အပိုင်း ၆၆
Viewers 13k

Chapter 66

Daddy's little ( 66)


ကလေးများတဖြည်းတဖြည်းအရွယ်ရောက်လာသောအကြောင်းနှင့် အခြားသောမိသားစုရေးရာအကြောင်းများပြောနေသည့်အချိန်တွင် ရေးက မေးလိုက်သည် ။


" ငါ့မေးခွန်းက နည်းနည်းလေးရိုင်းသလိုဖြစ်နေမယ်ဆိုပေမဲ့ မေးချင်တယ်...ဒရိတ်ခ် မင်းလူးဝစ်တို့ အိမ်ထောင်ရေးကို မနာလိုဖြစ်ဘူးလား ...ဒီလိုလေကွာ သူတို့လည်း စီစဥ်ပေးလို့လက်ထပ်လိုက်ရတာဆိုပေမဲ့ မင်းရဲ့အိမ်ထောင်ရေးအခြေအနေနဲ့ အများကြီးကွာခြားတယ်လေ "


ရှာရွန်ကပြောလိုက်သည် ။


" ငါတို့နှစ်ယောက်ကတော့ လက်ထပ်ပွဲနဲ့ပက်သက်ပြီး တအားကြီးအလေးအနက်ထားမနေခဲ့ဘူး...ဘယ်လိုဘဲဖြစ်ဖြစ်နောက်ဆုံးမှာလက်ထပ်ရမှာဘဲလေ... လူတစ်ယောက်နဲ့တစ်ယောက်တုံ့ပြန်ကိုင်တွယ်ပုံတော့ဘယ်တူနိုင်ပါ့မလဲ တချို့ကလက်ခံနိုင်ပြီးတချို့ကလည်း ခါးခါးသီးသီးကိုငြင်းဆန်ကြလိမ့်မယ်... ငါဆိုရင်လည်း ပထမဆုံးသူ့ကိုစတွေ့တဲ့အချိန်တုန်းက ပြဿနာကောင်လို့မြင်ခဲ့ပြီး သဘောမကျခဲ့ဘူး သူ့ဘက်ကလဲငါ့ကိုအဲ့လိုတွေးနေခဲ့မှာသေချာသလောက်ဘဲ "


မည်သူကမျှ ရှာရွန်နှင့်လူးဝစ်တို့၏ အိမ်ထောင်ရေးခရီးအစမှာ ဤကဲ့သို့အေးစက်စက်နိုင်လိမ့်မည်ဟုထင်မည်မဟုတ်ချေ ။


" အစပိုင်းမှာ ငါကလဲငါ့အလုပ်ကိုသာဖိလုပ်နေခဲ့တာ... သူလဲ သူ့ သူငယ်ချင်းတွေနဲ့သောက်စားပျော်ပါးနေခဲ့တာပေါ့ ငါတို့အခန်းတစ်ခုခုတည်းအတူတူအိပ်ကြပြီး တစ်ခါတစ်ရံ ဆက်ဆံဖြစ်ကြပေမဲ့ အတူတူနေတဲ့သူစိမ်းတွေလိုဘဲ အရမ်းပျင်းဖို့ကောင်းတဲ့အိမ်ထောင်ရေးကြီးဖြစ်နေခဲ့တာ...တစ်နေ့ကျတော့သူ သည်းမခံနိုင်တော့ဘဲ စပြောလာတယ်လေ အရမ်းပျင်းဖို့ကောင်းလို့ အသစ်အဆန်းတစ်ခုခုကိုစကြရအောင်တဲ့ ".


ထိုစဥ်က လူးဝစ်၏ ဆွဲဆောင်ရန်ကြိုးစားသည့်ပုံရိပ်လေးနှင့် သူ၏ပင်ကိုယ်စိတ်ရင်းအားထုတ်ဖော်ပြသလာပုံမှာ အလွန်ပင်ချစ်ဖို့ကောင်းလှသည် ။ 


" ငါ့ဘက်ကဘယ်လောက်ဘဲ တည်တည်ငြိမ်ငြိမ်နေပါစေ သူကနောက်ကနေတကောက်ကောက်လိုက်နေခဲ့တာ...အချိန်တွေကြာလာတော့မှာ အိမ်ထောင်ရေးမှာ တစ်ဦးတစ်ဖက်တည်းက အားတက်သရောကြိုးစားနေလို့မရဘူးဆိုတာ ငါသိလာရတယ် ....အခုဆိုငါတို့ကလူသားနှစ်ယောက်ဆိုပေမဲ့ တစ်စိတ်တည်းလိုအချင်းချင်းနားလည်နေထိုင်ကြတယ် ".


ရှာရွန်က သက်ပြင်းတစ်ချက်ချကာဆက်ပြောလေသည် ။


" တစ်ခါတုန်းက ငါရဲ့ဝမ်းကွဲတွေက အိမ်အလုပ်တွေမလုပ်တတ်လို့သူ့ကို ဝေဖန်တာငါကြားခဲ့ရတယ်... သူကာငါချစ်ရတဲ့အမျိုးသားလေးလေ ငါတန်ဖိုးထားပြီးစောင့်ရှောက်ပေးရမဲ့လူ...သူဟင်းမချက်နိုင်တော့ရောဘာဖြစ်လဲ သန့်ရှင်းရေးလုပ်လုပ်မလုပ်လုပ် သူမကြိုက်တဲ့အလုပ်တွေနဲ့ဘာကြောင့်မို့လို့စိတ်ဆင်းရဲစေရမှာလဲ...ငါသူ့ကိုလက်ထပ်ထားတာက ငါအိမ်ပြန်လာတဲ့အချိန်မှာငါ့ကိုဝတ်ကြီးဝတ်ငယ်ပြုစုဖို့မဟုတ်ဘူး ငါပြောသမျှနာခံပြီး ရုပ်သေးရုပ်တစ်ရုပ်လိုနေခိုင်းဖို့ ငါယူထားတာမဟုတ်ဘူး....သူဟင်းမချက်နိုင်ရင်ငါချက်တတ်တယ် သူသန့်ရှင်းရေးမလုပ်ချင်ရင် ငါလုပ်ပေးမှာပေါ့ တခြားသူတွေသူတို့ရဲ့အိမ်ထောင်ဖက်အမျိုးသားတွေကို ဘယ်လိုဆက်ဆံကြလဲဆိုတာတော့ငါမသိဘူး...ငါကတော့ အိမ်ထောင်ဖက်ဆိုတာ ခက်ခဲတဲ့အချိန်မှာတစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီဖို့နဲ့ ကြင်နာယုယပေးရမဲ့လူတစ်ယောက်လို့ဘဲသတ်မှတ်ထားတယ် "


ရှာရွန်က ဖျော်ရည်သောက်ရင်း ဒရိတ်ခ်အား မျက်ခုံးပင့်ကာကြည့်လိုက်သည် ။ ရေးက ထိုနှစ်ဦးကြားတွင် မည်သည့်စကားမျှဝင်မပြောချေ ။


သူဘာပြောနိုင်မှာတဲ့လဲ?


ဒရိတ်ခ်က ရုတ်တရက်ပင် ပါကာပြောင်းလဲသွားရသည့်အကြောင်းအားတွေးမိသွားသည် ။ တစ်ခါတစ်ရံ၌ အိပ်ရာတစ်ခုတည်းအတူတူအိပ်နေသည့် သူကသူလုံးဝမသိသော တစိမ်းတစ်ယောက်လိုခံစားနေရသည် ။


ပါကာက တစ်ယောက်ယောက်နဲ့ ခိုးချောင်ခိုးဝှက်ဖောက်ပြန်နေတယ်လို့ခံစားနေရတယ်!


ဒရိတ်ခ်မှာ သူ၏အတွေးများထို့ထက်လမ်းမချော်စေရန် အမြန်ရပ်တန့်လိုက်ရလေသည် ။ ခရစ်စမတ်အကြိုနေ့၌ လက်ဆောင်များသွားဝယ်သည့်အချိန်တွင် ပါကာမှာ မျက်မှန်တပ်ထပ်ထားပြီး အလောတကြီးလျှောက်သွားသည်အားတွေ့လိုက်ရသည် ။


သူ၏ထူးဆန်းလာသောအပြုအမူများနှင့်သာပေါင်းစပ်လိုက်ပါက ' သူတွေးသလိုဖြစ်နေမှာတော့မဟုတ်လောက်ပါဘူးနော် '


ဒရိတ်ခ်က ပါကာမှာ ဆိုးသွမ်းသည့်အပြုအမူများစွာလုပ်ဆောင်ခဲ့သော်လည်း ဖောက်ပြန်မည်တော့မဟုတ်လောက်ဟု နားလည်တွေးတောနေပါသော်လည်း မကောင်းသောအတွေးများဆက်တိုက်တွေးနေမိလေသည် ။ 


ယခုတွင် ပါကာထံ၌ကိုယ်ဝန်ရှိနေသည်အား မဆိုထားနှင့် ချယ်လ်စီလေး မှာပါကာအား အလွန်ခင်တွယ်နေပြီဖြစ်၍ ပါကာထွက်သွားမည်ဆိုပါက သူမလေးအလွန်ပင်ဝမ်းနည်းသွားရပေလိမ့်မည် ။


ဒရိတ်ခ်က သက်ပြင်းချကာစိတ်လျော့လိုက်သည် ။ သူ့မှာ ပါကာနှင့်တစ်နှစ်နီးပါးအဆင်ပြေပြေနေထိုင်ခဲ့ပြီးဖြစ်၍ အေးချမ်းသည့်အခြေအနေအားဖျက်ဆီးမိသလိုဖြစ်သွားစေမည့် အောက်ခြေထိလိုက်လံတူးဆွခြင်းအားမလုပ်လိုပေ ။


ထို့နောက်တွင် ရောက်တက်ရာရာစကားပြောကာအချိန်းဖြုန်းပြီးနောက်အိမ်သို့ပြန်လာခဲ့သည် ။ အိမ်ထဲသို့ဝင်သည်နှင့် တီဗီမှာပွင့်နေပြီး ချယ်လ်စီလေးကိုဖက်ကာဆိုဖာပေါ်၌ သက်တောင့်သက်သာအိပ်ပျော်နေသည့် ပါကာ့ကိုတွေ့လိုက်ရသည် ။


ပါကာ့မျက်နှာလေးအားမြင်သည်နှင့် သူ၏အတွေးများမှာမည်သည့်အရာကိုမျှဂရုမစိုက်ချင်ပါတော့ချေ ။ 


ပါကာ မည်မျှပင်ထူးထူးဆန်းဆန်းပြောင်းလဲလာသည်ဖြစ်စေ သူချစ်သောအမျိုးသားလေးမှာ အေးချမ်းစွာအိပ်ပျော်နေသည့် သူကာကွယ်စောင့်ရှောက်ချစ်မြတ်နိုးပေးရမည့်မိသားစုဝင်တစ်ဦးပင်ဖြစ်သည် ။


Xxxxxx