Chapter 61
Daddy's little ( 61)
ပါကာနှင့် လန်လင်းတို့၏ကဖေးဆိုင်လေး ဖွင့်လှစ်ထားသည်မှာသုံးပတ်မျှရှိပြီဖြစ်ကာ အတန်အသင့်ကျော်ကြားနေပြီဖြစ်သည် ။
လန်လင်းက ပါစတာပွဲအားကမ်းပေးရင်းညင်သာစွာပြောလိုက်သည် ။
" ငါတို့ဆိုင်ကပါစတာက အရမ်းနာမည်ကြီးနေပြီ မင်းလဲအချိန်ပြည့်ဆိုင်လာထိုင်နိုင်ရင်ကောင်းမှာဘဲ "
" ငါအချိန်ပေးပြီးလုပ်ချင်ပေမဲ့ ချယ်လ်စီလေးကို ဂရုမစိုက်မသလို့ဖြစ်သွားမှာကိုတော့မလိုချင်ဘူး "
" ငါသိပါတယ်.... တစ်လလောက်ဘဲငါ့ကို ကူညီပေးစမ်းပါ အမြတ်ရရင်လဲအတူတူခွဲယူကြတာပေါ့ "
" ငါအဆင်ပြေအောင်ကြိုးစားကြည့်ပါ့မယ်.... ချယ်လ်စီလေးကိုရောခေါ်လာလို့ရတယ်မဟုတ်လား "
" ရတယ်လေ... ငါတို့ကဖေးမှာ ကလေးတွေအတွက်သီးသန့်စာအုပ်စင်တောင်လုပ်ထားသေးတယ် "
" ငါကလေးကို ခေါ်လာလို့မင်းစိတ်အနှောင့်အယှက်တော့ မဖြစ်ဘူးမလား "
" ငါ့အတွက်အဆင်ပြေစရာမရှိပါဘူး... မင်းကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဘဲလေ ပါကာရယ်.... ပြီးတော့ ငါအတိတ်ကနေရှောင်ပုန်းမနေချင်ဘူး "
" ငါကမင်း ကလေးတွေကိုမုန်းတယ်ထင်နေတာ "
" မုန်းတယ်လို့တော့မဟုတ်ပေမဲ့... ကလေးတွေကိုငါအနိုင်ကျင့်လို့မရဘူးလေ အဲ့တာကြောင့်ငါမကြိုက်တာ... ငါအနိုင်ကျင့်လို့ရတဲ့လူကိုဘဲငါသဘောကျတယ် "
" မင်းကတယ်ကိုမကောင်းတဲ့ကောင်ဘဲ "
ထို့နောက်ပါကာက နူတ်ဆက်ကာအိမ်ပြန်လာလေသည် ။
×××
ဂျိမ်စ်းက အလုပ်မှပြန်လာသည်နှင့် ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်ကာ စိတ်ငြိမ်ငြိမ်ထားရန် အသက်ပြင်းပြင်းရူလိုက်သည် ။
" ကာလ် "
အိပ်ခန်းထဲ၌အိပ်နေသော ကာလိုဒ်မှာ လန့်သွားရသည် ။ ထိုအခေါ်အဝေါ်မှာ ဂျိမ်းစ်က သူမအားချစ်စနိုးခေါ်ဝေါ်လေ့ရှိသော အမည်ဖြစ်သောကြောင့် သူမနားကြားမှားသလားဟုပင်ထင်သွားရသည် ။ ဂျော်နီ သေဆုံးသွားသည့်အချိန်ကတည်းက ဂျိမ်းစ်မှာ သူမအားထိုသို့ခေါ်ရန်မဆိုနှင့် ညင်ညင်သာသာပင်မပြောခဲ့ဖူးချေ ။
ခေါ်ဆိုလိုက်သူမှာ ဂျိမ်းစ်ဖြစ်ကြောင်းစစ်ဆေးရန် ဧည့်ခန်းထဲထွက်လာသည့်အချိန်၌ ဂျိမ်းစ်ထိုင်နေသည်အားတွေ့လိုက်သည် ။
" ကျွန်မကိုခေါ်လိုက်သေးလား "
ဂျိမ်းစ်က အတင်းလုပ်ပြုံးရင်းပြောလိုက်သည် ။
" မင်းအဆင်ပြေရဲ့လား "
" အမ်...ကျွန်...ကျွန်မအဆင်ပြေပါတယ် "
ဂျိမ်းစ်က သူ၏နက်ခ်ကတိုင်အား ဖြည်းညင်းစွာဆွဲဖြုတ်နေလေသည် ။
" မင်းကတော့အဆင်ပြေနေတာပေါ့ "
ကာလိုဒ် ထူးဆန်းနေသည်ဟုခံစားနေရသော်လည်း ဘာမှားနေမှန်းမပြောတတ်ချေ ။
" ကိုယ်တို့စကားပြောကြရအောင် "
ဂျိမ်းစ်က ကာလိုဒ်အား အိပ်ခန်းထဲသို့ သွားရန်အချက်ပြပြီးပြောလိုက်သည် ။
" အတိတ်ကကိစ္စတွေကို ခွင့်မလွှတ်နိုင်သေးဘူးဆိုပေမဲ့ ငါတို့ကလက်ထပ်ထားတဲ့အိမ်ထောင်သည်တွေဘဲ ငါမင်းလုပ်ခဲ့တာတွေကိုမေ့မပစ်နိုင်ပေမဲ့ ငါတို့ရှေ့ဆက်သွားကြရမယ် "
နောက်ဆုံးတစ်ခေါက်မိသားစုတွေ့ဆုံပွဲက ဂျိမ်းစ်အား သူကိုယ်တိုင်လုပ်နိုင်သည့်အရာဘာမျှမရှိကြောင်း သဘောပေါက်စေခဲ့သည် ။ သူသဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ ထိုမိန်းမအားသည်းခံ၍ဆက်လက်ပေါင်းသင်းသွားရမည်ပင် ။
" တကယ်လား ဂျိမ်းစ်ရယ်... ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ်နော် "
ကာလိုဒ်က ဝမ်းသာအားရနှင့် ဂျိမ်းစ်အားပွေ့ဖက်ချင်ပါသော်လည်း ဂျိမ်းစ်က ရှောင်တိမ်းလိုက်သည် ။ သူမအနည်းငယ်စိတ်ပျက်သွားပါသော်လည်း ပြုံးထားဆဲပင် ။
×××
ပါကာ ကအိမ်ပြန်ရောက်သည်နှင့်တစ်ပြိုက်နက် အိပ်ရာထဲတွင်သာဝင်ခွေနေချင်သည် ။ ဤရက်များအတွင်း အလုပ်အရမ်းပင်ပန်းစွာလုပ်နေရသဖြင့် လူပ်ပင်မလူပ်ချင်တော့ချေ ။
ပါကာ အိပ်ပျော်လုနီးနီးဖြစ်နေသည့်အချိန်တွင် တစ်စုံတစ်ယောက်ကသူ့အား လူပ်နိူးနေသည်အားခံစားလိုက်ရသည် ။
" ပါကာ...ပါကာ...ထပါဦး "
ပါကာ အိပ်ချင်မူးတူးနှင့်ကြည့်လိုက်သည့်အခါ ဒရိတ်ခ်က ကုတင်စွန်း၌ထိုင်နေသည်ကိုတွေ့လိုက်ရသည် ။
" ခင်ဗျားအိမ်ကို အစောကြီးပြန်ရောက်တာဘဲ "
" ညရှစ်နာရီ ကျော်နေပြီလေ ကိုယ်...မင်းဗိုက်ဆာနေမှာစိုးလို့ "
" ကျွန်တော်အဆင်ပြေပါတယ် အိပ်ရေးဝဝအိပ်ဖို့ဘဲလိုတာပါ "
ဒရိတ်ခ်က ပါကာအား မင်းသမီးပွေ့ချီသည့်ပုံစံနှင့်ချီလိုက်ကာပြောသည် ။
" မအိပ်သေးနဲ့ဦး တစ်ခုခုစားဦးနော် "
" ရပါတယ် အိပ်လိုက်တာနဲ့ကျွန်တော်အဆင်ပြေသွားမှာပါ "
ပါကာက ဒရိတ်ခ်၏လည်ပင်းကိုဖက်ထားရင်း ခပ်တိုးတိုးလေးညည်းညူနေသည် ။
" တစ်ခုခုမသက်မသာခံစားနေလို့လား "
" ဟင့်အင်း ဒါပေမဲ့စပျစ်သီးရှိလားဟင်...စပျစ်သီးချဥ်ချဥ်လေးတွေအများကြီးစားချင်တယ် "
ဒရိတ်ခ်က ပါကာ တောင်းဆိုသည့်အတိုင်းပြင်ဆင်ပေးခဲ့သည် ။ ပါကာက စပျစ်သီးများနှင့် အစားအနည်းငယ်ထပ်စားပြီးနောက် ပြန်အိပ်သွားလေသည် ။
Xxxxxx