အပိုင်း ၆၀
Viewers 15k

Chapter 60

Daddy's little ( 60)


မွေးနေ့ပွဲကျင်းပပြီး၍ ဧည့်သည်များအကုန်ပြန်သွားပြီးနောက်တွင် ဒရိတ်ခ်နှင့်ပါကာ တို့မှာရေအတူတူချိုးရင်း ပူစပ်ပူလောင်လေးများမှမီးပွင့်သည်အထိ ဘာညာဘာညာလေးများပြုလုပ်ခဲ့ကြသည် ။


နောက်တစ်နေ့၌ ဒရိတ်ခ်အလုပ်သွားစရာမလို၍အိပ်စက်နေသည့်အချိန်တွင် ပါကာက ဆေးဘူးတစ်ဘူးကိုကိုင်ကာအတွေးနစ်နေသည် ။ ထို့နောက်သူကဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထိုဆေးဘူးအား အံဆွဲ၏အောက်ဆုံးသို့ထိုးထည့်လိုက်လေသည် ။


တစ်ပတ်ကြာပြီးနောက် လန်လင်းကသူ၏ကိုယ်ပိုင် ကဖေးလေးအားစတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည် ။


" ဟိုမှာ စာဖတ်ဖို့သီးသန့်နေရာလေးလုပ်ထားပြီး အဲ့ဒီနေရာမှာ စာအုပ်စင်လေးတွေလည်းထားထားတယ် ကော်ဖီသောက်ရင်းမုန့်စားရင်း အေးအေးဆေးဆေးအနားယူလို့ရတယ်လေ "


လန်လင်းက တစ်ဆိုင်လုံးအနှံ့ပါကာကိုလိုက်ပြပြီးနောက်တွင် ခုံတစ်ခုံတွင်ဝင်ထိုက်လိုက်ကြသည် ။


" မင်း ဝန်ထမ်းတွေထပ်ခန့်ဖို့မစီစဥ်ထားဘူးလား "


" ငါစီစဥ်ထားပါတယ် ပြီးတော့အိမ်အရောက်ပို့ပေးတဲ့စနစ်လည်းရှိဦးမှာ ကိတ်မုန့်လေးတွေနဲ့မုန့်လေးတွေလုပ်ရင်း ငါစာရေးတဲ့အကြောင်းကိုလည်းလူသိအောင်လုပ်လို့ရတယ်လေ "


ပါကာက လန်လင်းအတွက်အမှန်ပင်ဂုဏ်ယူမိလေသည် ။ သူအနေဖြင့် ဖိအားများကြားတွင်ရှင်သန်ခဲ့ရ၍လမ်းမှားရောက်ခဲ့ရသော်လည်း အချိန်မှီပြုပြင်နိုင်ပြီး အမှီအခိုကင်းသောသူတစ်ယောက်ဖြစ်လာသည် ။ ကဖေးဆိုင်စီမံခန့်ခွဲမူအနေဖြင့် ပါကာမှာမုန့်အနည်းငယ်ဝင်ရောက်ရောင်းချရန်စီမံထားပြီး အပျင်းလည်းပြေစေမည်ဖြစ်၍နှစ်ဖက်စလုံးအတွက် win-win အခြေအနေပင် ။


" မင်းကအရမ်းတော်တဲ့လူတစ်ယောက်ဘဲမဟုတ်လား "


လန်လင်းက နောက်ပြောင်ပြောလိုက်သည် ။


"ဒါပေါ့ ငါစျေးကွက်စီးပွားရေးအကြောင်းမသိခင်တုန်းက မင်းတစ်သက်လုံးစုထားသမျှပိုက်ဆံတွေအကုန်လုံးကို မြောင်းထဲပစ်မိတော့မလိုဘဲ "


" အတိတ်ကခက်ခဲခဲ့ပေမဲ့ အခုတော်ငါပျော်ရွှင်နေရပါပြီ "


" ငါမင်းရဲ့မှတ်ဥာဏ်တွေကို သိရတဲ့အချိန်တုန်းက ငါ့မှာမိဘတွေရှိနေတဲ့အတွက် ဝမ်းသာခဲ့ရသေးတယ် မင်းကငယ်ငယ်လေးကတည်းက ကိုယ်တိုင်ကြိုးစားရုန်းကန်ခဲ့ရတာဘဲ မင်းကမှတစ်ကယ့်ကိုငါလေးစားအားကျရတဲ့လူမျိုး "


ပါကာ အနည်းငယ်နေရခက်သွားရသည် ။


ရက်အချို့အတွင်း လန်လင်းကပါကာ့ထံ ပါဝင်ပစ္စည်းများပို့ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ပါကာမှာ မုန့်လုပ်ခြင်းတွင်သာရူးသွပ်စွဲလမ်းသွားသည် ။ လန်လင်းမှာလည်း ဆိုင်ဖွင့်နေသည့်အချိန်အတွင်း၌ပင် စျေးဝယ်သူများအားဝန်ဆောင်မူပေးရင်းမုန့်လုပ်နေခဲ့သည် ။


လန်လင်းကချိုသာစွာပြောလိုက်သည် ။


" နောက်လည်း လာခဲ့ပါဦး ကျေးဇူးအများကြီးတင်ပါတယ် "


" ကျေးဇူးပါ "


" ကြိုဆိုပါတယ် ဘာများကူညီရမလဲ "


ထို့နေ့၌ စျေးဝယ်သူများပြားနေ၍ လန်လင်းဆိုင်ပတ်သည့်အချိန်တွင် အနည်းငယ်နောက်ကျနေပြီဖြစ်ကာ အိမ်ပြန်သည့်အချိန်၌ သူ့နောက်မှတစ်ယောက်ယောက်လိုက်နေသလိုခံစားနေရသည် ။


လန်လင်းက နီးကပ်လာသောထိုလူအား ပိတ်ကန်လိုက်ကာ ထိုသူ့အပေါ်မှခွ၍အိတ်ဖြင့်အားရပါးရရိုက်ကာအော်ဟစ်လေတော့သည် ။


" ငါကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့တိုက်ကွက်တတ်တယ်အရူးရဲ့ "


" သေစမ်း! ဖြည်းဖြည်းရိုက်ပါ ပါကာရဲ့ "


လန်လင်း အေးခဲသွားရလေသည် ။ ထိုအသံအား သူ​သေသည့်တိုင်မှတ်မိနေမည်ဖြစ်၍ အမြန်ထပြေးရန်ပြင်လိုက်သည် ။


" တောင်းပန်ပါတယ် ဒါပေမဲ့ ခင်ဗျားတစ်ယောက်ယောက်နဲ့လူလာမှားနေတယ်လို့ ကျွန်တော်ထင်တယ် "


" မဟုတ်ဘူး မင်းကပါကာဘဲ ပါကာတစ်ယောက်တည်း ဒီလိုကန်ချက်မျိုးကိုကန်နိုင်တာ "


ထိုလူက ရိုက်နှက်မူကြောင့်ရရှိလာသည့် ဒဏ်ရာများနှင့် ဂွကြားမှနာကျင်မူကိုလျှစ်လျူရူထားလေသည် ။


အဲ့ဒီလူက တစ်သက်လုံးကလေးမရချင်တော့တာများလား...


" ငါတကယ် မဟုတ်..."


ထိုလူက ပါကာအားကြည့်ရင်းသက်ပြင်းချလိုက်သည် ။


" ကိုယ်သွားမှာပါ ဒါပေမဲ့ မင်းကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်တယ်ဆိုရင်တောင်မှ မင်းသတိထားသင့်တယ် "


ထိုသို့ပြောပြီးနောက် ချက်ချင်းလှည့်ထွက်သွားမှသာ လန်လင်းစိတ်အေးသွားရလေသည် ။


×××


ဒရိတ်ခ် ကွန်ပျူတာနှင့်အလုပ်လုပ်နေသောအချိန်တွင် ပါကာက ဒရိတ်ခ်၏ပေါင်ပေါ်တွင်လဲလျှောင်းရင်း အပျင်းကျနေလေသည် ။


ဒရိတ်ခ် ကပါကာအား ချော့မော့သည့်လေသံလေးနှင့်ပြောလိုက်သည် ။


" မင်းအလုပ်ကိုအရမ်းဖိမလုပ်သင့်ဘူး "


" ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကိုကူညီချင်ရုံပါ သူကအခုမှကဖေးအသစ်ဖွင့်ထားတာလေ ကျွန်တော့်ရဲ့အကူအညီကိုလိုအပ်တယ် "


" ကိုယ်သိပါတယ် ဒါပေမဲ့ မင်းကိုယ်မင်းတော့ အရမ်းပင်ပန်းမခံနဲ့လေကွာ "


ဒရိတ်ခ်က ပါကာ၏နဖူးလေးအားနမ်းလိုက်သည့်အချိန်တွင် ရေချိုးပြီးဖြစ်သော်လည်း ခရင်မ်နံ့ဖျော့ဖျော့လေးရနေသေးသည် ။ ပါကာက ဒရိတ်ခ်၏ ခေါင်းအားဖက်ရင်းချွဲအီစွာပြောလိုက်သည် ။


" ဒီညတော့ မလုပ်ပါနဲ့ ကျွန်တော်အရမ်းပင်ပန်းနေပြီ "


" အရူးလေး ကိုယ်က မင်းပင်ပန်းအောင်ထပ်လုပ်ရက်ပါ့မလား "


ဒရိတ်ခ်က အရိုးမရှိတော့သကဲ့သို့ခွေခေါက်နေသည့် အပျင်းလေးအားဖက်ကာ အိပ်ရာဝင်ရန်မီးပိတ်လိုက်လေသည် ။


Xxxxxxxx