အပိုင်း ၆၅
Viewers 13k

Chapter 65

Daddy's little. ( 65)


ဒရိတ်ခ်နှင့်ပါကာမှာ စားပွဲပေါ်ရှိ ကိုယ်ဝန်ရှိကြောင်းဆေးစစ်ချက်အဖြေစာရွက်နှင့် ဆေးစစ်ကိရိယာအားကြည့်၍ တိတ်ဆိတ်နေကြလေသည် ။


ပါကာက သူ၏ဂုတ်ကိုပွတ်သပ်ကာ တိတ်ဆိတ်နေသောလေထုကိုစတင်ဖြိုခွဲလိုက်သည် ။


" အမ်...တောင်းပန်ပါတယ်... ကျွန်တော်တားဆေးသောက်တာရပ်ထားတာ ခင်ဗျားကိုပြောပြဖို့မေ့သွားတယ် "


" ရပါတယ်... တားဆေးတွေစွဲသုံးတာမကောင်းလို့ ကိုယ်မင်းကိုရပ်ခိုင်းတော့မလို့ပါဘဲ "


" ခင်ဗျားကို ပြောမပြမိတာအတွက် ကျွန်တော့်ကို စိတ်မဆိုးဘူးမလားဟင် "


" ကိုယ်နည်းနည်းတော့ စိတ်မသက်မသာဖြစ်သွားရပေမဲ့ နောက်ဆုံးမှာ မင်းဆေးသောက်တာကိုရပ်ခိုင်းမှာဘဲလေ "


ပါကာ အနည်းငယ်ရှက်ရွံ့နေရသလို စိတ်လည်းလူပ်ရှားနေရသည် ။


" ကျွန်...ကျွန်တော်တို့မှာ ကလေးလေးတစ်ယောက်ရှိလာတော့မယ် "


သူက အမျိုးသားများကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိသည့် ပုံမှန်ကမ္ဘာကြီးတွင် နေထိုင်ကြီးပြင်းလာရသူဖြစ်၍ ကိုယ်တိုင်ကိုယ်ဝန်ဆောင်ရခြင်းနှင့် ကလေးမွေးရခြင်းဟူသည့်အကြောင်းအရာများနှင့် လုံးဝပင်ရင်းနှီးမနေပါချေ ။


ဒရိတ်ခ်က ပါကာစိုးရိမ်နေသည်အား ခံစားမိ၍ ပွေ့ဖက်ကာပြောလိုက်သည် ။


" မင်းအတွက် ခက်ခဲမယ်ဆိုတာကိုယ်သိပါတယ်... ဒီတစ်ယောက်ပြီးရင် ကိုယ်တို့ကလေးမယူတော့ဘူးလေနော် "


ပါကာက မျက်ခုံးပင့်ကာပြောလိုက်သည် ။


" ကလေးအများကြီးမွေးဖို့ တမင်ဖုံးဖိပြီးအချက်ပြနေသလိုဘဲနော် "


" ကိုယ်မပြောမိပါဘူးကွာ "


" ဒါပေမဲ့ တကယ်ကြီးကို စကားဝှက်သုံးပြီးပြောနေသလိုဘဲလေ "


" မဟုတ်ပါဘူး...ကိုယ်က မင်းကလေးမလိုချင်ရင် "


" ကျွန်တော်က ဘာလို့ကလေးထပ်မလိုချင်ရမှာလဲ... ခင်ဗျားကသာကလေးမလိုချင်လို့ ကျွန်တော့်သဘောထားကိုပြောင်းပြန်ဖြစ်အောင်ပြောင်းလဲချင်နေတာမလား...ပြောပါဦး...ခင်ဗျားကလေးမလိုချင်ဘူးမဟုတ်လား "


ဒရိတ်ခ်က ပါကာစိတ်ငြိမ်သွားစေရန် ခပ်ဖွဖွနမ်းကာပြောလိုက်သည် ။


" ကိုယ်က ဘယ်လိုလုပ်မလိုချင်ဘဲရှိပါမလဲ... ကိုယ်တို့ရဲ့ကလေးလေးကို ကိုယ်အများကြီးမျှော်လင့်နေတာပေါ့ "


ဒရိတ်ခ့်က စကားပြောလိုက်သည်နှင့် အဓိပ္ပါယ်ကောက်လွဲကာ သူ၏အမျိုးသားလေး စိတ်ဆိုးသွားမည်စိုး၍ တင်းတင်းကြပ်ကြပ်သာပွေ့ဖက်ထားလေသည် ။


တစ်ခါတစ်ရံ၌ စကားလုံးများထက်အပြုအမူများမှာထိရောက်သော ကြင်နာမူသက်သေများပင် ။


ရက်အနည်းငယ်ကြာသည့်အခါ၍ ရှာရွန် ၊ ရေးနှင့် တေလာတို့မှာ အချိန်မျှတစွာအနားယူနိုင်ရန်ဆွေးနွေးခဲ့ကြသည် ။ ရေးနှင့် ဒရိတ်ခ် တို့မှာ အလွန်အလုပ်များသောစီးပွားရေးသမားများဖြစ်ကြသည့်အတွက် အနားယူချိန်အပြင် မိသားစုအတွက်သီးသန့်အချိန်ဖယ်ပေးရန်မှာပါ အလွန်အရေးကြီးသည် ။


ရေးကစတင်ကမ်းလှမ်းလိုက်သည် ။


" ငါတို့သောက်ကြမလား "


" စီးပွားရေးအကြောင်းဆွေးနွေးတာကလွဲရင် မသောက်ချင်ဘူး "


ရေးကစနောက်လိုက်သည် ။


" မင်းက ကလေးရှေ့မှာမူးပြီးအရှက်ကွဲမှာကိုကြောက်နေတာမဟုတ်လား "


ဒရိတ်ခ်က ပြုံးကာ ဖျော်ရည်ခွက်ကိုယူသောက်လိုက်သည် ။


" မင်းကမှ တကယ်ကြောက်နေတာလို့ငါထင်တယ် "


ရှာရွန်နင်သွားရသည် ။


"  လူးဝစ်က ကလေးမွေးစားချင်တယ်လို့ တဂျီဂျီလုပ်နေတယ် "


ဒရိတ်ခ်က အံ့အားသင့်စွာမေးလိုက်သည် ။


" ဟုတ်လား ဘယ်တော့လဲ "


" တကယ်တော့ နောက်ဆုံးတစ်ကြိမ်ကလေးမွေးပြီးတဲ့အချိန်မှာ သူရဲ့သားအိမ်ကတော်တော်လေး ထိခိုက်သွားတယ် ဒါ့ကြောင့်ထုတ်ပစ်လိုက်ရတယ်လေ ဒါပေမဲ့သူတကယ်လိုချင်သေးတယ်ဆိုရင် တော့ကလေးမွေးစားဖို့စိတ်ကူးထားတယ် "


သားအိမ်ထိခိုက်သွားသည့်အပြင် ကျန်းမာရေးပြဿနာများပါ ဖြစ်လာနိုင်ချေရှိသည်ဟူသည့်အချက်မှာဒရိတ်ခ်အား အလန့်တကြားဖြစ်သွားစေသည် ။


" ကိုယ်ဝန်ဆောင်ချိန်ကာလက အတွင်းကအရမ်းခက်ခဲတာဘဲနော် သူတို့စိတ်အလိုမကျတာနဲ့ စကားတောင်မပြောတော့ဘူးနော် "


" တကယ်ခက်ခဲတာက မွေးဖွားပြီးစောင့်ရှောက်ရတဲ့အပိုင်းဘဲ ဒါပေမဲ့ လမ်းလျှောက်တတ်ခါစအချိန်နဲ့ စကားတီတီတာတာပြောတတ်တဲ့အချိန်တွေကျရင် တော့ထိန်းကျောင်းရတာလွယ်ကူသွားပြီ "


" ဟုတ်တယ် ဂျော်ဒန်လေး မွေးတုန်းကလည်း တကယ်သေးသေးလေးမှသေးသေးလေး အခုတော့ဘယ်လောက်တောင်မှထွားလာလိုက်လဲကြည့်စမ်းပါဦး "


ရေးက ဂျော်ဒန်လေးငယ်စဥ်က အမူအရာလေးများအားတွေးကာပြုံးမိသွားလေသည် ။


Xxxxxx