အပိုင်း ၆၂
Viewers 13k

Chapter 62


Daddy's little ( 62)


ပုံမှန်အားဖြင့် ပါကာက မနက်စောစောထကာ မနက်ပြင်လေ့ရှိသော်လည်း ယနေ့မှာ ပါကာမနိုးမှီ ဒရိတ်ခ် နိုးသည့်ပထမဆုံးအကြိမ်ပင် ။ 


ဒရိတ်ခ်က ပါကာအား ခပ်ဖွဖွအနမ်းပေးလိုက်ပြီး သူအားမနိုးစေချင်ခဲ့ပေ ။ သူ၏အမျိုးသားလေးမှာ ဤရက်ပိုင်းအတွင်းအလုပ်ပင်ပန်းခဲ့ရသောကြောင့် အပြည့်အဝအနားယူစေချင်သည် ။


ဒရိတ်ခ်က မျက်နှာသစ်ကာမီးဖိုထဲဝင်၍မနက်စာချက်သည့်အချိန်တွင် ဟင်းမချက်သည်မှာကြာပြီဖြစ်၍ ထူးဆန်းနေသလိုပင်ခံစားရသည် ။


ချယ်လ်စီလေးက သူမအားပါကာ လာမနိူး၍အိပ်ခန်းထဲသွားသည့်အချိန်တွင် ပါကာမှာအိပ်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရသည် ။


ကျောင်းပိတ်တဲ့ရက်လည်းမဟုတ်ဘူးလေ!


" ပါးပါးနဲ့ဖေဖေက ကျောင်းပိတ်တဲ့ရက်တွေမှာမှ အကြာကြီးအိပ်တယ်ထင်နေတာ "


ချယ်လ်စီလေးက ပါကာ ၏ဘေးသို့လိုက်ကြည့်သောအခါ ဒရိတ်ခ်ရှိမနေပေ ။


ဖေဖေက ပါးပါးနဲ့အကြာကြီးကစားခဲ့လို့များလား...


ချယ်လ်စီလေး ကကုတင်ပေါ်တက်ကာ ပါကာ၏ဘေး၌ကွေးကွေးလေး ဝင်လှဲနေလိုက်သည် ။ ပါကာက ချယ်လ်စီလေး အားလှမ်းဖက်လိုက်ပြီး သားအဖနှစ်ယောက်မှာ ပွေ့ဖက်လျှက်သားအိပ်ပျော်သွားကြလေသည် ။ 


ဒရိတ်ခ် ကမနက်စာပြင်းပြီးနောက် ပါကာ့အတွက်အခန်းထဲသို့ယူလာပေးသည့်အချိန်တွင် ပါကာ၏ပွေ့ဖက်မူအတွင်းအိပ်မောကျနေသော ချယ်လ်စီလေး အားကြည့်၍ပြုံးလိုက်သည် ။


" ချစ်ဖို့ကောင်းလိုက်ကြတာ "


သူက ပန်းကန်အား စားပွဲပေါ်တင်ပြီးနောက် ကုတင်ဘေးတွင်ထိုင်ကာပါကာအား နိူးလိူက်သည် ။


" ပါကာ...ပါကာ ထပါဦး "


ပါကာက ပွင့်တစ်ဝက်ဖြစ်နေသောသူ၏ မျက်လုံးအားပွတ်သပ်ရင်း နိုးပြီဖြစ်ကြောင်းအသံပြုလိုက်သည် ။


" မနက်စာထစားဦးလေ "


ပါကာက နာရီကိုကြည့်ရင်းပြောလိုက်သည် ။


" အချိန်နီးနေပြီလား ကျွန်တော်ကဖေးကိုသွားရတော့မှာဘဲ "


" အစောကြီးရှိပါသေးတယ် မနက်စာအရင်စားလိုက်ဦးနော် ကိုယ်ချယ်လ်စီလေး ကျောင်းသွားဖို့ပြင်ဆင်ပေးလိုက်မယ် "


ပါကာက သမ်းဝေပြီးနောက် ဒရိတ်ခ်အားနမ်းကာ ခေါင်းညိမ့်ပြလိုက်သည် ။


" အိပ်ရာထဲမှာမနက်စာစားရမှာပါလား...ဟီးဟီး "


ဒရိတ်ခ်က အူမြူးနေသောသူ၏အမျိုးသားလေးအား ကြည့်ကာ ပြုံးမိလေသည် ။


×××


ရှာရွန် အိပ်နေသည့်အချိန်တွင် အမြွှာနှစ်ယောက်က အခန်းထဲသို့ပြေးဝင်လာပြီး ကုတင်ပေါ်၌ခုန်ပေါက်နေသည် ။


" ထတော့ပါးပါး...သားမနက်စာစားချင်နေပြီ "


ရှာရွန်က ခေါင်းအုံးနှင့်မျက်နှာကိုအုပ်ကာဆက်အိပ်ရန်ပြင်နေသောကြောင့် အမြွှာတစ်ယောက်ကသီချင်းအကျယ်ကြီးအော်ဆိုနေပြီး နောက်တစ်ယောက်မှာ ကုတင်ပေါ်၌ဆက်လက်ခုန်ပေါက်နေသည် ။


လူးဝစ်က မရီမိစေရန်အတတ်နိုင်ဆုံးကြိုးစားထိန်းချုပ်ထားပါသော်လည်း သူ၏ရီသံမှာပေါ်ထွက်လာလေသည် ။ သည်းမခံနိုင်သည့်အဆုံးတွင်မှ လူးဝစ်က ခေါင်းအုံးကိုဖယ်ကာ အမြွှာနှစ်ယောက်အားပွေ့ဖက်ရန်လက်ဆန့်ထုတ်လိုက်သည် ။


" မောနင်း ဖေဖေ "


လူးဝစ်က အားရပါးရရီမောရင်းပြန်လည်နူတ်ဆက်လိုက်သည် ။


" မောနင်း "


" မော..မောနင်း "


ရှာရွန်က အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ပြီး နူတ်ဆက်ကာပြန်လည်အိပ်ပျော်သွားမည့်ပုံပေါ်နေသည် ။ လူးဝစ်အိပ်ရာမှ ထသွားသည်နှင့် ကောင်လေးနှစ်ယောက်မှာ ထပ်မံအော်ဟစ်ကြပြန်သည် ။


" ပါးပါး...ထတော့...ပါးပါး..."


အမြွှာနှစ်ယောက်၏အသံမှာ အလွန်ဆူညံနေသောကြောင့် အငယ်ဆုံးလေးနိုးသွားမည်အား လူးဝစ်စိုးရိမ်နေသည် ။


တစ်ညလုံးမအိပ်အိပ်အောင်သိပ်ထားရတာကို ဒီမျောက်နှစ်ကောင်ကြောင့်နိုးသွားတော့မှာဘဲ...


လူးဝစ်က ထိုအမြွှာနှစ်ယောက်အား လိုက်ဖမ်းကာ အားရပါရဖက်နမ်းလိုက်လေသည် ။


" လာစမ်း...လူဆိုးလေးတွေ "


×××


တစ်ဖက်၌ ရေးမှာ မနက်အိပ်ရာထ၍ အိမ်စီးဖိနပ်ကိုစီးရင်းအော်ဟစ်လိုက်သည် ။


" Shit! F*uck "


ရေးက ခြေထောက်တစ်ဖက်တည်းဖြင့်ထော့နဲ့ထော့နဲ့ဖြစ်နေပြီး ချော်လဲလုဆဲဆဲတွင် တစ်ခုခုအားဆွဲကိုင်မိလိုက်ပါသော်လည်း လဲကျသောအရှိန်များသွားသဖြင့် အဆစ်လွဲသွားရသည် ။


" ဂျော်ဒန်.... "


ဂျော်ဒန် စပ်ဖြဲဖြဲရုပ်ဖြင့်ပြုံးနေကာ ရိုင်လီလေးမှာသူမ၏ စားစရာများဖြင့်ဆော့ကစားနေကာ မပီကလာပီကလာနှင့်ပြောနေလေသည် ။


" ဒက်ဒက် ...ဂျော်ဒီ...ပါပါ "


တေလာက စိတ်ပူစွာမေးလိုက်သည် ။


" သားဘာတွေလုပ်ထားပြန်တာလဲ "


" ဖေဖေက သားအရုပ်တွေကိုသိမ်းလိုက်လို့...အဲ့...အဲ့တာ... အိမ်စီးဖိနပ်ထဲမှာပင်အပ်တွေထည့်ထားလိုက်တာ "


တေလာမှာ သူ၏ဆိုးသွမ်းသောသားငယ်လေး၏ စကားကြောင့်ဆွံ့အနေရသည့်အချိန်တွင် ရေးက ဒေါသတကြီးဖြင့် သူ၏ခြေဖဝါးအားဆေးလိမ်းကာပလာစတာကပ်နေလေ၏ ။


Xxxxxxx