Chapter 63
Daddy's little (63)
လင်းလန်က ပုံမှန်ဆိုင်ဖွင့်ချိန်အပြင် ပါကာနှင့်အတူတိုင်ပင်၍ ယူကျုစ့် ၌ပင် ဗီဒီယိုအတိုလေးများတင်လေ့ရှိသောကြောင့် အတော်အတန်ပင်ကျော်ကြားလာသည် ။ မုန့်အမျိုးအစားအစုံအလင်အား စာအုပ်လေးများဖတ်ရင်းအေးအေးဆေးဆေးစားသောက်နိုင်သောကြောင့် အလွန်လူကြိုက်များလှသည် ။
ထိုအချိန်တွင်ပင် တံခါးဘဲလ်သံမြည်လာပြီး ဖောက်သည်တစ်ယောက်ဝင်လာသည်နှင့်တစ်ပြိုက်နက် လူတိုင်းထံမှပြောဆိုသံများထွက်ပေါ်လာသည် ။
" အို...သူကဘယ်သူလဲ "
" အရမ်းချောတာဘဲ "
" သူဘယ်မှာနေလဲငါ သိချင်လိုက်တာ "
ဖောက်သည်များအား ဝန်ဆောင်မူပေးနေသည့် လန်လင်းမှာ ထိုလူအားမြင်သည်နှင့် အလွန်ရင်းနှီးနေသောမျက်နှာကြောင့် အံ့သြသွားသော်လည်း ပုံမှန်ဖောက်သည်များအားဆက်ဆံ သည့်အတိုင်းပင်မေးလိုက်သည် ။
" ဘာများကူညီပေးရမလဲ "
" ဖောက်သည်ကို ရည်ရည်မွန်မွန် ဆက်ဆံသင့်တယ်နော်သူဌေး "
လန်လင်းက မျက်ခုံးပင့်ကာ ပြန်ပြောလိုက်ပြီး သူ၏လေသံထဲရှိမနှစ်မြို့မူအားဖုံးကွယ်မထားပေ ။
" အိမ်ထောင်သည်အမျိုးသားတစ်ယောက်ကိုပရောပရီလာလုပ်နေတာက သိက္ခာမရှိဘူးလို့ခင်ဗျားမတွေးမိဘူးလား "
" ဘာ...တကယ် "
လန်လင်းက သူ၏မျက်စိရှေ့မှဖောက်သည်အားစေ့စေ့စပ်စပ်ကြည့်ရူလိုက်သည် ။ ထိုလူမှာသူ၏ရွှေအိုရောင်ဆံပင်အား နောက်သို့သပ်တင်ထားပြီး အညိုဖျော့ရောင်မျက်လုံးများနှင့်စွဲမက်ဖွယ်ကောင်းသည့်အပြုံးပိုင်ရှင်တစ်ဦးပင် ။
ဖြူဖွေးသောလက်တွင် တန်ဖိုးကြီးရိုးလက်စ်နာရီကိုဝတ်ဆင်ထားပြီး ထိုလူနှင့်အလွန်လိုက်ဖက်လှချေသည် ။ သူ၏နှင်းဆီရောင်သမ်းနေသောနူတ်ခမ်းပါးများမှာ အချိန်အတန်ကြာစူးစိုက်ကြည့်လိုက်မိသည်နှင့် နမ်းရိူက်ချင်လာလိမ့်မည်မှာအသေအချာပင် ။
ထိုလူမှာ ဘရောင်းမိသားစုဝင်တစ်ယောက်ဖြစ်လေသည် ။
လန်လင်းက ထိုလူအားပြုံးပြကာတစ်ထပ်တည်းတူညီသောမေးခွန်းအားမေးလိုက်ပြန်သည် ။
" ကျွန်တော်ဘာများကူညီပေးရမလဲ "
ထိုလူက ထေ့ငေါ့သည့်လေသံနှင့်ပြောလိုက်သည် ။
" တွေ့ရတာဝမ်းသာပါတယ် ပါကာ ".
" အားနာပေမဲ့ ခင်ဗျားလူမှားနေတာဖြစ်ရမယ် ကျွန်တော့နာမည်က ပါကာမဟုတ်ပါဘူး "
" မင်းပြောတဲ့အတိုင်းပါဘဲ...အက်စ်ပရက်ဆိုတစ်ခွက်နဲ့ ပန်းသီး ကော်ပြန့်လိပ်အပြင် ချောကလက်ကိတ်မုန့်တစ်လုံး...ကိုယ်ပြန်လာတဲ့အခါမှလာချပေးပါ "
" ခင်ဗျားတစ်ခေါက်ပြန်လာတဲ့အချိန်မှ ကျွန်တော့်ကိုဝန်ဆောင်မူပေးစေချင်နေတာလား "
" ဟုတ်တယ် ညနေငါးနာရီမှာပြန်လာခဲ့မယ် "
ထိုလူက ကောင်တာစားပွဲအား သူ၏လက်ဆစ်ဖြင့်ခေါက်ရင်းပြောလိုက်သည် ။
" ဒါဆိုရင်လဲ အိက်စ်ပရက်ဆိုနဲ့ ပန်းသီးကော်ပြန့်လိပ်ကို အခုယူပြီးကိတ်မုန့်ကိုနောက်မှပြန်လာယူမယ်ဆိုရင်ရော "
" ခင်ဗျားနေချင်တယ်ဆိုရင်လည်းဆုံးဖြတ်ထားတဲ့အတိုင်းထိုင်စားနိုင်ပါတယ် စားပွဲထိုးတွေကခင်ဗျားကို ဝန်ဆောင်မူပေးပါလိမ့်မယ် "
" နေ့လည်စာစားဖို့ဆုံးဖြတ်လိုက်ပြီ "
" ကျေးဇူးတင်ပါတယ် စားပွဲနံပါတ်ခြောက်ကိုသွားပါ "
ထိုလူက စားပွဲထိုင်ထိုင်စောင့်နေရင်း သူ၏ဖုန်းဖြင့်အချိန်ဖြုန်းနေသည်အား အချိန်အတန်ကြာ ပါကာစောင့်ကြည့်ပြီးနောက် အလုပ်ဆက်လုပ်နေလိုက်သည် ။ ထိုလူ၏စားပွဲသို့ ကော်ဖီနှင့်မုန့်ချပေးသည့်အချိန်အထိ ဖုန်းကြည့်နေဆဲပင် ။
" မင်းက ကောင်တာထိုင်နေတာမဟုတ်ဘူးလား "
" ကျွန်တော်က ကောင်တာလဲထိုင်တယ် ဒီဆိုင်ရဲ့စားပွဲထိုးလည်းဟုတ်သလို သူဌေးလည်းဟုတ်ပါတယ် "
" မင်းကအခုထိစွာနေတုန်းဘဲ "
ထိုလူက ကော်ဖီတစ်ငုံမျှသောက်ရင်းပြောလိုက်သည် ။
" အခုမင်းရဲ့ရာထူးကစားပွဲထိုးဆိုတော့ ကိုယ့်ကိုမီနူးလေးပြောပြပါဦး "
လန်လင်းက ထွက်သွားရန်အသင့်ဖြစ်နေပသော်လည်း မီနူးစာအုပ်အား ကမ်းပေးလိုက်သည် ။
" အခုကျွန်တော်သွားလို့ရပြီ မဟုတ်လား "
ထွက်ခွာသွားသည့် လန်လင်း၏ကျောပြင်အား ထိုလူမှာအချိန်အတန်ကြားစိုက်ကြည့်နေခဲ့သည် ။
×××
ပါကာက အိပ်ရာပေါ်မှထပြေးကာ ရေချိုးခန်းထဲသို့သွား၍ အော့အန်နေရလေသည် ။ ချယ်လ်စီလေးက ကျောင်းတက်နေပြီး ဒရိတ်ခ်ကအလုပ်သွားနေသည် ။ အားရာပါးရအန်ထုတ်ပြီးသည့်အချိန်တွင်ပင် ဝီလီယမ်က အစားအသောက်တချို့ယူကာရောက်လာခဲ့သည် ။
" သခင်လေး "
သူ့သမီးလေး ခွံ့ကျွေးခဲ့သောမနက်စာများအား အန်ထုတ်လိုက်ရသည့်အတွက် ပါကာမှာစိတ်မကောင်းဖြစ်သွားရသည် ။
" သခင်လေး ဆရာဝန်နဲ့သွားတွေ့ကြည့်တာအဆင်ပြေမယ်လို့ထင်တယ် ရောဂါတစ်ခုခုဖြစ်နေမှာကို သူဌေးစိုးရိမ်နေတယ် "
ပါကာက ပလုတ်ကျင်းကာပြောလိုက်သည် ။
" အစာအိမ်မကောင်းရုံလောက်ပါဘဲ အဲ့လောက်ထိစိတ်ပူပြီးကြီးကြီးကျယ်ကျယ်လုပ်စရာမလိုပါဘူး "
ပါကာက သူ၏ဝမ်းဗိုက်ကိုအုပ်ကိုင်ရင်း အိပ်ရာထဲသို့ပြန်တိုးဝင်သွားတော့သည် ။
Xxxx