို့ရှိသော်လည်း ထိုအရာများမှာတရားဝက်ထုတ်ဝေးထားခြင်းမဟုတ်ကာ စင်ပေါ်၌သာပစ်ထားခဲ့ခြင်းပင် ။ လန်လင်းက စာအုပ်စင်သို့သွား၍ကြုံရာတစ်အုပ်ဆွဲယူကာပေးလိုက်သည် ။


" ကျေးဇူးတင်ပါတယ် "


" မလိုပါဘူး "


လန်လင်းက ချောင်းဟန့်ကာဆက်ပြောလိုက်သည် ။


" ကျွန်တော်ပြောတာက ခင်ဗျားရဲ့ဒုတိယအကြိမ်အကြံတောင်းတဲ့အတွက်ပါ "


ဂျိမ်းစ်က ခေါင်းစောင်းကာမေးလိုက်သည် ။


" ဒုတိယအကြိမ်ဟုတ်လား "


" ကျွန်တော့်သူငယ်ချင်းတစ်ယောက်က မူပွားတစ်အုပ်ငှားဘူးတယ် "


လန်လင်းက သူ၏အရင်းနှီးဆုံးသူငယ်ချင်းအကြောင်းပြောရာတွင်အနည်းရှက်ရွံ့နေပါသော်လည်း အမှန်တကယ်ပျော်ရွှင်နေသည် ။


ဂျိမ်းစ် ကသူ၏သူငယ်ချင်းအကြောင်းပြောရာ၌ အလွန်ပျော်ရွှင်နေပုံပေါ်သည့်လူငယ်လေးအား မျက်တောင်မခတ်ကြည့်ရူနေသည် ။


" မင်းအဲ့ဒီသူငယ်ချင်းကိုအရမ်းသဘောကျတာဘဲလား "


" ဟုတ်တယ် ...သူ့ကြောင့်သာမဟုတ်ရင် ကျွန်တော်ဒီလိုမျိုးနေထိုင်နိုင်မှာမဟုတ်ဘူး...သူ့အကြောင်းပြောတိုင်း အရမ်းကျေးဇူးတင်မိသလိုအရမ်းလဲပျော်ရတယ် "


ဂျိမ်းစ်က ထိုမမြင်ဘူးသောသူငယ်ချင်းလေးအား အနည်းငယ်မနာလိုဖြစ်သွားပါသော်လည်း မည်သည့်ဘောင်ကျော်သည့်စကားကိုမျှမပြောခဲ့ပါချေ ။ သူသည်လန်လင်းနှင့် အသိဆိုရုံသဘောမျှသာရှိပြီး သူ၏ဘဝတွင်ဝင်ရောက်စွက်ဖက်ရန်အခွင့်မရှိပေ ။


" ကောင်းတာပေါ့...အခုတော့ကိုယ်သွားရတော့မယ် "


" အိုခေ... ခင်ဗျားအားရင် အချိန်မရွေးလာလို့ရပါတယ် "


" အင်း "


ဂျိမ်းစ်ထွက်သွားပြီးနောက်တွင် လန်လင်းက ပေါ့ပါးစွာဖြင့်ပစ္စည်းများသိမ်းဆည်းနေသည် ။ ပါကာ့၏အကူအညီနှင့်ဘန်ကြောင့်သာမဟုတ်ပါက သူ၏ဘဝမှာမည်မျှပင်ခက်ခဲနေရလိမ့်မည်ကိုစိတ်မကူးချင်ပါချေ ။


သူနှင့်ပါကာ နှစ်ယောက်စလုံးမှာ ရောက်ရာဘဝအခြေအနေအား အလျှင်အမြန်နေသားကျလက်ခံသွားနိုင်ကြသည့်အတိုင်းပင် တစ်နေ့၌ ဂျိမ်းစ်မှာ အတိတ်ကိုလွှတ်ချ၍ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားစေနိုင်ရန်မျှော်လင့်မိသည် ။


လန်လင်းအနေနှင့် သူ၏ညီမနှင့်ဂျိမ်းစ်တို့ကြား ဆက်ဆံရေးအားဝင်ရောက်ပါဝင်ရန်စိတ်မဝင်စားတော့သကဲ့သို့ အကြံပေးရန်လည်း စိတ်ကူးမရှိပေ ။


×××


ပါကာနှင့် ဒရိတ်ခ်က ချယ်လ်စီလေး၏လက်သေးသေးလေးအား  ဆုပ်ကိုင်ထားကြပြီး သူမလေးကပျော်ရွှင်စွာအော်ဟစ်နေသည် ။


" ရေး...ပန်းခြံသွားရတော့မယ် "


ပါကာက ဒူးထိုင်ချလိုက်ကာ သူမ


လေး၏နှင်းဆီရောင်သမ်းနေသော ပါးမို့မို့လေးအားနမ်းလိုက်သည် ။


" Happy Birthday ချယ်လ်ချယ်လ် "


" ပါးပါးကို မီးမီးကအများကြီးချစ်တာ "


ဒရိတ်ခ်သည်လည်း အားကျမခံထိုင်ချလိုက်ကာ သူမ၏နဖူးလေးကိုနမ်းလိုက်သည် ။


" Happy Birthday ချယ်လ်ချယ်လ်လေး ဖေဖေတို့ဒီနေ့ ပျော်စရာကောင်းတာတွေအများကြီးဆော့ကြမယ်နော် "


သူမက တခစ်ခစ်ရီမောကာ ဒရိတ်ခ်အားဖက်လိုက်သည် ။


" ဖေ့ဖေ့ကိုလည်း ချစ်တယ် "


သူမလေးက ပါကာနှင့်ဒရိတ်ခ်အား အနမ်းပေးလိုက်ပြီးနောက် မိသားစုသုံးယောက်မှာပျော်ရွှင်စွာဆော့ကစားရန်ချီတက်ကြတော့သည် ။


Xxxxxx