Chapter 64
Daddy's little ( 64)
လန်လင်းက ဆိုင်ထဲတွင် အလွန်တရာမှစိတ်မရှည်သည့်ပုံစံနှင့်ထိုင်စောင့်နေလေသည် ။ ဆိုင်ပိတ်သွားပြီဖြစ်သော်လည်း ထိုလူလာယူမည်ဆိုသောကိတ်မုန့်ဘူးအားကိုင်ကာ ထိုင်စောင့်နေရ၍ ဒေါသထွက်နေသည် ။
စိတ်ပျက်စရာအရူပ်အထွေးများနှင့်ပြည့်နှက်နေသည့် သူ၏အရင်ဘဝနှင့်လုံးဝပြန်လည်မပက်သက်ချင်ပေ ။ သူ၏ သွေးရင်းညီမက ယောက်ဖနှင့်ေဖာက်ပြန်သည်ဟုစွပ်စွဲခဲ့ကာ သူ၏မိဘများမှာလည်း အသက်နှစ်ဆယ်သာရှိသေးသည့်သူ့အား အတင်းအကျပ်အိမ်ထောင်ချပေးခဲ့ကြသည် ။
လွပ်လွပ်လပ်လပ်ပျော်ပါးနေသင့်သည့်ငယ်ရွယ်သောအသက်အရွယ်ကာလအပိုင်းအခြားတွင် သူ့အားအိမ်တွင်းအောင်း၍နေစေချင်ခဲ့ကြသည် ။ မူလလန်လင်း၏ ငယ်ဘဝနှင့်နိူင်းယှဥ်ပါက သူ၏ငယ်ဘဝမှာမိသားစုနှင့်အတူကြီးပြင်းခဲ့ရ၍ကံကောင်းသည်ဟုဆိုနိုင်သော်လည်း ရူပ်ထွေးသည့်မိသားစုတွင်းပဋိပက္ခများအား သည်းမခံနိုင်ပေ ။
သို့သော်လည်း သူ၏မိသားစုအားသတိမရဟုမဆိုလိုပေ ။ တင်းကျပ်သောစည်းမျဥ်းများနှင့် ထိန်းချုပ်ရန်ကြိုးစားသည့်အချက်ကိုသာမုန်းတီးခြင်းပင် ။
ချယ်လ်စီလေး အားမွေးဖွားပြီးသည့်အချိန်တွင် သူနှင့်တထရောတည်းတူညီသည့်ကလေးမလေးအားမြင်ရသည်နှင့် သံခြေကျင်းပတ်ထားရသလိုခံစားရသည် ။
သူမကသူ့လိုဘဲ ကြီးပြင်းလာရမှာလား?
သူ့၏ ရိုးရှင်းသောရည်ရွယ်ချက်လေးမှာ ကဖေးဆိုင်လေးနှင့် သူချစ်သောစာအုပ်များနှင့်အတူ နေ့ရက်တိုင်းအားဖြည်းညင်းစွာခံစားဖြတ်သန်းခြင်းပင် ။
မိဘတစ်ယောက်နှင့် အိမ်ထောင်သည်တစ်ယောက်ဖြစ်သွားခဲ့ရပြီ ဟူသည့်အသိအား သူ့အားညတိုင်းလိုလိုအသက်ရူကြပ်စေသည် ။
" ဟယ်လို "
လန်လင်းက သက်ပြင်းချလိုက်သည် ။
" ခင်ဗျားရဲ့ ပါဆယ်ကိုလာယူတာလား "
ထိုလူက လက်ပ်တော့အားငုံ့ကြည့်ကာမေးလိုက်သည် ။
" မင်းဘာတွေကြည့်နေတာလဲ "
လန်လင်းက လက်ပ်တော့ကိုအမြန်ပိတ်ကာပြန်ဖြေလိုက်လေသည် ။
" ဘာမှမဟုတ်ပါဘူး "
ထိုလူက လန်လင်းနောက်မှ ပါဆယ်ယူရန်လိုက်လာသည် ။
" ဒီအချိန်အထိစောင့်နေပေးလို့ ကိုယ်မင်းကိုကျေးဇူးတင်ရမှာဘဲ "
" ခင်ဗျားက ပိုက်ဆံပေးထားတယ်လေ ကျွန်တော့်ဘက်ကတန်အောင်တော့လုပ်ပေးရမှာပေါ့ "
လန်လင်း ကိတ်မုန့်အားထုပ်ပိုးပေးနေသည့်အချိန်တွင် ထိုလူကပြုံးကာမေးလိုက်သည် ။
" မင်းကိုယ်တိုင်က သူဌေးတစ်ယောက်ဘဲမဟုတ်လား "
လန်လင်းက ထိုလူအားတည့်တည့်ကြည့်မေးလိုက်သည် ။
" ခင်ဗျားက လက်ထပ်ထားတာမဟုတ်ဘူးမလား "
" ဘယ်ကနေဘယ်လို ဒီအကြောင်းရောက်လာရတာလဲ "
ထိုလူက သူဇနီးနှင့်ပက်သက်သည့်အရာများအားပြောချင်ပုံမရသည့်အပြင် အနည်းငယ်ဒေါသထွက်သွားပုံရသည် ။
လန်လင်းက ထိုသူ၏စိတ်ခံစားချက်အားဂရုစိုက်ခြင်းမရှိဘဲ အေးစက်စွာပြောလိုက်သည် ။
" ခင်ဗျား ကျွန်တော့်ကို ပရောပရီလာလုပ်နေမဲ့အစား ခင်ဗျားရဲ့အိမ်ထောင်ဖက်ကိုဘဲအချိန်ပိုပေးသင့်တယ် "
' ဒီလောက်ပြောလိုက်တယ်ဆိုရင် သေချာပေါက်စိတ်ပျက်ပြီးထွက်သွားလောက်မှာပါနော်... ငါဒီလူနဲ့တကယ်မပက်သက်ချင်ဘူး '
" မင်းစကားပြောတဲ့အမူအရာကအစ ပါကာနဲ့တစ်ထပ်တည်းတူနေတာဘဲ "
" ကျွန်တော်က ပါကာမဟုတ်ဘူး ကျွန်တော့်နာမည်က လန်လင်းဆိုတာခင်ဗျားကို ဘယ်နှခေါက်တောင်ထပ်ပြောပြရဦးမှာလဲ "
" ကိုယ်တစ်ကယ်ပြောတာပါ မင်းကကိုယ့်အမျိုးသမီးရဲ့ မောင်လေးနဲ့တစ်ကယ်ကိုတူတာ "
" ခင်ဗျားရဲ့ လူတွေကိုမှတ်သားတဲ့မှတ်ဥာဏ်ကအရမ်းဆိုးဝါးနေပုံဘဲနော် အားရင်ဆေးသွားစစ်ကြည့်သင့်တယ် "
ဂျိမ်းစ်က သက်ပြင်းချကာ ကိတ်မုန့်ကိုလှမ်းယူလိုက်သည် ။ မည်သည့်အတွက်ပါကာက ဤကဲ့သို့ဟန်ဆောင်နေသည်အားမသိတော့ချေ ။
ဂျိမ်းစ် ထပ်မံစကားပြောမည့်အခြေအနေမရှိတော့မှသာ ပါကာက စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည် ။ သူ၏လက်ရှိဘဝအတွင်း အတိတ်မှအကြောင်းအရာများက ဝင်ရောက်ဖျက်ဆီးသွားမည်ကိုမလိုလားပါချေ ။
" အချိန်လည်းမစောတော့ဘူး မင်းက လန်လင်းဘဲဖြစ်ဖြစ်ပါကာဘဲ ဖြစ်ဖြစ်ပါနောက်ထပ်ထပ်တွေ့ချင်ပါသေးတယ် "
ဂျိမ်းစ်က ထိုသို့ပြောကာ ထွက်သွားတော့သည် ။
×××
ရေး အလုပ်မှအိမ်ပြန်လာသည့်အချိန်တွင် ဂျော်ဒန်က သူ၏ဆံပင်များအားလက်ဖြင့်ထိုးဖွနေလေသည် ။
တေလာက ရေးအားပွေ့ဖက်ကာ ကြိုဆိုသည့်အနမ်းလေးပေးလိုက်ရင်း ရေးပင်ပန်းနေသည့်အကြောင်းအရင်းအားမေးလိုက်သည် ။
" ဘာများဖြစ်လို့လဲ "
" ကိုယ်ရေချိုးပြီးတာနဲ့ အလုပ်ကိုအချိန်ပိုဆင်းဖို့သွားရမယ် "
" ဟမ်...မင်းလွန်ခဲ့တဲ့နှစ်ရက်ကမှ အချိန်ပိုဆင်းထားတာလေ "
" ကိုယ်လည်းသိတယ် ဒါပေမဲ့ ကုမ္ပဏီက နယ်ပယ်အသစ်တွေမှာစျေးကွက်ချဲ့ထွင်ဖို့ပြင်ဆင်နေတယ်လေ "
တေလာက ရေး၏ ကျန်းမာရေးအတွက်ပူပန်နေရသည် ။ ယလုရက်ပိုင်းအတွင်း ရေးမှာ အိမ်ပြန်လာသည့်အချိန်တိုင်း ပင်ပန်းနွယ်နယ်နေပြီး တန်းအိပ်ပျော်သွားလေ့ရှိသောကြောင့် ကလေးများနှင့်ပင်မဆော့ကစားနိုင်ပါတော့ချေ ။ တေလာက တစ်လလောက်ကြာသည်အထိ အလုပ်များနေမည်ထင်ခဲ့သော်လည်း ယခုမူထို့ထက်ပိုမိုကြာမြင့်မည့်ပုံပင် ။
" ဒယ်ဒယ် "
" သမီးလေး ဖေ့ဖေ့ကိုလွမ်းနေတာလား "
ရေးက ရိုင်လီလေးအား ချီကာနမ်းလိုက်သည့်အချိန်တွင် သူ၏နောက်စေ့အားရေသေနတ်ဖြင့်ချိန်ပစ်ခံလိုက်ရလေသည် ။
" သားက ရေတပ်သားကြီးတစ်ယောက်ဘဲ "
" ဖေ့ဖေ့မှာ သေနတ်မရှိတော့အတူတူကစားလို့မရဘူး "
ဂျော်ဒန်က သူ၏စကိတ်ဘုတ်လေးကို ကြည့်ရင်းအသံတိုးတိုးလေးနှင့်မေးလိုက်သည် ။
" အဲ့တာရော ကစားလို့ရလားဟင် "
ရေးက မက်တပ်ရပ်ကာပြုံးရင်းပြောလိုက်သည် ။
" အိုကေ... ကစားကြမယ် "
Xxxxxxx